Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 12, 2016

ဥပေဒၾကမ္း ၁၄ ခု လႊတ္ေတာ္သစ္ မွာ ေဆြးေႏြးဖုိ႔ ဆံုးျဖတ္

လႊတ္ေတာ္အစည္းအေဝး က်င္းပေနစဥ္ ။ Photo: RFA
ဖြဲ႔စည္းပုံအေျခခံဥပေဒကုိ ကာကြယ္ေစာင့္ေရွာက္တဲ့ ဥပေဒၾကမ္းအပါအ၀င္ ဥပေဒၾကမ္း ၁၄ ခုကုိ လက္ရွိ လႊတ္ေတာ္သက္တမ္းအတြင္း ဆက္လက္ေဆြးေႏြးျခင္းမျပဳဖုိ႔ ျပည္သူ႔လႊတ္ေတာ္မွာ ဒီကေန႔ ဆုံးျဖတ္လုိက္ပါတယ္။

ဥပေဒၾကမ္း ၁၄ ခုနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးျခင္းမျပဳဖို႔ကို ျပည္သူ႔လႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီ အဖဲြ႔၀င္ေတြက လႊတ္ေတာ္ထံတင္ျပရာမွာ ေကာ္မတီ၀င္ ဦးစတီဖန္က ဖြဲ႔စည္းပုံအေျခခံဥပေဒကုိ ကာကြယ္ေစာင့္ေရွာက္ေရး ဥပေဒၾကမ္းဟာ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးဖို႔လုိအပ္တဲ့အတြက္ လာမယ့္လႊတ္ေတာ္မွာ ဆက္လက္ေဆာင္ရြက္ဖို႔ တင္ျပတာျဖစ္ပါတယ္။

"ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပံုအေျခခံဥပေဒ အခန္း (၁) ႏိုင္ငံေတာ္၏ အေျခခံမူမ်ား ပါ ျပဌာန္းခ်က္မ်ားနဲ႔ စပ္လ်ဥ္း၍ က်ယ္က်ယ္ျပန္႔ျပန္႔ ျပန္လည္ေဆြးေႏြးႏိုင္ရန္အတြက္ လတ္တေလာ အတည္ျပဳေဆာင္ရြက္ျခင္းမျပဳဘဲ ျပည္သူ႔လႊတ္ေတာ္တြင္ မွတ္တမ္းတင္ထားရွိၿပီး ျပည္ေထာင္စုလႊတ္ေတာ္ သို႔ ျပန္လည္ေပးပို႔ရန္ သေဘာတူဆံုးျဖတ္ခဲ့ပါသည္၊ သုိ႔ျဖစ္ပါ၍ ဖြဲ႔စည္းပုံအေျခခံဥပေဒကုိ ကာကြယ္ေစာင့္ေရွာက္တဲ့ ဥပေဒၾကမ္းကို ျပည္သူ႔လႊတ္ေတာ္တြင္ လတ္တေလာ ဆက္လက္ေဆာင္ရြက္ျခင္း မျပဳဘဲ ျပည္သူ႔လႊတ္ေတာ္တြင္ မွတ္တမ္းတင္ထားရွိရန္ႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ ျပန္လည္ေပးပို႔ႏိုင္ေရး အတြက္ လႊတ္ေတာ္ကအတည္ျပဳေပးပါရန္ အစီရင္ခံတင္ျပအပ္ပါတယ္"

ႏ်ဴကလီးယားေဘးႏၱရာယ္ ကင္းရွင္းေရးဥပေဒၾကမ္း၊ ေျမသိမ္းအက္ဥပေဒကုိ ျပင္ဆင္တဲ့ဥပေဒၾကမ္း၊ ၁၉၅၀ ခုႏွစ္ အေရးေပၚစီမံမႈ အက္ဥပေဒကုိ ျပင္ဆင္တဲ့ ဥပေဒၾကမ္း၊ ပုဂၢလိက ပညာေရးဥပေဒကုိျပင္ဆင္တဲ့ ဥပေဒၾကမ္း၊ အက်ဥ္းေထာင္မ်ား ဥပေဒၾကမ္း၊ ၁၉၄၉ ခုႏွစ္ ျပည့္တန္ဆာ ႏွိပ္ကြပ္ေရးဥပေဒကုိ ျပင္ဆင္တဲ့ ဥပေဒၾကမ္းနဲ႔ လက္နက္ဥပေဒကုိျပင္ဆင္တဲ့ ဥပေဒၾကမ္း စတာေတြကုိ ျပည္သူ႔လႊတ္ေတာ္မွာ ေဆြးေႏြးျခင္းမျပဳဘဲ ရပ္ဆုိင္းလိုက္တာျဖစ္ပါတယ္။

လက္ရွိလႊတ္ေတာ္သက္တမ္းအတြင္း ဥပေဒပါင္း ၂၁၃ ခုကို အတည္ျပဳျပဌာန္းခဲ့ၿပီး အဲဒီထဲမွာ အမ်ဳိးသားပညာေရး ဥပေဒ၊ မ်ဳိးေစာင့္ဥပေဒ ၄ခု၊ ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ဥပေဒ၊ ၂၀၀၈ ဖဲ႔ြစည္းပံုအေျခခံဥပေဒကို ျပင္ဆင္တဲ့ ဥပေဒ စတဲ့ ဥပေဒေတြ ပါ၀င္ပါတယ္။

လက္ရွိလႊတ္ေတာ္ဟာ လာမယ့္ ဇန္န၀ါရီလ ၂၉ရက္ေန႔မွာ သက္တမ္းကုန္ဆံုးမွာျဖစ္ၿပီး ဒုတိယအႀကိမ္လႊတ္ေတာ္ ဟာ ေဖေဖာ္၀ါရီလ ၁ရက္ေန႔မွာ စတင္မွာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.............
 လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် ။ Photo: RFA
ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်း ၁၄ ခုကို လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ဆက်လက်ဆွေးနွေးခြင်းမပြုဖို့ ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဥပဒေကြမ်း ၁၄ ခုနဲ့ ပတ်သက်ပြီး ဆွေးနွေးခြင်းမပြုဖို့ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်တွေက လွှတ်တော်ထံတင်ပြရာမှာ ကော်မတီဝင် ဦးစတီဖန်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းဟာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုအပ်တဲ့အတွက် လာမယ့်လွှတ်တော်မှာ ဆက်လက်ဆောင်ရွက်ဖို့ တင်ပြတာဖြစ်ပါတယ်။

"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများ ပါ ပြဌာန်းချက်များနဲ့ စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေးနိုင်ရန်အတွက် လတ်တလော အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပြီး ပြည်ထောင်စုလွှတ်တော် သို့ ပြန်လည်ပေးပို့ရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် လတ်တလော ဆက်လက်ဆောင်ရွက်ခြင်း မပြုဘဲ ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိရန်နှင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်ရေး အတွက် လွှတ်တော်ကအတည်ပြုပေးပါရန် အစီရင်ခံတင်ပြအပ်ပါတယ်"

နျူကလီးယားဘေးန္တရာယ် ကင်းရှင်းရေးဥပဒေကြမ်း၊ မြေသိမ်းအက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း၊ ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှု အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ ပုဂ္ဂလိက ပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်း၊ အကျဉ်းထောင်များ ဥပဒေကြမ်း၊ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ လက်နက်ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်း စတာတွေကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခြင်းမပြုဘဲ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

လက်ရှိလွှတ်တော်သက်တမ်းအတွင်း ဥပဒေပါင်း ၂၁၃ ခုကို အတည်ပြုပြဌာန်းခဲ့ပြီး အဲဒီထဲမှာ အမျိုးသားပညာရေး ဥပဒေ၊ မျိုးစောင့်ဥပဒေ ၄ခု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ စတဲ့ ဥပဒေတွေ ပါ၀င်ပါတယ်။

လက်ရှိလွှတ်တော်ဟာ လာမယ့် ဇန်နဝါရီလ ၂၉ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒုတိယအကြိမ်လွှတ်တော် ဟာ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment