Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 14, 2016

ေဒသလႊတ္ေတာ္ေတြ စြမ္းရည္ျမင့္ေရး ေျခ/ဥ ျပင္ဖို႔ လို

ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က ကခ်င္ျပည္နယ္ လႊတ္ေတာ္အစည္းအေဝး စတင္က်င္းပစဥ္။ Photo: Kyaw Myo Min/RFA
ျပည္နယ္နဲ႔ တုိင္းေဒသႀကီးလႊတ္ေတာ္ေတြ ပိုမိုအသက္၀င္လာဖုိ႔ ဖြဲ႔စည္းပံု အေျခခံ ဥပေဒကို ျပင္ဆင္ ျပဌာန္း ရမွာျဖစ္တယ္လို႔ ျပည္နယ္နဲ႔တုိင္းေဒသႀကီး လႊတ္ေတာ္မ်ား အားေပးျမွင့္တင္ေရးအဖြဲ႔က ေျပာပါတယ္။

ဒီေန႔ ရန္ကုန္ၿမိဳ႔ ခ်က္ထရီယမ္ဟိုတယ္မွာ ျပဳလုပ္တဲ့ စြမ္းေဆာင္ရည္ျမင့္မားတဲ့ ေဒသဆိုင္ရာ လႊတ္ ေတာ္ေတြ ျဖစ္ေပၚလာေစေရးနဲ႔ ႏိုင္ငံေရးမွာ ႏိုင္ငံသားေတြ ပိုမိုပါ၀င္လာေစေရး ေဆြးေႏြးပြဲအၿပီးမွာ ျပည္နယ္နဲ႔ တုိင္းေဒသႀကီး လႊတ္ေတာ္မ်ား အားေပးျမွင့္တင္ေရးအဖြဲ႔က ဒါရိုက္တာ ကိုသက္ေဇာ္ က ေျပာပါတယ္။

"တုိင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ေတြရဲ႕ လုပ္ပိုင္ခြင့္က အင္မတန္ နည္းလြန္းပါတယ္၊ ဥပမာဆိုရင္ သတၱဳတြင္းဝန္ႀကီးဌာနရဲ႕ေအာက္မွာ ဆားလုပ္ငန္း ေလာက္ပဲလုပ္ပိုင္ခြင့္ေပးတာမ်ိဳး၊ ငါးေမြးျမဴေရးနဲ႔ ပတ္သက္ရင္လည္း အင္းအိုင္ အေသးေလးေလာက္ပဲ လုပ္ပိုင္ခြင့္ေပးတာမ်ိဳး၊ ေျပာရရင္ေတာ့ ဆားခ်က္တာ ေလာက္ပဲလုပ္ခြင့္ရွိတယ္၊ အဲ့ေတာ့ ဖြဲ႔စည္းပံုအေျခခံျပင္ဆင္ေရးကေတာ့ ျပည္နယ္တိုင္း ေဒသႀကီးလႊတ္ေတာ္ေတြ လုပ္ပိုင္ခြင့္ေပးလာ ဖို႔ေတာ့ ျပည္ေထာင္စု လႊတ္ေတာ္ကပါပဲ"

အဲ့ဒီေဆြးေႏြးပြဲကို ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးနဲ႔ပြင့္လင္းလူ႔အဖြဲ႔အစည္းက ဦးကိုကိုၾကီး၊ ရန္ကုန္တိုင္း ေဒသၾကီး ရခိုင္တိုင္းရင္းသားေရးရာ၀န္ၾကီး ဦးေဇာ္ေအးေမာင္၊ ရန္ကုန္တိုင္းေဒသၾကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ကိုေနဘုန္းလတ္တို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

ျပည္နယ္နဲ႔တုိင္းေဒသႀကီး လႊတ္ေတာ္မ်ားအားေပးျမွင့္တင္ေရးအဖြဲ႔ အေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြ လက္ရွိရရွိထားတဲ့ လုပ္ကိုင္ခြင့္ေတြနဲ႔ ထိေရာက္တဲ့ အဆိုေတြ တင္သြင္းႏိုင္ဖို႔အခ်က္အလက္ေတြ ပံ့ပိုးေပး သြားမွာျဖစ္ၿပီး လိုအပ္တဲ့ ေဆြးေႏြးပြဲေတြကိုလည္း လုပ္ေဆာင္ေပးမယ္လို႔ ေျပာပါတယ္။

အဲ့ဒီေဆြးေႏြးပြဲကို ရန္ကုန္တိုင္းေဒသၾကီးလႊတ္ေတာ္ ဥကၠဌအပါအ၀င္ လႊတ္ေတာ္ကိုယ္စားလွယ္ ၇၀ ဦးေက်ာ္ တက္ေရာက္ခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese

.....................................................



ဖေဖော်ဝါရီလ ၈ ရက်နေ့က ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေး စတင်ကျင်းပစဉ်။ Photo: Kyaw Myo Min/RFA
ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေ ပိုမိုအသက်ဝင်လာဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပြဌာန်း ရမှာဖြစ်တယ်လို့ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်တဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ ဒေသဆိုင်ရာ လွှတ် တော်တွေ ဖြစ်ပေါ်လာစေရေးနဲ့ နိုင်ငံရေးမှာ နိုင်ငံသားတွေ ပိုမိုပါ၀င်လာစေရေး ဆွေးနွေးပွဲအပြီးမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့က ဒါရိုက်တာ ကိုသက်ဇော် က ပြောပါတယ်။

"တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်က အင်မတန် နည်းလွန်းပါတယ်၊ ဥပမာဆိုရင် သတ္တုတွင်းဝန်ကြီးဌာနရဲ့အောက်မှာ ဆားလုပ်ငန်း လောက်ပဲလုပ်ပိုင်ခွင့်ပေးတာမျိုး၊ ငါးမွေးမြူရေးနဲ့ ပတ်သက်ရင်လည်း အင်းအိုင် အသေးလေးလောက်ပဲ လုပ်ပိုင်ခွင့်ပေးတာမျိုး၊ ပြောရရင်တော့ ဆားချက်တာ လောက်ပဲလုပ်ခွင့်ရှိတယ်၊ အဲ့တော့ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးကတော့ ပြည်နယ်တိုင်း ဒေသကြီးလွှတ်တော်တွေ လုပ်ပိုင်ခွင့်ပေးလာ ဖို့တော့ ပြည်ထောင်စု လွှတ်တော်ကပါပဲ"

အဲ့ဒီဆွေးနွေးပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ကိုနေဘုန်းလတ်တို့ ဆွေးနွေးခဲ့ကြပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်များအားပေးမြှင့်တင်ရေးအဖွဲ့ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ လက်ရှိရရှိထားတဲ့ လုပ်ကိုင်ခွင့်တွေနဲ့ ထိရောက်တဲ့ အဆိုတွေ တင်သွင်းနိုင်ဖို့အချက်အလက်တွေ ပံ့ပိုးပေး သွားမှာဖြစ်ပြီး လိုအပ်တဲ့ ဆွေးနွေးပွဲတွေကိုလည်း လုပ်ဆောင်ပေးမယ်လို့ ပြောပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ရ၀ ဦးကျော် တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment