Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 14, 2016

ခ်စ္သူမ်ားေန႔ တြင္ ခ်စ္သူစံုတြဲမ်ားဆင္ႏႊဲမႈပိုမ်ားလာ


    ရန္ကုန္၊ေဖေဖာ္၀ါရီ၁၄ရက္(ဆင္ဟြာ)

    ကန္ေတာ္ႀကီးဥယ်ာဥ္၏ ခ်စ္သူမ်ားကၽြန္းတြင္ အသက္၂၀ ေက်ာ္အရြယ္ လူငယ္အမ်ဳိးသားတစ္သိုက္ ေရာင္စံု ေဘာလံုးမ်ားဆင္ေနသူ၊ ပို႔စကတ္ေလးေတြ လုိက္ခ်ိတ္သူခ်ိတ္ ႏွင္႔ အလုပ္႐ႈပ္ ေနၾကသည္။ ပတ္၀န္းက်င္က လူမ်ား ၎အဖြဲ႔ကို စိတ္၀င္တစားၾကည္႔႐ႈသြားၾကသည္။

ျပင္ဆင္ၿပီးခ်ိန္တြင္ မီးခိုးေရာင္ အက်ၤ ီ ဆင္တူ၀တ္ဆင္ထားတဲ႔ စံုတြဲေလးတစ္တြဲ ေရာက္ရွိလာၿပီး၊ ေကာင္ေလးမွ ၎၏ခ်စ္သူ  ေကာင္မေလးအား မ်က္လံုးေလးမွိတ္ၿပီး  အဆိုပါ ျပင္ဆင္ထားသည္႔ ေနရာအေရာက္ မ်က္လံုးဖြင္႔ေပးလိုက္သည္။

ေကာင္မေလးမွ သူ႔ခ်စ္သူေကာင္ေလး ျပင္ဆင္ထားသည္႔ ပို႔စကတ္မ်ား၊ အရုပ္မ်ား၊ ပူေပါင္းေလးမ်ား ႏွင္႕ အလွဆင္ထားသည္ကို ေတြ႔ေသာအခါ အံံ႔ၾသေပ်ာ္ရႊင္စြာ အာေမဋိတ္ေရရြတ္လိုက္သည္။

ယေန႔ ေဖေဖာ္၀ါရီလ ၁၄ ရက္ေန႔ ခ်စ္သူမ်ားေန႔တြင္ ခ်စ္သူအား အံ႔ၾသဖြယ္လက္ေဆာင္ေပးသည္႔ စံုတြဲေလး၏ ျမင္ကြင္းျဖစ္သည္။ယေန႔သည္ နိုင္ငံတကာတြင္ ခ်စ္သူမ်ားေန႔အျဖစ္ ခ်စ္သူစံုတြဲတုိင္း ၾကည္နူးစြာက်င္းပၾကသည္႔ ေန႔တစ္ေန႕ျဖစ္ၿပီး၊ ခ်စ္သူေကာင္ေလး၊ ေကာင္မေလးမ်ားမွ သူတို႔၏ ခ်စ္သူအားၾကည္ႏူးဖြယ္ အမွတ္တရ လက္ေဆာင္မ်ား ျပင္ဆင္ေပးၾကသည္႔ေန႔လည္းျဖစ္သည္။


ကန္ေတာ္ၾကီးတြင္ ခ်စ္သူစုံတြဲအားေတြ႔ရစဥ္(ဆင္ဟြာ)
ယေန႔ေခတ္အခါ  တြင္ နားလည္ထားၾကေသာ St.Valentine’s day ဆိုသည္မွာ  ေရွးေခတ္ေရာမ ရုိးရာနဲ႔ ခရစ္ယာန္ ဘာသာအတြက္ အေလးၿမတ္ထားေသာ ေနထူးေန႔ၿမတ္ တစ္ခုျဖစ္ ေၾကာင္း သိရသည္။ ဒ႑ာ ရီတစ္ခု အရ  Valentine (ဗယ္လင္တိုင္း) သည္ သံုးရာစုေလာက္က ေရာမတြင္ ေပၚ ထြန္းလာသည္႔  ဘုန္းေတာ္ႀကီးတစ္ပါးျဖစ္ၿပီး၊ ေရာမျပည့္ရွင္မင္း ကေလာဒီးယပ္စ္-၂က တိုင္းၿပည္မွာ ရွိသမွ် အိမ္ေထာင္သည္ မ်ားအား မေရြးခ်ယ္ပဲ အရြယ္ေရာက္သူ လူပ်ိဳလူလြတ္မ်ားကို စစ္မႈ႔ထမ္းေစေၾကာင္း၊ သူေတာ္စဥ္ Valentine ဟာဘုရင္ ကေလာဒီး ယပ္စ္တားျမစ္ထားသည္႔  ဥပေဒ အျပင္ဘက္မွ စစ္မႈ႔ထမ္းသူ လူငယ္မ်ားအား သူတို႔၏ ခ်စ္သူမ်ားနွင္႔ တိတ္တဆိတ္ လက္ထပ္ေပးခဲ့ေၾကာင္း သိရသည္။ ၎ဘုန္းေတာ္ႀကီး၊ Valentine ၏လုပ္ရပ္မ်ားအား ဘုရင္သိသြားသည္႔ အခါ ဘုန္းေတာ္ႀကီးအား ေသဒဏ္ခ်မွတ္ ခဲ႔သည္။ အျခားပံုျပင္ တခ်ဳိ႕တြင္ေတာ႔ Valentine ပာာအက်ဥ္းေထာင္မွ  အက်ဥ္းသားမ်ားအား လြတ္ေျမာက္ေအာင္လုပ္ေပးခဲ့သည္႔ အတြက္ ေသဒဏ္က်ခံရေၾကာင္း ဆိုထားသည္။



ေနာက္ဒ႑ာရီ တစ္ခုတြင္ေတာ႔  Valentine ဟာပထမဆံုး ခ်စ္သက္လက္ေဆာင္ကို သူကိုယ္တိုင္ေပးပို႔ ခဲ့တယ္ လို႔ဆိုထားေၾကာင္း၊  အ က်ဥ္းခ်ခံတားရစဥ္ Valentine ဟာ သူထံအလည္လာေတြ႔တတ္သူ ေထာင္မွဴးသမီးႏွင့္ ခ်စ္ႀကိဳးသြယ္ ခဲ့ကာ ဗယ္လင္တုိင္း  မေသဆံုးခင္ စာတစ္ေစာင္ေရးသားရာမွာ `From your Valentine' လို႔ လက္မွတ္ေရးထိုးခဲ့ သည္႔ ပါးစပ္ရာဇ၀င္ မ်ား ရွိခဲ႔သည္။



ပုပ္ရဟန္းမင္းႀကီး Gelasius က ေအဒီ ၄၉၈ ခုႏွစ္တြင္  St.Valentine’s  Day အား ေဖေဖာ္၀ါရီလ ၁၄ရက္ေန႔ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။ ထိုမွစ၍ ေခတ္ကာလေျပာင္းလဲလာရာမွ ေဖေဖာ္၀ါရီလလယ္ကို အခ်စ္၏ သေကၤတၿဖစ္ေသာ Valentine`s Day ဆိုၿပီး က်င္းပလာၾကျခင္းျဖစ္ေၾကာင္း ပါးစပ္ရာဇ၀င္မ်ား အရသိရသည္။ေခတ္မ်ား ေျပာင္းလဲလာသည္႔ ႏွင္႔ အမွ် ခ်စ္သူမ်ားေန႔အား ျမန္မာနုိင္ငံတြင္လည္း ခ်စ္သူစံုတြဲမ်ားမွ ေပ်ာ္ရႊင္စြာ အမွတ္တရလက္ေဆာင္ေပးျခင္း၊ ပန္းစည္းမ်ားေပးျခင္း၊ ဆင္တူအိက်ီ ၤမ်ား၀တ္၍ ေလွ်ာက္လည္ျခင္းမ်ား ျပဳလုပ္လာၾကသည္။ အခ်ဳိ ႔စံုတြဲမ်ားသည္ အထူးတလည္ျဖင္႔ စိတ္၀င္စားဖြယ္လက္ေဆာင္မ်ားအား ႀကိဳတင္စီစဥ္၍ ခ်စ္သူအား ေပးလာၾကေၾကာင္း သိရသည္။



အမွတ္တရပစၥည္းေရာင္း၀ယ္သည္႔ Love Melody မွ ဦးသန္႔ဇင္က “ ဒီႏွစ္ဗယ္လင္တိုင္းမွာဆိုရင္ အသဲပံုခရစၥတယ္ေလးေတြ၊ တက္တူးဓာတ္ပံုေလးေတြ၊ သူတို႔ခ်စ္သူနာမည္ ထိုးထားတဲ႔ memory stick ေလးေတြ ၊ 925 မွာ ခ်စ္သူနာမည္ စာထြင္းထားတဲ႔ လက္စြပ္ေလးေတြေပးၾကတယ္’’ ဟုဆင္ဟြာကုိေျပာသည္။
Candy Land  မွ ဦးခိုင္စိုးက “ ကၽြန္ေတာ္တို႔က ဟန္းမိတ္(Hand Made) သၾကားလံုးေလးေတြကို ခ်စ္သူမ်ား ေန႔ အတြက္ အထူးအစီအစဥ္အေန နဲ႔ အသဲပံုေလးေတြ၊ ႏႈတ္ခမ္းပံုေလးေတြ လုပ္ထားတယ္။ တခ်ဳိ႕က အသဲပံု သၾကားလံုးေပၚမွာ ခ်စ္သူ႕နာမည္ ေရးခုိင္းတယ္။ လူေတြက တစ္ႏွစ္ထက္တစ္ႏွစ္ ခ်စ္သူမ်ားေန႔ကို ပိုအေလးအထားလာၾကတယ္လို႔ထင္ပါတယ္’’ ဟုေျပာသည္။
ခ်စ္သူမ်ားေန႔တြင္ တခ်ဳိ႕က ခ်စ္သူဆီ အံ႔အားသင္႔ေစမည္႔ လက္ေဆာင္အား အိမ္အေရာက္ပို႔ေဆာင္ျခင္း ၀န္ေဆာင္မႈမ်ား အပ္၍ ပို႕ခုိင္းၾကျခင္းလည္းရွိသည္။ လမ္းေပၚ၊ ပန္းၿခံ၊ စားေသာက္ဆိုင္၊ ကစားကြင္း စသျဖင္႔ ေနရာ အႏွံ႔တြင္ အေရာင္ဆင္တူ၊ အိက်ၤ ီဆင္တူ၀တ္ထားသည္႔ စံုတြဲမ်ား ခ်စ္သူမ်ားေန႔အား ဆင္ႏႊဲၾကသည္။
ခ်စ္သူအား ခ်စ္သူမ်ားကၽြန္းတြင္ အံ႔အားသင္႔ေစမည္႔လက္ေဆာင္ေပးခဲ႔သည္႔  ကိုေက်ာ္သီဟက “ ခ်စ္သူမ်ားေန႔ကို တန္ဖိုးထားလို႔ ခ်စ္သူကိုလည္း အရမ္းခ်စ္လို႔ အခုလို အံ႔အားသင္႔ေစမယ္႔လက္ေဆာင္မ်ဳိး ေပးခဲ႔တာပါ။ ဒီလိုလက္ေဆာင္ေပးနုိ္င္ဖို႔ ျပင္ဆင္ခ်ိန္ ကၽြန္ေတာ္သူငယ္ခ်င္းေတြနဲ႔ အတူ အခ်ိန္ ၄ ရက္ေလာက္ ႀကိဳတင္ျပင္ဆင္ခဲ႔ရပါတယ္’’ ဟုဆင္ဟြာကိုေျပာသည္။
ခ်စ္သူမ်ားေန႔တြင္ စားေသာက္ဆိုင္မ်ားမွ အထူးအစီအစဥ္မ်ား ျပဳလုပ္သလို၊ တျခား ဆိုင္မ်ားတြင္လည္း ခ်စ္သူမ်ားေန႔ အထိ္းအမွတ္ အေရာင္းျမွင္႔တင္ျခင္း အထူးအစီအစဥ္မ်ားလည္း ျပဳလုပ္ၾကသည္။

(Xinhua)
http://www.xinhuamyanmar.com
..........


    ရန်ကုန်၊ဖေဖော်ဝါရီ၁၄ရက်(ဆင်ဟွာ)

    ကန်တော်ကြီးဥယျာဉ်၏ ချစ်သူများကျွန်းတွင် အသက်၂၀ ကျော်အရွယ် လူငယ်အမျိုးသားတစ်သိုက် ရောင်စုံ ဘောလုံးများဆင်နေသူ၊ ပို့စကတ်လေးတွေ လိုက်ချိတ်သူချိတ် နှင့် အလုပ်ရှုပ် နေကြသည်။ ပတ်ဝန်းကျင်က လူများ ၎င်းအဖွဲ့ကို စိတ်ဝင်တစားကြည့်ရှုသွားကြသည်။

ပြင်ဆင်ပြီးချိန်တွင် မီးခိုးရောင် အကျင်္ ီ ဆင်တူဝတ်ဆင်ထားတဲ့ စုံတွဲလေးတစ်တွဲ ရောက်ရှိလာပြီး၊ ကောင်လေးမှ ၎င်း၏ချစ်သူ  ကောင်မလေးအား မျက်လုံးလေးမှိတ်ပြီး  အဆိုပါ ပြင်ဆင်ထားသည့် နေရာအရောက် မျက်လုံးဖွင့်ပေးလိုက်သည်။

ကောင်မလေးမှ သူ့ချစ်သူကောင်လေး ပြင်ဆင်ထားသည့် ပို့စကတ်များ၊ အရုပ်များ၊ ပူပေါင်းလေးများ နှင့် အလှဆင်ထားသည်ကို တွေ့သောအခါ အံံ့သြပျော်ရွှင်စွာ အာမေဋိတ်ရေရွတ်လိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့တွင် ချစ်သူအား အံ့သြဖွယ်လက်ဆောင်ပေးသည့် စုံတွဲလေး၏ မြင်ကွင်းဖြစ်သည်။ယနေ့သည် နိုင်ငံတကာတွင် ချစ်သူများနေ့အဖြစ် ချစ်သူစုံတွဲတိုင်း ကြည်နူးစွာကျင်းပကြသည့် နေ့တစ်နေ့ဖြစ်ပြီး၊ ချစ်သူကောင်လေး၊ ကောင်မလေးများမှ သူတို့၏ ချစ်သူအားကြည်နူးဖွယ် အမှတ်တရ လက်ဆောင်များ ပြင်ဆင်ပေးကြသည့်နေ့လည်းဖြစ်သည်။

ကန်တော်ကြီးတွင် ချစ်သူစုံတွဲအားတွေ့ရစဉ်(ဆင်ဟွာ)
ယနေ့ခေတ်အခါ  တွင် နားလည်ထားကြသော St.Valentine’s day ဆိုသည်မှာ  ရှေးခေတ်ရောမ ရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးမြတ်ထားသော နေထူးနေ့မြတ် တစ်ခုဖြစ် ကြောင်း သိရသည်။ ဒဏ္ဍာ ရီတစ်ခု အရ  Valentine (ဗယ်လင်တိုင်း) သည် သုံးရာစုလောက်က ရောမတွင် ပေါ် ထွန်းလာသည့်  ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး၊ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ်-၂က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည် များအား မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှု့ထမ်းစေကြောင်း၊ သူတော်စဉ် Valentine ဟာဘုရင် ကလောဒီး ယပ်စ်တားမြစ်ထားသည့်  ဥပဒေ အပြင်ဘက်မှ စစ်မှု့ထမ်းသူ လူငယ်များအား သူတို့၏ ချစ်သူများနှင့် တိတ်တဆိတ် လက်ထပ်ပေးခဲ့ကြောင်း သိရသည်။ ၎င်းဘုန်းတော်ကြီး၊ Valentine ၏လုပ်ရပ်များအား ဘုရင်သိသွားသည့် အခါ ဘုန်းတော်ကြီးအား သေဒဏ်ချမှတ် ခဲ့သည်။ အခြားပုံပြင် တချို့တွင်တော့ Valentine ပာာအကျဉ်းထောင်မှ  အကျဉ်းသားများအား လွတ်မြောက်အောင်လုပ်ပေးခဲ့သည့် အတွက် သေဒဏ်ကျခံရကြောင်း ဆိုထားသည်။


နောက်ဒဏ္ဍာရီ တစ်ခုတွင်တော့  Valentine ဟာပထမဆုံး ချစ်သက်လက်ဆောင်ကို သူကိုယ်တိုင်ပေးပို့ ခဲ့တယ် လို့ဆိုထားကြောင်း၊  အ ကျဉ်းချခံတားရစဉ် Valentine ဟာ သူထံအလည်လာတွေ့တတ်သူ ထောင်မှူးသမီးနှင့် ချစ်ကြိုးသွယ် ခဲ့ကာ ဗယ်လင်တိုင်း  မသေဆုံးခင် စာတစ်စောင်ရေးသားရာမှာ `From your Valentine' လို့ လက်မှတ်ရေးထိုးခဲ့ သည့် ပါးစပ်ရာဇဝင် များ ရှိခဲ့သည်။


ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်တွင်  St.Valentine’s  Day အား ဖေဖော်ဝါရီလ ၁၄ရက်နေ့ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုမှစ၍ ခေတ်ကာလပြောင်းလဲလာရာမှ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine`s Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ကြောင်း ပါးစပ်ရာဇဝင်များ အရသိရသည်။ခေတ်များ ပြောင်းလဲလာသည့် နှင့် အမျှ ချစ်သူများနေ့အား မြန်မာနိုင်ငံတွင်လည်း ချစ်သူစုံတွဲများမှ ပျော်ရွှင်စွာ အမှတ်တရလက်ဆောင်ပေးခြင်း၊ ပန်းစည်းများပေးခြင်း၊ ဆင်တူအိကျီ င်္များဝတ်၍ လျှောက်လည်ခြင်းများ ပြုလုပ်လာကြသည်။ အချို ့စုံတွဲများသည် အထူးတလည်ဖြင့် စိတ်ဝင်စားဖွယ်လက်ဆောင်များအား ကြိုတင်စီစဉ်၍ ချစ်သူအား ပေးလာကြကြောင်း သိရသည်။


အမှတ်တရပစ္စည်းရောင်းဝယ်သည့် Love Melody မှ ဦးသန့်ဇင်က “ ဒီနှစ်ဗယ်လင်တိုင်းမှာဆိုရင် အသဲပုံခရစ္စတယ်လေးတွေ၊ တက်တူးဓာတ်ပုံလေးတွေ၊ သူတို့ချစ်သူနာမည် ထိုးထားတဲ့ memory stick လေးတွေ ၊ 925 မှာ ချစ်သူနာမည် စာထွင်းထားတဲ့ လက်စွပ်လေးတွေပေးကြတယ်’’ ဟုဆင်ဟွာကိုပြောသည်။
Candy Land  မှ ဦးခိုင်စိုးက “ ကျွန်တော်တို့က ဟန်းမိတ်(Hand Made) သကြားလုံးလေးတွေကို ချစ်သူများ နေ့ အတွက် အထူးအစီအစဉ်အနေ နဲ့ အသဲပုံလေးတွေ၊ နှုတ်ခမ်းပုံလေးတွေ လုပ်ထားတယ်။ တချို့က အသဲပုံ သကြားလုံးပေါ်မှာ ချစ်သူ့နာမည် ရေးခိုင်းတယ်။ လူတွေက တစ်နှစ်ထက်တစ်နှစ် ချစ်သူများနေ့ကို ပိုအလေးအထားလာကြတယ်လို့ထင်ပါတယ်’’ ဟုပြောသည်။
ချစ်သူများနေ့တွင် တချို့က ချစ်သူဆီ အံ့အားသင့်စေမည့် လက်ဆောင်အား အိမ်အရောက်ပို့ဆောင်ခြင်း ၀န်ဆောင်မှုများ အပ်၍ ပို့ခိုင်းကြခြင်းလည်းရှိသည်။ လမ်းပေါ်၊ ပန်းခြံ၊ စားသောက်ဆိုင်၊ ကစားကွင်း စသဖြင့် နေရာ အနှံ့တွင် အရောင်ဆင်တူ၊ အိကျင်္ ီဆင်တူဝတ်ထားသည့် စုံတွဲများ ချစ်သူများနေ့အား ဆင်နွှဲကြသည်။
ချစ်သူအား ချစ်သူများကျွန်းတွင် အံ့အားသင့်စေမည့်လက်ဆောင်ပေးခဲ့သည့်  ကိုကျော်သီဟက “ ချစ်သူများနေ့ကို တန်ဖိုးထားလို့ ချစ်သူကိုလည်း အရမ်းချစ်လို့ အခုလို အံ့အားသင့်စေမယ့်လက်ဆောင်မျိုး ပေးခဲ့တာပါ။ ဒီလိုလက်ဆောင်ပေးနို်င်ဖို့ ပြင်ဆင်ချိန် ကျွန်တော်သူငယ်ချင်းတွေနဲ့ အတူ အချိန် ၄ ရက်လောက် ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။
ချစ်သူများနေ့တွင် စားသောက်ဆိုင်များမှ အထူးအစီအစဉ်များ ပြုလုပ်သလို၊ တခြား ဆိုင်များတွင်လည်း ချစ်သူများနေ့ အထိ်းအမှတ် အရောင်းမြှင့်တင်ခြင်း အထူးအစီအစဉ်များလည်း ပြုလုပ်ကြသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment