Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 4, 2016

အမ်ိဳးသား ရင္ၾကားေစ့ေရး ႏွင့္ ျပည္ေထာင္စု အသြင္ေဆာင္ေသာ လႊတ္ေတာ္ျဖစ္ရန္ ဝိုင္းဝန္းႀကိဳးပမ္းမည္ဟု ေဒၚေအာင္ဆန္းစုၾကည္ဆို


ေနျပည္ေတာ္ လႊတ္ေတာ္အေဆာက္အအုံအတြင္းရွိ တရားဥပေဒ စိုးမိုးေရး နွင္႔ တည္ၿငိမ္ေအးခ်မ္းေရးေကာ္မတီ အစည္းအေဝးခန္းမ၌ ျပည္တြင္းျပည္ပ မီဒီယာမ်ား ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ ေတြ႔ဆံုစဥ္ (ဆင္ဟြာ)
    ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၃ ရက္ (ဆင္ဟြာ)

    ျပည္ေထာင္စုလႊတ္ေတာ္သည္ အမ်ိဳးသား ရင္ၾကားေစ့ေရး ႏွင့္ ျပည္ေထာင္စု အသြင္ေဆာင္ေသာ လႊတ္ေတာ္ျဖစ္ရန္ ဝိုင္းဝန္းႀကိဳးစား ေဆာင္ရြက္မည္ျဖစ္ေၾကာင္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ယေန႔ ျပည္တြင္း ျပည္ပ မီဒီယာမ်ားႏွင့္ ေတြ႔ဆုံစဥ္ ေျပာၾကားခဲ့သည္။

ေနျပည္ေတာ္ လႊတ္ေတာ္အေဆာက္အအုံ အတြင္းရွိ တရားဥပေဒစိုးမိုးေရး နွင္႔ တည္ၿငိမ္ေအးခ်မ္းေရးေကာ္မတီ အစည္းအေဝးခန္းမ၌ ယေန႔ ညေနပိုင္းတြင္ ျပည္တြင္းျပည္ပ မီဒီယာမ်ား ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ ေတြ႔ဆံုစဥ္ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒မ်ား ႏွင့္ ဒုတိယ ဥကၠ႒မ်ား ေရြးခ်ယ္ရာတြင္ အမ်ိဳးသား ရင္ၾကားေစ့ေရး ႏွင့္ ျပည္ေထာင္စု အသြင္ေဆာင္ရန္ တိုင္းရင္းသားမ်ားကိုပါ ေရြးခ်ယ္ခဲ႔ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ဆိုသည္။

ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင္႔ အျဖစ္ ေရြးခ်ယ္ရျခင္းသည္ အဖြဲ႔ခ်ဳပ္တြင္ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး လႊတ္ေတာ္တြင္း လုပ္ငန္းမ်ား ကြ်မ္းက်င္မႈေၾကာင့္ လည္းေကာင္း၊ ဒုတိယ ဥကၠ႒အျဖစ္ ေရြးခ်ယ္ရာတြင္ ျပည္ေထာင္စုႀကံ႕ခိုင္ေရး ႏွင့္ ဖြ႔ံၿဖိဳးေရးပါတီဝင္လည္းျဖစ္ တိုင္းရင္းသားလည္းျဖစ္ၿပီး ယခင္  လႊတ္ေတာ္မွာ ဥပေဒၾကမ္းေကာ္မတီဥကၠ႒ျဖစ္ကာ စီမံခန္႔ခြဲမွဳေကာင္းသည့္ ဦးတီခြန္ျမတ္ ကိုေရြးခ်ယ္ရျခင္းျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ ဦးမန္းဝင္းခိုင္သန္းကိုေရြးခ်ယ္ရာတြင္ အဖြဲ႔ခ်ဳပ္အေပၚသစၥာရွိၿပီး ယံုၾကည္ရကာ ဥပေဒသမားျဖစ္၍ လည္းေကာင္း၊ ဦးေအးသာေအာင္ကို ၁၉၉၀ မတိုင္ခင္ NLD ပါတီ က်ဥ္းထဲက်ပ္ထဲေရာက္စဥ္အခ်ိန္ကတည္းက လက္တြဲလာေသာ မဟာမိတ္ျဖစ္၍ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာခဲ့သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တင္သြင္းမည့္ သမၼတေလာင္း စာရင္း ႏွင့္ အစိုးရအဖြဲ႕စာရင္းမ်ားကို အခ်ိန္တန္လွ်င္ ထုတ္ေျပာမည္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ဆိုသည္။

လႊတ္ေတာ္မ်ားအတြင္း သတင္းမီဒီယာမ်ား သတင္းရယူမႈအတြက္လည္း ေဆြးေႏြးခဲ႔သည္။

(Xinhua)
http://www.xinhuamyanmar.com
....................

နေပြည်တော် လွှတ်တော်အဆောက်အအုံအတွင်းရှိ တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အစည်းအဝေးခန်းမ၌ ပြည်တွင်းပြည်ပ မီဒီယာများ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

    ပြည်ထောင်စုလွှတ်တော်သည် အမျိုးသား ရင်ကြားစေ့ရေး နှင့် ပြည်ထောင်စု အသွင်ဆောင်သော လွှတ်တော်ဖြစ်ရန် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြည်တွင်း ပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နေပြည်တော် လွှတ်တော်အဆောက်အအုံ အတွင်းရှိ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အစည်းအဝေးခန်းမ၌ ယနေ့ ညနေပိုင်းတွင် ပြည်တွင်းပြည်ပ မီဒီယာများ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ နှင့် ဒုတိယ ဥက္ကဋ္ဌများ ရွေးချယ်ရာတွင် အမျိုးသား ရင်ကြားစေ့ရေး နှင့် ပြည်ထောင်စု အသွင်ဆောင်ရန် တိုင်းရင်းသားများကိုပါ ရွေးချယ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အဖြစ် ရွေးချယ်ရခြင်းသည် အဖွဲ့ချုပ်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လွှတ်တော်တွင်း လုပ်ငန်းများ ကျွမ်းကျင်မှုကြောင့် လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီဝင်လည်းဖြစ် တိုင်းရင်းသားလည်းဖြစ်ပြီး ယခင်  လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဖြစ်ကာ စီမံခန့်ခွဲမှုကောင်းသည့် ဦးတီခွန်မြတ် ကိုရွေးချယ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းကိုရွေးချယ်ရာတွင် အဖွဲ့ချုပ်အပေါ်သစ္စာရှိပြီး ယုံကြည်ရကာ ဥပဒေသမားဖြစ်၍ လည်းကောင်း၊ ဦးအေးသာအောင်ကို ၁၉၉၀ မတိုင်ခင် NLD ပါတီ ကျဉ်းထဲကျပ်ထဲရောက်စဉ်အချိန်ကတည်းက လက်တွဲလာသော မဟာမိတ်ဖြစ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းမည့် သမ္မတလောင်း စာရင်း နှင့် အစိုးရအဖွဲ့စာရင်းများကို အချိန်တန်လျှင် ထုတ်ပြောမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လွှတ်တော်များအတွင်း သတင်းမီဒီယာများ သတင်းရယူမှုအတွက်လည်း ဆွေးနွေးခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment