Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, February 8, 2016
ရန်ကုန် (ကလေးဆေးရုံကြီး ) တွင်သေဆုံးခဲ့သော အသက် (၉) နှစ်အရွယ် သုံးတန်းကျောင်းသူလေး မအိမြတ်မွန်
မိဘနှစ်ပါးမှာ လှည်းကူးမြို့ ပျင်ထောင်စု ရပ်ကွက် ကျွန်းကလေးကျေးရွာမှာ နေထိုင်ါကြပါသည်။
ကောင်းထက်Media
Ye Lin Aung
..................
ရန်ကုန် (ကလေးဆေးရုံကြီး ) မှ တာဝန်ကျဆရာဝန် ဆရာဝန်မများရဲ့ လူမဆန်တဲ့လုပ်ရပ်ကြောင့်
မသေသင့်ပဲသေခဲ့ရတဲ့ အသက် (၉) နှစ်အရွယ် သုံးတန်းကျောင်းသူလေး မအိမြတ်မွန်
(၇ - ၁ -၂၀၁၆) ရက်နေ ့တွင် အသက် (၉) နှစ်အရွယ်သုံးတန်းကျောင်းသူလေး မအိမြတ်မွန်ဟာ ချွဲ ကြပ်ပြီး အသက်ရှူမဝဟုဆိုသဖြင့် ရန်ကုန်ကလေး ဆေးရုံကြီးသို ့ တတ်ရောက်ကုသခဲ့သည် ။
မိဘနှစ်ပါးမှာ လှည်းကူးမြို ့ပျင်ထောင်စု ရပ်ကွက် ကျွန်းကလေးကျေးရွာမှာ နေထိုက်ကြပါတယ် ။
ကလေး ဆေးရုံကြီးမှာ တတ်ရောက်စဉ်ကာလအတွင် း ကလေးဘာဖြစ်တယ် ဘာရောဂါ ဆိုတာကို
မိဘများကမေးသော်လည်း ဆရာဝန် များမှ ဘာရောဂါဖြစ်သည်ဆိုတာကိုမပြော ခဲ့ပေ ၊
မိဘများမှ စိတ်ပူပြီး ဆရာဝန်မများကို မေးသည့်အခါတွင် တော့်ကလေး က အချိန်မရွေးသေမှာဟု
သာ ဖြေကြားသည်ဟု မိဘများကဆိုသည်။(၇ - ၂ -၂၀၁၆) (၇)ရက်နေ ့ည (၈)နာရီ
အချိန်တွင် ကလေးမှာ နေမထိထိုင်မသာဖြစ်ပြီးလူးလိမ့်ရာမှ ဆေးသွင်းထားတဲ့ပိုက်တွေ အကုန်ပြုတ်ကုန်
လို ့ဆရာမများကိုသွားခေါ်ပြရာမှ ဆရာမများရောက်လာပြီဘာမှမဖြစ်ပါဘူးဟုဆိုကာ ပိုက်ပြန်တတ်ပြီး ပြန်ထွက်သွားသည်ဟုဆိုသည် ။
ဆရာမများ ထွက်သား ပြီးမကြာခင်မှာပင် ကလေးမှာအသက်ဆုံးသွားသည်ဟု မိဘများကဆိုသည် ။
(၈ -၂ -၂၀၁၆) (၈)ရက်နေ ့မနက်(၈)နာရီလောက်တွင် အလောင်းကိုသယ်ရန် အတွက် မိဘဖြစ်သူများမှ
ဆရာမတို ့ဘယ်လိုအကူအညီပေးနိုင်မလဲဟုမေးသောအခါ ၊ ဆရာမများမှ
ဒီမှာထားခဲ့မလား သယ်မလားဟုမေးသည်။ နေရပ်ကိုပဲပြန်သယ်ချင်ပါတယ်ဟု မိဘများက ပြောသောအခါ
ဒါဆိုလက်မှတ်ထိုးဟု ဆရာမက လတ်မှတ်ထိုးခိုင်းပါတယ်။ နောက်ပြီးဆရာမက ရှေ့ အပေါက်က မထွက်
နဲ ့ ဟုဆိုကာအရေးပေါ်လူနာများသယ်ဆောင်သည့် နောက် ဘက်အပေါက်မှထွက်ခိုင်းသည်ဟု ဆိုသည်။ လူနာမှတ်တမ်း ဆေးစာအုပ် ဘာတခုမှလူနာမိဘများထံကို ပြန်မပေးလိုက်ပါ ။
(၈)ရက်နေ ့နေ လည် (၂ )နာရီလောက်တွင် မိဘများရှိရာနေအိမ်လှည်းကူးသို ့ နယ်မှ ဆရာဝန် ဆရာမများရောက်လာပြီးဒီလူနာကို ဆေးရုံကဆရာဝန်က မဆင်းခိုင်းပဲကိုယ်သဘောနဲ ့ဆင်းသွားတယ်လို ့
အထက်က အကြောင်းကြားလိုလာတာပါဟုဆိုကာ လူနာမိဘများကို ပြောပြီးလူနာ
အချေအနေသက်သာလားဟုမေးသည် ။ မိဘများမှဆရာဝန်မှ သေပြီပြောသဖြင့်
လတ်မှထိုးပြီးဆင်းလာခဲ့တဲ့အကြောင်း ပြန်ပြောပြသည် ။ဆရာဝန်များမှအလောင်းကိုဓာတ်ပုံရိုက်ပြီး ယူသွားသည်ဟု မိဘများက ပြောသည် ။
ယခု မအိမြတ်မွန်၏အလောင်းခန္ဓာကိုယ်မှအမည်းကွက်များ နေရာအနှံ ့ပေါ်ထွက်နေသည်ဟုသိရပါသည်။
မိဘများမှ ရိုးသားလွန်းတဲ့အတွက် ဘာမှ မသိနားမလည်ကြပါဘူး။(၉)နှစ်သမီးလေးသာရှိသေးတဲ့
သုံးတန်းကျောင်းသူ မအိမြတ်မွန်အတွက်မိဘများမှာ စိတ်မကောင်းဝမ်းနည်းယုံမှတပါး အခြားမရှိဖြစ်နေပါသည် ။
တာဝန်ရှိကြတဲ့ ဌာနဆိုင်ရာလူကြီးများ ကလေးဆေးရုံးကြီးမှာတာဝန်ထမ်းဆောင်နေကြတဲ့ အခုလို ့
လူမဆန်တဲ့သားသမီးချင်းကိုယ်ချင်းမစာတဲ့ ဆရာဝန် ယုတ်တွေကိုစစ်ဆေးအရေးယူပေးကြပါလို ့တောင်းဆိုပါတယ်ခင်ဗျာ ။
ကောင်းထက်Media
Ye Lin Aung
No comments:
Post a Comment