IS ဌာနခ်ဳပ္ ျဖစ္တဲ့ ရက္ကာ ၿမိဳ႕မွာ သတ္ျဖတ္ ခဲ့တာလို႔ သတင္းေတြက ဆို။
IS အစၥလာမၼစ္ နိုင္ငံအဖြဲ႕ဝင္ စစ္ေသြးႂကြ တစ္ေယာက္က သူ႔ကို IS အဖြဲ႕ထဲကေန ထြက္ဖို႔ ေျပာတဲ့ မိခင္ ျဖစ္သူကို လူျမင္ကြင္းမွာ သူကိုယ္တိုင္ ကြပ္မ်က္ လိုက္တယ္လို႔ ဆီးရီးယားမွာ ရွိတဲ့ လွုပ္ရွားသူ ေတြက ေျပာပါတယ္။
ဆီးရီးယား နိုင္ငံ၊ ရက္ကာ ၿမိဳ႕က စာတိုက္႐ုံး အျပင္ဘက္မွာ ၂၁ ႏွစ္အရြယ္ Ali Saqr ဆိုသူက သူ႔မိခင္ Lena al-Qasem ကို သတ္ျဖတ္ ခဲ့တာလို႔ မ်က္ျမင္ သက္ေသေတြက ေျပာပါတယ္။
ရက္ကာ ၿမိဳ႕ကို IS အဖြဲ႕က ၂၀၁၃ ခုႏွစ္ ၾသဂုတ္လမွာ သိမ္းခဲ့ၿပီးေနာက္ သူတို႔ရဲ့ ဌာနခ်ဳပ္ ၿမိဳ႕အျဖစ္ သုံးလာခဲ့တာ ျဖစ္ပါတယ္။
IS အဖြဲ႕ဟာ သူတို႔နဲ႔ သေဘာကြဲလြဲမွု အားလုံးကို လုံးဝ ခြင့္လႊတ္ေလ့ မရွိဘဲ အမ်ားေရွ႕မွာ ရက္စက္တဲ့ ျပစ္ဒဏ္ေတြ ေပးေလ့ ရွိပါတယ္။
Lena al-Qasem က သူ႔သားကို ေျဖာင္းဖ် ေျပာဆိုရာမွာ အေမရိကန္ ဦးေဆာင္တဲ့ တပ္ဖြဲ႕ေတြက IS အဖြဲ႕ကို ခ်မွုန္းပစ္မွာ ျဖစ္လို႔ သူမနဲ႔ အတူ ၿမိဳ႕ကေန ထြက္ခြာဖို႔ ေျပာခဲ့တာလို႔ သတင္းေတြက ဆိုပါတယ္။
အဲဒီလို ေျပာတဲ့ အေၾကာင္းကို သားျဖစ္သူက IS အဖြဲ႕ကို သတင္း ေပးခဲ့ၿပီးေနာက္ သူ႔မိခင္ကို ကြပ္မ်က္ဖို႔ သူ႔ကို ခိုင္းခဲ့တာ ျဖစ္ပါတယ္။
BBC Burmese
http://www.bbc.com/burmese/
............................
IS အဖွဲ့သားက သူ့မိခင်ကို ကိုယ်တိုင် ကွပ်မျက်
IS ဌာနချုပ် ဖြစ်တဲ့ ရက်ကာ မြို့မှာ သတ်ဖြတ် ခဲ့တာလို့ သတင်းတွေက ဆို။
IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ဝင် စစ်သွေးကြွ တစ်ယောက်က သူ့ကို IS အဖွဲ့ထဲကနေ ထွက်ဖို့ ပြောတဲ့ မိခင် ဖြစ်သူကို လူမြင်ကွင်းမှာ သူကိုယ်တိုင် ကွပ်မျက် လိုက်တယ်လို့ ဆီးရီးယားမှာ ရှိတဲ့ လှုပ်ရှားသူ တွေက ပြောပါတယ်။
ဆီးရီးယား နိုင်ငံ၊ ရက်ကာ မြို့က စာတိုက်ရုံး အပြင်ဘက်မှာ ၂၁ နှစ်အရွယ် Ali Saqr ဆိုသူက သူ့မိခင် Lena al-Qasem ကို သတ်ဖြတ် ခဲ့တာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
ရက်ကာ မြို့ကို IS အဖွဲ့က ၂၀၁၃ ခုနှစ် သြဂုတ်လမှာ သိမ်းခဲ့ပြီးနောက် သူတို့ရဲ့ ဌာနချုပ် မြို့အဖြစ် သုံးလာခဲ့တာ ဖြစ်ပါတယ်။
IS အဖွဲ့ဟာ သူတို့နဲ့ သဘောကွဲလွဲမှု အားလုံးကို လုံးဝ ခွင့်လွှတ်လေ့ မရှိဘဲ အများရှေ့မှာ ရက်စက်တဲ့ ပြစ်ဒဏ်တွေ ပေးလေ့ ရှိပါတယ်။
Lena al-Qasem က သူ့သားကို ဖြောင်းဖျ ပြောဆိုရာမှာ အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေက IS အဖွဲ့ကို ချမှုန်းပစ်မှာ ဖြစ်လို့ သူမနဲ့ အတူ မြို့ကနေ ထွက်ခွာဖို့ ပြောခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။
အဲဒီလို ပြောတဲ့ အကြောင်းကို သားဖြစ်သူက IS အဖွဲ့ကို သတင်း ပေးခဲ့ပြီးနောက် သူ့မိခင်ကို ကွပ်မျက်ဖို့ သူ့ကို ခိုင်းခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese/
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, January 8, 2016
IS အဖြဲ႕သားက သူ႔မိခင္ကို ကိုယ္တိုင္ ကြပ္မ်က္
IS အဖြဲ႕သားက သူ႔မိခင္ကို ကိုယ္တိုင္ ကြပ္မ်က္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 08, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 08, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment