Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, February 8, 2016
8 February 2016 
    ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ဖြစ်ပေါ်လာသည့်  ဒုတိယ အကြိမ် လွှတ်တော် သက်တမ်း အတွက် နိုင်ငံ တစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး ပြည်နယ် နှစ်ခု ဖြစ်သည့် ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် လွှတ်တော် ဥက္ကဋ္ဌ နေရာများ အတွက် အကြိတ်အနယ် ရွေးချယ်ခဲ့ရကြောင်း သိရသည်။
ကချင်ပြည်နယ် ဒုတိယအကြိမ် လွှတ်တော်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ  ဦးရာဝမ်းဂျူံ (မချမ်းဘော မဲဆန္ဒနယ်) နှင့်  အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် မှ ဦးထွန်းတင် (ဗန်းမော်မဲဆန္ဒနယ်) တို့ အဆိုပြုခြင်းခံရပြီး အဆိုပြုခြင်းခံရသူ၂ ဦးအတွက် ဥက္ကဋ္ဌ နေရာကို တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ဆန္ဒမဲပေး ဆုံးဖြတ်ခဲ့ ရာ  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ဦးထွန်းတင်က မဲ (၃၀) ဖြစ် ရရှိခဲ့ပြီး  ဦးရာဝမ်ဂျူံးက (၂၂) မဲ ရရှိခဲ့၍ ကချင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ နေရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထွန်းတင်က အနိုင်ရ ရှိသွားခဲ့သည်။
၎င်းပြည်နယ် နှစ်ခုတွင်  လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်သည့် နေရာ၌ အကြိတ်အနယ် ဖြစ်ခဲ့ပြီး ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် ၎င်းပြည်နယ် နှစ် ခုလောက် အကြိတ်အနယ် မဖြစ်ခဲ့ဟု သိရသည်။
(Xinhua)
...............................................................
တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ စတင် ကျင်းပသည့် အနက် ပြည်နယ် နှစ်ခုတွင် လွှတ်တော် ဥက္ကဋ္ဌ နေရာ အကြိတ်အနယ် ရွေးချယ်ခဲ့ရ
8 February 2016 
ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကျင်းပနေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဖေဖောဝါရီ ၈ ရက် (ဆင်ဟွာ)
    ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ ဖြစ်ပေါ်လာသည့်  ဒုုတိယ အကြိမ် လွှတ်တော် သက်တမ်း အတွက် နိုင်ငံ တစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး ပြည်နယ် နှစ်ခု ဖြစ်သည့် ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် လွှတ်တော် ဥက္ကဋ္ဌ နေရာများ အတွက် အကြိတ်အနယ် ရွေးချယ်ခဲ့ရကြောင်း သိရသည်။
ကချင်ပြည်နယ် ဒုတိယအကြိမ် လွှတ်တော်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေး ပါတီမှ  ဦးရာဝမ်းဂျံူ (မချမ်းဘော မဲဆန္ဒနယ်) နှင့်  အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် မှ ဦးထွန်းတင် (ဗန်းမော်မဲဆန္ဒနယ်) တို့ အဆိုပြုခြင်းခံရပြီး အဆိုုပြုခြင်းခံရသူ၂ ဦးအတွက် ဥက္ကဋ္ဌ နေရာကို တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ဆန္ဒမဲပေး ဆုံးဖြတ်ခဲ့ ရာ  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ဦးထွန်းတင်က မဲ (၃၀) ဖြစ် ရရှိခဲ့ပြီး  ဦးရာဝမ်ဂျံူးက (၂၂) မဲ ရရှိခဲ့၍ ကချင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ နေရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထွန်းတင်က အနိုင်ရ ရှိသွားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကျင်းပနေစဉ် (ဆင်ဟွာ)
ရှမ်းပြည်နယ် လွှတ်တော် ဒုုတိယအကြိမ် ပထမ ပုံမှန် အစည်းအဝေး တွင် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြု ကျိုင်းတုံ မဲဆန္ဒနယ် အမှတ် (၁) မှ ဦးစိုင်းလုံးဆိုင် နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု မူဆယ် အမှတ် (၁) မဲဆန္ဒနယ်မှ ဦးစိုင်းကျော်သိန်းတို့အား ကိုယ်စားလှယ်များက အသီးသီး အဆိုတင်သွင်းခဲ့ရာ တစ်ဦးထက် ပိုနေသဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ပြီးသည့် နောက် ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြု ကျိုင်းတုံ မဲဆန္ဒ နယ်မြေ အမှတ် (၁) မှ ဦးစိုင်းလုံးဆိုင် က ဆန္ဒမဲ ပေါင်း ၈၈ မဲ ဖြင့် အနိုင်ရရှိခဲ့သည့် အတွက် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ် ခံခဲ့ရသည့် ဦးစိုင်းလုံးဆိုင် သည် ပထမအကြိမ် ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေး ကျင်းပစဉ် ကလည်း ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး ဒုတိယ အကြိမ်မြောက် ပြန်လည် ရွေးချယ်ခံရခြင်း ဖြစ်သည်။
၎င်းပြည်နယ် နှစ်ခုတွင်  လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်သည့် နေရာ၌ အကြိတ််အနယ် ဖြစ်ခဲ့ပြီး ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် ၎င်းပြည်နယ် နှစ် ခုလောက် အကြိတ်အနယ် မဖြစ်ခဲ့ဟု သိရသည်။
ရခိုင်ပြည်နယ် ဒုတိယအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ တို့အား ရွေးချယ် တင်မြှောက်ခဲ့ရာ ရခိုင်အမျိုးသား ပါတီမှ  ဦးစံကျော်လှမှ  လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်း ခံရ၍ ဒုတိယ ဥက္ကဋ္ဌ  အဖြစ် ဦးဖိုးမင်း အား ရွေးချယ် တင်မြှောက်ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
No comments:
Post a Comment