CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, February 2, 2016
ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥ ဦးစားေပးေဆာင္ရြက္မည္
တုိင္းရင္းသား အေရးနဲ႔ ျပည္တြင္း ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ဖုိ႔ကိစၥေတြကို ဦးစားေပး ေဆာင္ရြက္မယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ ဒုတိယဥကၠဌအျဖစ္ လ်ာထားခံရသူ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအးသာေအာင္က ေျပာပါတယ္။
မနက္ျဖန္က်င္းပမယ့္ အမ်ိဳးသား လႊတ္ေတာ္ အတြက္ အစမ္းေလ့က်င့္အၿပီးမွာ ဦးေအးသာေအာင္က သတင္းေထာက္ေတြ ကို ေျပာၾကားလုိက္တာပါ။
အစမ္းေလ့က်င့္ပြဲကုိ အမ်ိဳးသားလႊတ္ေတာ္ဥကၠဌအျဖစ္ လ်ာထားခံရသူ ကရင္ျပည္နယ္၊ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ အာဇာနည္ မန္းဘခုိင္ေျမးျဖစ္သူ ဦးမန္းဝင္းခုိင္သန္း၊ ဒုတိယဥကၠဌအျဖစ္ လ်ာထားခံရသူ ရခုိင္တုိင္းရင္းသား ဦးေအးသာေအာင္နဲ႔ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ အမ်ိဳးသားလႊတ္ေတာ္အႏုိင္ရ ကုိယ္စားလွယ္ေတြ တက္ေရာက္ပါတယ္။
အမ်ိဳးသားလႊတ္ေတာ္မွာ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္က ၁၃၅ ဦး၊ ရခုိင္အမ်ိဳးသားပါတီက ၁၀ ဦး၊ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္က ၃ ဦး၊ တစ္သီးပုဂၢလ ၂ ဦးအပါအ၀င္ ၁၆၈ ဦးရိွပါတယ္။
တပ္မေတာ္သားကုိယ္စားလွယ္ ၅၆ ဦးနဲ႔ေပါင္းရင္ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ၂၂၄ ဦးရွိပါတယ္။
မနက္ျဖန္က်င္းပမယ့္ အမ်ိဳးသားလႊတ္ေတာ္ဥကၠဌနဲ႔ ဒုတိယေရြးခ်ယ္ပြဲကုိ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္က အမ်ိဳးသားလႊတ္ေတာ္ ခ်င္းျပည္နယ္အမွတ္ ၄ က ဦးဇုန္လွယ္ထန္းက သဘာပတိအျဖစ္ေဆာင္ရြက္မွာ ျဖစ္ပါတယ္။
RFA Burmese
https://www.facebook.com/RFA-Burmese
...............
တိုင်းရင်းသား အရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်မယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌအဖြစ် လျာထားခံရသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအေးသာအောင်က ပြောပါတယ်။
မနက်ဖြန်ကျင်းပမယ့် အမျိုးသား လွှတ်တော် အတွက် အစမ်းလေ့ကျင့်အပြီးမှာ ဦးအေးသာအောင်က သတင်းထောက်တွေ ကို ပြောကြားလိုက်တာပါ။
အစမ်းလေ့ကျင့်ပွဲကို အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် လျာထားခံရသူ ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အာဇာနည် မန်းဘခိုင်မြေးဖြစ်သူ ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌအဖြစ် လျာထားခံရသူ ရခိုင်တိုင်းရင်းသား ဦးအေးသာအောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်အနိုင်ရ ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။
အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၃၅ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၀ ဦး၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၃ ဦး၊ တစ်သီးပုဂ္ဂလ ၂ ဦးအပါအဝင် ၁၆၈ ဦးရှိပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦးနဲ့ပေါင်းရင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးရှိပါတယ်။
မနက်ဖြန်ကျင်းပမယ့် အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ဒုတိယရွေးချယ်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော် ချင်းပြည်နယ်အမှတ် ၄ က ဦးဇုန်လှယ်ထန်းက သဘာပတိအဖြစ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥ ဦးစားေပးေဆာင္ရြက္မည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 02, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 02, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment