Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, February 7, 2016

၅၉ (စ) ျပင္ဆင္ေရး စစ္တပ္က လက္ခံမည္မဟုတ္ဟု တပ္အသိုင္းအဝန္းႏွင့္ နီးစပ္သူမ်ားေျပာ

သတင္း ျပည္တြင္း
Wall Street Journal

ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ပထမပုံမွန္အစည္းအေ၀း ပထမေန႔သုိ႔ တက္ေရာက္လာၾကေသာ ကိုယ္စားလွယ္မ်ားအား ေဖေဖာ္၀ါရီလ ၈ ရက္က ေတြ႕ရစဥ္။ (ဓာတ္ပုံ - သက္ကုိ၊ မဇၥ်ိမ)

NLD ပါတီ ထိပ္တန္းအဖြဲ႔ဝင္မ်ားက ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ႏုိင္သည့္ လမ္းေၾကာင္းအေပၚ အၾကံျပဳခ်က္မ်ားအား စစ္တပ္က လက္ခံျခင္းမရွိေၾကာင္း တပ္အသိုင္းအဝန္းႏွင့္ နီးစပ္သူမ်ားက ေျပာသည္။

ႏိုဘယ္ဆုရွင္ေအာင္ဆန္းစုၾကည္မွာ သားျဖစ္သူႏွစ္ဦးက ၿဗိတိန္ႏိုင္ငံသားမ်ားျဖစ္ေန၍ သမၼတျဖစ္ႏိုင္ခြင့္မရွိေပ။ အေျခခံဥပေဒဖြဲ႔စည္းပုံအရ မိသားစုဝင္မ်ား ႏိုင္ငံျခားသားခံယူထားပါက ႏိုင္ငံ ၏ ေခါင္းေဆာင္ျဖစ္လာခြင့္ကို တားျမစ္ထားျခင္းျဖစ္သည္။ အဆိုပါ ပုဒ္မ ၅၉ (စ) သည္ ႏိုဝင္ဘာေရြးေကာက္ပြဲတြင္ အႏိုင္ရခဲ့သည့္ ေဒၚေအာင္ဆန္းစုၾကည္၏ NLD ပါတီ ႏိုင္ငံ့အစိုးရဖြဲ႔ေရးတြင္ အဓိက ညိႇႏႈိင္းေနရသည့္ ပုဒ္မျဖစ္သည္။

ကိုယ္စားျပဳတစ္ဦးျဖင့္ တိုင္းျပည္ကို စီမံခန္႔ခြဲျခင္းထက္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တုိင္ သမၼတျဖစ္လာေရးအတြက္ ရွင္းလင္းသည့္ လမ္းေၾကာင္းအျဖစ္ ယင္းပုဒ္မကို ဆိုင္းငံ့ႏိုင္သည္ဟု NLD ပါတီမွ ညိႇႏႈိင္းေဆြးေႏြးသူမ်ားက ဆိုၾကသည္။

သို႔ေသာ္လည္း ယင္းသေဘာထားအား စစ္တပ္ေခါင္းေဆာင္ပိုင္းက အျပင္းအထန္ ခုခံကာကြယ္လ်က္ရွိေၾကာင္း တပ္အတြင္းပိုင္းႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္မ်ားက ေျပာျပီး စစ္တပ္အေနျဖင့္ ယင္းကို ခြင္ျပဳမႏိုင္တာက ရွင္းလင္းေသခ်ာေၾကာင္းဆိုသည္။

NLD မွ ဥပေဒပညာရွင္ ဦးကိုနီက ဖြဲ႔စည္းပုံတားျမစ္ခ်က္ရွိေပမယ့္ လုပ္ကိုင္ႏိုင္တာေတြရွိေၾကာင္း၊ လႊတ္ေတာ္တြင္ အမ်ားစုေထာက္ခံမႈျဖင့္ ၅၉စ ကို ဆုိင္းငံ့ႏိုင္မည္ျဖစ္ေၾကာင္း ေျပာသည္။

"ဖြဲ႔စည္းပုံစည္းမ်ဥ္းေပၚမွာပဲ ဒီပုဒ္မကို ဆိုင္းငံ့သြားႏိုင္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဒါက ဖြဲ႔စည္းပုံကို ျပင္ဆင္တာမဟုတ္ပါဘူး။ ယာယီဆုိင္းငံ့ျခင္းသာျဖစ္ပါတယ္။ ႏိုင္ငံမွာ ျပည္သူ အမ်ားစုက ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ေရးကို လိုလားၾကပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္တာကလည္း ႏိုင္ငံရဲ႕ အက်ိဳးစီးပြားလည္းျဖစ္ပါတယ္။"ဟု ဦးကိုနီက ေျပာသည္။

တပ္မေတာ္၊ လႊတ္ေတာ္အမတ္မ်ားႏွင့္ NLD ပါတီေတြ႔ဆုံမႈမ်ားတြင္ ၅၉စ ဆိုင္းငံ့ေရးကို ေဆြးေႏြးျမွင့္တင္သြားမည္ျဖစ္ေၾကာင္း ဦးကိုနီက ေျပာသည္။

သို႔ေသာ္ တပ္မေတာ္၏ သေဘာထားက အျခားတစ္ဖက္တြင္ ရွိေနသည္။

"တစ္ေယာက္ေယာက္က လႊတ္ေတာ္မွာ ၅၉ (စ) ဆိုင္းငံ့ဖို႔ လုပ္လာတယ္ဆိုပါစို႔။ အျခားပါတီက လူေတြကလည္း အျခားပုဒ္မေတြကို ခုလိုပဲ ဆိုင္းင့ံဖို႔ အဆိုတင္လာၾကရင္ ဘယ္လိုလုပ္မလဲ။ တပ္မေတာ္ရဲ႕ သေဘာထားကေတာ့ ရွင္းပါတယ္။ လက္ရွိအခ်ိန္မွာ ၅၉ (စ) ဆုိင္းငံ့ေရးကို လက္ခံမွာ မဟုတ္ပါဘူး။"ဟု NLD ႏွင့္ ညိႇႏႈိင္းမႈမ်ားတြင္ ပါဝင္ခဲ့သူ စစ္တပ္ေခါင္းေဆာင္ပိုင္းႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္ တစ္ရပ္က ဆိုသည္။

တပ္မေတာ္က ထုတ္ေဝသည့္ ျမဝတီသတင္းစာတြင္လည္း ေခါင္းၾကီးပိုင္း၌ ၅၉ (စ) မည္သို႔မွ အေျပာင္းလဲမခံသင့္ေၾကာင္း အယ္ဒီတာအာေဘာ္ေရးသားေဖာ္ျပထားသည္။

အမည္ထုတ္ေဖာ္မေျပာသည့္ လက္ရွိအစိုးရ ထိပ္တန္းတာဝန္ရွိသူတစ္ဦးကလည္း ယခုကဲ့သို႔ ဆိုင္းငံ့ျခင္းက တိုင္းျပည္အတြက္ ေဘးအႏၱရာယ္ျဖစ္လာမည္ျဖစ္ျပီး ဆိုးဝါးလာလိမ့္မည္ျဖစ္ေၾကာင္း၊ စစ္တပ္က လက္ခံလိမ့္မည္မဟုတ္ေၾကာင္း ေျပာခဲ့သည္။

- See more at: http://mizzimaburmese.com/article/10905#sthash.DLio2m3E.Sl2OvcAM.dpuf
...................
၅၉ (စ) ပြင်ဆင်ရေး စစ်တပ်က လက်ခံမည်မဟုတ်ဟု တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများပြော
သတင်း ပြည်တွင်း
Wall Street Journal
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များအား ဖေဖော်ဝါရီလ ၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္စျိမ)

NLD ပါတီ ထိပ်တန်းအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်သည့် လမ်းကြောင်းအပေါ် အကြံပြုချက်များအား စစ်တပ်က လက်ခံခြင်းမရှိကြောင်း တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများက ပြောသည်။

နိုဘယ်ဆုရှင်အောင်ဆန်းစုကြည်မှာ သားဖြစ်သူနှစ်ဦးက ဗြိတိန်နိုင်ငံသားများဖြစ်နေ၍ သမ္မတဖြစ်နိုင်ခွင့်မရှိပေ။ အခြေခံဥပဒေဖွဲ့စည်းပုံအရ မိသားစုဝင်များ နိုင်ငံခြားသားခံယူထားပါက နိုင်ငံ ၏ ခေါင်းဆောင်ဖြစ်လာခွင့်ကို တားမြစ်ထားခြင်းဖြစ်သည်။ အဆိုပါ ပုဒ်မ ၅၉ (စ) သည် နိုဝင်ဘာရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ နိုင်ငံ့အစိုးရဖွဲ့ရေးတွင် အဓိက ညှိနှိုင်းနေရသည့် ပုဒ်မဖြစ်သည်။

ကိုယ်စားပြုတစ်ဦးဖြင့် တိုင်းပြည်ကို စီမံခန့်ခွဲခြင်းထက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သမ္မတဖြစ်လာရေးအတွက် ရှင်းလင်းသည့် လမ်းကြောင်းအဖြစ် ယင်းပုဒ်မကို ဆိုင်းငံ့နိုင်သည်ဟု NLD ပါတီမှ ညှိနှိုင်းဆွေးနွေးသူများက ဆိုကြသည်။

သို့သော်လည်း ယင်းသဘောထားအား စစ်တပ်ခေါင်းဆောင်ပိုင်းက အပြင်းအထန် ခုခံကာကွယ်လျက်ရှိကြောင်း တပ်အတွင်းပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောပြီး စစ်တပ်အနေဖြင့် ယင်းကို ခွင်ပြုမနိုင်တာက ရှင်းလင်းသေချာကြောင်းဆိုသည်။

NLD မှ ဥပဒေပညာရှင် ဦးကိုနီက ဖွဲ့စည်းပုံတားမြစ်ချက်ရှိပေမယ့် လုပ်ကိုင်နိုင်တာတွေရှိကြောင်း၊ လွှတ်တော်တွင် အများစုထောက်ခံမှုဖြင့် ၅၉စ ကို ဆိုင်းငံ့နိုင်မည်ဖြစ်ကြောင်း ပြောသည်။

"ဖွဲ့စည်းပုံစည်းမျဉ်းပေါ်မှာပဲ ဒီပုဒ်မကို ဆိုင်းငံ့သွားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါက ဖွဲ့စည်းပုံကို ပြင်ဆင်တာမဟုတ်ပါဘူး။ ယာယီဆိုင်းငံ့ခြင်းသာဖြစ်ပါတယ်။ နိုင်ငံမှာ ပြည်သူ အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို လိုလားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်တာကလည်း နိုင်ငံရဲ့ အကျိုးစီးပွားလည်းဖြစ်ပါတယ်။"ဟု ဦးကိုနီက ပြောသည်။

တပ်မတော်၊ လွှတ်တော်အမတ်များနှင့် NLD ပါတီတွေ့ဆုံမှုများတွင် ၅၉စ ဆိုင်းငံ့ရေးကို ဆွေးနွေးမြှင့်တင်သွားမည်ဖြစ်ကြောင်း ဦးကိုနီက ပြောသည်။

သို့သော် တပ်မတော်၏ သဘောထားက အခြားတစ်ဖက်တွင် ရှိနေသည်။

"တစ်ယောက်ယောက်က လွှတ်တော်မှာ ၅၉ (စ) ဆိုင်းငံ့ဖို့ လုပ်လာတယ်ဆိုပါစို့။ အခြားပါတီက လူတွေကလည်း အခြားပုဒ်မတွေကို ခုလိုပဲ ဆိုင်းင့ံဖို့ အဆိုတင်လာကြရင် ဘယ်လိုလုပ်မလဲ။ တပ်မတော်ရဲ့ သဘောထားကတော့ ရှင်းပါတယ်။ လက်ရှိအချိန်မှာ ၅၉ (စ) ဆိုင်းငံ့ရေးကို လက်ခံမှာ မဟုတ်ပါဘူး။"ဟု NLD နှင့် ညှိနှိုင်းမှုများတွင် ပါဝင်ခဲ့သူ စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ရပ်က ဆိုသည်။

တပ်မတော်က ထုတ်ဝေသည့် မြဝတီသတင်းစာတွင်လည်း ခေါင်းကြီးပိုင်း၌ ၅၉ (စ) မည်သို့မှ အပြောင်းလဲမခံသင့်ကြောင်း အယ်ဒီတာအာဘော်ရေးသားဖော်ပြထားသည်။

အမည်ထုတ်ဖော်မပြောသည့် လက်ရှိအစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးကလည်း ယခုကဲ့သို့ ဆိုင်းငံ့ခြင်းက တိုင်းပြည်အတွက် ဘေးအန္တရာယ်ဖြစ်လာမည်ဖြစ်ပြီး ဆိုးဝါးလာလိမ့်မည်ဖြစ်ကြောင်း၊ စစ်တပ်က လက်ခံလိမ့်မည်မဟုတ်ကြောင်း ပြောခဲ့သည်။

- See more at: http://mizzimaburmese.com/article/10905#sthash.DLio2m3E.Sl2OvcAM.dpuf

No comments:

Post a Comment