Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 3, 2016

ရန္ကုန္ၿမိဳ႕တြင္းလုိင္းကားအခ်င္းခ်င္း ခရီးသည္လုတင္ရာ တစ္လအတြင္း ႐ိုက္မႈ (၄) မႈျဖစ္ပြား (ရန်ကုန်မြို့တွင်းလိုင်းကားအချင်းချင်း ခရီးသည်လုတင်ရာ တစ်လအတွင်း ရိုက်မှု (၄) မှုဖြစ်ပွား )



ၿပီးခဲ့တဲ့ ဇန္န၀ါရီလအတြင္းမွာ ခရီးသည္တင္ ယာဥ္လုိင္းအခ်င္းခ်င္း ခရီးသည္ လုတင္ရာက တစ္ဆင့္ ႐ိုက္မႈ(၄)မႈျဖစ္ပြားခဲ့တယ္လုိ႔ ဒီေန႔ေဖေဖာ္၀ါရီလ(၃)ရက္ေန႔က ျပဳလုပ္တဲ့ ရန္ကုန္တုိင္း ေဒသႀကီး ေမာ္ေတာ္ယာဥ္လုပ္ငန္းေပါင္းစံု ထိန္းသိမ္းေရးႀကီးၾကပ္မႈ ဗဟိုေကာ္မတီ အစည္းအေ၀းမွ သိရပါတယ္။႐ိုက္မႈျဖစ္ပြားခဲ့တဲ့ ယာဥ္လိုင္းေတြကေတာ့ (၂၁၃) အထူးယာဥ္လုိင္း၊ (၂၃၅) အေရွ႔ပိုင္းခ႐ိုင္၊ အဓိပတိအျဖဴ၊ အဓိပတိအျပာ၊ (၁၀၃)အျဖဴ ယာဥ္လုိင္းနဲ႔ (၄၃) ယာဥ္လိုင္း အစရွိတဲ့ ယာဥ္လိုင္းမ်ားမွ ယာဥ္လိုင္း အခ်င္းခ်င္းျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ယာဥ္လိုင္းအခ်င္းခ်င္း႐ိုက္မႈေတြ ျဖစ္ေပၚေနတဲ့ အတြက္ မထသ(ဗဟို) အပါအ၀င္ သက္ဆုိင္ရာ အဖြဲ႔အစည္းမ်ားမွ ခရီးသည္ အေယာင္ေဆာင္ၿပီး ယာဥ္လိုင္းေတြေပၚမွာ လိုက္လံစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လုိ႔ သိရပါတယ္။ ယာဥ္လိုင္း စစ္ေဆးမႈေတြျပဳလုပ္ရာမွာေတာ့ သန္ျမန္သူယာဥ္လိုင္း၊ အေနာက္ပိုင္းခ႐ိုင္နဲ႔ ၿမိဳ႕တြင္း မီနီဘတ္(စ္) ယာဥ္လိုင္း အစရွိတဲ့ ယာဥ္လုိင္းေတြေပၚမွာ တုတ္ေခ်ာင္း (၄၇) ေခ်ာင္း ဖမ္းဆီးရ မိတယ္လုိ႔သိရပါတယ္။

႐ုိက္မႈျဖစ္ပြားခဲ့တဲ့ ယာဥ္လိုင္းမ်ားမွ ခိုက္ရန္ျဖစ္ပြားတဲ့ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္မ်ားကို ေမာ္ေတာ္ယာဥ္ ဥပေဒအရ ထုတ္ပယ္သည္အထိ အေရးယူသြားမယ္လုိ႔ သိရပါတယ္။ လက္ရွိမွာ ေတာ့ ႐ိုက္မႈျဖစ္ပြားသူမ်ားကို သက္ဆုိင္ရာၿမိဳ႕နယ္ ရဲစခန္းမွာအမႈဖြင့္ အေရးယူထားတယ္လုိ႔ သိရပါတယ္။

For Info News
https://www.facebook.com/forinfo
........................


ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ခရီးသည်တင် ယာဉ်လိုင်းအချင်းချင်း ခရီးသည် လုတင်ရာက တစ်ဆင့် ရိုက်မှု(၄)မှုဖြစ်ပွားခဲ့တယ်လို့ ဒီနေ့ဖေဖော်ဝါရီလ(၃)ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှ သိရပါတယ်။ရိုက်မှုဖြစ်ပွားခဲ့တဲ့ ယာဉ်လိုင်းတွေကတော့ (၂၁၃) အထူးယာဉ်လိုင်း၊ (၂၃၅) အရှေ့ပိုင်းခရိုင်၊ အဓိပတိအဖြူ၊ အဓိပတိအပြာ၊ (၁၀၃)အဖြူ ယာဉ်လိုင်းနဲ့ (၄၃) ယာဉ်လိုင်း အစရှိတဲ့ ယာဉ်လိုင်းများမှ ယာဉ်လိုင်း အချင်းချင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ယာဉ်လိုင်းအချင်းချင်းရိုက်မှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် မထသ(ဗဟို) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ခရီးသည် အယောင်ဆောင်ပြီး ယာဉ်လိုင်းတွေပေါ်မှာ လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ယာဉ်လိုင်း စစ်ဆေးမှုတွေပြုလုပ်ရာမှာတော့ သန်မြန်သူယာဉ်လိုင်း၊ အနောက်ပိုင်းခရိုင်နဲ့ မြို့တွင်း မီနီဘတ်(စ်) ယာဉ်လိုင်း အစရှိတဲ့ ယာဉ်လိုင်းတွေပေါ်မှာ တုတ်ချောင်း (၄၇) ချောင်း ဖမ်းဆီးရ မိတယ်လို့သိရပါတယ်။

ရိုက်မှုဖြစ်ပွားခဲ့တဲ့ ယာဉ်လိုင်းများမှ ခိုက်ရန်ဖြစ်ပွားတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များကို မော်တော်ယာဉ် ဥပဒေအရ ထုတ်ပယ်သည်အထိ အရေးယူသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ တော့ ရိုက်မှုဖြစ်ပွားသူများကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှာအမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

For Info News
https://www.facebook.com/forinfo

No comments:

Post a Comment