Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 18, 2016

လူမႈကြန္ယက္ေပၚတြင္ ပ်ံ႕ႏွံ႔ခဲ့သည့္ စစ္သင္တန္းသား အခ်င္းခ်င္း ႏွိပ္ကြပ္မႈျဖစ္စဥ္၌ ပါ၀င္သူမ်ားကုိ စစ္ေဆးေန



လူမႈကြန္ရက္ေပၚတြင္ ပ်ံ႕ႏွံ႔ခဲ့သည့္ စစ္သင္တန္းသား အခ်င္းခ်င္း ႏွိပ္ကြပ္မႈျဖစ္စဥ္ ဗီြဒီယုိဖုိင္(၃)ခုတြင္ ပါဝင္သူမ်ားႏွင့္ တာဝန္ရွိ သူမ်ားကို တပ္မေတာ္က စစ္ေဆးေနၿပီျဖစ္ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္ေရးအဖြဲ႕မွ ဗုိလ္မွဴးႀကီးျမတ္မင္းဦးက News Watch ဂ်ာနယ္သုိ႔ ေျပာသည္။

“ စစ္ေဆးၿပီး ေပၚလြင္တယ္ဆုိရင္ေတာ့ တပ္ကေန အေရးယူပါလိမ့္မယ္ ” ဟု ဗုိလ္မွဴးႀကီးျမတ္မင္းဦးက ေျပာသည္။

ထုိျပင္ ယင္းကိစၥႏွင့္ပတ္သက္၍ အေသးစိတ္မ်ားကုိ တပ္မေတာ္သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ျမ၀တီေဖ့ဖြတ္စာမ်က္ႏွာတြင္ လည္း ေဖာ္ျပထားေၾကာင္း ဗုိလ္မွဴးႀကီးျမတ္မင္းဦးကေျပာသည္။

ယင္းစာမ်က္ႏွာတြင္ “ မၾကာေသးမီ ရက္ပိုင္းအတြင္းက Online လူမႈကြန္ရက္မ်ားတြင္ တပ္မေတာ္သင္တန္းေက်ာင္းတခု၌ သင္တန္းသားအခ်င္းခ်င္း ျပင္းထန္စြာအျပစ္ေပးေနသည့္ ဗီဒီယိုမွတ္တမ္းဖိုင္သံုးခု ပ်ံ႕ႏွ႔ံခဲ့ၿပီး ယင္းဗီဒီယိုဖိုင္မ်ားႏွင့္ပတ္သက္၍ သတင္းမီဒီယာမ်ားအေနျဖင့္လည္း ေဝဖန္သံုးသပ္ခ်က္မ်ားစြာ ေဖာ္ျပခဲ့ၾကေၾကာင္း၊ စစ္စည္းကမ္းသည္ တပ္မေတာ္၏ အသက္ ေသြးေၾကာျဖစ္သျဖင့္ စစ္စည္းကမ္းႏွင့္ပတ္သက္ၿပီး လိုက္နာလုပ္ေဆာင္ရမည့္ တပ္မေတာ္အက္ဥပေဒ၊ နည္းဥပေဒမ်ား၊ အမိန္႔ ႏွင့္ ၫႊန္ၾကားခ်က္မ်ားကိုလည္း တိက်စြာ ျပ႒ာန္းသတ္မွတ္ထားရွိၿပီးျဖစ္ပါေၾကာင္းႏွင့္ တပ္မေတာ္အေနျဖင့္ တပ္တြင္းစည္းလံုး ညီၫြတ္မႈအတြက္ အုပ္ခ်ဳပ္မႈညီၫြတ္မွ်တေစေရးကိုလည္း အေလးထားေဆာင္ရြက္လ်က္ရွိေၾကာင္း” ေဖာ္ေျပာထားသည္။

ယင္းကိစၥႏွင့္ပတ္သက္၍အျဖစ္မွန္ ေပၚေပါက္ေစရန္သက္ဆိုင္ရာတပ္မေတာ္သင္တန္းေက်ာင္းသုိ႔ ဒုတိယတပ္မေတာ္ေလ့က်င့္ ေရးအရာရွိခ်ဳပ္ဦးစီးေသာ စံုစမ္းစစ္ေဆးေရးအဖြဲ႕သြားေရာက္စစ္ေဆးခဲ့ရာ ျဖစ္စဥ္မွန္ကန္ေၾကာင္းေတြ႕ရွိရသျဖင့္ ျဖစ္စဥ္တြင္ပါဝင္သူမ်ားႏွင့္တာဝန္ရွိသူမ်ားကိုတပ္မေတာ္၏စည္းမ်ဥ္းဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရ သည္။

စစ္သင္တန္းေက်ာင္းတခုအိပ္ေဆာင္အတြင္း၌ ဂ်ဴနီယာသင္တန္းသားအခ်ဳိ႕အား ထုိးႀကိတ္၊ ကန္ေၾကာက္ႏွိပ္စက္ေနသည့္ ရုပ္သံဗြီဒီယုိသံုးခု Share သူ (၇)ေသာင္းေက်ာ္၍ like သူ (၂၃၀၀၀)ေက်ာ္ရိွေၾကာင္း သိရသည္။

လင္းလင္းေအာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
.............


လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် စစ်သင်တန်းသား အချင်းချင်း နှိပ်ကွပ်မှုဖြစ်စဉ် ဗွီဒီယိုဖိုင်(၃)ခုတွင် ပါဝင်သူများနှင့် တာဝန်ရှိ သူများကို တပ်မတော်က စစ်ဆေးနေပြီဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူးကြီးမြတ်မင်းဦးက News Watch ဂျာနယ်သို့ ပြောသည်။

“ စစ်ဆေးပြီး ပေါ်လွင်တယ်ဆိုရင်တော့ တပ်ကနေ အရေးယူပါလိမ့်မယ် ” ဟု ဗိုလ်မှူးကြီးမြတ်မင်းဦးက ပြောသည်။

ထိုပြင် ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်များကို တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့၏ မြဝတီဖေ့ဖွတ်စာမျက်နှာတွင် လည်း ဖော်ပြထားကြောင်း ဗိုလ်မှူးကြီးမြတ်မင်းဦးကပြောသည်။

ယင်းစာမျက်နှာတွင် “ မကြာသေးမီ ရက်ပိုင်းအတွင်းက Online လူမှုကွန်ရက်များတွင် တပ်မတော်သင်တန်းကျောင်းတခု၌ သင်တန်းသားအချင်းချင်း ပြင်းထန်စွာအပြစ်ပေးနေသည့် ဗီဒီယိုမှတ်တမ်းဖိုင်သုံးခု ပျံ့နှ့ံခဲ့ပြီး ယင်းဗီဒီယိုဖိုင်များနှင့်ပတ်သက်၍ သတင်းမီဒီယာများအနေဖြင့်လည်း ဝေဖန်သုံးသပ်ချက်များစွာ ဖော်ပြခဲ့ကြကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ အသက် သွေးကြောဖြစ်သဖြင့် စစ်စည်းကမ်းနှင့်ပတ်သက်ပြီး လိုက်နာလုပ်ဆောင်ရမည့် တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် နှင့် ညွှန်ကြားချက်များကိုလည်း တိကျစွာ ပြဋ္ဌာန်းသတ်မှတ်ထားရှိပြီးဖြစ်ပါကြောင်းနှင့် တပ်မတော်အနေဖြင့် တပ်တွင်းစည်းလုံး ညီညွတ်မှုအတွက် အုပ်ချုပ်မှုညီညွတ်မျှတစေရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း” ဖော်ပြောထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍အဖြစ်မှန် ပေါ်ပေါက်စေရန်သက်ဆိုင်ရာတပ်မတော်သင်တန်းကျောင်းသို့ ဒုတိယတပ်မတော်လေ့ကျင့် ရေးအရာရှိချုပ်ဦးစီးသော စုံစမ်းစစ်ဆေးရေးအဖွဲ့သွားရောက်စစ်ဆေးခဲ့ရာ ဖြစ်စဉ်မှန်ကန်ကြောင်းတွေ့ရှိရသဖြင့် ဖြစ်စဉ်တွင်ပါဝင်သူများနှင့်တာဝန်ရှိသူများကိုတပ်မတော်၏စည်းမျဉ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

စစ်သင်တန်းကျောင်းတခုအိပ်ဆောင်အတွင်း၌ ဂျူနီယာသင်တန်းသားအချို့အား ထိုးကြိတ်၊ ကန်ကြောက်နှိပ်စက်နေသည့် ရုပ်သံဗွီဒီယိုသုံးခု Share သူ (၇)သောင်းကျော်၍ like သူ (၂၃၀၀၀)ကျော်ရှိကြောင်း သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

No comments:

Post a Comment