Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 24, 2016

ထောင်တန် ကဗျာတစ်ပုဒ် နဲ့ ဗူးဝက အမေ

“ဘာအမှုလဲ”
“ဘာမှမမှုပါဘူး”
“ကောင်းကောင်းမေးနေတာ သေချာမဖြေဘူး နာချင်ပြီလား ဒီအထဲကိုရောက်တာ ဘာအမှုနဲ့ရောက်တာလဲ”
“ဘာလို့ရောက်ရမှန်း ကို့ကိုယ်ကို အခုထက်ထိသေချာမသိသေးလို့ပေါ့ဗျာ”
“အေး အဲဒါဆို ခုထဲက ခေါင်းထဲစွဲအောင် သေချာမှတ်ထား ငါးည လို့ခေါ်တယ်”
“၅ ည”
“အေး ဟုတ်တယ် မင်းတို့လို ဘာမဟုတ်ညာမဟုတ် မတောက်တစ်ခေါက်ကောင်တွေ ကြောင့်နိုင်ငံတော်ကြီး ချောက်ထဲကျသွားမှာစိုးလို့ ဖမ်းတဲ့အခါတပ်ရတဲ့ဥပဒေပဲ”
“အော်…… ၅ ည တဲ့လား”
………………………………………………………………………………
ခေတ်ကြီးတစ်ခေတ်ရှိခဲ့ဖူးသည်။ ထိုခေတ်ကြီးကို ဇောက်ထိုးမိုမျှော်ခေတ်ဟု ခေါ်သော်ရ၏။ ထိုခေတ်ကြီးတွင် လူမိုက်သည် လူကြီးဖြစ်၏။ လူကြီးသည် လူမိုက်အားပေးလုပ်၏။ ထိုလူမိုက်တို့အားဖြင့် အနိုင်ကျင့်သောအခါ လူမှန်လူဖြောင့်တို့သည် ဖွတ်ဖွတ်ညက်ညက်ကြေ၏။
……………………………………………………………………………
အမေမျက်နှာမကောင်းပဲငိုနေသည်မှာ တစ်လခန့်ရှိပြီ။ ညစဉ်ညတိုင်း စိတ်ပုတီးအား အဖေါ်လုပ်၍ ဆုတောင်းရွတ်ဖတ်နေသည်ကို တန်ခိုးရှင်များက မသိကျိုးကျွန်ပြုနိုင်ရက်လှပေသည်။
“သားကြီး……အမေ့ရဲ့သားကြီး…..ငါ့သားကြီးမှာ ဘာအပြစ်ရှိလို့တဲ့လဲ”
“မင်းမလဲ အလကားနေငိုနေတာပဲ အချိန်တန်ရင်ပြန်ရောက်လာမှာပေါ့ကွာ”
“ရှင်ကတော့ပြောနိုင်တာပေါ့ ရှင်ကိုယ်တိုင်မွေးထုတ်ထားရတာမှမို့တာ………သတင်းကြားကြားချင်း သူတို့ပြည်ပေါက်ခေါင်း YIT ကျောင်းကိုလိုက်သွားတာပဲ……….ပါမောက္ခချုပ်နဲ့လဲတွေ့ခဲ့တယ်……ခင်ဗျားတို့သားတွေက နိုင်ငံရေးရောင်ရောင်ဘာရောင်ရောင်လုပ်တာကိုးတဲ့……ကျွန်တော်တို့လည်းဘယ်ရောက်နေမှန်းမသိဘူးတဲ့……….
အဲ့ဒီကထောက်လှမ်းရေးတပ်ကိုသွားမေးတော့လည်း မသိဘူး မရှိဘူး……ဒါပဲပြောလွှတ်လိုက်တာ……အခုဆိုတစ်လနီးပါရှိပြီ ဘာအဆက် အသွယ်မှလည်းမရဘူး….. ဘယ်သွားပြီးစုံစမ်းရမှန်းလဲမသိဘူး….ဟောဒီရင်ထဲဘယ်လိုနေမလဲ ကိုယ်ချင်းစာကြည့်ပါဦး”
“အေးပါကွာ……ငါလည်း ငါ့သားကြီးအတွက်စိတ်ပူတာပါပဲ…….အရမ်းငိုပြီး ညညအိပ်မပျော်ရင် မင်းကျန်းမာရေးအတွက်စိတ်ပူလို့ပါကွာ”
……………………………………………………………………..
ချောက်ထဲကျသွားမှာစိုးလို့တဲ့ ကိုယ်တော်မြတ်ကြီးတွေက....
ခင်ဗျားတို့တွန်းချလို့ပဲ ကျွန်တော်တို့တစ်တွေ မြို့တော်ကနေ ဇနပုဒ်ကိုရောက်ရတယ်
ခင်ဗျားတို့က လူကြောက်တွေ တကယ့်ကို လူကြောက်တွေ
ဘယ့်နဲ့ဗျာ သင်ထောက်ကူပစ္စည်းအပြည့်အစုံနဲ့မြို့လယ်ခေါင်က ရန်ကုန်ကြို့ကုန်း YIT ကျောင်းကြီးရှိပါလျှက်နဲ့ လယ်တောထဲက ပြည်ပေါက်ခေါင်း ကွင်းခေါင်ခေါင်ထဲ လွှတ်တာ ဂဏာန်းတွက်ဖို့တော့မဖြစ်လောက်ဘူး ဂဏာန်းဖမ်းဖို့ပဲဖြစ်မယ်
“အမေ…….မငိုနဲ့အမေ……မငိုပါနဲ့အမေ……..အမေ့ကိုမျက်ရည်ကျစေခဲ့တာ သားမို့ဘူးဆိုတာ အမေနားလည်နိုင်လိမ့်မယ်လို့ သားယုံကြည်ပါတယ်....”
မတရားမှုအတွက် ခံစားချက်တွေ မမြိုသိပ်နိုင်တော့တဲ့အခါ ဟောဒီကလောင်ဖျားက ကဗျာတွေစာတွေအန်ထွက်လာတော့တာပါပဲ
တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြည်ပေါက်ခေါင်းပြောင်းရတဲ့အချိန်နဲ့ ကျောင်းသားဘုန်းမော်အရေးအခင်း နှစ်ပတ်လည်နေ့ကလည်းလာဆုံတဲ့အခါကျတော့ ကဗျာတွေ ကာတွန်းတွေ ထုတ်ကြတယ် ကျောင်းဝင်းထဲကနိုင်ငံတော်အလံကိုချီတက်အလေးပြု ကြတယ်…………
ကိုယ်တော်ချောတွေကလည်း ဒါမျိုးဇာတ်လမ်းရေးဖို့ချောင်းနေတာ…..ဘယ်ငြိမ်ကြည့်နေပါ့မလဲ
သားတို့ကဗျာစာအုပ်မှာ ကလောင်ရှင် ၁၃ ယောက်ရှိတယ်……..
၁၃ ဂဏာန်းဆိုတာ သိတဲ့အတိုင်း ဗိုလ်ချုပ်ဂဏာန်းလေ အာဏာရှင်ကိုဖြုတ်ချနိုင်စွမ်းတယ်လို့ ကိုင်ရိုဗေဒင်ကတော့အဟောရှိတယ်
ကိုင်ရိုရဲ့အဟောကတော့နောင်တစ်ချိန်မှာ မှန်လာရင်မှန်လာမှာပေါ့လေ……လောလောဆယ်မှာတော့ ကဗျာရေးမိတဲ့ ဟောဒီ ၁၃ ယောက်အတွက် ကဗျာတစ်ပုဒ် ထောင်ဒဏ်(၇)နှစ်ဆိုပြီး ထောင်အချခံလိုက်ရတာပါပဲ
…………………………………………………………………..
မပျော်မွှေ့အပ်သောအရပ်တွင် ထောင် ဆိုသည်မှာ တစ်ပါးပါ၏။ ထိုအရပ်တွင် ယုံကြည်ချက်အတွက် အကျဉ်းကျခံနေရသော လူတစ်စုရှိ၏။ ထိုသူတို့သည် သမိုင်းကိုရေး၍ သမိုင်းသည်လည်းထိုသူတို့ကိုရေးသည်။
…………………………………………………….
အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာကြုံတွေ့ရနိုင်သည့်လောက၀ယ် “ထောင်”ဆိုသည့် သူစိမ်းသူရံဆန်နှင့် အမေသည် စတင်အသိအကျွမ်းဖွဲ့ရတော့သည်။
“ကျမသား ဒီမှာရှိတယ်ဆိုလို့ လာတွေ့တာ ……..တွေ့ခွင့်ပေးပါ”
“နာမည် ဘယ်လိုခေါ်သလဲ မှတ်ပုံတင်နံပါတ်ဘယ်လောက်လဲ ဘာအမှုတွဲလဲ တစ်ဆိတ်လောက်ပြောပြပေးပါ အစ်မကြီး”
“……အမှုတွဲတွေဘာတွေတော့ နားမလည်ဘူး ပြည်ပေါက်ခေါင်းမှာကျောင်းတက်ရင်းနဲ့ပဲ”
“အော် ……….ပြည်ပေါက်ခေါင်း ကျောင်းသားအဖွဲ့လား ခဏစောင့်ပါအစ်မကြီး ကျွန်တော်ထောင်ပိုင်ကြီးဆီတစ်ချက်ဖုန်းဆက်မေးကြည့်ပါရစေဦး"
"ဟုတ်ကဲ့…….ဟုတ်ကဲ့………….ဟုတ်ကဲ့ခင်ဗျ………..နားလည်ပါတယ်ခင်ဗျ…….ဟုတ်ကဲ့ ဟုတ်ကဲ့”
“အားတော့နာပါရဲ့ အစ်မကြီးရဲ့သား ဒီထောင်မှာမရှိဘူး”
“ရှင်တို့လိမ်မပြောပါနဲ့ ကျွန်မသားဒီထောင်မှာရှိကိုရှိတယ် တွေ့ခွင့်ပေးပါ”
“မရှိဘူးလို့ ဘယ်နှစ်ခါပြောရမလဲ”
"အဲ့ဒါဆို ICRC အဖွဲ့အင်းစိန်ထောင်ကိုလာစစ်သွားတုန်းက အဲ့ဒီအဖွဲ့ကနေတစ်ဆင့် ကျမသားကျမဆီကိုပို့လိုက် ဟောဒီစာကကော”
“ဒါဆိုခဏနေပါဦးခင်ဗျ ဖုန်းတစ်ချက်သေချာသွားအောင်ထပ်ဆက်ပေးပါ့မယ်”
“ဟုတ်ကဲ့…….ဟုတ်ကဲ့………….ဟုတ်ကဲ့ခင်ဗျ………..နားလည်ပါတယ်ခင်ဗျ…….ဟုတ်ကဲ့ ဟုတ်ကဲ့”
“အစ်မကြီး စိတ်မရှိပါနဲ့……ထောင်ကျလူတွေက များတော့လေ”
“ကျမသိချင်တာ ကျမသား ဒီထောင်မှာရှိမရှိ ကိုအတည်ပြုပေးပါ”
“ရှိပါတယ်”
“ဒါဆို သားနဲ့တွေ့ချင်တယ် တွေ့ခွင့်ပြုပါ”
“ထောင်ပိုင်ကြီးကပြောတယ် ဒီတစ်ပတ်တွေ့ခွင့်မပြုနိုင်ဘူးတဲ့……..နောက်နှစ်ပတ်ကျမှ ၅ ည အမှုတွေ ထောင်ဝင်စာတွေ့ခွင့်ရမဲ့အပတ်လို့ပြောပါတယ်”
………………………………………………………………
ထောင်ဆိုသည်မှာ ကျောင်းဆောင်မဟုတ်။
ထောင်ဆိုသည်မှာ ခေါင်းခါ၍ရသော အရပ်မဟုတ်။
ထောင်ဆိုသည်မှာ အမှန်အမှား ယှဉ်တွဲနေသောအရပ်မဟုတ်။ အမှန်သည်သူတို့ဆီကလာ၍ မှားသည်ဟု ပြန်လည် ကင်ပွန်းတပ်ပိုင်ခွင့်ရှိသော အရပ်မဟုတ်။
မဟုတ်………မဟုတ်……မဟုတ်…………
ထိုမဟုတ်သောအရပ်ကို ထောင် ဟုခေါ်၏။
…………………………………………………………
ထောင်ဝင်စာတွေ့မယ်ဆိုရင် လ၀ကရဲ့အိမ်ထောင်စုစာရင်းစာရွက်ရယ် ဧည့်တွေ့မယ့်သူရဲ့ မှတ်ပုံတင်ရယ်ပါရသဗျ။ ထောင်ကျတစ်ယောက်ကို တစ်ကြိမ်ကို မိသားစုဝင်နှစ်ဦးပဲဝင်တွေ့ခွင့်ရှိသဗျ။
ထောင်ဝင်စာတွေ့မယ့်သူတွေရဲ့စုရပ်ဆိုတဲ့နေရာကို အကျဉ်းဦးစီး(အကစ)၀န်ထမ်းက လာရောက်စာရင်းယူသဗျ။ စာရင်းပေးပြီးရင်တော့သူတို့နာမည်လာအခေါ်ကိုထိုင်စောင့်နေပေတော့။
သူတို့နာမည်ခေါ်ပြီဆိုရင်တော့ခေါ်တဲ့သူနောက်ကနေလိုက်သွား။ ကိုပေးလိုတဲ့ စားစရာအကြော်အလှော်တွေကိုလည်း အထဲကိုမရောက်ခင်တစ်ခုခြင်း ဖောက်ပြီးမွှေနှောက်စစ်ဆေး တော့တာပါပဲ။
ဥပမာ…အမဲကြော်ထည့်ထားတဲ့ အထုပ်ဆိုပါစို့။ အထုပ်ထဲကို ဇွန်းနဲ့အပေါ်အောက်မွှေနှောက်ဖွပြီးထင်တိုင်းကျဲတာပါပဲ။ သူတို့အပြောကတော့ တာဝန်အရမို့ပါပေါ့။ ရင်နာတာပေါ့ဗျာ။ လူတွေကိုကလိမ်ကကျစ်ရာဇ၀တ်အိုးတွေလို နှိမ့်ချစော်ကားနေသလိုပါပဲ။
အဲဒီလိုစစ်ဆေးပြီးသွားရင် အဲ့ဒီအထုပ်တွေကို အကုန်ထားခဲ့ရပြီး လူတွေပဲလက်ဗလာဝင်ခဲ့ရသဗျ။
အထဲကိုဝင်တော့လည်း မလွယ်ပေါက်လိုမျိုး တံခါးပေါက်လေးအောက်ကနေ ခေါင်းငုံဝင်ရသဗျ။ ထောင်ဆိုတာ ခေါင်းမော့ပြီးနေလို့ရတဲ့အရပ်မို့ဘူးဆိုတာကို အ၀င်ဝကနေဆီးပြီးသင်ခန်းစာပေးလိုက်တဲ့သဘောပေါ့ဗျာ။
တွေ့ရတဲ့အခါကျတော့လည်း မိသားစုချင်း လက်ကိုင်ခြေကိုင် အလွမ်းသည်လို့ရတာမို့ဘူးခင်ဗျ။
သံဇကာနဲ့ခြားထားသဗျ။
သံဇကာကြားကနေလက်ချင်းထိလို့ရတယ်လို့လဲမထင်လိုက်နဲ့ဦး။ ထိလို့မရအောင် သူထိုင်တဲ့နေရာကသံဇကာတစ်ချပ်ကာတယ် ပြီးတော့ကြားမှာ တစ်တောင်လောက်ခြားထားပြီး ကိုယ်ထိုင်တဲ့ဖက်ကနေသံဇကာတစ်ချပ်ကာတယ်။ အပေးအယူလုပ်လို့မရအောင်ဆိုတဲ့သဘောပေါ့ဗျာ။
အချိန်ဆိုတာတန်ဖိုးရှိမှန်း ထောင်ဝင်စာတွေ့မှနားလည်သဗျ။ ဧည့်တစ်ခါတွေ့ရင် ၁၅ မိနစ်ပဲခွင့်ပြုသဗျ။ စကားပြောပြန်တော့လည်းလွတ်လွတ်လပ်လပ်ပြောခွင့်ရတာမို့ဘူးခင်ဗျ။ ကိုယ်တွေပြောနေသမျှကိုနောက်ကနေ တစ်ယောက်က အကုန်လိုက်ရေးမှတ်တမ်းတင်နေတာ။
ထောင်တန်တယ် ဆိုတဲ့စကားဆိုတာ အဲ့ဒီကလာတယ် ထင်ပါ့ဗျာ။
……………………………………………………………………………
ကိုယ်တိုင်လည်းစိတ်ထဲမကောင်းဘူး။ အမေဆိုတာကတော့ ဘယ်ပြောကောင်းမလဲဗျာ ပိုဆိုးတာပေါ့။
ထောင်ဝင်စာတွေ့ခွင့်ရတဲ့နေ့တွေဆို အမေ့ကိုသနားအစ်ကို့ကိုသနားပါပဲ။ အပေါ်အဖြူ အောက်အဖြူ ဆံပင်ကိုကွက်တိကွက်ကျားပုံစံသွင်းခံထားရတဲ့ တိုင်းပြည်အတွက် အင်ဂျင်နီယာလောင်းလျှာဆိုသူ တစ်ယောက်ဟာ အခုတော့စနစ်ဆိုးအောက်မှာ ထောင်မင်းသားဖြစ်ရရှာပေါ့။
“ အဲဒါတမင်တကာ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ပျက်ယွင်းအောင်လုပ်တာ။ ခေါင်းတုံးတုံးရင်လည်း တစ်ခေါင်းလုံးတုံးပေါ့။ ခေါင်းတုံးစထောက်ဆိုလည်း ခေါင်းတုံးစထောက်လုပ်ပေါ့။ အခုဟာကတမင်တကာ ခေါင်းမှာယားနာဒက်တွေပေါက်နေသလို ကွက်တိကွက်ကျားဖြစ်အောင် တမင်ကို ရည်ရွယ်ပြီးလုပ်တာ။
လူ့အသရေညှိုးနွမ်းအောင်လုပ်တာ။ ငါ့သားကြီးအထဲမှာ ဘယ်လိုများနေရရှာလဲမသိဘူး…………….”
ဒီလိုပါပဲ ထောင်ဝင်ဇာတွေတဲ့နေ့တွေဆို သံဇကာကြားကနေ တစ်ယောက်ကိုတစ်ယောက် မျက်ရည်မထွက်အောင်ကြည့်ကြ၊ စိတ်မချမ်းသာအပ်တဲ့အရပ်မှာ စိတ်ချမ်းသာစရာစကားလေးတွေရှာကြံပြောနဲ့ ဖြတ်သန်းခဲ့ကြရတာပါပဲ
"အမေ…..သားအတွက်ဘာမှမပူနဲ့……အထဲမှာက ကျောင်းဆောင်နေနေရသလိုပါပဲ အပြင်နဲ့ထိတွေ့ခွင့်မရတာတစ်ခုပဲကွာပါတယ်…..အပြင်ကလူတွေသာ သားအတွက် စိုးရိမ်တွေးပူပြီး တစ်ခုခုဖြစ်မှာစိုးတာ”
“သား…ဘုရား တစ်ရားမမေ့နဲ့………သားအတွက်လည်း ညစဉ်ဆုတောင်းပေးနေတယ် …….ဒီအချုပ်အနှောင်က အမြန်ဆုံးလွတ်ကင်းပါစေလို့……..သားထောင်ထဲမှာ စိတ်ခွန်အားရဖို့ အမေ ဒီတစ်ခေါက် စိပ်ပုတီး ထည့်ပေးလိုက်တယ်”
ဒီလိုပဲ နှစ်သိမ့်စကားတွေ ရှာကြံပြောကြ အပြုံးတုတွေနဲ့ဖုံးဖိခဲ့ကြပေမဲ့ အမှောင်ထုနဲ့ထောင်တွင်း အိပ်ရာတွင်းရောက်ကြတဲ့အခါ ကျိတ်ခဲသမျှသွန်ထုတ်ခဲ့ကြရတာပါပဲ……………
………………………………………………………….
“အမေ……
အမေက အမေ့သားအတွက်ဂုဏ်ယူချင်လိမ့်မပေါ့
သူများတွေအမေးရှိတဲ့အခါ ခေါင်းမော့ရင်ကော့လို့ပြောလိုက်စမ်းပါအမေ
ကျမသားက မော်စကိုမှာရှင့်လို့…………”
ဘယ်မိခင်ကများ ကျမသား ထောင်ကျနေပါတယ်လို့ပြောရက်ပါ့မလဲ။
ပတ်ဝန်းကျင်ကမေးလာတဲ့အခါ အသိအကျွမ်းတွေက မေးလာတဲ့အခါ အမေတစ်ယောက် ဘယ်လောက်ထိအောင် နာကျင်ခဲ့လိုက်ရမလဲ။
“အမေ…….အမေ့ကို နာကျင်အောင်လုပ်ခဲ့တာ ကျနော်မို့ဘူးအမေ…………ကျနော်မို့ဘူး”
ဇာနည်မောင်မောင်ကျော်
.........................
****ထောင္တန် ကဗ်ာတစ္ပုဒ် နဲ့ ဗူးဝက အေမ****

“ဘာအမှုလဲ”
“ဘာမွမမှုပါဘူး”
“ကောင်းကောင်းမေးနေတာ သေခ်ာမေဖြဘူး နာခ်င်ပြီလား ဒီအထဲကိုရောက္တာ ဘာအမှုနဲ့ရောက္တာလဲ”
“ဘာလို့ရောက်ရမွန်း ကို့ကိုယ္ကို အခုထက္ထိသေခ်ာမသိသေးလို့ပေါ့ဗ်ာ”
“အေး အဲဒါဆို ခုထဲက ခေါင်းထဲစြဲအောင် သေခ်ာမွတ္ထား ငါးည လို့ခေါ်တယ်”
“၅ ည”
“အေး ဟုတ္တယ် မင်းတို့လို ဘာမဟုတ်ညာမဟုတ် မေတာက္တစ်ခေါက်ကောင်တြေ ကြောင့်နိုင်ငံတော်ကြီး ခော်က္ထဲက်သြားမွာစိုးလို့ ဖမ်းတဲ့အခါတပ်ရတဲ့ဥပေဒပဲ”
“အော်…… ၅ ည တဲ့လား”
………………………………………………………………………………
ခေတ်ကြီးတစ်ခေတ်ရွိခဲ့ဖူးသည်။ ထိုခေတ်ကြီးကို ဇောက္ထိုးမိုမွော််ခေတ်ဟု ခေါ်သော်ရ၏။ ထိုခေတ်ကြီးတြင် လူမိုက်သည် လူကြီးဖြစ်၏။ လူကြီးသည် လူမိုက်အားပေးလုပ်၏။ ထိုလူမိုက္တို့အားဖြင့် အနိုင္က်င့်သောအခါ လူမွန္လူဖြောင့်တို့သည် ဖြတ္ဖြတ်ညက်ညက်ကြေ၏။
……………………………………………………………………………
အေမမ်က်နွာမေကာင်းပဲငိုနေသည္မွာ တစ္လခန့်ရွိပြီ။ ညစဉ်ညတိုင်း စိတ္ပုတီးအား အေဖ်ါလုပ်၍ ဆုတောင်းရြတ္ဖတ်နေသည်္ကို တန္ခိုးရွင္မ်ားက မသိကိုးကျန်ြပြုနိုင်ရက္လွေပသည်။
“သားကြီး……အေမ့ရဲ့သားကြီး…..ငါ့သားကြီးမွာ ဘာအပြစ်ရွိလို့တဲ့လဲ”
“မင်းမလဲ အလကားနေငိုနေတာပဲ အခိန္တန်ရင်ပြန်ရောက္လာမွာပေါ့ကြာ”
“ရွင္ကေတာ့ပြောနိုင္တာပေါ့ ရွင္ကိုယ္တိုင်မြေးထုတ္ထားရတာမွမို့တာ………သတင်းကြားကြားခ်င်း သူတို့ပြည်ပေါက်ခေါင်း YIT ကော်င်းကိုလိုက်ြသားတာပဲ……….ပါမောက္ခခ်ုပ္နဲ့လဲတြေ့ခဲ့တယ်……ခင္ဗ်ားတို့သားတြေက နိုင်ငံရေးရောင်ရောင္ဘာရောင်ရောင္လုပ္တာကိုးတဲ့……ကျန်ြတ္တောို့လည်းဘယ်ရောက်နေမွန်းမသိဘူးတဲ့……….
အဲ့ဒီကေထာက္လွမ်းရေးတပ္ကိုသြားမေးတော့လည်း မသိဘူး မရွိဘူး……ဒါပဲပြောလွှတ္လိုက္တာ……အခုဆိုတစ္လနီးပါရွိပြီ ဘာအဆက် အသြယ္မွလည်းမရဘူး….. ဘယ်ြသားပြီးစုံစမ်းရမွန်းလဲမသိဘူး….ဟောဒီရင္ထဲဘယ္လိုနေမလဲ ကိုယ္ခ်င်းစာကြည့်ပါဦး”
“အေးပါကြာ……ငါလည်း ငါ့သားကြီးအတြက္စိတ္ပူတာပါပဲ…….အရမ်းငိုပြီး ညညအိပ္မေပ်ာ်ရင် မင်းက်န်းမာရေးအတြက္စိတ္ပူလို့ပါကြာ”
……………………………………………………………………..
ခော်က္ထဲက်သြားမွာစိုးလို့တဲ့ ကိုယ်တော်မြတ်ကြီးတြေက....
ခင္ဗ်ားတို့တြန်းခ်လို့ပဲ ကျန်ြတ္တောို့တစ်တြေ မြို့တော်ကေန ဇနပုဒ္ကိုရောက်ရတယ်
ခင္ဗ်ားတို့က လူကြောက်တြေ တကယ့်ကို လူကြောက်တြေ
ဘယ့်နဲ့ဗ်ာ သင်ထောက္ကူပစ္စည်းအပြည့်အစုံနဲ့မြို့လယ်ခေါင္က ရန္ကုန်ကြို့ကုန်း YIT ကော်င်းကြီးရွိပါလ်ွက္နဲ့ လယ်တောထဲက ပြည်ပေါက်ခေါင်း ကြင်းခေါင်ခေါင္ထဲ လွှတ္တာ ဂဏာန်းတြက္ဖို့တော့မဖြစ်လောက္ဘူး ဂဏာန်းဖမ်းဖို့ပဲဖြစ္မယ်
“အေမ…….မငိုနဲ့အေမ……မငိုပါနဲ့အေမ……..အေမ့ကိုမ်က်ရည္က်စေခဲ့တာ သားမို့ဘူးဆိုတာ အေမနားလည်နိုင္လိမ့်မယ္လို့ သားယုံကြည္ပါတယ်....”
မတရားမှုအတြက် ခံစားခ်က်တြေ မမြိုသိပ်နိုင်တော့တဲ့အခါ ဟောဒီကေလာင္ဖ်ားက ကဗ်ာတြေစာတြေအန္ထြက္လာတော့တာပါပဲ
တိုက္တိုက္ဆိုင္ဆိုင္ပဲ ပြည်ပေါက်ခေါင်းပြောင်းရတဲ့အခိန္နဲ့ ကော်င်းသားဘုန်းမော်အေရးအခင်း နွစ္ပတ္လည်နေ့ကလည်းလာဆုံတဲ့အခါက်တော့ ကဗ်ာတြေ ကာတြန်းတြေ ထုတ်ကြတယ် ကော်င်းဝင်းထဲကနိုင်ငံတော်အလံကိုခ်ီတက်ေအလးပြု ကြတယ်…………
ကိုယ်တော်ခော်တြေကလည်း ဒါမိုးဇာတ္လမ်းရေးဖို့ခော်င်းနေတာ…..ဘယ်ငြိမ်ကြည့်နေပါ့မလဲ
သားတို့ကဗ်ာစာအုပ္မွာ ကေလာင်ရွင် ၁၃ ယောက်ရွိတယ်……..
၁၃ ဂဏာန်းဆိုတာ သိတဲ့အတိုင်း ဗိုလ္ခ်ုပ္ဂဏာန်းလေ အာဏာရွင္ကိုဖြုတ္ခ်နိုင္စြမ်းတယ္လို့ ကိုင်ရိုဗေဒင္ကေတာ့အေဟာရွိတယ်
ကိုင်ရိုရဲ့အေဟာကေတာ့နောင္တစ္ခိန္မွာ မွန္လာရင္မွန္လာမွာပေါ့လေ……လောလောဆယ္မွာတော့ ကဗ်ာရေးမိတဲ့ ဟောဒီ ၁၃ ယောက်အတြက် ကဗ်ာတစ္ပုဒ် ထောင္ဒဏ်(၇)နွစ္ဆိုပြီး ထောင်အခ်ခံလိုက်ရတာပါပဲ
…………………………………………………………………..
မေပ်ာ်မွှေ့အပ်သောအရပ္တြင် ထောင် ဆိုသည္မွာ တစ္ပါးပါ၏။ ထိုအရပ္တြင် ယုံကြည္ခ်က်အတြက် အက်ဉ်းက်ခံနေရေသာ လူတစ္စုရွိ၏။ ထိုသူတို့သည် သမိုင်းကိုရေး၍ သမိုင်းသည္လည်းထိုသူတို့ကိုရေးသည်။
…………………………………………………….
အသက္တစ်ရာမေနရေသ္လာည်း အမှုတစ်ရာကြုံတြေ့ရနိုင်သည့်လောက၀ယ် “ထောင်”ဆိုသည့် သူစိမ်းသူရံဆန်နွင့် အေမသည် စတင်အသိအကျမြ်းဖြဲ့ရေတာ့သည်။
“က်မသား ဒီမွာရွိတယ္ဆိုလို့ လာတြေ့တာ ……..တြေ့ခြင့်ပေးပါ”
“နာမည် ဘယ္လိုခေါ်သလဲ မွတ္ပုံတင္နံပါတ္ဘယ်လောက္လဲ ဘာအမှုတြဲလဲ တစ္ဆိတ်လောက်ပြောပြေပးပါ အစ္မကြီး”
“……အမှုတြဲတြေဘာတြေတာ့ နားမလည္ဘူး ပြည်ပေါက်ခေါင်းမွာကော်င်းတက်ရင်းနဲ့ပဲ”
“အော် ……….ပြည်ပေါက်ခေါင်း ကော်င်းသားအဖြဲ့လား ခဏေစာင့်ပါအစ္မကြီး ကျန်ြတော်ထောင္ပိုင်ကြီးဆီတစ္ခ်က္ဖုန်းဆက်မေးကြည့်ပါရေစဦး"
"ဟုတ္ကဲ့…….ဟုတ္ကဲ့………….ဟုတ္ကဲ့ခင္ဗ်………..နားလည္ပါတယ္ခင္ဗ်…….ဟုတ္ကဲ့ ဟုတ္ကဲ့”
“အားတော့နာပါရဲ့ အစ္မကြီးရဲ့သား ဒီထောင္မွာမရွိဘူး”
“ရွင္တို့လိမ္မေပြာပါနဲ့ ကျန္မြသားဒီထောင္မွာရွိကိုရွိတယ် တြေ့ခြင့်ပေးပါ”
“မရွိဘူးလို့ ဘယ်နွစ္ခါပြောရမလဲ”
"အဲ့ဒါဆို ICRC အဖြဲ့အင်းစိန်ထောင္ကိုလာစစ်ြသားတုန်းက အဲ့ဒီအဖြဲ့ကေနတစ္ဆင့် က်မသားက်မဆီကိုပို့လိုက် ဟောဒီစာကေကာ”
“ဒါဆိုခဏေနပါဦးခင္ဗ် ဖုန်းတစ္ခ်က်သေခ်ာသြားအောင္ထပ္ဆက်ပေးပါ့မယ်”
“ဟုတ္ကဲ့…….ဟုတ္ကဲ့………….ဟုတ္ကဲ့ခင္ဗ်………..နားလည္ပါတယ္ခင္ဗ်…….ဟုတ္ကဲ့ ဟုတ္ကဲ့”
“အစ္မကြီး စိတ္မရွိပါနဲ့……ထောင္က်လူတြေက မ်ားတော့လေ”
“က်မသိခ်င္တာ က်မသား ဒီထောင္မွာရွိမရွိ ကိုအတည်ပြုပေးပါ”
“ရွိပါတယ်”
“ဒါဆို သားနဲ့တြေ့ခ်င္တယ် တြေ့ခြင့်ပြုပါ”
“ထောင္ပိုင်ကြီးကေပြာတယ် ဒီတစ္ပတ်တြေ့ခြင့်မပြုနိုင္ဘူးတဲ့……..နောက်နွစ္ပတ္က်မွ ၅ ည အမှုတြေ ထောင်ဝင္စာတြေ့ခြင့်ရမဲ့အပတ္လို့ပြောပါတယ်”
………………………………………………………………
ထောင္ဆိုသည္မွာ ကော်င်းဆောင္မဟုတ်။
ထောင္ဆိုသည္မွာ ခေါင်းခါ၍ရေသာ အရပ္မဟုတ်။
ထောင္ဆိုသည္မွာ အမွန်အမွား ယွဉ်တြဲနေသာအရပ္မဟုတ်။ အမွန်သည်သူတို့ဆီကလာ၍ မွားသည်ဟု ပြန္လည် ကင္ပြန်းတပ္ပိုင္ခြင့်ရွိသော အရပ္မဟုတ်။
မဟုတ်………မဟုတ်……မဟုတ်…………
ထိုမဟုတ်သောအရပ္ကို ထောင် ဟုခေါ်၏။
…………………………………………………………
ထောင်ဝင္စာတြေ့မယ္ဆိုရင် လ၀ကရဲ့အိမ်ထောင္စုစာရင်းစာရြက်ရယ် ဧည့်တြေ့မယ့်သူရဲ့ မွတ္ပုံတင်ရယ္ပါရသဗ်။ ထောင္က်တစ်ယောက္ကို တစ်ကြိမ္ကို မိသားစုဝင်နွစ်ဦးပဲဝင်တြေ့ခြင့်ရွိသဗ်။
ထောင်ဝင္စာတြေ့မယ့်သူတြေရဲ့စုရပ္ဆိုတဲ့နေရာကို အက်ဉ်းဦးစီး(အကစ)၀န္ထမ်းက လာရောက္စာရင်းယူသဗ်။ စာရင်းပေးပြီးရင်တော့သူတို့နာမည္လာအေခ်ါကိုထိုင်စောင့်နေပေတာ့။
သူတို့နာမည်ခေါ်ပြီဆိုရင်တော့ခေါ်တဲ့သူနောက္ကေနလိုက်ြသား။ ကိုပေးလိုတဲ့ စားစရာအေကြာ်အေလွာ်တြေကိုလည်း အထဲကိုမေရာက္ခင္တစ္ခုခြင်း ဖောက်ပြီးမွှေနွောက္စစ်ဆေး တော့တာပါပဲ။
ဥပမာ…အမဲကြေ္ထာည့်ထားတဲ့ အထုပ္ဆိုပါစို့။ အထုပ္ထဲကို ဇြန်းနဲ့အေပ်ါအောက်မွှေနွောက္ဖြပြီးထင္တိုင်းက်ဲတာပါပဲ။ သူတို့အေပြာကေတာ့ တာဝန်အရမို့ပါပေါ့။ ရင္နာတာပေါ့ဗ်ာ။ လူတြေကိုကလိမ္ကက်စ်ရာဇ၀တ်အိုးတြေလို နွိမ့်ခ်စ္ကောားနေသလိုပါပဲ။
အဲဒီလိုစစ်ဆေးပြီးသြားရင် အဲ့ဒီအထုပ်တြေကို အကုန္ထားခဲ့ရပြီး လူတြေပဲလက္ဗလာဝင္ခဲ့ရသဗ်။
အထဲကိုဝင်တော့လည်း မလြယ်ပေါက္လိုမိုး တံခါးပေါက်လေးအောက္ကေန ခေါင်းငုံဝင်ရသဗ်။ ထောင္ဆိုတာ ခေါင်းမော့ပြီးနေလို့ရတဲ့အရပ္မို့ဘူးဆိုတာကို အ၀င်ဝကေနဆီးပြီးသင္ခန်းစာပေးလိုက္တဲ့သေဘာပေါ့ဗ်ာ။
တြေ့ရတဲ့အခါက်တော့လည်း မိသားစုခ်င်း လက္ကိုင်ခြေကိုင် အလြမ်းသည္လို့ရတာမို့ဘူးခင္ဗ်။
သံဇကာနဲ့ခြားထားသဗ်။
သံဇကာကြားကေနလက္ခ်င်းထိလို့ရတယ္လို့လဲမထင္လိုက္နဲ့ဦး။ ထိလို့မရေအာင် သူထိုင္တဲ့နေရာကသံဇကာတစ္ခ်ပ္ကာတယ် ပြီးတော့ကြားမွာ တစ်တောင်လောက်ခြားထားပြီး ကိုယ္ထိုင္တဲ့ဖက္ကေနသံဇကာတစ္ခ်ပ္ကာတယ်။ အေပးအယူလုပ္လို့မရေအာင္ဆိုတဲ့သေဘာပေါ့ဗ်ာ။
အခိန္ဆိုတာတန္ဖိုးရွိမွန်း ထောင်ဝင္စာတြေ့မွနားလည်သဗ်။ ဧည့်တစ္ခါတြေ့ရင် ၁၅ မိနစ္ပဲခြင့်ပြုသဗ်။ စကားပြောပြန်တော့လည်းလြတ္လြတ္လပ္လပ်ပြောခြင့်ရတာမို့ဘူးခင္ဗ်။ ကိုယ်တြေပြာနေသမ်ွကိုနောက္ကေန တစ်ယောက္က အကုန္လိုက်ရေးမွတ္တမ်းတင်နေတာ။
ထောင္တန္တယ် ဆိုတဲ့စကားဆိုတာ အဲ့ဒီကလာတယ် ထင္ပါ့ဗ်ာ။
……………………………………………………………………………
ကိုယ္တိုင္လည်းစိတ္ထဲမေကာင်းဘူး။ အေမဆိုတာကေတာ့ ဘယ်ပြောကောင်းမလဲဗ်ာ ပိုဆိုးတာပေါ့။
ထောင်ဝင္စာတြေ့ခြင့်ရတဲ့နေ့တြေဆို အေမ့ကိုသနားအစ္ကို့ကိုသနားပါပဲ။ အေပ်ါအဖြူ အောက်အဖြူ ဆံပင္ကိုကြက္တိကြက္က်ားပုံစံသြင်းခံထားရတဲ့ တိုင်းပြည်အတြက် အင္ဂ်င္နီယာလောင်းလွ်ာဆိုသူ တစ်ယောက်ဟာ အခုတော့စနစ္ဆိုးအောက္မွာ ထောင္မင်းသားဖြစ်ရရွာပေါ့။
“ အဲဒါတမင္တကာ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ပ်က်ြယင်းအောင္လုပ္တာ။ ခေါင်းတုံးတုံးရင္လည်း တစ်ခေါင်းလုံးတုံးပေါ့။ ခေါင်းတုံးစေထာက္ဆိုလည်း ခေါင်းတုံးစေထာက္လုပ်ပေါ့။ အခုဟာကတမင္တကာ ခေါင်းမွာယားနာဒက်တြေပါက်နေသလို ကြက္တိကြက္က်ားဖြစ်အောင် တမင္ကို ရည်ြရယ်ပြီးလုပ္တာ။
လူ့အသေရညှိုးနမြ်းအောင္လုပ္တာ။ ငါ့သားကြီးအထဲမွာ ဘယ္လိုမ်ားနေရရွာလဲမသိဘူး…………….”
ဒီလိုပါပဲ ထောင်ဝင္ဇာတြေတဲ့နေ့တြေဆို သံဇကာကြားကေန တစ်ယောက္ကိုတစ်ယောက် မ်က်ရည္မထြက်အောင်ကြည့်ကြ၊ စိတ္မခ်မ်းသာအပ္တဲ့အရပ္မွာ စိတ္ခ်မ်းသာစရာစကားလေးတြေရွာကြံပြောနဲ့ ဖြတ်သန်းခဲ့ကြရတာပါပဲ
"အေမ…..သားအတြက္ဘာမွမပူနဲ့……အထဲမွာက ကော်င်းဆောင်နေနရသလိုပါပဲ အပြင္နဲ့ထိတြေ့ခြင့်မရတာတစ္ခုပဲကြာပါတယ်…..အပြင္ကလူတြေသာ သားအတြက် စိုးရိမ်တြေးပူပြီး တစ္ခုခုဖြစ္မွာစိုးတာ”
“သား…ဘုရား တစ်ရားမေမ့နဲ့………သားအတြက္လည်း ညစဥ္ဆုတောင်းပေးနေတယ် …….ဒီအခ်ုပ်ေအနွာင္က အမြန္ဆုံးလြတ္ကင်းပါစေလို့……..သားထောင္ထဲမွာ စိတ္ခြန်အားရဖို့ အေမ ဒီတစ်ခေါက် စိပ္ပုတီး ထည့်ပေးလိုက္တယ်”
ဒီလိုပဲ နွစ်သိမ့်စကားတြေ ရွာကြံပြောကြ အပြုံးတုတြေနဲ့ဖုံးဖိခဲ့ကြေပမဲ့ အေမွာင္ထုနဲ့ထောင္တြင်း အိပ်ရာတြင်းရောက်ကြတဲ့အခါ ကိတ္ခဲသမ်ွသြန္ထုတ္ခဲ့ကြရတာပါပဲ……………
………………………………………………………….
“အေမ……
အေမက အေမ့သားအတြက္ဂုဏ်ယူခ်င္လိမ့်မေပါ့
သူမ်ားတြေအေမးရွိတဲ့အခါ ခေါင်းမော့ရင်ကော့လို့ပြောလိုက္စမ်းပါအေမ
က်မသားက မ္စောကိုမွာရွင့်လို့…………”
ဘယ္မိခင္ကမ်ား က်မသား ထောင္က်နေပါတယ္လို့ပြောရက္ပါ့မလဲ။
ပတ်ဝန်းက်င္ကေမးလာတဲ့အခါ အသိအကျမြ်းတြေက မေးလာတဲ့အခါ အေမတစ်ယောက် ဘယ်လောက္ထိအောင် နာက်င္ခဲ့လိုက်ရမလဲ။
“အေမ…….အေမ့ကို နာက်င်အောင္လုပ္ခဲ့တာ က်န္မောို့ဘူးအေမ…………က်န္မောို့ဘူး”
ဇာနည်မောင်မောင်ကော််

No comments:

Post a Comment