Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 24, 2016

ကုိယ့္စီနီယာတစ္ေယာက္ျဖစ္တဲ့ မသင္ဇာကို ပုတ္ခတ္ေျပာဆုိစရာ ဘာအေၾကာင္းမွ မရွိပါဘူးလုိ႕ ဖြင့္ဟသြားတဲ့ ဇြန္သဥၹာ


ေဖ့စ္ဘုတ္မွာ သရုပ္ေဆာင္သင္ဇာ၀င့္ေက်ာ္ Two Pieces ၀တ္ရုိက္တဲ့ ပံုေတြနဲ႕ပတ္သက္ၿပီး ဇြန္သဥၹာက စိန္ေခၚခဲ့တယ္လို႕တက္လာတဲ့ အခ်ိဳ႕ေသာ Screenshot ေတြဟာ အမွန္မဟုတ္ေၾကာင္းနဲ႕ သင္ဇာ၀င့္ေက်ာ္ကို မေက်နပ္တဲ့သူ အခ်ိဳ႕က သူမနာမည္ အသံုးခ်ၿပီး Breaking News အေနနဲ႕ေဖ့စ္ဘုတ္ေပၚျဖန္႕လိုက္တာျဖစ္ၾကာင္းကို ရွင္းျပလာတဲ့ ဇြန္သဥၹာရဲ႕ လက္တေလာ လုပ္ျဖစ္ေနတဲ့ အႏုပညာအေၾကာင္းအရာမ်ားကို ေမးျမန္းျဖစ္တဲ့အခါ

-ဇြန္အေနနဲ႕လက္ရွိ အႏုပညာလႈပ္ရွားမႈအေနနဲ႕ ဘာေတြလုပ္ျဖစ္ေနလဲ။

ဇြန္ DJ သင္တန္းတက္ေနတယ္။ ၁လေလာက္ ရွိၿပီေပါ့။ ပြဲေတြမွာ ကိုယ့္ကိုလာငွားလို႕ပဲျဖစ္ျဖစ္ေပါ့။ ကုိယ့္ဟာကုိယ္လဲ ၀ါသနာပါတဲ့အတြက္ေလ့လာေနတယ္။ ေနာက္ၿပီး ဇြန္႕ရဲ႕ အမ္တီဗီေလး ရုိက္ထားတာ ၿပီးေတာ့ၿပီးသြားၿပီ။ Edit ပုိင္းေလး လုပ္ေနတဲ့အတြက္ အြန္လိုင္းေပၚတင္ဖို႕ကိုေစာင့္ေနတယ္။ ေနာက္နယ္ရိႈးေတြလဲလက္ခံထားတယ္။ ေရွ႕လ ဆိုရင္ ရခုိင္ကမ္းသာယာဖက္မွာသီခ်င္းဆိုဖို႕အတြက္လက္ခံထားပါတယ္။

-အမ္တီဗီရဲ႕ သီခ်င္းနာမည္နဲ႕ ရုိက္ထားတဲ့ ပံုစံေလးကိုလဲ သိခ်င္ပါတယ္။

သီခ်င္းေလးကေတာ့ ဇြန္႕အေၾကာင္းကိုေရးစပ္ထားတာပါ။ သီခ်င္းနာမည္ကေတာ့ ဇြန္သဥၹာပါပဲ။ ဇြန္ Sexy ေမာ္လ္ဒယ္လုပ္ၿပီး ကုိယ့္ဘ၀ကိုယ္ ဘယ္လိုရပ္တည္ေနတယ္။ ေမွ်ာ္လင့္ခ်က္ေတြနဲ႕ဆက္ေလွ်ာက္ေနမယ္။ ဆိုတဲ့ အဓိပၸါယ္ေလးေပါ့။ ရုိက္ထားတဲ့ ပံုစံေလးကေတာ့ Jennifer Lopez တို႕ Niki Minaj တို႕သူတို႕ရဲ႕ အမ္တီဗီထဲက ပံုစံမ်ိဳးေလးေတြခႏၥာကိုယ္အလွကုိ ဦးစားေပးၿပီး ဖက္ရွင္ေလးေတြကုိ ထြင္ၿပီး ရုိက္ထားပါတယ္။ အဓိကကေတာ့ ဇြန္႕ရဲ႕အြန္လိုင္းက ပရိသတ္ေတြကုိ တင္ေပးဖို႕ရည္ရြယ္ခ်က္ပါပဲ။ သီခ်င္းဆိုတာရယ္၊ ဇြန္႕ရဲ႕အကရယ္၊ အလွရယ္ကုိေပါင္းစပ္ၿပီး တင္ျပေပးတာေပါ့။ တရား၀င္ Offical ထြက္ဖို႕ေတာ့ အစီအစဥ္ မရွိပါဘူး။ ဒီသီခ်င္းေလးက အင္တာေနရွင္နယ္ပံုစံရုိက္ထားေတာ့ ျမန္မာအျမင္နဲ႕ၾကည့္ရင္ နည္းနည္းရိုင္းတယ္။ အဲ့ဒါေၾကာင့္ အြန္လိုင္းမွာ ပရိသတ္ေတြအတြက္ အေပ်ာ္သေဘာမ်ိဳးေလးနဲ႕ပဲတင္ေပးမွာပါ။

-အဲ့ဒီလိုအေဖာ္အခၽြတ္ေတြ ရုိက္ထားတယ္ဆိုေတာ့ ျမန္မာပရိသတ္ရဲ႕ေ၀ဖန္မႈနဲ႕ပတ္သက္ၿပီးေတာ့ေရာ ဘယ္လိုေတြးထားလဲ။

လက္ခံထားေတြလဲရွိလာသလို၊ ေ၀ဖန္တာေတြလဲ ရွိလာမယ္။ ဒါေပမဲ့ ဇြန္အဲ့ဒီ၂ခုစလံုးအတြက္ေက်နပ္ပါတယ္။ အဲ့ဒီလိုမ်ိဳးေ၀ဖန္ေပးတယ္။ ကဲ့ရဲ႕ေပးတယ္။ ဒါကေတာ့ ကိုယ့္ကိုသူတို႕စိတ္၀င္စားတဲ့အတြက္ Cmt ေပးတဲ့ သေဘာမ်ိဳးေပါ့။ ၾကိဳက္လဲမၾကိဳက္ဘူး။ ေ၀လဲမေ၀ဖန္ဘူး။ အေကာင္းလဲ မေျပာဘူးဆိုရင္သာ စိုးရိမ္ရမဲ့ အပိုင္းမွာ ရွိတာေပါ့။ ကဲ့ရဲ႕ ေ၀ဖန္မႈေတြအားလံုးကုိ လက္ခံသလို အားေပးမႈေတြအားလံုးအတြက္လဲေက်းဇူးတင္ပါတယ္။

-အခုေနာက္ပိုင္းအရင္ကထက္ ပိုပြင့္လင္းတဲ့ပံုေတြတင္လာတာလဲေတြ႕လာရတယ္ေနာ္။

ပံုေတြကေတာ့ မ်ားေသာအားျဖင့္ ပရိသတ္အျမင္မွာ ဆန္းေအာင္ဆိုတဲ့ စိတ္နဲ႕ပဲ ဘယ္လုိရုိက္ရင္ေကာင္းမလဲဆိုၿပီး ဓာတ္ပံုဆရာနဲ႕ပါ တိုင္ပင္ၿပီးသူမ်ားမလုပ္ေသးတဲ့ အသစ္အဆန္းေတြအျမဲစဥ္းစားတယ္။ ပရိသတ္ကလဲ ကိုယ္ကအၾကမ္းေတြျပဖူးၿပီးသားဆိုေတာ့ေလ။ အဲ့ဒါၾကာင့္ အရင္ကထက္ၾကမ္းတဲ့ပံု၊ ပိုၿပီးမိုက္တဲ့ပံုေတြကို အခုေနာက္ပိုင္းမွာ ဇြန္ပိုရုိက္ျဖစ္တယ္လို႕ေျပာလို႕ရတယ္။

-ေ၀ဖန္မႈနဲ႕အားေပးမႈ ကေရာ အခုခ်ိန္မွာ ဘယ္လိုရွိလဲ။

အစပိုင္းမွာ ပုိၿပီး ေ၀ဖန္မႈနဲ႕တိုက္ခုိက္မႈေတြမ်ားတယ္။ ဒါေပမဲ့ အခုေနာက္ပုိင္းမွာ ဇြန္႕ကိုအားေပးတဲ့ ပရိသတ္ေတြပုိၿပီးမ်ားလာတယ္လို႕ခံစားမိပါတယ္။ ပံုတင္တဲ့အခါ အရင္ကဆုိ cmt ေတြမွာ အရမ္းေျပာဆိုၾကတယ္။ အခုက်ေတာ့ သိပ္မေျပာေတာ့ဘူး။ ေျပာတာပဲေမာသြားလို႕လား။ ဘယ္လိုျဖစ္သြားလဲေတာ့ မသိဘူးေပါ့ေနာ္။ လက္ခံလာတယ္လို႕ေတာ့ ဇြန္ထင္မိတယ္။

-ဓာတ္ပံုဆရာေတြေရွ႕မွာ အေဖာ္အခၽြတ္ပံုေတြရုိက္ရတဲ့အခါ ရွိန္တာတို႕၊ ရွက္တာတို႕ေရာ မျဖစ္မိဘူးလား။

ဇြန္အမ်ားၾကီးနဲ႕ရုိက္ဖူးတယ္။ ေယာက်ာ္းေလး ဓာတ္ပံုဆရာကေတာ့ ပိုမ်ားတယ္။ မိန္းကေလးဓာတ္ပံုဆရာကေတာ့ ႏွစ္ေယာက္ေလာက္နဲ႕ပဲရုိက္ဖူးတယ္။ မိန္းကေလးကေတာ့ ရိုက္ရတာ ပိုအဆင္ေျပတယ္။ ေယာက်္ားေလးဆိုရင္ေတာ့ ကုိယ္မရုိက္ဖူးတဲ့လူနဲ႕စရုိက္ရရင္ နည္းနည္းေတာ့ ရိႈးတုိးရွန္႕တန္းျဖစ္မိတာေပါ့။ ဒါေပမဲ့သူ႕မွာလဲ သူ႕ရဲ႕မီးထိုးမွန္ထိုးသမားေတြပါတယ္။ ကိုယ့္မွာလဲ ကုိယ့္မိတ္ကပ္ ဆရာပါမယ္။ ႏွစ္ေယာက္တည္း ရုိက္တာမ်ိဳးမဟုတ္တဲ့အတြက္ ရွက္တဲ့စိတ္ေတာ့ မရွိပါဘူး။ ပထမပိုင္း ၁ပံု ၂ ပံုကေတာ့ ရိႈးတိုးရွန္႕တန္းျဖစ္တယ္။ ေနာက္ပံုေတြေတာ့ အဆင္ေျပသြားပါတယ္။

-မိသားစုကေရာ အဲ့ဒီလိုပံုေတြတင္တာကိုခြင့္ျပဳလား။

သူတို႕ကေတာ့ ဇြန္ဒီအလုပ္စလုပ္ကတည္းက ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ခဲ့တဲ့အတြက္ လက္လႊတ္လိုက္တဲ့ သေဘာေပါ့။ အင္ဂ်င္နီယာဘြဲ႕ရေအာင္ သူတို႕ေျမေတာင္ေျမွာက္ေပးခဲ့ၿပီးၿပီ။ ဒီလိုင္းက ကိုယ့္ဟာကိုယ္ေလွ်ာက္တဲ့ လမ္းျဖစ္တဲ့အတြက္ သူတို႕အေနနဲ႕ဘာမွမေျပာဘူး။ ေတာက္ေလွ်ာက္လုပ္ရင္း လုပ္ရင္းနဲ႕သူတို႕ကိုလဲ ေထာက္ပံ့ေပးႏုိင္လာတယ္။ မိဘဆိုတဲ့ သေဘာကလဲ ကုိယ့္သားသမီးက ကိုယ့္ကိုေပးတယ္၊ ကမ္းတယ္ဆိုေတာ့ သူတို႕မၾကိဳက္ေပမဲ့ ေအာင့္ကာနမ္းေပါ့။ အရမ္းၾကီးလက္ခံတယ္လဲ မဟုတ္ဘူး။ မလုပ္နဲ႕သမီး ဘာညာလဲ မေျပာေတာ့ဘူး။ သူ႕သမီးက ဒါၾကီးမွမလုပ္ရရင္ေသေတာ့မယ္ ဘာညာဆိုေတာ့ လႊတ္ထားတဲ့သေဘာပါပဲ။ မိဘေတြလဲ နည္းနည္းေရွးရိုးဆန္တယ္။ အြန္လိုင္းေတြနဲ႕ထိေတြ႕မႈ မရွိဘူးေပါ့။ တကယ္လို႕သိသြားခဲ့တယ္ဆိုရင္လဲ ကိုယ့္သားသမီးကိုအိမ္ေပၚကေတာ့ ႏွင္မခ်ေလာက္ပါဘူး။ သူတို႕ကိုလဲ ရွာေကၽြးေနၿပီျဖစ္တဲ့အတြက္ ဘာမွသိပ္မေျပာတဲ့အေနအထားမ်ိဳးပါ။

-စတက္ကတည္းက Sexy ပံုေတြနဲ႕တက္ခဲ့တာဆိုေတာ့ ဒီလိုအေဖာ္အခၽြတ္ပံုေတြရုိက္ရတာကို ၾကိဳက္တာလား။

လူေတြက အဓိကကေတာ့ ကိုယ္လွတာကို ကုိယ္ဦးစားေပးၿပီးျပခ်င္ၾကတာေပါ့။ ရုပ္ေခ်ာ ပီးလွတဲ့ေကာင္မေလးေတြဆိုလဲ မ်က္ႏွာအလွေလးေတြကို ဦးစားေပးရိုက္ၾကသလို ဇြန္က်ေတာ့ လဲ ကိုယ့္ရဲ႕ခႏၵာကိုယ္က ကုိယ့္ရဲ႕မ်က္ႏွာထက္ ပိုဆြဲေဆာင္မႈရွိတယ္လို႕ ထင္တယ္။ မ်က္ႏွာက်ေတာ့လဲ အရမ္းၾကီးလွေနတာမ်ိဳးမဟုတ္တဲ့အတြက္ ဒီခႏၵာကိုယ္ေလးကို ရုိ္က္ရင္းရုိက္ရင္းနဲ႕Sexy လုိင္းဖက္ကိုေရာက္သြားတာေပါ့။ ဒါၾကီးကိုၾကိဳက္တာ လားဆိုေတာ့ မဟုတ္ဘူး။ ဇြန္က သရုပ္ေဆာင္တစ္ေယာက္ျဖစ္ခ်င္တယ္။ လူေတြခ်စ္တဲ့ အႏုပညာရွင္တစ္ေယာက္အျဖစ္ရပ္တည္ခ်င္တယ္။ ဇြန္အတြက္က ဒီလမ္းေၾကာင္းေပၚကိုေရာက္ဖို႕ဆိုတာက လြဲရင္းလြဲရင္းလြဲရင္းနဲ႕ေ၀းေ၀းသြားတာေပါ့။ အခုေတာ့လဲ ပရိသတ္လက္ခံတဲ့လမ္းေၾကာင္းေလးမွာ ကုပ္ကတ္တြယ္ဖက္ၿပီးေနေနရတဲ့သေဘာမ်ိဳးေလးပါ။

-ကုိယ္ဒီလိုအရမ္းၾကမ္းတဲ့ပံုေတြတင္တဲ့အတြက္ကုိယ့္ခ်စ္သူကေရာ ၾကည္ျဖဴရဲ႕လား။

ဇြန္ဓာတ္ပံုခၽြတ္ၿပီးရိုက္တဲ့ အခါမ်ိဳးေတြမွာလဲ သူ႕ကိုေခၚသြားတယ္။ ဇြန္႕ကိုလဲျမင္ရသလို ဓာတ္ပံုဆရာ သူ႕အမ်ိဳးသမီးပါမယ္။ မီးထိုးမွန္ထိုးလဲ ပါမယ္။ သူလဲပါတဲ့အတြက္ သိသြားမယ္။ ေၾသာ္သူတကယ္ အလုပ္လုပ္ေနတာပါလား။ အမ်ားထင္သလို ဓာတ္ပံုဆရာနဲ႕ေမာ္လ္ဒယ္ျငိစြန္းေနတာမ်ိဳး မဟုတ္ဘူးဆိုတာကို သိသြားတယ္။ ရိႈးပြဲေတြလဲေခၚသြားတဲ့အခါမွာ နားလည္သေဘာေပါက္သြားတာေပါ့။ ကုိယ္ဟာ ေနာက္ခံ Background ေတာင့္ေတာင့္တင္းတင္း မရွိတဲ့အတြက္ အဆက္အသြယ္ မရွိတဲ့အတြက္ ဒီလိုေနရာကေနပဲ ရပ္တည္ေနရတယ္ဆုိတာကို သူနားလည္သေဘာေပါက္သြားတယ္။ ကိုယ့္ရိုးသားမႈကုိလဲျမင္သြားတဲ့အခါမွာေတာ့ ေအးေဆးပါပဲ။ သူတင္မကဘူး။ သူ႕မိသားစုကပါ ဘာမွမေျပာပါဘူး။

-ေဖ့စ္ဘုတ္မွာ သင္ဇာ့ကုိ တုိက္ခုိက္တဲ့ စကားမ်ိဳးေတြ ဇြန္သဥၹာကေျပာတယ္ဆုိၿပီးတက္လာတာလဲေတြ႕ရတယ္။ အဲ့ဒါေလးနဲ႕ပတ္သက္ၿပီးေတာ့လဲ ရွင္းေအာင္ေျပာျပေပးပါဦး။

အဲ့ဒါကဇြန္လံုး၀မသိဘူး။ မသင္ဇာကုိ တစ္ေယာက္ေယာက္ကမ်ား ပုပ္ခတ္ခ်င္လို႕ဇြန္႕ကို အသံုးခ်ၿပီးေလွ်ာက္လုပ္လုိက္တာမ်ိဳးေတြျဖစ္မယ္။ ဘယ္သတင္းမီဒီယာမွာမွလဲမတင္ဘူး။ သက္သက္ကြန္ပ်ဴတာနဲ႕ လုပ္ၿပီးလိုက္ျဖန္႕တဲ့ သေဘာမ်ိဳးပါ။ ဇြန္႕ကိုလဲ ဘယ္သူကမွ မသင္ဇာအေၾကာင္း အင္တာလာမဗ်ဴးသလို ဇြန္လဲ သူမ်ားအေပၚမွာအဲ့ဒီလိုမ်ိဳး ပုတ္ခတ္ႏွိမ္ခ်ေျပာဆိုတာမ်ိဳးလဲမရွိခဲ့ပါဘူး။ ကိုယ့္စီနီယာအမတစ္ေယာက္ကိုလဲ အဲ့ဒီလိုေျပာစရာ ဘာအေၾကာင္းဘာမွမရွိပါဘူး။ ေကာလာဟလပါ။ ဘယ္မီဒီယာကလို႕လဲမေျပာဘူး။ Breaking News ဆိုတဲ့ သဘာမ်ိဳးနဲ႕ Screenshot ေလးပဲပါတာ။ အဲ့ဒါျမင္ရေတာ့ ဇြန္ေတာင္မွ စိတ္ပူသြားေသးတယ္။ မသင္ဇာသာၾကားရင္ အလကားေနရင္း ပါးလာရုိက္ေတာ့မွာပဲဆုိၿပီးေၾကာက္ေနရပါတယ္။  ရွင္းရင္ပုိရႈပ္မွာစိုးလို႕ ဇြန္ဘာမွမရွင္းပဲဒီအတိုင္းေနမွာပါ။ အကယ္လို႕မသင္ဇာလာေမးရင္လဲ မသင္ဇာ ဘယ္လိုရုိက္ၿပီး တင္တင္ကိုယ္ေတြမွာ ေ၀ဖန္ပုတ္ခပ္ခြင့္မရွိဘူး။ ဇြန္႕အဆင့္က အဲ့ဒီေလာက္ပဲမဟုတ္ဘူး။ သူ႕ဟာသူ လြတ္လပ္စြာ သူ႕ခႏၵာကုိယ္အလွကို ခ်ျပတယ္။ ညီမမွာ ေ၀ဖန္ေျပာဆိုခြင့္ ဘာမွမရွိပါဘူး။ မသင္ဇာအဲ့ဒီလိုရုိက္တာက ဇြန္႕အတြက္ ပိုၿပီးေတာင္ အားတက္ရပါတယ္။ ႏုိင္ငံေက်ာ္မင္းသမီးတစ္ေယာက္က သူတို႕ခႏၵာကိုယ္အလွကုိ ေဖာ္ခၽြတ္ၿပီး ရုိက္ရဲတယ္ဆိုတဲ့အတြက္ ကိုယ္ေတြအေနနဲ႕အားတက္တယ္လို႕ေတာင္ေျပာလို႕ရပါေသးတယ္။

-အခုေနာက္ပိုင္း ဇြန္႕ ေဖ့စ္ဘုတ္မွာပံုတင္တဲ့အခါ Caption ေလးေတြက အေပ်ာ္ေလးေတြေရးၿပီးတင္တာမ်ားတယ္ေနာ္။

အဓိကကေတာ့ ပံုတင္ရင္ ကုိယ့္အလွကုိ ရည္ညႊန္းတဲ့ စာသားေတြနဲ႕တင္တားမ်ားတယ္။ ဥပမာ အရမ္းလွတဲ့ သူမရဲ႕ေကာက္ေၾကာင္းတို႕ဘာတို႕ေပါ့။ ဒါေပမဲ့ အခုေနာက္ပိုင္းမွာ အဲ့ဒီလိုမတင္ခ်င္ေတာ့ဘူး။ အဲ့ဒါေၾကာင့္ ဇြန္ဟာသေလးနဲ႕ေႏွာၿပီး သူတုိ႕အေနနဲ႕လဲ ပိုၿပီးေျပာလို႕ဆုိလို႕ Cmt ေပးလို႕ေကာင္းေအာင္ အခုေနာက္ပိုင္း ပံုတင္တဲ့အခါမွာ Caption ေလးေတြကုိ ဟာသေႏွာတဲ့ စာသားေလးေတြနဲ႕ပဲ တင္ျဖစ္တာပါ။ ေနာက္ပိုင္းလဲ အဲ့ဒီလုိလုပ္သြားဖို႕ ရွိတယ္။ အဓိကကေတာ့ PSY ပံုစံမ်ိဳးေပါ့။ သူလုပ္လုိက္ရင္ Sexy ေပမဲ့ ဟာသေတြေႏွာထားေတာ့ ပရိသတ္ ပိုၾကည့္လို႕ေကာင္းတယ္။ အဲ့ဒါေၾကာင့္ဇြန္လဲအဲ့ဒီလိုေလးတင္ျဖစ္တာပါ။

 http://www.trend.com.mm/2016/02/23/interviews-8904

...........................................................

ဖေ့စ်ဘုတ်မှာ သရုပ်ဆောင်သင်ဇာဝင့်ကျော် Two Pieces ၀တ်ရိုက်တဲ့ ပုံတွေနဲ့ပတ်သက်ပြီး ဇွန်သဥ္ဖာက စိန်ခေါ်ခဲ့တယ်လို့တက်လာတဲ့ အချို့သော Screenshot တွေဟာ အမှန်မဟုတ်ကြောင်းနဲ့ သင်ဇာဝင့်ကျော်ကို မကျေနပ်တဲ့သူ အချို့က သူမနာမည် အသုံးချပြီး Breaking News အနေနဲ့ဖေ့စ်ဘုတ်ပေါ်ဖြန့်လိုက်တာဖြစ်ကြာင်းကို ရှင်းပြလာတဲ့ ဇွန်သဥ္ဖာရဲ့ လက်တလော လုပ်ဖြစ်နေတဲ့ အနုပညာအကြောင်းအရာများကို မေးမြန်းဖြစ်တဲ့အခါ

-ဇွန်အနေနဲ့လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ဇွန် DJ သင်တန်းတက်နေတယ်။ ၁လလောက် ရှိပြီပေါ့။ ပွဲတွေမှာ ကိုယ့်ကိုလာငှားလို့ပဲဖြစ်ဖြစ်ပေါ့။ ကိုယ့်ဟာကိုယ်လဲ ၀ါသနာပါတဲ့အတွက်လေ့လာနေတယ်။ နောက်ပြီး ဇွန့်ရဲ့ အမ်တီဗီလေး ရိုက်ထားတာ ပြီးတော့ပြီးသွားပြီ။ Edit ပိုင်းလေး လုပ်နေတဲ့အတွက် အွန်လိုင်းပေါ်တင်ဖို့ကိုစောင့်နေတယ်။ နောက်နယ်ရှိုးတွေလဲလက်ခံထားတယ်။ ရှေ့လ ဆိုရင် ရခိုင်ကမ်းသာယာဖက်မှာသီချင်းဆိုဖို့အတွက်လက်ခံထားပါတယ်။

-အမ်တီဗီရဲ့ သီချင်းနာမည်နဲ့ ရိုက်ထားတဲ့ ပုံစံလေးကိုလဲ သိချင်ပါတယ်။

သီချင်းလေးကတော့ ဇွန့်အကြောင်းကိုရေးစပ်ထားတာပါ။ သီချင်းနာမည်ကတော့ ဇွန်သဥ္ဖာပါပဲ။ ဇွန် Sexy မော်လ်ဒယ်လုပ်ပြီး ကိုယ့်ဘဝကိုယ် ဘယ်လိုရပ်တည်နေတယ်။ မျှော်လင့်ချက်တွေနဲ့ဆက်လျှောက်နေမယ်။ ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့။ ရိုက်ထားတဲ့ ပုံစံလေးကတော့ Jennifer Lopez တို့ Niki Minaj တို့သူတို့ရဲ့ အမ်တီဗီထဲက ပုံစံမျိုးလေးတွေခန္စာကိုယ်အလှကို ဦးစားပေးပြီး ဖက်ရှင်လေးတွေကို ထွင်ပြီး ရိုက်ထားပါတယ်။ အဓိကကတော့ ဇွန့်ရဲ့အွန်လိုင်းက ပရိသတ်တွေကို တင်ပေးဖို့ရည်ရွယ်ချက်ပါပဲ။ သီချင်းဆိုတာရယ်၊ ဇွန့်ရဲ့အကရယ်၊ အလှရယ်ကိုပေါင်းစပ်ပြီး တင်ပြပေးတာပေါ့။ တရားဝင် Offical ထွက်ဖို့တော့ အစီအစဉ် မရှိပါဘူး။ ဒီသီချင်းလေးက အင်တာနေရှင်နယ်ပုံစံရိုက်ထားတော့ မြန်မာအမြင်နဲ့ကြည့်ရင် နည်းနည်းရိုင်းတယ်။ အဲ့ဒါကြောင့် အွန်လိုင်းမှာ ပရိသတ်တွေအတွက် အပျော်သဘောမျိုးလေးနဲ့ပဲတင်ပေးမှာပါ။

-အဲ့ဒီလိုအဖော်အချွတ်တွေ ရိုက်ထားတယ်ဆိုတော့ မြန်မာပရိသတ်ရဲ့ဝေဖန်မှုနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုတွေးထားလဲ။

လက်ခံထားတွေလဲရှိလာသလို၊ ဝေဖန်တာတွေလဲ ရှိလာမယ်။ ဒါပေမဲ့ ဇွန်အဲ့ဒီ၂ခုစလုံးအတွက်ကျေနပ်ပါတယ်။ အဲ့ဒီလိုမျိုးဝေဖန်ပေးတယ်။ ကဲ့ရဲ့ပေးတယ်။ ဒါကတော့ ကိုယ့်ကိုသူတို့စိတ်ဝင်စားတဲ့အတွက် Cmt ပေးတဲ့ သဘောမျိုးပေါ့။ ကြိုက်လဲမကြိုက်ဘူး။ ဝေလဲမဝေဖန်ဘူး။ အကောင်းလဲ မပြောဘူးဆိုရင်သာ စိုးရိမ်ရမဲ့ အပိုင်းမှာ ရှိတာပေါ့။ ကဲ့ရဲ့ ဝေဖန်မှုတွေအားလုံးကို လက်ခံသလို အားပေးမှုတွေအားလုံးအတွက်လဲကျေးဇူးတင်ပါတယ်။

-အခုနောက်ပိုင်းအရင်ကထက် ပိုပွင့်လင်းတဲ့ပုံတွေတင်လာတာလဲတွေ့လာရတယ်နော်။

ပုံတွေကတော့ များသောအားဖြင့် ပရိသတ်အမြင်မှာ ဆန်းအောင်ဆိုတဲ့ စိတ်နဲ့ပဲ ဘယ်လိုရိုက်ရင်ကောင်းမလဲဆိုပြီး ဓာတ်ပုံဆရာနဲ့ပါ တိုင်ပင်ပြီးသူများမလုပ်သေးတဲ့ အသစ်အဆန်းတွေအမြဲစဉ်းစားတယ်။ ပရိသတ်ကလဲ ကိုယ်ကအကြမ်းတွေပြဖူးပြီးသားဆိုတော့လေ။ အဲ့ဒါကြာင့် အရင်ကထက်ကြမ်းတဲ့ပုံ၊ ပိုပြီးမိုက်တဲ့ပုံတွေကို အခုနောက်ပိုင်းမှာ ဇွန်ပိုရိုက်ဖြစ်တယ်လို့ပြောလို့ရတယ်။

-ဝေဖန်မှုနဲ့အားပေးမှု ကရော အခုချိန်မှာ ဘယ်လိုရှိလဲ။

အစပိုင်းမှာ ပိုပြီး ဝေဖန်မှုနဲ့တိုက်ခိုက်မှုတွေများတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဇွန့်ကိုအားပေးတဲ့ ပရိသတ်တွေပိုပြီးများလာတယ်လို့ခံစားမိပါတယ်။ ပုံတင်တဲ့အခါ အရင်ကဆို cmt တွေမှာ အရမ်းပြောဆိုကြတယ်။ အခုကျတော့ သိပ်မပြောတော့ဘူး။ ပြောတာပဲမောသွားလို့လား။ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူးပေါ့နော်။ လက်ခံလာတယ်လို့တော့ ဇွန်ထင်မိတယ်။

-ဓာတ်ပုံဆရာတွေရှေ့မှာ အဖော်အချွတ်ပုံတွေရိုက်ရတဲ့အခါ ရှိန်တာတို့၊ ရှက်တာတို့ရော မဖြစ်မိဘူးလား။

ဇွန်အများကြီးနဲ့ရိုက်ဖူးတယ်။ ယောကျာ်းလေး ဓာတ်ပုံဆရာကတော့ ပိုများတယ်။ မိန်းကလေးဓာတ်ပုံဆရာကတော့ နှစ်ယောက်လောက်နဲ့ပဲရိုက်ဖူးတယ်။ မိန်းကလေးကတော့ ရိုက်ရတာ ပိုအဆင်ပြေတယ်။ ယောကျ်ားလေးဆိုရင်တော့ ကိုယ်မရိုက်ဖူးတဲ့လူနဲ့စရိုက်ရရင် နည်းနည်းတော့ ရှိုးတိုးရှန့်တန်းဖြစ်မိတာပေါ့။ ဒါပေမဲ့သူ့မှာလဲ သူ့ရဲ့မီးထိုးမှန်ထိုးသမားတွေပါတယ်။ ကိုယ့်မှာလဲ ကိုယ့်မိတ်ကပ် ဆရာပါမယ်။ နှစ်ယောက်တည်း ရိုက်တာမျိုးမဟုတ်တဲ့အတွက် ရှက်တဲ့စိတ်တော့ မရှိပါဘူး။ ပထမပိုင်း ၁ပုံ ၂ ပုံကတော့ ရှိုးတိုးရှန့်တန်းဖြစ်တယ်။ နောက်ပုံတွေတော့ အဆင်ပြေသွားပါတယ်။

-မိသားစုကရော အဲ့ဒီလိုပုံတွေတင်တာကိုခွင့်ပြုလား။

သူတို့ကတော့ ဇွန်ဒီအလုပ်စလုပ်ကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ခဲ့တဲ့အတွက် လက်လွှတ်လိုက်တဲ့ သဘောပေါ့။ အင်ဂျင်နီယာဘွဲ့ရအောင် သူတို့မြေတောင်မြှောက်ပေးခဲ့ပြီးပြီ။ ဒီလိုင်းက ကိုယ့်ဟာကိုယ်လျှောက်တဲ့ လမ်းဖြစ်တဲ့အတွက် သူတို့အနေနဲ့ဘာမှမပြောဘူး။ တောက်လျှောက်လုပ်ရင်း လုပ်ရင်းနဲ့သူတို့ကိုလဲ ထောက်ပံ့ပေးနိုင်လာတယ်။ မိဘဆိုတဲ့ သဘောကလဲ ကိုယ့်သားသမီးက ကိုယ့်ကိုပေးတယ်၊ ကမ်းတယ်ဆိုတော့ သူတို့မကြိုက်ပေမဲ့ အောင့်ကာနမ်းပေါ့။ အရမ်းကြီးလက်ခံတယ်လဲ မဟုတ်ဘူး။ မလုပ်နဲ့သမီး ဘာညာလဲ မပြောတော့ဘူး။ သူ့သမီးက ဒါကြီးမှမလုပ်ရရင်သေတော့မယ် ဘာညာဆိုတော့ လွှတ်ထားတဲ့သဘောပါပဲ။ မိဘတွေလဲ နည်းနည်းရှေးရိုးဆန်တယ်။ အွန်လိုင်းတွေနဲ့ထိတွေ့မှု မရှိဘူးပေါ့။ တကယ်လို့သိသွားခဲ့တယ်ဆိုရင်လဲ ကိုယ့်သားသမီးကိုအိမ်ပေါ်ကတော့ နှင်မချလောက်ပါဘူး။ သူတို့ကိုလဲ ရှာကျွေးနေပြီဖြစ်တဲ့အတွက် ဘာမှသိပ်မပြောတဲ့အနေအထားမျိုးပါ။

-စတက်ကတည်းက Sexy ပုံတွေနဲ့တက်ခဲ့တာဆိုတော့ ဒီလိုအဖော်အချွတ်ပုံတွေရိုက်ရတာကို ကြိုက်တာလား။

လူတွေက အဓိကကတော့ ကိုယ်လှတာကို ကိုယ်ဦးစားပေးပြီးပြချင်ကြတာပေါ့။ ရုပ်ချော ပီးလှတဲ့ကောင်မလေးတွေဆိုလဲ မျက်နှာအလှလေးတွေကို ဦးစားပေးရိုက်ကြသလို ဇွန်ကျတော့ လဲ ကိုယ့်ရဲ့ခန္ဒာကိုယ်က ကိုယ့်ရဲ့မျက်နှာထက် ပိုဆွဲဆောင်မှုရှိတယ်လို့ ထင်တယ်။ မျက်နှာကျတော့လဲ အရမ်းကြီးလှနေတာမျိုးမဟုတ်တဲ့အတွက် ဒီခန္ဒာကိုယ်လေးကို ရို်က်ရင်းရိုက်ရင်းနဲ့Sexy လိုင်းဖက်ကိုရောက်သွားတာပေါ့။ ဒါကြီးကိုကြိုက်တာ လားဆိုတော့ မဟုတ်ဘူး။ ဇွန်က သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်။ လူတွေချစ်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်ချင်တယ်။ ဇွန်အတွက်က ဒီလမ်းကြောင်းပေါ်ကိုရောက်ဖို့ဆိုတာက လွဲရင်းလွဲရင်းလွဲရင်းနဲ့ဝေးဝေးသွားတာပေါ့။ အခုတော့လဲ ပရိသတ်လက်ခံတဲ့လမ်းကြောင်းလေးမှာ ကုပ်ကတ်တွယ်ဖက်ပြီးနေနေရတဲ့သဘောမျိုးလေးပါ။

-ကိုယ်ဒီလိုအရမ်းကြမ်းတဲ့ပုံတွေတင်တဲ့အတွက်ကိုယ့်ချစ်သူကရော ကြည်ဖြူရဲ့လား။

ဇွန်ဓာတ်ပုံချွတ်ပြီးရိုက်တဲ့ အခါမျိုးတွေမှာလဲ သူ့ကိုခေါ်သွားတယ်။ ဇွန့်ကိုလဲမြင်ရသလို ဓာတ်ပုံဆရာ သူ့အမျိုးသမီးပါမယ်။ မီးထိုးမှန်ထိုးလဲ ပါမယ်။ သူလဲပါတဲ့အတွက် သိသွားမယ်။ သြော်သူတကယ် အလုပ်လုပ်နေတာပါလား။ အများထင်သလို ဓာတ်ပုံဆရာနဲ့မော်လ်ဒယ်ငြိစွန်းနေတာမျိုး မဟုတ်ဘူးဆိုတာကို သိသွားတယ်။ ရှိုးပွဲတွေလဲခေါ်သွားတဲ့အခါမှာ နားလည်သဘောပေါက်သွားတာပေါ့။ ကိုယ်ဟာ နောက်ခံ Background တောင့်တောင့်တင်းတင်း မရှိတဲ့အတွက် အဆက်အသွယ် မရှိတဲ့အတွက် ဒီလိုနေရာကနေပဲ ရပ်တည်နေရတယ်ဆိုတာကို သူနားလည်သဘောပေါက်သွားတယ်။ ကိုယ့်ရိုးသားမှုကိုလဲမြင်သွားတဲ့အခါမှာတော့ အေးဆေးပါပဲ။ သူတင်မကဘူး။ သူ့မိသားစုကပါ ဘာမှမပြောပါဘူး။

-ဖေ့စ်ဘုတ်မှာ သင်ဇာ့ကို တိုက်ခိုက်တဲ့ စကားမျိုးတွေ ဇွန်သဥ္ဖာကပြောတယ်ဆိုပြီးတက်လာတာလဲတွေ့ရတယ်။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လဲ ရှင်းအောင်ပြောပြပေးပါဦး။

အဲ့ဒါကဇွန်လုံးဝမသိဘူး။ မသင်ဇာကို တစ်ယောက်ယောက်ကများ ပုပ်ခတ်ချင်လို့ဇွန့်ကို အသုံးချပြီးလျှောက်လုပ်လိုက်တာမျိုးတွေဖြစ်မယ်။ ဘယ်သတင်းမီဒီယာမှာမှလဲမတင်ဘူး။ သက်သက်ကွန်ပျူတာနဲ့ လုပ်ပြီးလိုက်ဖြန့်တဲ့ သဘောမျိုးပါ။ ဇွန့်ကိုလဲ ဘယ်သူကမှ မသင်ဇာအကြောင်း အင်တာလာမဗျူးသလို ဇွန်လဲ သူများအပေါ်မှာအဲ့ဒီလိုမျိုး ပုတ်ခတ်နှိမ်ချပြောဆိုတာမျိုးလဲမရှိခဲ့ပါဘူး။ ကိုယ့်စီနီယာအမတစ်ယောက်ကိုလဲ အဲ့ဒီလိုပြောစရာ ဘာအကြောင်းဘာမှမရှိပါဘူး။ ကောလာဟလပါ။ ဘယ်မီဒီယာကလို့လဲမပြောဘူး။ Breaking News ဆိုတဲ့ သဘာမျိုးနဲ့ Screenshot လေးပဲပါတာ။ အဲ့ဒါမြင်ရတော့ ဇွန်တောင်မှ စိတ်ပူသွားသေးတယ်။ မသင်ဇာသာကြားရင် အလကားနေရင်း ပါးလာရိုက်တော့မှာပဲဆိုပြီးကြောက်နေရပါတယ်။  ရှင်းရင်ပိုရှုပ်မှာစိုးလို့ ဇွန်ဘာမှမရှင်းပဲဒီအတိုင်းနေမှာပါ။ အကယ်လို့မသင်ဇာလာမေးရင်လဲ မသင်ဇာ ဘယ်လိုရိုက်ပြီး တင်တင်ကိုယ်တွေမှာ ဝေဖန်ပုတ်ခပ်ခွင့်မရှိဘူး။ ဇွန့်အဆင့်က အဲ့ဒီလောက်ပဲမဟုတ်ဘူး။ သူ့ဟာသူ လွတ်လပ်စွာ သူ့ခန္ဒာကိုယ်အလှကို ချပြတယ်။ ညီမမှာ ဝေဖန်ပြောဆိုခွင့် ဘာမှမရှိပါဘူး။ မသင်ဇာအဲ့ဒီလိုရိုက်တာက ဇွန့်အတွက် ပိုပြီးတောင် အားတက်ရပါတယ်။ နိုင်ငံကျော်မင်းသမီးတစ်ယောက်က သူတို့ခန္ဒာကိုယ်အလှကို ဖော်ချွတ်ပြီး ရိုက်ရဲတယ်ဆိုတဲ့အတွက် ကိုယ်တွေအနေနဲ့အားတက်တယ်လို့တောင်ပြောလို့ရပါသေးတယ်။

-အခုနောက်ပိုင်း ဇွန့် ဖေ့စ်ဘုတ်မှာပုံတင်တဲ့အခါ Caption လေးတွေက အပျော်လေးတွေရေးပြီးတင်တာများတယ်နော်။

အဓိကကတော့ ပုံတင်ရင် ကိုယ့်အလှကို ရည်ညွှန်းတဲ့ စာသားတွေနဲ့တင်တားများတယ်။ ဥပမာ အရမ်းလှတဲ့ သူမရဲ့ကောက်ကြောင်းတို့ဘာတို့ပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ အဲ့ဒီလိုမတင်ချင်တော့ဘူး။ အဲ့ဒါကြောင့် ဇွန်ဟာသလေးနဲ့နှောပြီး သူတို့အနေနဲ့လဲ ပိုပြီးပြောလို့ဆိုလို့ Cmt ပေးလို့ကောင်းအောင် အခုနောက်ပိုင်း ပုံတင်တဲ့အခါမှာ Caption လေးတွေကို ဟာသနှောတဲ့ စာသားလေးတွေနဲ့ပဲ တင်ဖြစ်တာပါ။ နောက်ပိုင်းလဲ အဲ့ဒီလိုလုပ်သွားဖို့ ရှိတယ်။ အဓိကကတော့ PSY ပုံစံမျိုးပေါ့။ သူလုပ်လိုက်ရင် Sexy ပေမဲ့ ဟာသတွေနှောထားတော့ ပရိသတ် ပိုကြည့်လို့ကောင်းတယ်။ အဲ့ဒါကြောင့်ဇွန်လဲအဲ့ဒီလိုလေးတင်ဖြစ်တာပါ။

 http://www.trend.com.mm/2016/02/23/interviews-8904

No comments:

Post a Comment