Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 3, 2016

လူသတ္ၿပီး အေလာင္းေဖ်ာက္ထားသည္ကို အသတ္ခံရသူက အေမျဖစ္သူထံ ၀ိဥာဥ္ပူးၿပီး အကူညီေတာင္းရာမွ အမႈေဖာ္ထုတ္ႏိုင္ခဲ့


ၿမိတ္ၿမိဳ႕၊ ေငြပုလဲရပ္၊ ေမြးျမဴေရးဇံုတြင္ လူသတ္ၿပီး အေလာင္းေဖ်ာက္ထားသည္ကို အသတ္ခံရသူက အေမျဖစ္သူထံ ၀ိဥာဥ္ပူးၿပီး အကူညီ ေတာင္းရာမွ အမႈအား ဇန္န၀ါရီ ၃ ရက္တြင္ ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ၿမိတ္ၿမိဳ႕၊ ၿမိတ္ေတာင္ေက်းရြာအုပ္စု၊ ေငြပုလဲရပ္၊ ၿမိဳ႕ပတ္ ၂ လမ္း၊ ေမြးျမဴေရးဇုန္ရွိ ၿခံအမွတ္ ၉ တြင္ ၾကက္ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္ေနသည့္ ဦးေအာင္မိုးေဆြ ေပ်ာက္ဆံုးေနသည္မွာ တစ္လခန္႔ ၾကာျမင့္ၿပီ ျဖစ္ေသာေၾကာင့္
အစ္ကိုျဖစ္သူက ရန္ကုန္ၿမိဳ႕တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္မွ ၿမိတ္ၿမိဳ႕သို႔ လာေရာက္ကာ ရဲစခန္းတြင္ တိုင္ခ်က္ဖြင့္ၿပီး တစ္ရက္အၾကာတြင္ ေဖာ္ထုတ္ႏိုင္ခဲ့ျခင္း ျဖစ္ပါသည္။
“ကၽြန္ေတာ္တို႔ဆီကို ဇန္န၀ါရီလ ၂ ရက္ေန႔မွာ လူေပ်ာက္တိုင္ခ်က္ လာဖြင့္ပါတယ္။ ကၽြန္ေတာ္တို႔ ပတ္၀န္းက်င္ကို သြားေရာက္စံုစမ္းၾကည့္ေတာ့ ေဘးပတ္၀န္းက်င္က လူေတြကလည္း အဲဒီၿခံထဲမွာ တစ္ခုခု ျဖစ္ေနေၾကာင္း မသကၤာ ျဖစ္ေနတယ္လုိ႔ သိရတယ္။ ကၽြန္္ေတာ္တို႔ ၿခံထဲ၀င္ စစ္ေဆးၾကည့္ၿပီး အေလာင္းျမႇဳပ္ထားႏိုင္တယ္လို႔ မသကၤာျဖစ္တဲ့ ေနရာကို သက္ေသေတြႏွင့္ တူးေဖာ္ရာကေန အေလာင္းကို ေတြ႕ရွိခဲ့တာပါ။ ၀ိဥာဥ္ပူးၿပီး ေဖာ္ထုတ္တယ္ ဆိုတာကေတာ့ ကာယကံရွင္ေတြပဲ သိမွာပါ။ ကၽြန္ေတာ္တို႔က ဥပေဒပိုင္းအရ ေဆာင္ရြက္တာပါ” လို႔ ၿမိတ္ၿမိဳ႕မ ရဲစခန္းမွ တာ၀န္က် ရဲတပ္ဖြဲ႕၀င္ တစ္ဦးမွ ေျပာၾကားခဲ့သည္။
ဦးေအာင္မိုးေဆြက အေမျဖစ္သူထံ ၀ိဥာဥ္ပူး အကူညီ ေတာင္းဆိုမႈေၾကာင့္ အေလာင္းကို ၿခံထဲတြင္ ျမႇဳပ္ႏွံထားသည္ကို သိရွိခဲ့ျခင္းျဖစ္ေၾကာင္း အသတ္ခံရသည့္ ဦးေအာင္မိုးေဆြ၏ အကိုျဖစ္သူ ဦးထင္ေအာင္စိုးက ေျပာၾကားခဲ့သည္။
“ကၽြန္ေတာ့္အေမကို ၀ိဥာဥ္၀င္ပူးၿပီး ညီေလးက ေျပာတာပါ။ ဇန္န၀ါရီလ ၂ ရက္ေန႔က ကၽြန္ေတာ္က ၿမိတ္ကို ေရာက္ေနပါၿပီ။ ေမွာ္ဘီမွာရွိတဲ့ ကၽြန္ေတာ့္အေမကို ၀ိဥာဥ္၀င္ပူးၿပီး ညီေလးက အသတ္ခံရေၾကာင္း သူဘယ္မွ မသြားပဲ ၿခံထဲမွာရွိေၾကာင္း သူ႔ကို ကူညီေပးပါလို႔ ေျပာတယ္။ အိပ္မက္လည္း ရပါတယ္။ အဲဒါကို အေမက ကၽြန္ေတာ့္ေဒၚေလးကို ေျပာျပတာ ေဒၚေလးက ကၽြန္ေတာ့္ဆီ ဖုန္းလွမ္းဆက္ၿပီး အဲဒီအေၾကာင္း ေျပာျပတာပါ။ ကၽြန္ေတာ္ ၿမိတ္ေရာက္ေတာ့ ကၽြန္ေတာ့္ညီ ဘယ္မွာလဲလို႔ေမးေတာ့ ၿခံအလုပ္သမားေတြက ထား၀ယ္ဘက္ သြားေနတယ္လို႔ ေျပာတယ္။ ဖုန္းထဲမွာလည္း သူမေသခင္တုန္းက ခရီးထြက္စရာရွိေၾကာင္း တစ္လေလာက္ၾကာမယ္လို႔လည္း message ေတြ ပို႔ခဲ့တယ္။ ကၽြန္ေတာ္က မသကၤာလို႔ ရဲစခန္းမွာ လူေပ်ာက္တိုင္ခ်က္ ဖြင့္ထားခဲ့တယ္” ဟု အသတ္ခံရသူ၏ အစ္ကိုျဖစ္သူ ဦးထင္ေအာင္စိုးမွ ေျပာၾကားခဲ့သည္။
"အေလာင္း မေတြ႕ခင္မွာ ကၽြန္ေတာ္ဆီ ဖုန္း၀င္လာပါတယ္။ ဦးထင္ေအာင္စိုးရဲ႕ဖုန္း ျဖစ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ၾကားလိုက္ရတာကေတာ့ ကၽြန္ေတာ့္သူငယ္ခ်င္း ေအာင္မိုးေဆြ (အသတ္ခံရသူ)ရဲ႕အသံ ျဖစ္ေနတယ္။ သူ႕ရဲ႕ ဖုန္းေျပာတဲ့ပံုစံအတိုင္း ဟဲလို ေအာင္မိုးေဆြပါလို႔ ေျပာပါတယ္။ ၿပီးေတာ့ ငါေတာ့ ဒီမွာ ဒုကၡေရာက္ေနၿပီ။ ငါ့ကို မင္းနဲ႔ ေဇာ္ကိုဦး (ေနာက္သူငယ္ခ်င္းတစ္ဦး) ပဲ ကယ္လို႔ရေတာ့မယ္။ ငါ့ကို ၿခံထဲမွာ ျမဳပ္ထားၾကတယ္လို႔ ငိုသံႏွင့္ ေျပာပါတယ္။ ကၽြန္ေတာ္လည္း အရမ္းအံ့ၾသသြားတယ္။ ေနာက္ေတာ့ သူ႕အစ္ကို ဦးထင္ေအာင္စိုးကို ေမးၾကည့္ေတာ့ သူဖုန္းေခၚတာ မွန္ပါတယ္။ ဒါေပမယ့္ ဖုန္း၀င္တဲ့ အသံပဲ ၾကားေနရတယ္ ဖုန္းေတာင္ မေျပာရေသးဘူးလို႔ ေျပာပါတယ္။ ဖုန္း၀င္တဲ့အသံကို တစ္ဖက္က ၾကားေနရေပမယ့္ ကၽြန္ေတာ့္ဆီမွာကေတာ့ ေအာင္မိုးေဆြရဲ႕ အသံကို အတိုင္းသား ၾကားေနရတာပါ။ ဒါ ကၽြန္ေတာ္ကိုုယ္တိုင္ ႀကံဳေတြ႕ရတာပါ” လို႔ ကိုေအာင္မိုးေဆြ၏ သူငယ္ခ်င္းျဖစ္သူ ၀တုတ္ (ခ) ေက်ာ္၀င္းရွိန္မွ ေျပာၾကားခဲ့သည္။
“ၿခံထဲက လက္ရွိအလုပ္သမားေတြကို ေခၚယူစစ္ေဆး ၿပီးပါၿပီ။ ျပစ္မွုက်ဴးလြန္တဲ့ ဇင္ကိုထိုက္ (၁၇) ႏွစ္ကို မိထားၿပီးပါၿပီ။ အဓိက တရားခံလို႔ ယူဆရတဲ့ ရဲမင္းေဆြ ဆိုသူကို အခု လိုက္လံ ဖမ္းဆီးေနပါတယ္။ အလုပ္ထဲက ထုတ္ခံထားရတာကို အေၾကာင္းျပၿပီး ျဖစ္တာလို႔ ေျပာတယ္။ မိထားတဲ့ သူကေတာ့ ၀န္ခံထားၿပီးပါၿပီ။ ဗိုက္ကို ဓားႏွင့္ထုိးတယ္။ ၿပီးေတာ့ လည္ပင္းကိုလည္း ဓားနဲ႔ ထိုးထားပါတယ္။ ၿပီးေတာ့ ျမန္မာဘီယာေၾကာ္ျငာ ဗီႏိုင္းစနဲ႔ ပတ္ၿပီး ၿခံထဲမွာ ျမႇဳပ္ထားခဲ့တယ္။ ပတ္၀န္းက်င္ကိုလည္း အလုပ္ရွင္ ခရီးထြက္ေနတယ္လို႔ေျပာၿပီး သူတို႔က ဟန္မပ်က္ ပံုမွန္ လုပ္ငန္း လုပ္ေနၾကတယ္။ အခု တစ္ေယာက္ ထြက္ေျပးေနလို႔ ကၽြန္ေတာ္တို႔ တပ္ဖြဲ႕၀င္ေတြ လိုက္ဖမ္းေနပါတယ္” ဟု ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးမွ ေျပာၾကားခဲ့သည္။
အဆိုပါ အမႈႏွင့္ ပတ္သက္ၿပီး ၿမိတ္ၿမိဳ႕မရဲစခန္းမွ (ပ ) ၁၂/၂၀၁၆၊ ျပစ္မွုပုဒ္မ ၃၀၂၊ ၂၀၂၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
■ ေဇာ္မိုးဦး (ၿမိတ္)
Website link -----> http://goo.gl/EB8cOm
Eleven Media Group
................



လူသတ်ပြီး အလောင်းဖျောက်ထားသည်ကို အသတ်ခံရသူက အမေဖြစ်သူထံ ၀ိဉာဉ်ပူးပြီး အကူညီတောင်းရာမှ အမှုဖော်ထုတ်နိုင်ခဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြိတ်မြို့၊ ငွေပုလဲရပ်၊ မွေးမြူရေးဇုံတွင် လူသတ်ပြီး အလောင်းဖျောက်ထားသည်ကို အသတ်ခံရသူက အမေဖြစ်သူထံ ၀ိဉာဉ်ပူးပြီး အကူညီ တောင်းရာမှ အမှုအား ဇန်နဝါရီ ၃ ရက်တွင် ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်၊ မြို့ပတ် ၂ လမ်း၊ မွေးမြူရေးဇုန်ရှိ ခြံအမှတ် ၉ တွင် ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဦးအောင်မိုးဆွေ ပျောက်ဆုံးနေသည်မှာ တစ်လခန့် ကြာမြင့်ပြီ ဖြစ်သောကြောင့်
အစ်ကိုဖြစ်သူက ရန်ကုန်မြို့တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှ မြိတ်မြို့သို့ လာရောက်ကာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ပြီး တစ်ရက်အကြာတွင် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
“ကျွန်တော်တို့ဆီကို ဇန်နဝါရီလ ၂ ရက်နေ့မှာ လူပျောက်တိုင်ချက် လာဖွင့်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို သွားရောက်စုံစမ်းကြည့်တော့ ဘေးပတ်ဝန်းကျင်က လူတွေကလည်း အဲဒီခြံထဲမှာ တစ်ခုခု ဖြစ်နေကြောင်း မသင်္ကာ ဖြစ်နေတယ်လို့ သိရတယ်။ ကျွန််တော်တို့ ခြံထဲဝင် စစ်ဆေးကြည့်ပြီး အလောင်းမြှုပ်ထားနိုင်တယ်လို့ မသင်္ကာဖြစ်တဲ့ နေရာကို သက်သေတွေနှင့် တူးဖော်ရာကနေ အလောင်းကို တွေ့ရှိခဲ့တာပါ။ ၀ိဉာဉ်ပူးပြီး ဖော်ထုတ်တယ် ဆိုတာကတော့ ကာယကံရှင်တွေပဲ သိမှာပါ။ ကျွန်တော်တို့က ဥပဒေပိုင်းအရ ဆောင်ရွက်တာပါ” လို့ မြိတ်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောကြားခဲ့သည်။
ဦးအောင်မိုးဆွေက အမေဖြစ်သူထံ ၀ိဉာဉ်ပူး အကူညီ တောင်းဆိုမှုကြောင့် အလောင်းကို ခြံထဲတွင် မြှုပ်နှံထားသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း အသတ်ခံရသည့် ဦးအောင်မိုးဆွေ၏ အကိုဖြစ်သူ ဦးထင်အောင်စိုးက ပြောကြားခဲ့သည်။
“ကျွန်တော့်အမေကို ၀ိဉာဉ်ဝင်ပူးပြီး ညီလေးက ပြောတာပါ။ ဇန်နဝါရီလ ၂ ရက်နေ့က ကျွန်တော်က မြိတ်ကို ရောက်နေပါပြီ။ မှော်ဘီမှာရှိတဲ့ ကျွန်တော့်အမေကို ၀ိဉာဉ်ဝင်ပူးပြီး ညီလေးက အသတ်ခံရကြောင်း သူဘယ်မှ မသွားပဲ ခြံထဲမှာရှိကြောင်း သူ့ကို ကူညီပေးပါလို့ ပြောတယ်။ အိပ်မက်လည်း ရပါတယ်။ အဲဒါကို အမေက ကျွန်တော့်ဒေါ်လေးကို ပြောပြတာ ဒေါ်လေးက ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်ပြီး အဲဒီအကြောင်း ပြောပြတာပါ။ ကျွန်တော် မြိတ်ရောက်တော့ ကျွန်တော့်ညီ ဘယ်မှာလဲလို့မေးတော့ ခြံအလုပ်သမားတွေက ထားဝယ်ဘက် သွားနေတယ်လို့ ပြောတယ်။ ဖုန်းထဲမှာလည်း သူမသေခင်တုန်းက ခရီးထွက်စရာရှိကြောင်း တစ်လလောက်ကြာမယ်လို့လည်း message တွေ ပို့ခဲ့တယ်။ ကျွန်တော်က မသင်္ကာလို့ ရဲစခန်းမှာ လူပျောက်တိုင်ချက် ဖွင့်ထားခဲ့တယ်” ဟု အသတ်ခံရသူ၏ အစ်ကိုဖြစ်သူ ဦးထင်အောင်စိုးမှ ပြောကြားခဲ့သည်။
"အလောင်း မတွေ့ခင်မှာ ကျွန်တော်ဆီ ဖုန်းဝင်လာပါတယ်။ ဦးထင်အောင်စိုးရဲ့ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကြားလိုက်ရတာကတော့ ကျွန်တော့်သူငယ်ချင်း အောင်မိုးဆွေ (အသတ်ခံရသူ)ရဲ့အသံ ဖြစ်နေတယ်။ သူ့ရဲ့ ဖုန်းပြောတဲ့ပုံစံအတိုင်း ဟဲလို အောင်မိုးဆွေပါလို့ ပြောပါတယ်။ ပြီးတော့ ငါတော့ ဒီမှာ ဒုက္ခရောက်နေပြီ။ ငါ့ကို မင်းနဲ့ ဇော်ကိုဦး (နောက်သူငယ်ချင်းတစ်ဦး) ပဲ ကယ်လို့ရတော့မယ်။ ငါ့ကို ခြံထဲမှာ မြုပ်ထားကြတယ်လို့ ငိုသံနှင့် ပြောပါတယ်။ ကျွန်တော်လည်း အရမ်းအံ့သြသွားတယ်။ နောက်တော့ သူ့အစ်ကို ဦးထင်အောင်စိုးကို မေးကြည့်တော့ သူဖုန်းခေါ်တာ မှန်ပါတယ်။ ဒါပေမယ့် ဖုန်းဝင်တဲ့ အသံပဲ ကြားနေရတယ် ဖုန်းတောင် မပြောရသေးဘူးလို့ ပြောပါတယ်။ ဖုန်းဝင်တဲ့အသံကို တစ်ဖက်က ကြားနေရပေမယ့် ကျွန်တော့်ဆီမှာကတော့ အောင်မိုးဆွေရဲ့ အသံကို အတိုင်းသား ကြားနေရတာပါ။ ဒါ ကျွန်တော်ကိုုယ်တိုင် ကြုံတွေ့ရတာပါ” လို့ ကိုအောင်မိုးဆွေ၏ သူငယ်ချင်းဖြစ်သူ ၀တုတ် (ခ) ကျော်ဝင်းရှိန်မှ ပြောကြားခဲ့သည်။
“ခြံထဲက လက်ရှိအလုပ်သမားတွေကို ခေါ်ယူစစ်ဆေး ပြီးပါပြီ။ ပြစ်မှုကျူးလွန်တဲ့ ဇင်ကိုထိုက် (၁၇) နှစ်ကို မိထားပြီးပါပြီ။ အဓိက တရားခံလို့ ယူဆရတဲ့ ရဲမင်းဆွေ ဆိုသူကို အခု လိုက်လံ ဖမ်းဆီးနေပါတယ်။ အလုပ်ထဲက ထုတ်ခံထားရတာကို အကြောင်းပြပြီး ဖြစ်တာလို့ ပြောတယ်။ မိထားတဲ့ သူကတော့ ၀န်ခံထားပြီးပါပြီ။ ဗိုက်ကို ဓားနှင့်ထိုးတယ်။ ပြီးတော့ လည်ပင်းကိုလည်း ဓားနဲ့ ထိုးထားပါတယ်။ ပြီးတော့ မြန်မာဘီယာကြော်ငြာ ဗီနိုင်းစနဲ့ ပတ်ပြီး ခြံထဲမှာ မြှုပ်ထားခဲ့တယ်။ ပတ်ဝန်းကျင်ကိုလည်း အလုပ်ရှင် ခရီးထွက်နေတယ်လို့ပြောပြီး သူတို့က ဟန်မပျက် ပုံမှန် လုပ်ငန်း လုပ်နေကြတယ်။ အခု တစ်ယောက် ထွက်ပြေးနေလို့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ လိုက်ဖမ်းနေပါတယ်” ဟု မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှ (ပ ) ၁၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂၊ ၂၀၂၊ ၁၁၄ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
■ ဇော်မိုးဦး (မြိတ်)
Website link -----> http://goo.gl/EB8cOm
Eleven Media Group

No comments:

Post a Comment