Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 25, 2016

စီမံကိန္းေတြ အလ်င္စလို ခြင့္မျပဳဖို႔ အေရးႀကီး အဆိုတင္


စီမံကိန္းေတြ ကိစၥ အေရးႀကီးအဆိုကို တပ္မေတာ္ကိုယ္စားလွယ္ေတြ ကန္႔ကြက္
ျပည္သူ႔လႊတ္ေတာ္မွာ လက္ရွိ အစိုးရ အေနနဲ႔ သက္တမ္းကုန္ကာနီး အခ်ိန္မွာ စီမံကိန္းေတြ လုပ္ပိုင္ခြင့္ေတြကို အရင္စလို ခြင့္မျပဳ႕ဖို႔ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔က အေရးႀကီး အဆို တင္သြင္းခဲ့ရာမွာ တပ္မေတာ္ ကိုယ္စားလွယ္ေတြနဲ႔ တျခား ပါတီက ကိုယ္စားလွယ္ေတြက ကန္႔ကြက္ခဲ့ပါတယ္။

ဒါေပမဲ့ ေထာက္ခံသူ မ်ားတဲ့ အတြက္ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔မွာ အဲဒီ အဆိုကို ဆက္လက္ ေဆြးေႏြးမွာ ျဖစ္ပါတယ္။

ဒီအေရးႀကီး အဆိုကို ျပည္သူ႔လႊတ္ေတာ္ ဘဏ္မ်ားနဲ႔ ေငြေၾကးဆိုင္ရာ ဖြံ့ၿဖိဳးတိုးတက္ေရး ေကာ္မတီ အတြင္းေရးမွူး ျဖစ္တဲ့ NLD ပါတီပုလဲၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္စန္းလွိုင္က တင္သြင္းခဲ့တာျဖစ္ပါတယ္။

လက္ရွိ အစိုးရ သက္တမ္း တစ္လခြဲေလာက္ပဲ က်န္ေတာ့ခ်ိန္မွာ နိုင္ငံပိုင္ လုပ္ငန္း၊ အေဆာက္အဦနဲ႔ ေနရာေတြကို အလ်င္စလို လႊဲေျပာင္း ေရာင္းခ် ငွားရမ္းတာေတြ လုပ္ေနလို႔ ျပည္သူေတြၾကားမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ေျပာဆိုေနၾကတာေတြ ရွိေနတဲ့အျပင္ ေနာင္ အစိုးရသစ္ တက္မွ ေဆာင္ရြက္ရမွာေတြကို အခု လုပ္ေဆာင္ေနတဲ့ အတြက္ ထိန္းေက်ာင္း တည့္မတ္ေပးဖို႔ အဆိုတင္ခဲ့တာလို႔ သူက ေျပာပါတယ္။

လူမ်ားသိရွိတဲ့ လုပ္ငန္းေတြထဲမွာ ဥပမာအားျဖင့္ စင္ကာပူနိုင္ငံကို ရန္ကုန္က ၄ ဧကေက်ာ္ ရွိတဲ့ ေဆး႐ုံႀကီးေျမေနရာ လုပ္ကိုင္ခြင့္ေပးတာ၊ ဒဂုံစီးတီး စီမံကိန္းလုပ္ခြင့္ေပးတာအျပင္ ဓါတ္ဆီဆိုင္ ၇၀ ကို ျပည္သူေတြကို အသိေပးျခင္းမရွိဘဲ လႊဲေျပာင္းေပးမယ့္ ကိစၥေတြ ရွိေသးတယ္လို႔ ေဒၚခင္စန္းလွိုင္က ေျပာပါတယ္။

အစိုးရသစ္ တာဝန္လႊဲေျပာင္းတဲ့ အခါ ဂုဏ္သိကၡာ ရွိရွိ လႊဲေျပာင္းနိုင္ေအာင္နဲ႔ ျပည္သူလူထုကိုလည္း ရွင္းျပနိုင္ေစဖို႔ လႊတ္ေတာ္တြင္းကေန ေမးခဲ့တာ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

လႊတ္ေတာ္က တင္ျပတဲ့ အခ်က္ေတြကို သက္ဆိုင္ရာဝန္ႀကီးဌာနေတြ အေနနဲ႔ ဘယ္ေလာက္ စိတ္ဝင္စားသလဲ ဆိုတာနဲ႔ တင္ျပတဲ့ အခ်က္အလက္ေတြ အေပၚ ဘယ္လို တုံ႔ျပန္မလဲ ဆိုတာက အေရးႀကီးတယ္လို႔လည္း ေဒၚခင္စန္းလွိုင္က ေျပာပါတယ္။

တာဝန္ရွိတဲ့ အစိုးရပိုင္းက ေျဖရွင္း မေပးနိုင္ဘူးဆိုရင္ေတာင္ ဒီစီမံကိန္းေတြကို သူတို႔ ဘာေၾကာင့္ ဘယ္လို ေဆာင္ရြက္ခဲ့တယ္ ဆိုတာ လႊတ္ေတာ္ကို လာေရာက္ ရွင္းလင္း ေျပာျပရင္ ျပည္သူေတြက အစိုးရ အေပၚ ပိုေလးစားနိုင္မယ္လို႔လည္း သူကဆိုပါတယ္။

ဒါ့အျပင္ ေဒၚခင္စန္းလွိုင္က တာဝန္ရွိသူေတြ လာေရာက္မရွင္းလင္းရင္ လႊတ္ေတာ္မွာ တင္ခဲ့တဲ့ အဆိုေတြကို မွတ္တမ္းနဲ႔ ထားရွိၿပီး ေနာက္အစိုးရသစ္ လက္ထက္မွာ ဆက္လက္ ေဆာင္ရြက္ဖို႔ လိုတာေတြကို လုပ္သြားမယ္လို႔ ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
...........

စီမံကိန်းတွေ ကိစ္စ အရေးကြီးအဆိုကို တပ်မတော်ကိုယ်စားလှယ်တွေ ကန့်ကွက်
ပြည်သူ့လွှတ်တော်မှာ လက်ရှိ အစိုးရ အနေနဲ့ သက်တမ်းကုန်ကာနီး အချိန်မှာ စီမံကိန်းတွေ လုပ်ပိုင်ခွင့်တွေကို အရင်စလို ခွင့်မပြု့ဖို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အရေးကြီး အဆို တင်သွင်းခဲ့ရာမှာ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ တခြား ပါတီက ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပါတယ်။

ဒါပေမဲ့ ထောက်ခံသူ များတဲ့ အတွက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ အဲဒီ အဆိုကို ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီအရေးကြီး အဆိုကို ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဖြစ်တဲ့ NLD ပါတီပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိ အစိုးရ သက်တမ်း တစ်လခွဲလောက်ပဲ ကျန်တော့ချိန်မှာ နိုင်ငံပိုင် လုပ်ငန်း၊ အဆောက်အဦနဲ့ နေရာတွေကို အလျင်စလို လွှဲပြောင်း ရောင်းချ ငှားရမ်းတာတွေ လုပ်နေလို့ ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြတာတွေ ရှိနေတဲ့အပြင် နောင် အစိုးရသစ် တက်မှ ဆောင်ရွက်ရမှာတွေကို အခု လုပ်ဆောင်နေတဲ့ အတွက် ထိန်းကျောင်း တည့်မတ်ပေးဖို့ အဆိုတင်ခဲ့တာလို့ သူက ပြောပါတယ်။

လူများသိရှိတဲ့ လုပ်ငန်းတွေထဲမှာ ဥပမာအားဖြင့် စင်ကာပူနိုင်ငံကို ရန်ကုန်က ၄ ဧကကျော် ရှိတဲ့ ဆေးရုံကြီးမြေနေရာ လုပ်ကိုင်ခွင့်ပေးတာ၊ ဒဂုံစီးတီး စီမံကိန်းလုပ်ခွင့်ပေးတာအပြင် ဓါတ်ဆီဆိုင် ရ၀ ကို ပြည်သူတွေကို အသိပေးခြင်းမရှိဘဲ လွှဲပြောင်းပေးမယ့် ကိစ္စတွေ ရှိသေးတယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

အစိုးရသစ် တာဝန်လွှဲပြောင်းတဲ့ အခါ ဂုဏ်သိက္ခာ ရှိရှိ လွှဲပြောင်းနိုင်အောင်နဲ့ ပြည်သူလူထုကိုလည်း ရှင်းပြနိုင်စေဖို့ လွှတ်တော်တွင်းကနေ မေးခဲ့တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လွှတ်တော်က တင်ပြတဲ့ အချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ အနေနဲ့ ဘယ်လောက် စိတ်ဝင်စားသလဲ ဆိုတာနဲ့ တင်ပြတဲ့ အချက်အလက်တွေ အပေါ် ဘယ်လို တုံ့ပြန်မလဲ ဆိုတာက အရေးကြီးတယ်လို့လည်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

တာဝန်ရှိတဲ့ အစိုးရပိုင်းက ဖြေရှင်း မပေးနိုင်ဘူးဆိုရင်တောင် ဒီစီမံကိန်းတွေကို သူတို့ ဘာကြောင့် ဘယ်လို ဆောင်ရွက်ခဲ့တယ် ဆိုတာ လွှတ်တော်ကို လာရောက် ရှင်းလင်း ပြောပြရင် ပြည်သူတွေက အစိုးရ အပေါ် ပိုလေးစားနိုင်မယ်လို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် ဒေါ်ခင်စန်းလှိုင်က တာဝန်ရှိသူတွေ လာရောက်မရှင်းလင်းရင် လွှတ်တော်မှာ တင်ခဲ့တဲ့ အဆိုတွေကို မှတ်တမ်းနဲ့ ထားရှိပြီး နောက်အစိုးရသစ် လက်ထက်မှာ ဆက်လက် ဆောင်ရွက်ဖို့ လိုတာတွေကို လုပ်သွားမယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment