Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 4, 2016

သ႐ုပ္ပ်က္ဝတ္ဆင္သူမဟုတ္ေၾကာင္း ေျပာတဲ့ ဝတ္မႈံေရႊရည္


ဒါ႐ိုက္တာဝိုင္း၏မဂၤလာ ဧည့္ခံပြဲတြင္ ဝတ္ဆင္ခဲ့သည့္ အ ဝတ္အစားႏွင့္ပတ္သက္၍ ေဝဖန္ မႈမ်ား ႀကံဳေတြ႕ခဲ့ရသည့္ သ႐ုပ္ ေဆာင္ဝတ္မႈံေရႊရည္က ၎ သည္ သ႐ုပ္ပ်က္ေအာင္ ဝတ္ ဆင္တတ္သူမဟုတ္ေသာေၾကာင့္ ေျဖရွင္းစရာမရွိဟု ေျပာၾကား သည္။
‘‘သူမ်ား မဂၤလာယူေနတဲ့ပြဲ မွာ ကစ္ အဲဒီလိုမ်ိဳးဝတ္သြားဖို႔ဆုိ တာ ဘယ္လိုမွ မျဖစ္ႏုိင္တဲ့ကိစၥ ပါ။ ဒီအတြက္ ကစ္က ဒါကိုေျဖ ရွင္းစရာကိစၥလို႔ မထင္ပါဘူး။ ကစ္လို မင္းသမီးတစ္ေယာက္ လည္းျဖစ္တယ္၊ အဝတ္အစား ပိုင္းနဲ႔ပတ္သက္ရင္လည္း သ႐ုပ္ ပ်က္ေအာင္ ဘယ္ေတာ့မွ မဝတ္ ဘဲ အၿမဲတမ္းဆင္ဆင္ျခင္ျခင္နဲ႔ ေနတဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္တာေၾကာင့္ ဒီလိုဂုဏ္သေရရွိ ပြဲကို တက္တဲ့မိန္းမတစ္ေယာက္ က ဒီလိုဝတ္မလားဆိုတာ စဥ္း စားတတ္တဲ့ လူတုိင္းသိႏုိင္ပါ တယ္’’ဟု ဇန္နဝါရီ ၃ ရက္က ျပဳလုပ္ခဲ့သည့္ ‘လေရာင္ျဖာတဲ့ အင္းေလးမွာ’’ ႐ုပ္ရွင္ဇာတ္ကား ကန္ေတာ့ပြဲေပးသည့္ပြဲတြင္ ဝတ္မႈံေရႊရည္က ဆုိသည္။
ဝတ္မႈံေရႊရည္သည္ ဝါဝါ ဝင္းေရႊထုတ္လုပ္ေရးမွ ႐ိုက္ကူး မည့္ ‘လေရာင္ျဖာတဲ့အင္းေလးမွာ’ ႐ုပ္ရွင္ကားတြင္ အင္းေလးသူ တစ္ဦးအေနျဖင့္ လာမည့္ ဧၿပီ ျမန္မာႏွစ္ဆန္းတစ္ရက္၌ သ႐ုပ္ေဆာင္ ေနတိုး၊ ဝါဇင္တုိ႔ ႏွင့္ တြဲဖက္႐ိုက္ကူးမည္ျဖစ္သည္။
‘‘ဒီကားထဲမွာ ကစ္က အင္း သူေလး၊ ရွမ္းမေလးေပါ့။ ေမတၱာ ဖြဲ႕ကားေလးပါ။ အဓိကကေတာ့ ဒီကားက ပရိသတ္ေတြအတြက္ အျမင္အဆန္းေလးတစ္မ်ိဳးျဖစ္မွ ာပါ။ လိုေကးရွင္းကအစ ခံစားခ်က္ တစ္မ်ိဳးျဖစ္မွာပါ။ ကာ႐ိုက္တာ အေနနဲ႔ ေဇာင္းေပးတာမ်ိဳးမဟုတ္ ေပမယ့္ ဇာတ္လမ္းကဆန္းတယ္။ ႐ႈခင္းအလွေတြလည္းပါမယ့္ ဇာတ္ကားတစ္ကားပါ’’ဟု ဝတ္ မႈံေရႊရည္က ေျပာသည္။
ယခုႏွစ္ပိုင္းအတြင္း ႐ုပ္ရွင္ ကားႀကီးမ်ား ဆက္တိုက္ ႐ိုက္ ကူးျဖစ္ေနၿပီး ၎ပါဝင္သည့္ ႐ုပ္ရွင္ကားမ်ား ႐ံုတင္ျပသထားေသာ္ လည္း မၾကာမီက်င္းပမည့္ အ ကယ္ဒမီေပးပြဲအတြက္ ေမွ်ာ္လင့္ ထားျခင္းမရွိဟု ဝတ္မႈံေရႊရည္က ေျပာသည္။
လက္ရွိတြင္ ၎ကိုယ္ပုိင္ တံဆိပ္ျဖင့္ျပဳလုပ္ေရာင္းခ်သည့္ အမွတ္တရပစၥည္းမ်ားကို ေဖေဖာ္ ဝါရီလဆန္းတြင္ လူတိုင္းဝယ္ယူ အားေပးႏုိင္သည့္ ေဈးမ်ိဳးျဖင့္ ပရိ သတ္လက္ထဲသို႔ ေရာင္းခ်ေပးရန္ စီစဥ္လ်က္ရွိေနေၾကာင္း သိရ သည္။
7 Day
.............
သရုပ်ပျက်ဝတ်ဆင်သူမဟုတ်ကြောင်း ပြောတဲ့ ဝတ်မှုံရွှေရည်
ဒါရိုက်တာဝိုင်း၏မင်္ဂလာ ဧည့်ခံပွဲတွင် ဝတ်ဆင်ခဲ့သည့် အ ဝတ်အစားနှင့်ပတ်သက်၍ ဝေဖန် မှုများ ကြုံတွေ့ခဲ့ရသည့် သရုပ် ဆောင်ဝတ်မှုံရွှေရည်က ၎င်း သည် သရုပ်ပျက်အောင် ဝတ် ဆင်တတ်သူမဟုတ်သောကြောင့် ဖြေရှင်းစရာမရှိဟု ပြောကြား သည်။
‘‘သူများ မင်္ဂလာယူနေတဲ့ပွဲ မှာ ကစ် အဲဒီလိုမျိုးဝတ်သွားဖို့ဆို တာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ ပါ။ ဒီအတွက် ကစ်က ဒါကိုဖြေ ရှင်းစရာကိစ္စလို့ မထင်ပါဘူး။ ကစ်လို မင်းသမီးတစ်ယောက် လည်းဖြစ်တယ်၊ အဝတ်အစား ပိုင်းနဲ့ပတ်သက်ရင်လည်း သရုပ် ပျက်အောင် ဘယ်တော့မှ မဝတ် ဘဲ အမြဲတမ်းဆင်ဆင်ခြင်ခြင်နဲ့ နေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်တာကြောင့် ဒီလိုဂုဏ်သရေရှိ ပွဲကို တက်တဲ့မိန်းမတစ်ယောက် က ဒီလိုဝတ်မလားဆိုတာ စဉ်း စားတတ်တဲ့ လူတိုင်းသိနိုင်ပါ တယ်’’ဟု ဇန်နဝါရီ ၃ ရက်က ပြုလုပ်ခဲ့သည့် ‘လရောင်ဖြာတဲ့ အင်းလေးမှာ’’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးသည့်ပွဲတွင် ဝတ်မှုံရွှေရည်က ဆိုသည်။
ဝတ်မှုံရွှေရည်သည် ဝါဝါ ဝင်းရွှေထုတ်လုပ်ရေးမှ ရိုက်ကူး မည့် ‘လရောင်ဖြာတဲ့အင်းလေးမှာ’ ရုပ်ရှင်ကားတွင် အင်းလေးသူ တစ်ဦးအနေဖြင့် လာမည့် ဧပြီ မြန်မာနှစ်ဆန်းတစ်ရက်၌ သရုပ်ဆောင် နေတိုး၊ ဝါဇင်တို့ နှင့် တွဲဖက်ရိုက်ကူးမည်ဖြစ်သည်။
‘‘ဒီကားထဲမှာ ကစ်က အင်း သူလေး၊ ရှမ်းမလေးပေါ့။ မေတ္တာ ဖွဲ့ကားလေးပါ။ အဓိကကတော့ ဒီကားက ပရိသတ်တွေအတွက် အမြင်အဆန်းလေးတစ်မျိုးဖြစ်မှ ာပါ။ လိုကေးရှင်းကအစ ခံစားချက် တစ်မျိုးဖြစ်မှာပါ။ ကာရိုက်တာ အနေနဲ့ ဇောင်းပေးတာမျိုးမဟုတ် ပေမယ့် ဇာတ်လမ်းကဆန်းတယ်။ ရှုခင်းအလှတွေလည်းပါမယ့် ဇာတ်ကားတစ်ကားပါ’’ဟု ဝတ် မှုံရွှေရည်က ပြောသည်။
ယခုနှစ်ပိုင်းအတွင်း ရုပ်ရှင် ကားကြီးများ ဆက်တိုက် ရိုက် ကူးဖြစ်နေပြီး ၎င်းပါဝင်သည့် ရုပ်ရှင်ကားများ ရုံတင်ပြသထားသော် လည်း မကြာမီကျင်းပမည့် အ ကယ်ဒမီပေးပွဲအတွက် မျှော်လင့် ထားခြင်းမရှိဟု ဝတ်မှုံရွှေရည်က ပြောသည်။
လက်ရှိတွင် ၎င်းကိုယ်ပိုင် တံဆိပ်ဖြင့်ပြုလုပ်ရောင်းချသည့် အမှတ်တရပစ္စည်းများကို ဖေဖော် ဝါရီလဆန်းတွင် လူတိုင်းဝယ်ယူ အားပေးနိုင်သည့် ဈေးမျိုးဖြင့် ပရိ သတ်လက်ထဲသို့ ရောင်းချပေးရန် စီစဉ်လျက်ရှိနေကြောင်း သိရ သည်။
7 Day

No comments:

Post a Comment