Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 8, 2016

ကျောက်စိမ်းဘုရားအနီး ဘုရားဖူးကားတစ်စီးမီးလောင်


ဖေဖေါ်ဝါရီ ၇ ။

မန္တလေး၊ အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားသို့ ဘုရားဖူးလာရောက်သည့် လိုက်ထရပ်အဖြူရောင် တစ်စီးသည် ဖေဖေါ်ဝါရီ ၇-ရက်၊ ညနေ ၄ နာရီ ၁၅-မိနစ်ခန့်က ၀ါယာလျှော့ဖြစ်ကာမီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြင်းခြံမှ မန္တလေးတက္ကသိုလ်သို့ဘွဲ့ယူမည့်သူများအား ကိုကျော်မြစိုး ကလိုက်ထရပ်ယာဉ်ဖြင့် မောင်းနှင်ပို့ဆောင်ပေးပြီး မြင်းခြံမြို့အပြန် ကျောက် စိမ်းဘုရားဖူးရန် ရောက်ရှိလာရာမှ ယခုကဲ့သို့ မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မိးလောင်ရာသို့ အမရပူရမြို့နယ်မီးသတ်တပ်ဖွဲ့မှ ငြိမ်းသတ်ပေးခဲ့ပြီး ယာဉ်ေ ပ်ါတွင်ပါရှိလာသူများ ထိခိုက် ဒဏ်ရာ မရရှိဘဲ ကျောက်စိမ်းဘုရားဂေါပက အဖွဲ့မှ လိုအပ်သည်များကူညီပေးကြောင်းသိရသည်။


................................................

မန္တလေး၊ ကန်ပတ်လမ်းတွင် ယာဉ်တစ်စီးသစ်ပင်တိုက်မိ ၁ ဦးသေဆုံး
8 February 2016 

ဖေဖေါ်ဝါရီ ရ ။

အမရပူရမြို့နယ်၊ ဧရာဝတီမြစ် ကန်ပတ်လမ်းတွင် ဖေဖေါ်ဝါရီလ ရ-ရက်၊မွန်း တည့် ၁၂ နာရီက ယာဉ်တစ်စီး သည် အရိုန်ဖြင့် မောင်းနှင်လာစဉ် မထိန်းနိုင် ဘဲ သစ်ပင်ဝင်တိုက်မိပြီး နေရာတွင် သေဆုံးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းမှ မန္တလေးသို့ HondarFit ခဲရောင်ယာဉ်တစ်စီးသည် ရှေ့မီးများဖွင့်ကာအရှိန်ဖြင့် မောင်းလာခြင်းဖြစ်ပြီး အရှိန် မထိန်း နိုင်ဘဲလမ်းလယ် ကျွန်းပေါ်သို့ ရောက်ရှိ၍ သစ်ပင်တိုက်မိကာ ယာဉ်မောင်း လာသူမှာ နေရာ တွင်သေဆုံးခဲ့သသည်။

“အရေးယူရမယ့်သူက ကားမောင်းတဲ့သူပဲ။သူသေသွားတော့ ရဲလုပ်ထုံးလုပ် နည်းအရ အမှုဖွင့်ရတယ်။အရေးယူခံရမယ့်သူက တော့ သေသွားပြီ ။”ဟု မန္တလေး၊အမှတ် ၁၄-ယာဉ်ထိန်းရဲ အမှုစစ်က ပြောသည်။

မဆင်မခြင်မောင်းနှင်၍ သေဆုံးခဲ့သူမှာ ပြင်ဦးလွင်မြို့နယ်၊ နောက်ခမ်းကြီးရွာမှ ကိုမျိုးမင်းထွန်း(၃၁-နှစ်) ဖြစ် ကြောင်း အမရပူရရဲစခန်းမှ သိရသည်။

Mandalay News (facebook)

No comments:

Post a Comment