Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 10, 2016

အထူးရဲတပ္ဖြဲ႕ေတြနဲ႔ ေဒၚစုကိုလုံျခဳံေရးေပးေန

အထူးရဲတပ္ဖြဲ႕ဝင္ေတြက အေဝးကေန လုံျခဳံေရး ေစာင့္ၾကည့္ ေပးေနတယ္လို႔ဆို
ေဒၚေအာင္ဆန္း စုၾကည္ရဲ့ လုံျခဳံေရးကို အထူးရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ေစာင့္ေရွာက္ ေပးေနၿပီလို႔ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕ရဲ့ အဆင့္ျမင့္ အရာရွိႀကီးတစ္ေယာက္ ဘီဘီစီ ကို အတည္ျပဳ ေျပာပါတယ္။

ရဲမွူးႀကီး သန္းဝင္း ေခါင္းေဆာင္တဲ့ အထူးတပ္ဖြဲ႕က တာဝန္ယူထားၿပီး အစိုးရအဖြဲ႕ တာဝန္ေတြ လႊဲေျပာင္းယူ ၿပီးရင္လည္း ေဒၚေအာင္ဆန္း စုၾကည္ကို သူရာထူးနဲ႔ ဆီေလ်ာ္တဲ့ လုံျခဳံေရး အဆင့္ေတြ တိုးေပးသြားဖို႔ ရွိတယ္လို႔ သူက ေျပာပါတယ္။

ေဒၚေအာင္ဆန္း စုၾကည္ရဲ့ လုံျခဳံေရးကို ေနအိမ္မွာ သူ႔ အစီအစဥ္နဲ႔ သူ ယူထားတာ ျဖစ္ၿပီး ရဲတပ္ဖြဲ႕ကေတာ့ အေဝးက ေစာင့္ၾကည့္ လုံျခဳံေရး ယူေပးတယ္လို႔ သူက ဆိုပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္က ေဒၚေအာင္ဆန္း စုၾကည္ကို လုပ္ႀကံမယ္လို႔ အြန္လိုင္းေပၚ မွာ လူငယ္တစ္ေယာက္ကၿခိမ္း ေျခာက္ခဲ့ၿပီးတဲေနာက္ပိုင္းမွာ ေဒၚေအာင္ဆန္း စုၾကည္ကို လုံျခဳံေရးကို စတင္ေစာင့္ေရွာက္ေပး ေနတာလည္း ျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္လို အထင္ကရ ပုဂၢိဳလ္မ်ိဳးကို အထိအရွ မခံနိုင္ေၾကာင္းနဲ႔ သူတို႔ လုပ္ရမယ့္ အလုပ္လို႔ ခံယူထားတဲ့ အတြက္ လုံျခဳံေရး ေစာင့္ေရွာက္မွု ေပးတာလို႔ အဲဒီ ရဲတပ္ဖြဲ႕ အဆင့္ျမင့္ အရာရွိႀကီးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာ NLD ပါတီ အနိုင္ရၿပီး အာဏာလႊဲေျပာင္းဖို႔ လုပ္ေနခ်ိန္မွာ ေဒၚေအာင္ဆန္း စုၾကည္ကို အခုလို ၿခိမ္းေျခာက္မွုေတြရွိလာခဲ့တာ ျဖစ္ပါတယ္။

အခု လုံျခဳံေရး တာဝန္ယူ ေပးေနတဲ့ ရဲတပ္ဖြဲဝင္ေတြဟာ အမ်ားျမင္ေနက် ရဲတပ္ဖြဲ႕ ဝတ္စုံနဲ႔ မဟုတ္ဘဲ သီးျခား အေရာင္ရင့္ ဝတ္စုံေတြနဲ႔ ျဖစ္တယ္လို႔ ျမန္မာနိုင္ငံ ရဲတပ္ဖြဲ တာဝန္ရွိသူေတြက ေျပာၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese
..........
 အထူးရဲတပ်ဖွဲ့ဝင်တွေက အဝေးကနေ လုံခြုံရေး စောင့်ကြည့် ပေးနေတယ်လို့ဆို
ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးကို အထူးရဲတပ်ဖွဲ့ဝင်တွေနဲ့ စောင့်ရှောက် ပေးနေပြီလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အဆင့်မြင့် အရာရှိကြီးတစ်ယောက် ဘီဘီစီ ကို အတည်ပြု ပြောပါတယ်။

ရဲမှူးကြီး သန်းဝင်း ခေါင်းဆောင်တဲ့ အထူးတပ်ဖွဲ့က တာဝန်ယူထားပြီး အစိုးရအဖွဲ့ တာဝန်တွေ လွှဲပြောင်းယူ ပြီးရင်လည်း ဒေါ်အောင်ဆန်း စုကြည်ကို သူရာထူးနဲ့ ဆီလျော်တဲ့ လုံခြုံရေး အဆင့်တွေ တိုးပေးသွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးကို နေအိမ်မှာ သူ့ အစီအစဉ်နဲ့ သူ ယူထားတာ ဖြစ်ပြီး ရဲတပ်ဖွဲ့ကတော့ အဝေးက စောင့်ကြည့် လုံခြုံရေး ယူပေးတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဒေါ်အောင်ဆန်း စုကြည်ကို လုပ်ကြံမယ်လို့ အွန်လိုင်းပေါ် မှာ လူငယ်တစ်ယောက်ကခြိမ်း ခြောက်ခဲ့ပြီးတဲနောက်ပိုင်းမှာ ဒေါ်အောင်ဆန်း စုကြည်ကို လုံခြုံရေးကို စတင်စောင့်ရှောက်ပေး နေတာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို အထင်ကရ ပုဂ္ဂိုလ်မျိုးကို အထိအရှ မခံနိုင်ကြောင်းနဲ့ သူတို့ လုပ်ရမယ့် အလုပ်လို့ ခံယူထားတဲ့ အတွက် လုံခြုံရေး စောင့်ရှောက်မှု ပေးတာလို့ အဲဒီ ရဲတပ်ဖွဲ့ အဆင့်မြင့် အရာရှိကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီး အာဏာလွှဲပြောင်းဖို့ လုပ်နေချိန်မှာ ဒေါ်အောင်ဆန်း စုကြည်ကို အခုလို ခြိမ်းခြောက်မှုတွေရှိလာခဲ့တာ ဖြစ်ပါတယ်။

အခု လုံခြုံရေး တာဝန်ယူ ပေးနေတဲ့ ရဲတပ်ဖွဲဝင်တွေဟာ အများမြင်နေကျ ရဲတပ်ဖွဲ့ ဝတ်စုံနဲ့ မဟုတ်ဘဲ သီးခြား အရောင်ရင့် ဝတ်စုံတွေနဲ့ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ တာဝန်ရှိသူတွေက ပြောကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment