Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 5, 2016

ပဲြစားမွတဆင့္ ေဆာင္ရြက္ျခင္းေၾကာင့္ ေမာ္ေတာ္ယာဥ္ တန္ဖိုးျဖတ္နႈန္းမ်ား ျမင့္တက္ျခင္းျဖစ္ဟုဆို


 ေမာ္ေတာ္ယာဥ္တန္ဖိုးျဖတ္လုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္အကို်းေဆာင္(ပဲြစား)မွတဆင့္ ျပဳလုပ္ျခင္းေၾကာင့္ ေဈးနႈန္းမ်ား ျမင့္တက္ေနျခင္းျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွလက္ ေထာက္ညႊန္ၾကားေရးမွဴးတဦးက ေျပာသည္။

ေမာ္ေတာ္ယာဥ္မ်ား၀ယ္ယူေရာင္းခ်ျခင္း၊အမည္ေျပာင္းလဲျခင္းမ်ား ျပဳလုပ္ေဆာင္ရြက္ရာတြင္ အခြန္ဦးစီးဌာနနွင့္ ေမာ္ေတာ္ယာဥ္တန္ဖိုးျဖတ္အဖဲြ႕ထံသို႔ အက်ဳိးေဆာင္(ပဲြစား)မ်ားမွတဆင့္ ေဆာင္ရြက္မႈ မ်ားေၾကာင့္ တန္ဖိုးျဖတ္ေဈးနႈန္းအမွန္ကိုပိုင္ရွင္အေနျဖင့္သိရိွျခင္းမရိွဘဲ ျမင့္တက္ေနျခင္းျဖစ္သည္ဟု ဆိုသည္။

''ပဲြစားကေနတဆင့္ ေဆာင္ရြက္ ၾကေတာ့ သူ့ပါးစပ္ထဲမွာပဲ ေမာ္ေတာ္ယာဥ္ ကိုေတာ့ဘယ္ေလာက္တန္ဖိုးျဖတ္လိုက္တယ္ဆိုျပီး ျဖစ္ေနတယ္။ ျဖစ္နိုင္ရင္ေတာ့ ပိုင္ရွင္ကိုယ္တိုင္လာေရာက္ေဆာင္ ရြက္တာ အေကာင္းဆံုးပဲ။ ဒါမွ တကယ့္ ေျမျပင္ အေျခအေနမွာ ဘယ္လိုရိွလဲဆိုတာ သိနိုင္တယ္''ဟု ယင္းက ေျပာသည္။

သက္ဆိုင္ရာဌာနအေနျဖင့္လည္း ေမာ္ေတာ္ယာဥ္တန္ဖိုးျဖတ္လာေရာက္ လုပ္ကိုင္သည့္ အခြန္ထမ္းျပည္သူမ်ား အဆင္ေျပေစေရးအတြက္ One Stop Service ကဲ့သို႔ တိုင္းေဒသႀကီး အခြန္ဦးစီး ဌာနမွၾကီးၾကပ္ကာ ဥပေဒနွင့္အညီေဆာင္ရြက္ေပးလ်က္ရိွေၾကာင္း သိရသည္။
''ပဲြစားအပ္တာထက္ ကိုယ္တိုင္ ေဆာင္ရြက္ရင္ ပိုေကာင္းပါတယ္။ တန္ဖိုးျဖတ္တဲ့အခါ အားလံုးကို အတူတူပဲ။

အခြန္ဥပေဒပါ၊ ျပ႒ာန္းခ်က္ေတြအတိုင္း ေဆာင္ ရြက္ပါတယ္။ ဥပမာ ဦးျဖဴကို တက်ပ္ဆိုရင္ ဦးနီလည္း တက်ပ္ပဲ အတူတူပဲေကာက္ခံပါတယ္''ဟု ၎က ဆက္လက္ေျပာၾကား သည္။

ေမာ္ေတာ္ယာဥ္တန္ဖိုးျဖတ္ကိစၥရပ္မ်ား ေဆာင္ရြက္ရာတြင္တန္ဖိုးျဖတ္နႈန္းထားမ်ားတူညီမႈမရိွျခင္း၊အကို်းေဆာင္(ပဲြစား)မ်ားမွတဆင့္လုပ္ငန္းေဆာင္ရြက္ပါက လြယ္ကူလ်င္ျမန္ေစျခင္းစသည့္ ေ၀ဖန္မႈအခို့် ထြက္ေပၚခဲ့ေၾကာင္း သိရသည္။

ထိုကဲ့သို့ကိစၥရပ္မ်ားမျဖစ္ေပၚေစရန္အတြက္ယာဥ္ပိုင္ရွင္အခြန္ထမ္း ျပည္သူမ်ားမွ ကိုယ္တိုင္ေဆာင္ရြက္လုပ္ ကိုင္ၾကရန္ အထက္ပါပုဂၢိဳလ္မွ အၾကံျပဳေျပာၾကားသည္။ ယခုရက္ပိုင္းအတြင္း ဌာနအေနျဖင့္ ေန့စဥ္ ယာဥ္စီးေရ ၈၀၀ ခန္႔ကို လက္ခံေဆာင္ရြက္ေပးလ်က္ရိွေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္တန္ဖိုးျဖတ္ရန္ကိုယ္တိုင္ေဆာင္ရြက္သူမ်ားအေနျဖင့္ ေမာ္ ေတာ္ယာဥ္စစ္ေဆးခံျခင္း၊ ေမာ္ေတာ္ယာဥ္မွတ္ပံုတင္စာအုပ္၊ ေမာ္ေတာ္ယာဥ္ပိုင္ရွင္အျဖစ္ အမည္ေျပာင္းလဲမည့္ ပုဂၢိုလ္၏ အိမ္ ေထာင္စုစာရင္း၊ နိုင္ငံသားကတ္၊ ေမာ္ေတာ္ယာဥ္၏ ၀ီွးတက္မ်ားနွင့္အတူ အခြန္စစ္အဖဲြ့၌ အခြန္စစ္ခံယူျပီး ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

မင္းဗညား
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..................


 မော်တော်ယာဉ်တန်ဖိုးဖြတ်လုပ်ငန်းများဆောင်ရွက်ရာတွင်အကိုျးဆောင်(ပွဲစား)မှတဆင့် ပြုလုပ်ခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှလက် ထောက်ညွှန်ကြားရေးမှူးတဦးက ပြောသည်။

မော်တော်ယာဉ်များဝယ်ယူရောင်းချခြင်း၊အမည်ပြောင်းလဲခြင်းများ ပြုလုပ်ဆောင်ရွက်ရာတွင် အခွန်ဦးစီးဌာနနှင့် မော်တော်ယာဉ်တန်ဖိုးဖြတ်အဖွဲ့ထံသို့ အကျိုးဆောင်(ပွဲစား)များမှတဆင့် ဆောင်ရွက်မှု များကြောင့် တန်ဖိုးဖြတ်ဈေးနှုန်းအမှန်ကိုပိုင်ရှင်အနေဖြင့်သိရှိခြင်းမရှိဘဲ မြင့်တက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

''ပွဲစားကနေတဆင့် ဆောင်ရွက် ကြတော့ သူ့ပါးစပ်ထဲမှာပဲ မော်တော်ယာဉ် ကိုတော့ဘယ်လောက်တန်ဖိုးဖြတ်လိုက်တယ်ဆိုပြီး ဖြစ်နေတယ်။ ဖြစ်နိုင်ရင်တော့ ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင် ရွက်တာ အကောင်းဆုံးပဲ။ ဒါမှ တကယ့် မြေပြင် အခြေအနေမှာ ဘယ်လိုရှိလဲဆိုတာ သိနိုင်တယ်''ဟု ယင်းက ပြောသည်။

သက်ဆိုင်ရာဌာနအနေဖြင့်လည်း မော်တော်ယာဉ်တန်ဖိုးဖြတ်လာရောက် လုပ်ကိုင်သည့် အခွန်ထမ်းပြည်သူများ အဆင်ပြေစေရေးအတွက် One Stop Service ကဲ့သို့ တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှကြီးကြပ်ကာ ဥပဒေနှင့်အညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
''ပွဲစားအပ်တာထက် ကိုယ်တိုင် ဆောင်ရွက်ရင် ပိုကောင်းပါတယ်။ တန်ဖိုးဖြတ်တဲ့အခါ အားလုံးကို အတူတူပဲ။

အခွန်ဥပဒေပါ၊ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင် ရွက်ပါတယ်။ ဥပမာ ဦးဖြူကို တကျပ်ဆိုရင် ဦးနီလည်း တကျပ်ပဲ အတူတူပဲကောက်ခံပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြား သည်။

မော်တော်ယာဉ်တန်ဖိုးဖြတ်ကိစ္စရပ်များ ဆောင်ရွက်ရာတွင်တန်ဖိုးဖြတ်နှုန်းထားများတူညီမှုမရှိခြင်း၊အကိုျးဆောင်(ပွဲစား)များမှတဆင့်လုပ်ငန်းဆောင်ရွက်ပါက လွယ်ကူလျင်မြန်စေခြင်းစသည့် ဝေဖန်မှုအခိုျ့ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ကိစ္စရပ်များမဖြစ်ပေါ်စေရန်အတွက်ယာဉ်ပိုင်ရှင်အခွန်ထမ်း ပြည်သူများမှ ကိုယ်တိုင်ဆောင်ရွက်လုပ် ကိုင်ကြရန် အထက်ပါပုဂ္ဂိုလ်မှ အကြံပြုပြောကြားသည်။ ယခုရက်ပိုင်းအတွင်း ဌာနအနေဖြင့် နေ့စဉ် ယာဉ်စီးရေ ၈၀၀ ခန့်ကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မော်တော်ယာဉ်တန်ဖိုးဖြတ်ရန်ကိုယ်တိုင်ဆောင်ရွက်သူများအနေဖြင့် မော် တော်ယာဉ်စစ်ဆေးခံခြင်း၊ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ မော်တော်ယာဉ်ပိုင်ရှင်အဖြစ် အမည်ပြောင်းလဲမည့် ပုဂ္ဂိုလ်၏ အိမ် ထောင်စုစာရင်း၊ နိုင်ငံသားကတ်၊ မော်တော်ယာဉ်၏ ၀ီှးတက်များနှင့်အတူ အခွန်စစ်အဖွဲ့၌ အခွန်စစ်ခံယူပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment