မက္ခ္ဇူကာဘတ္ဆုိတာ AI technology ရဲ႕ ျဖစ္ႏိုင္ေျခမ်ား၊ တီထြင္ဖန္တီးမႈမ်ားနဲ႔ အလွန္းေဝးေနသူ တစ္ဦးေတာ့ မဟုတ္ပါဘူး။ Facebook ကုိယ္၌က AI system ေပၚ လည္ပတ္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္ Facebook တည္ေထာင္သူနဲ႔ CEO ျဖစ္တဲ့သူဟာ ၂၀၁၆ အတြင္း သူ႔ကုိယ္ပုုိင္ အသိအျမင္ကို တုိးခ်ဲ႕ျဖန္႕က်က္ဖုိ႔ စီစဥ္လ်က္ရိွပါတယ္။ ႏွစ္သစ္အတြက္ သူခ်မွတ္ထားတဲ့ သႏၷိဌာန္ေတြမွာေတာ့ ေနအိမ္ ထိန္းသိမ္းေစာင့္ေရွာက္ျခင္း၊ ကေလးျပဳစုထိန္းသိမ္းမႈေတြ ကူညီေဆာင္ရြက္ေပးဖုိ႔ စကားေျပာႏုိင္ျပီး ေနာက္ဆုံး Facebook ကို သူဟာနဲ႔သူ လည္ပတ္ေစမယ့္ AI system တစ္ခုျဖစ္တဲ့ Smarthouse တစ္ခု ထူေထာင္သြားဖုိ႔ ျဖစ္ပါတယ္။
သူ႔ရဲ႕ ၾကီးမားေသာ ႏွစ္သစ္ေမွ်ာ္မွန္းခ်က္ေတြအနက္ ၂၀၁၆ အတြက္ ကုိယ္ပုိင္စိန္ေခၚမႈက မိမိေနအိမ္ အလိုအေလွ်ာက္ လည္ပတ္အလုပ္လုပ္ေစျပီး မိမိအလုပ္ကို ကူညီေဆာင္ရြက္ေပးမယ့္ ရိုးရွင္းေသာ AI စနစ္တစ္ခု တည္ေထာင္သြားဖုိ႔ျဖစ္တယ္လုိ႔ Facebook စာမ်က္ႏွာေပၚမွာ ေရးသားေဖာ္ျပထားပါတယ္။ ဒါကို Iron Man ဇာတ္ကားထဲက Jarvis နဲ႔အလားသ႑ာန္တူ စိတ္ကူးယဥ္ၾကည့္ႏုိင္ပါတယ္။
ဇူကာဘတ္က သူ႔သုေတသနျပဳလုပ္ခ်က္ကို ဒီစီမံကိန္းနဲ႔ ပတ္သက္ဆက္ႏြယ္တဲ့ လက္ရိွပုိင္ဆိုင္ထားျပီးျဖစ္တဲ့ နည္းပညာ WiFi- connected speakers, lights နဲ႔ ေနာက္ျပီး အသိဥာဏ္အတြက္ အင္တာနက္ကို ခ်ိတ္စက္ အသုံးျပဳႏုိင္မယ့္ နည္းပညာမ်ားကို စစ္ေဆးေလ့လာျခင္းျဖင့္ စတင္ေဆာင္ရြက္ဖို႔ စီစဥ္ထားပါတယ္။
ဘယ္နည္းပညာေတြ ပုိင္ဆုိင္ထားျပီလဲ စတင္ စတင္စစ္ေဆးသြားမယ္။ ေနာက္ျပီး အိမ္မွာရိွတဲ့ အရာမွန္သမွ် ျမဴးဇစ္၊အလင္းေရာင္နဲ႕ အပူခ်ိန္ စတာတြ ထိန္းကြပ္ဖုိ႔ မိမိအသံကို နားလည္ေအာင္ စတင္ သင္ၾကားေပးပါမယ္။ သူငယ္ခ်င္းမိတ္ေဆြ အလည္လာလုိ႔ လူေခၚေခါင္းေလာင္း ႏွိပ္တဲ့အခါ မ်က္ႏွာၾကည့္ျပီး ဝင္ခြင့္ျပဳႏိုင္ေအာင္ သင္ၾကားေပးမယ္လုိ႔ ဇူကာဘတ္က ဆုိပါတယ္။
စက္ရုပ္ယဥ္ေက်းမႈထြန္းကားလာမွာ ေၾကာက္လန္႔သူေတြကေတာ့ AI စနစ္ဆီ တည္ေနေသာ ဇက္ကာဘတ္ရဲ႕ သူတပါး အတြက္မၾကည့္တဲ့ သေဘာထားအေပၚ စိုးရိမ္ထိတ္လန္႔ေၾကာင္း ေဖာ္ျပေျပာဆုိၾကပါတယ္။
TrendMyanmar
............
ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မက်ခ်ဇူကာဘတ်ရဲ့ ၂၀၁၆ နှစ်သစ် မျှော်မှန်းချက်
မက်ခ်ဇူကာဘတ်ဆိုတာ AI technology ရဲ့ ဖြစ်နိုင်ခြေများ၊ တီထွင်ဖန်တီးမှုများနဲ့ အလှန်းဝေးနေသူ တစ်ဦးတော့ မဟုတ်ပါဘူး။ Facebook ကိုယ်၌က AI system ပေါ် လည်ပတ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် Facebook တည်ထောင်သူနဲ့ CEO ဖြစ်တဲ့သူဟာ ၂၀၁၆ အတွင်း သူ့ကိုယ်ပုုိင် အသိအမြင်ကို တိုးချဲ့ဖြန့်ကျက်ဖို့ စီစဉ်လျက်ရှိပါတယ်။ နှစ်သစ်အတွက် သူချမှတ်ထားတဲ့ သန္နိဌာန်တွေမှာတော့ နေအိမ် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကလေးပြုစုထိန်းသိမ်းမှုတွေ ကူညီဆောင်ရွက်ပေးဖို့ စကားပြောနိုင်ပြီး နောက်ဆုံး Facebook ကို သူဟာနဲ့သူ လည်ပတ်စေမယ့် AI system တစ်ခုဖြစ်တဲ့ Smarthouse တစ်ခု ထူထောင်သွားဖို့ ဖြစ်ပါတယ်။
သူ့ရဲ့ ကြီးမားသော နှစ်သစ်မျှော်မှန်းချက်တွေအနက် ၂၀၁၆ အတွက် ကိုယ်ပိုင်စိန်ခေါ်မှုက မိမိနေအိမ် အလိုအလျှောက် လည်ပတ်အလုပ်လုပ်စေပြီး မိမိအလုပ်ကို ကူညီဆောင်ရွက်ပေးမယ့် ရိုးရှင်းသော AI စနစ်တစ်ခု တည်ထောင်သွားဖို့ဖြစ်တယ်လို့ Facebook စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။ ဒါကို Iron Man ဇာတ်ကားထဲက Jarvis နဲ့အလားသဏ္ဍာန်တူ စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။
ဇူကာဘတ်က သူ့သုတေသနပြုလုပ်ချက်ကို ဒီစီမံကိန်းနဲ့ ပတ်သက်ဆက်နွယ်တဲ့ လက်ရှိပိုင်ဆိုင်ထားပြီးဖြစ်တဲ့ နည်းပညာ WiFi- connected speakers, lights နဲ့ နောက်ပြီး အသိဉာဏ်အတွက် အင်တာနက်ကို ချိတ်စက် အသုံးပြုနိုင်မယ့် နည်းပညာများကို စစ်ဆေးလေ့လာခြင်းဖြင့် စတင်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။
ဘယ်နည်းပညာတွေ ပိုင်ဆိုင်ထားပြီလဲ စတင် စတင်စစ်ဆေးသွားမယ်။ နောက်ပြီး အိမ်မှာရှိတဲ့ အရာမှန်သမျှ မြူးဇစ်၊အလင်းရောင်နဲ့ အပူချိန် စတာတွ ထိန်းကွပ်ဖို့ မိမိအသံကို နားလည်အောင် စတင် သင်ကြားပေးပါမယ်။ သူငယ်ချင်းမိတ်ဆွေ အလည်လာလို့ လူခေါ်ခေါင်းလောင်း နှိပ်တဲ့အခါ မျက်နှာကြည့်ပြီး ဝင်ခွင့်ပြုနိုင်အောင် သင်ကြားပေးမယ်လို့ ဇူကာဘတ်က ဆိုပါတယ်။
စက်ရုပ်ယဉ်ကျေးမှုထွန်းကားလာမှာ ကြောက်လန့်သူတွေကတော့ AI စနစ်ဆီ တည်နေသော ဇက်ကာဘတ်ရဲ့ သူတပါး အတွက်မကြည့်တဲ့ သဘောထားအပေါ် စိုးရိမ်ထိတ်လန့်ကြောင်း ဖော်ပြပြောဆိုကြပါတယ်။
TrendMyanmar
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, January 6, 2016
ေဖ့စ္ဘြတ္ခ္ တည္ေထာင္သူ မက္ခ္ဇူကာဘတ္ရဲ႕ ၂၀၁၆ ႏွစ္သစ္ ေမွ်ာ္မွန္းခ်က္
ေဖ့စ္ဘြတ္ခ္ တည္ေထာင္သူ မက္ခ္ဇူကာဘတ္ရဲ႕ ၂၀၁၆ ႏွစ္သစ္ ေမွ်ာ္မွန္းခ်က္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 06, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 06, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment