Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 13, 2016

နှင်းဆီစံအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အလှူဒါနပြုလုပ် (ဓါတ်ပုံ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ ဥတ္တရသီရိမြို့ နေအိမ်၌ ပင့်ဖိတ်ထားသော နေပြည်တော်မှ ဥတ္တရသီရိမြို့နယ် သစ်ဝင်တိုင်သီရိမင်္ဂလာကျောင်းတိုက်မှ ဆရာတော်ကြီး အမှူးပြု၍ သမဏေတစ်ပါး၊ ဒက္ခိဏသီရိ မြို့နယ် ရန်အောင်မြင်ရွာ၊ အုန်းတောကျောင်းတိုက်မှ သမဏေတစ်ပါး၊ ထန်းတောကျောင်းတိုက်မှ သမဏေတစ်ပါး၊ တပ်ကုန်းမြို့နယ် ငွေတောင်တောရကျောင်းတိုက်မှ သမဏေနှစ်ပါး၊ ဇေယျာသီရိမြို့နယ် သီရိရတနာ ဒုံတောကျောင်းတိုက်မှ သမဏေနှစ်ပါး၊ ဇဗ္ဗူသီရိမြို့နယ် လက်ပံခါးလှကျောင်းတိုက်မှ သမဏေနှစ်ပါး၊ လယ်ဝေးမြို့နယ် ပြည်တော်အေးကျောင်းတိုက်မှ သမဏေနှစ်ပါး၊ ပုဗ္ဗ္ပသီရိမြို့နယ် တောင်နီလေးကျောင်းတိုက်မှ သမဏေနှစ်ပါး တို့အား နေ့ဆွမ်း၊ သင်္ကန်းနှင့် ရဟန်းတော်သုံးပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တရားတော်နာယူ ခဲ့ပါသည်။

NLD Chairperson (facebook)

No comments:

Post a Comment