Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 21, 2016

အသစ်နဲ့ အဟောင်းအလွှဲအပြောင်းမှာ ..............

မပြောပဲနေမလို့၊ သိရတော့လဲ မနေနိုင်ပါဘူးဗျာ။
အစိုးရအဖွဲ့ကို မကြာခင် လွှဲပြောင်းလက်ခံရတော့မယ်ဆိုတော့ ကြိုစဉ်းစားလို့ရအောင်ပါ။
လွှတ်တော်ကြီးအလွှဲအပြောင်းလုပ်ကြတယ်။
 ပျော်ပျော်ရွှင်ရွှင်ဓာတ်ပုံတွေရိုက်ကြ၊ ဝမ်းသာကြပေါ့။
တိုင်းနဲ့ပြည်နယ်တွေမှာလည်း လွှတ်တော်ဥက္ကဌအဟောင်းတွေ အိမ်ပေါ်က
ဆင်း အသစ်တွေတက်ကြပေါ့။ တက်တော့ဘာဖြစ်လည်း အိမ်ကြီးကဟောင်းလောင်း၊ ဘာဆိုဘာမှမရှိ။ ကုတင်မရှိ၊ ထိုင်ခုံမရှိ၊ စားပွဲခုံမရှိ၊ မီးချောင်း ခန်းဆီးလိုက်ကာတောင်ဖြုတ်ယူသွားသတဲ့။
လွှဲပေးတဲ့ကားသုံးစီး၊ နှစ်စီးက နှိုးမရ၊ တစ်စီးကအောက်ပိုင်းမကောင်း။ ပြင်ဆင်စရိတ်သိန်းနှစ်ဆယ်ထုတ်ယူသွားပြီ။ ကဲ အန်အယ်လ်ဒီက လွှတ်တော်ဥက္ကဌကြီး အိမ်မှာဘယ်လိုနေရလဲ မေး
စမ်းကြည့်တော့ ဘက်ဂျက်က လာမဲ့ april မှကျမယ်။
ဒါပေမဲ့ ထွေအုပ်ဆရာတွေက မပူပါနဲ့ဗျာ အမှာစာရင်းသာပေး ၊ ဘာမှမပူနဲ့
ကန်ထရိုက်နဲ့ ကြည့်လှည့်ပေးမယ်တဲ့။
ဥက္ကဋ္ဌကြီးလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ပေါ့။ လွှတ်တော်ရုံးက ဝန်ကြီးချုပ်လာရင်
ထိုင်တဲ့ ဆိုဖာခုံလည်း လာသယ်သွားသတဲ့။ သိအောင်ပါ။ အစိုးရအဖွဲ့အလွှဲအပြောင်းဆို ဒီထက်ဆိုးပါလိမ့်မယ်။ ဟောင်းလောင်းကြီးလုပ်ထားမယ်။
 နောက်တက်လာမဲ့လူ ရပ်တည်ချင်ရင် သူတို့မှာ ငွေကြေးရှိတယ်။
သူတို့ပြောရင်ပြီးတဲ့ စီးပွားရေးသမားရှိတယ်။
ဘာလိုသေးလဲဆိုတဲ့အချိုးပေါ့ဗျာ။

Zaw Latt

No comments:

Post a Comment