Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 13, 2016

တင္ဇာေမာ္ႏွင့္ေတြ႕ဆံုျခင္း (အေခြတစ္ေခြထြက္ဖို႔ ၾကန္႔ၾကာတာေတြ ႀကံဳရတာမ်ားေတာ့ အစ္မအတြက္ေတာ့ ႐ုိးေနပါၿပီ)


ဇြဲဉာဏ္


ျမန္မာႏုိင္ငံ၏ အမ်ိဳးသမီးအဆုိေတာ္ မ်ားတြင္ ႏွစ္ကာလရွည္ၾကာစြာ ပရိသတ္အားေပးမႈ ရရွိထားသည့္ အဆိုေတာ္ တင္ဇာေမာ္သည္ ၎၏ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲကို ေဖေဖာ္ဝါရီအတြင္း ျပဳလုပ္ေတာ့မည္ ျဖစ္သည္။ ထို႔အျပင္ မၾကာမီ ရက္ပုိုင္းအတြင္း ၎ေနထုိင္ရာ အဂၤလန္ႏုိင္ငံမွ ျမန္မာႏုိင္ငံသို႔ ျပန္လည္ေရာက္ ရွိလာသည့္ တင္ဇာေမာ္ကို ၎၏ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲ အေၾကာင္းအပါအဝင္  အႏုပညာလႈပ္ရွားမႈမ်ား အေၾကာင္း
ေတြ႕ဆံုေမးျမန္းခဲ့ပါသည္။

ေဖေဖာ္ဝါရီထဲမွာ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲလုပ္ဖို႔ စီစဥ္ထားတာ ဆုိေတာ့ အဲဒီအေၾကာင္းေလး အရင္ဆုံးေျပာျပေပးပါလား။


အစ္မေမြးေန႔က ေဖေဖာ္ဝါရီ ၇ ရက္ေန႔။ အဲဒီေန႔မွာ အစ္မ ပရိသတ္ေတြနဲ႔အတူ အမွတ္တရ ျဖတ္သန္းႏုိင္ေအာင္ ဆုိၿပီး လုပ္ဖို႔စီစဥ္ထားတာ။ ဒါေပမဲ့ အမ်ိဳးသားကဇာတ္႐ံုက ရက္ေတြေပးၿပီးမွ မေပးေတာ့ဘူးဆုိၿပီး ျပန္႐ုပ္သိမ္း သြားတယ္။ အဲဒီေတာ့ စီစဥ္ထားတာေတြ ကေမာက္ကမေတာ့ျဖစ္ တာေပါ့။ ေနရာျပန္ရွာရေတာ့ လိုခ်င္တဲ့ေနရာမရတာေတြရိွတယ္။ လိုခ်င္တဲ့ေနရာ ရျပန္ေတာ့လည္း ကိုယ္လိုခ်င္တဲ့ရက္ မဟုတ္ဘူး။ ၇ ရက္နဲ႔ အနီးဆံုး ၆ရက္ စေနေန႔။ စေနေန႔က ပိုေကာင္းမယ္လည္းထင္ပါတယ္။ တနလၤာအလုပ္ျပန္ ဝင္ရမယ့္သူေတြအတြက္လည္း အဆင္ေျပတာေပါ့။ စေနေန႔လုပ္ ျဖစ္ဖို႔ေတာ့ မ်ားသြားပါၿပီ။ပြဲလုပ္မယ့္ေနရာက MCC Outdoor ျဖစ္မယ္။
ေလာေလာဆယ္ အထိေတာ့ ေငြေတြ ဘာေတြမသြင္း ရေသးေတာ့ Confirm မေျပာႏုိင္ေသးဘူး။ အျမန္ဆံုး ေသခ်ာတာနဲ႔ ပရိသတ္ကို အသိေပးၿပီး လက္မွတ္ စေရာင္းမယ္။ ေလာေလာဆယ္ေတာ့ MCC Outdoor ၆ ရက္ စေနေန႔။

ျမန္မာႏုိင္ငံကို ျပန္ေရာက္တဲ့ အခ်ိန္က အသံဝင္ေနတယ္ ဆုိေပမယ့္  ကိုဝုိင္းရဲ႕ ေဖ်ာ္ေျဖပြဲမွာေတာ့ အေကာင္းဆံုး ေဖ်ာ္ေျဖေပးႏုိင္ခဲ့တဲ့ အေပၚ ပရိသတ္ေတြက ခ်ီးက်ဴးခဲ့ၾကတာဆုိေတာ့ အသံျပန္ထြက္ဖို႔
ေတာ္ေတာ္ႀကိဳးစားခဲ့ ရလား။

အစ္မအသံဝင္တာက ဟိုမွာကတည္းက အသံလံုးဝ ေပ်ာက္သြားတာ။ ဟိုမွာက ဒီမွာထက္ကို အဆေပါင္းမ်ားစြာ ေအးတယ္ ဆုိေတာ့ အိမ္ထဲမွာ Heater နဲ႔ေနရ တယ္။ အျပင္လည္း မထြက္ျဖစ္ဘူး။ အစ္မေရာ၊ သမီးေလးေရာ သိပ္ေနမေကာင္းခ်င္ၾကဘူး။ မဖ်ားဘဲနဲ႔ ခႏၶာကိုယ္က အပူအ ေအးမမွ်တာလားမသိဘူး။ အစ္မ ဆုိရင္ လည္ပင္းေတြအရမ္းနာၿပီး အသံံလံုးဝေပ်ာက္သြားတာ။ စကားေတာင္ မေျပာႏုိင္ေတာ့ဘူး။ ျပန္လာေတာ့လည္း လည္ပင္းက နာေနတုန္းပဲ။ ၇ ရက္ညေနက သီခ်င္းတုိက္ေတာ့ ကိုဝိုင္းေရ အဲဒီ လိုျဖစ္ေနတယ္။ မရရင္ ဘယ္လိုလုပ္ၾကမလဲ ဆုိေတာ့ ကိုဝိုင္းက ၾကည့္လုပ္မွာေပါ့ ဆုိၿပီး အားေပးတာနဲ႔ သီခ်င္းတိုက္ေတာ့ အသံ မဆိုးဘူး၊ နည္းနည္း
ျပန္ထြက္လာတယ္။ အဲဒါနဲ႔ ၇ ရက္ တစ္ညလံုး နဲ႔ ၈ နက္ေန႔ဆိုခါနီးအထိ ေဆးေတြ ေသာက္တယ္။ အတတ္ႏုိင္ဆံုး အသံကို အဆင္ေျပေအာင္ ႀကိဳးစားၿပီးဆုိေတာ့ ပရိသတ္ကလည္း အားေပးတယ္။ အစ္မ အတြက္ ဆုိရက်ိဳး နပ္တာေပါ့။

ဒီဇင္ဘာ လကုန္ပိုင္းက ျဖန္႔ျဖစ္ခဲ့ တဲ့ ‘ဧည့္သည္’သီခ်င္း အေၾကာင္းလည္း ေျပာျပေပးပါဦး။ အရင္ကေတာ့ ကိုလင္းလင္းနဲ႔ ဆိုထားတာေတာ့ ေတြ႕ဖူးတယ္။

ဒီဇင္ဘာ ၂၉ ရက္က Mya-nmar Music Store ကေန ျဖန္႔လိုက္တာ။ အဲဒီသီခ်င္းေလးက အစ္မလက္ထဲမွာ ေရာက္ေနတာ ၁၅ ႏွစ္ေလာက္ၾကာသြားၿပီ။ ဘယ္လို ျဖစ္တာလဲဆုိေတာ့ အစ္မအရင္က ကိုယ္ပိုုင္သံစဥ္အေခြ လုပ္တယ္။ အဲဒီလို လုပ္ေတာ့ ကိုယ္အယ္ျဖဴဆီက သီခ်င္းေလးပုဒ္ ဝယ္တယ္။ ကိုအယ္ျဖဴ  မဆံုးခင္အခ်ိန္ ဆုိေတာ့ သူကလည္း အစ္မကို သီခ်င္းရသေလာက္ ေပးတယ္။ အဲဒီအထဲမွာ ဧည့္သည္သီခ်င္းေလး ပါလာတာ။ အဲဒီသီခ်င္းေလးကို အစ္မလည္း အရမ္းႀကိဳက္တယ္။ ကိုယ့္အေခြ ကလည္း လုပ္မယ္လုပ္မယ္နဲ႔ မလုပ္ျဖစ္ေတာ့ ထုတ္လုပ္သူ တစ္ေယာက္ကို ေပးလိုက္တယ္။ သူထုတ္တဲ့ အေခြမွာ ျမန္ျမန္ ပါသြားလည္း ပရိသတ္ဆီ ကိုေရာက္သြားတယ္ ဆုိၿပီး ေပးလုိက္တာ။ ဒါေပမဲ့ အဲဒီအေခြကလည္း သြင္းၿပီးမွ မထုတ္ႏုိင္ဘူး။ အဲဒါနဲ႔ ဒီအတုိင္းပဲ ျဖစ္ေနတာ။ အဲဒါနဲ႔ အစ္မရဲ႕ စံုတြဲ Show မွာ အဲဒီသီခ်င္းကို ကိုလင္းကလည္း ႀကိဳက္တယ္။ ဆိုခ်င္တယ္ ဆုိေတာ့ ဆုိျဖစ္တာ။ Official အေခြေတာ့ မထြက္ဘူး။ Show မွာဆုိတဲ့ ဗားရွင္းကိုပဲ ပရိသတ္က သိသြားတာ။ အဲဒီလိုနဲ႔ ဦးပီးေပၚက အစ္မနဲ႔ စံုတြဲအေခြ တစ္ေခြ လုပ္တယ္။ အဲဒီအထဲမွာလည္း ကိုလင္းနဲ႔ ထပ္ဆုိ တယ္။ Official ထြက္ေစခ်င္လို႔။ လြန္ခဲ့တဲ့ သံုးႏွစ္က ႏွစ္ပတ္ပဲ ျပန္လာတဲ့ အခ်ိန္မွာ ဆုိေပးျဖစ္တာ။ ဒါေပမဲ့လည္း ဆုိေပးၿပီးမွ အဲဒီအေခြလည္း မထြက္ျဖစ္ဘူး။ အဲဒီသီခ်င္းရဲ႕ History ကလည္း အဲဒီလို ျဖစ္ေနတာ ဆုိေတာ့ ကိုယ့္ဟာကိုယ္ တစ္ကိုယ္ေတာ္ မလုပ္လုိ႔ မျဖစ္ဘူး။ တစ္ေခြစာ ျပည့္ေအာင္ ေစာင့္တာထက္ လက္ထဲမွာရွိတဲ့ သီခ်င္းေလးေတြ လုပ္သြားမယ္ဆုိၿပီး Dream Lover Band နဲ႔ လုပ္သြားမယ္ဆိုၿပီး တီးျဖစ္တယ္။ ‘ဧည့္သည္’ ဆုိတဲ့ သီခ်င္းရယ္၊ ကိုေရႊေရးေပးတဲ့ ‘ကိုယ့္ေမြးေန႔ဆိုတဲ့ သီိခ်င္းရယ္။ အဲဒီ သီခ်င္းေတြလည္း ၁၅ ႏွစ္ေလာက္ရွိၿပီ။ အဲဒီသီခ်င္း ကလည္း အတြဲအေခြအတြက္ လုပ္ထားၿပီး မထြက္ျဖစ္တဲ့ သီခ်င္းေလး။ အဲဒါနဲ႔ ၿပီးခဲ့တဲ့ ႏိုဝင္ဘာမွာေတာ့ ၿပီးေအာင္ လုပ္ၿပီး ကိုကိုလြင္တုိ႔ကို အပ္ခဲ့တာ။ ကမန္းကတန္း စီစဥ္သြားတာ။ အနည္းဆံုးေတာ့ စတူဒီယိုဗားရွင္းသီခ်င္းေလးက အြန္လိုင္းေတာ့ ေရာက္မယ္။ ေနာက္မွ သီခ်င္းပုဒ္ေရျပည့္မွ အေခြထြက္မယ္ ဆုိၿပီး ျဖန္႔ျဖစ္တာ။
ေနာက္ဆံုးေတာ့ ထြက္သြားတယ္။  ကိုယ့္ေမြးေန႔ကေတာ့ ဇန္နဝါရီလကုန္ ျဖန္႔မယ္ လို႔ေျပာတယ္။ အဲဒီသီခ်င္းေလး ကေတာ့ အစ္မရဲ႕တစ္ကိုယ္ေတာ္ ပြဲမတုိင္ခင္ ျဖန္႔ရမယ္လို႔၊ Show မွာ ဆုိခ်င္လို႔ေလ။

အစ္မရဲ႕ တစ္ကိုယ္ေတာ္ အေခြ မထြက္ျဖစ္တာ ဆုိရင္ေကာ ဘယ္ႏွႏွစ္ေလာက္ ျဖစ္သြားၿပီလဲ။

တစ္ကိုယ္ေတာ္ အေခြက မထြက္တာၾကာၿပီေပါ့။ တစ္ပုဒ္ႏွစ္ပုဒ္ေတာ့ ထြက္တယ္။ ေနာက္ဆံုး ထြက္တာက ၂၀၀၁ မွာ ‘ၾကယ္စင္ လိုအခ်စ္မ်ား’ထြက္တာ။ အဲဒါၿပီး ကတည္းက မထြက္ေတာ့ဘူးေလ။ အခုဆုိရင္ ၁၄ ႏွစ္ေက်ာ္ သြားၿပီ။ ၾကားထဲမွာလည္း လူမႈေရး ကိစၥ၊ အိမ္ေထာင္ေရး ကိစၥေတြ ရွိေနေတာ့ Show ေတြပဲ လိုက္ဆုိေနတဲ့ အေနအထား ျဖစ္သြားတာကိုး။ အေခြ မလုပ္ႏုိင္ဘူးေလ။ ေနာက္ၿပီး အေခြ လုပ္ရင္လည္း ေငြထည့္ရတယ္။
ျပန္လည္းမရဘူး ဆုိေတာ့ အားလည္း မရွိဘူးေပါ့။ အခုကေတာ့ ေငြထည့္တာေတာ့ ထည့္ရတာပဲ။ ျပန္ရတာ၊ မရတာလည္း အားလံုးသိတဲ့ အတုိင္းပဲေလ။ ဘယ္လိုပဲျဖစ္ျဖစ္ အဆုိေတာ္တစ္ ေယာက္အေနနဲ႔ အေခြေတာ့ ထြက္ ရမယ္။ သီခ်င္းသစ္ ထြက္ရမယ္ ဆုိေတာ့ အခုႀကိဳးစားေနတယ္။ လက္ထဲမွာေတာ့ ေလးပုဒ္ေလာက္ သြင္းထားတာရွိတယ္။ ဒီတစ္ေခါက္လည္း ႏွစ္ပုဒ္၊ သံုးပုဒ္ေလာက္ သြင္းသြားမွာ ဆုိေတာ့ ေရွ႕ႏွစ္မွာေတာ့ တစ္ေယာက္တည္း အယ္လ္ဘမ္ ထြက္ႏိုင္မယ္ ထင္တယ္။ ၾကားထဲမွာ တစ္ကိုယ္ေတာ္ မထြက္ေပမယ့္‘စုန္းမ’ဆိုတဲ့ သီခ်င္းလည္း ထြက္တယ္။ ကိုေကေအတီ မဆံုးခင္က ေရးေပးခဲ့တဲ့ ‘ဘယ္ေတာ့မ်ားလဲ’ဆိုတဲ့ သီခ်င္းေလးလည္း ထြက္တယ္။ ကိုမင္းခ်စ္သူရဲ႕ (၄၅)ႏွစ္ ျပည့္ အမွတ္တရမွာလည္း အတိတ္ေန႔ေတြ ဆုိတာလည္း ထြက္ထားတယ္။ အခုဆုိရင္ ဧည့္သည္ ကေတာ့ အရင္ဆံုး အြန္လိုင္းက ျဖန္႔တာ။ အဲဒီလို တစ္ပုဒ္စ၊ ႏွစ္ပုဒ္စေတာ့ ထြက္တယ္။

ကိုျမင့္မိုးေအာင္ရဲ႕ သီခ်င္းေတြကို ဆုိခဲ့တဲ့ ‘၂၀၁၄ လက္ေဆာင္’ ဆိုတဲ့ အေခြေလးလည္း မထြက္ႏုိင္ေသးဘူး ဆိုေတာ့ အဲဒီအေခြအေျခအေနေလးလည္း ေျပာေပးပါဦး။

မထြက္ဘူး ဆုိတာက ကိုယ္တုိင္လုပ္ရင္ေတာ့ တစ္မ်ိဳးျဖစ္ရင္ ျဖစ္သြားမယ္။ ကိုယ္တုိင္မလုပ္ျဖစ္ဘဲ တျခား ပ႐ိုဂ်ဴဆာေတြနဲ႔ လုပ္ရတာ ဆုိေတာ့ အားလံုးက အခက္အခဲေတြနဲ႔ မထြက္ႏုိင္တာမ်ိဳး ေတြျဖစ္ေနတယ္။ အစ္မရဲ႕ကံေပါ့။ လုပ္တာေတာ့ လုပ္တယ္။ ဒါေပမဲ့ အလုပ္ကၿပီးေျမာက္ မသြားဘူး။ အခုဆုိရင္လည္း တင္ဇာေမာ္၊ ျမင့္မုိးေအာင္ ၂၀၁၄ လက္ေဆာင္ အေခြက ၂၀၁၄ ႏွစ္လယ္မွာ သြင္းသြားတယ္။ ေမလမွာ လုပ္တယ္။ Target က ၂၀၁၅ မတုိင္ခင္က လုပ္ထားတာ။ အခု ၂၀၁၅ ေတာင္ ေက်ာ္သြားၿပီ မထြက္ႏုိင္ဘူး။ အခု ၂၀၁၆ ကိုေရာက္လာၿပီ။ အဲဒီအေခြက အစ္မရယ္၊ ကိုျမင့္မိုးရယ္၊ Forever Blosson ရယ္ အားလံုး Share လုပ္ၾကတဲ့အေခြ။ အဲဒီေတာ့ အားလံုးပိုင္တဲ့ အေခြ။ အဲဒီအေခြ ထြက္ဖို႔ကလည္း ဒီ Group ကေန ထြက္မယ္။ အစ္မအေခြ အပါအဝင္ သံုးေလးေခြ ထြက္ခ်င္တာ ဆုိတာ့ အစ္မအေခြက ၿပီးေပမယ့္ တျခားအေခြေတြက အဆင္သင့္ မျဖစ္တာ ရွိပါလိမ့္မယ္။ ကိုျမင့္မုိးက ဦးေဆာင္ၿပီး လုပ္ေနတာ ဆုိေတာ့ အစ္မဝင္ၿပီး စြက္ဖက္ဖို႔လည္း အဆင္မေျပဘူး။ သူတုိ႔လည္း သူတုိ႔ကိစၥေလးေတြ လုပ္ေနၾကတယ္။ အစ္မက အသံသြင္းေပးလို႔ပဲ တတ္ႏုိင္တာ ဆုိေတာ့။ အခုေနာက္ဆံုး ကိုျမင့္မုိးနဲ႔ ဖုန္းေျပာျဖစ္ေတာ့ ပြဲလည္းရွိတယ္ ဆုိေတာ့ အဲဒီမတိုင္ခင္ေလး ထြက္ႏိုင္ရင္ ႏွစ္ဖက္စလံုး အက်ိဳးရွိတယ္ လုိ႔ေတာ့ေျပာတယ္။ အဲဒီေတာ့ ထြက္ရင္လည္း ထြက္လာႏုိင္တယ္ေပါ့။ မထြက္ရင္လည္း သူတုိ႔ ထြက္လာႏ
ႏုိင္မယ့္ အခ်ိန္ေပါ့။ ဒီလိုပါပဲ။ အေခြလုပ္တဲ့ ကိစၥေတြမွာေတာ့ အခက္အခဲ အၿမဲတမ္းရွိတယ္။ အေခြတစ္ေခြထြက္ဖို႔ အဲဒီလိုၾကန္႔ၾကာတာေတြ အစ္မဘဝမွာ ႀကံဳရတာေတြမ်ားေတာ့ အစ္မအတြက္ ကေတာ့ ႐ိုးေနပါ ၿပီ။

တစ္ကိုယ္ေတာ္ပြဲမွာ ေဖ်ာ္ေျဖဖုိ႔ သီခ်င္းေတြကိုေကာ ဘယ္လိုေရြးသြားဖို႔ ရွိမလဲ။ အရင္တစ္ခါ အုိင္စီနဲ႔ပြဲမွာလုပ္သလို ပရိသတ္ေတြကို သီခ်င္းေရြးခိုင္းဖို႔ အစီအစဥ္ရွိလား။

ေဖ့စ္ဘြတ္ခ္ကေန အစ္မရဲ႕ ပရိသတ္ေတြကို ေျပာခိုင္း ထားတာေတာ့ ရွိတယ္ဆုိေတာ့ ပရိသတ္ အားလံုးေျပာတဲ့ သီခ်င္းေတြ အားလံုးပါဖို႔ကေတာ့ သိပ္မလြယ္ဘူးေလ။ မဆိုမျဖစ္ဆုိရမယ့္ သီခ်င္းမ်ိဳးေတြရယ္၊ ပရိသတ္ေတာင္း ထားတဲ့ သီခ်င္းမ်ိဳးေတြရယ္ စုၿပီးအတတ္ႏိုင္ဆံုး ပါေအာင္ ႀကိဳးစားဆုိမယ္။ ပြဲအတြက္ ေမးေတာ့ ေမးထားၿပီးၿပီ။ တစ္ကိုယ္ေတာ္ပြဲဆုိေတာ့ စထြက္တဲ့ အေခြကေန ေကာင္းရဲ႕သားနဲ႔ မဆုိျဖစ္တဲ့ သီခ်င္းေလးေတြလည္း ဆုိဖို႔ႀကိဳး စားမယ္။ ဒါမွလည္း အဓိပၸာယ္ ရွိမယ္လို႔ ထင္တယ္။

တစ္ကိုယ္ေတာ္ပြဲ အေနနဲ႔ဆုိရင္ေကာ ဒီပြဲက အစ္မရဲ႕ ဂီတသက္တမ္းမွာ ဘယ္ႏွပြဲေျမာက္ဆိုတဲ့ပြဲ ျဖစ္မလဲ။

တစ္ေယာက္တည္း Solo အေနနဲ႔ဆုိတဲ့ပြဲ ဆုိရင္ေတာ့ ပထမဆံုးပဲေပါ့။ ကိုျမင့္မုိးရဲ႕ သီခ်င္းေတြဆိုတုန္းက သီခ်င္းကလည္း ၁၇ ပုဒ္ ပဲေလ။ ပြဲခ်ိန္ကလည္း တုိတယ္။ ပရိသတ္ကိုလည္း လက္မွတ္ အေရအတြက္ သတ္မွတ္ၿပီး Free Show ဆုိေတာ့ေလ။ ဒီပြဲကေတာ့ တစ္ေယာက္တည္း ဘယ္သူမွမပါဘူး ဆုိေတာ့ ပထမဆံုးပြဲျဖစ္မယ္။

ေမြးေန႔အမွတ္တရပြဲ အေနနဲ႔လုပ္မွာဆုိေတာ့ ပရိသတ္ေတြနဲ႔ အမွတ္တရ အစီအစဥ္ေတြလုပ္ဖို႔ ရွိဦးမလား။

အသက္ (၄၀)ျပည့္ ေမြးေန႔ဆုိေတာ့ အစ္မရဲ႕ ေမြးေန႔မွာ အမွတ္တရ အစီအစဥ္ေလးတစ္ခု ထည့္ဖို႔ေတာ့ ရွိတယ္။ ဘာလဲဆုိတာေတာ့ မေျပာေသးဘူး။ အဲဒီေန႔က်မွပဲ ပရိသတ္ကို အသိေပးမယ္။ ဘာမွလည္း ထူးထူးဆန္း ဆန္းေတာ့ မဟုတ္ပါဘူး။ အားလံုးသိၿပီးသားလည္း ျဖစ္တယ္။ ေမြးေန႔အမွတ္တရ လုပ္တယ္ဆုိေပမယ့္ Fancy လုပ္မွာထက္ အသက္(၄၀)ျပည့္ ဆုိေတာ့ အရမ္းရင့္က်က္ထားၿပီလို႔ ထင္ထားတယ္။ အရမ္းလူငယ္ဆန္ တာမ်ိဳးေတာ့ မလုပ္ပါဘူး။

အရင္က အစ္မရဲ႕ ဝိတ္ခ်နည္းက ေပါက္သြားတယ္။ အခုနည္းနည္း ဝိတ္ျပန္တက္ေနေတာ့ ပြဲမတုိင္ခင္ ဝိတ္ခ်ဖို႔ အစီအစဥ္ ရွိမလား။

ဟိုတစ္ေခါက္ ဝိတ္ခ်နည္းက အခ်ိန္နည္းနည္း ယူရတယ္။ အခုက အခ်ိန္တစ္လေတာင္ မက်န္ေတာ့ ေသခ်ာကစားမွရမယ္။ အဲဒီတုန္းကေတာ့ အစားနဲ႔ပဲထိန္းတာ။ အဲဒီနည္းက စိတ္ရွည္ရင္ေတာ့ ရတယ္။ စိတ္ရွည္ႏိုင္ဖို႔ ကေတာ့ သိပ္မလြယ္ဘူး။ ေန႔တုိင္း ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္လုပ္ရင္ေတာ့ အဆင္ေျပတယ္။ အဲဒီတုန္းကေတာ့ ေသခ်ာလုပ္ လိုက္တာကုိး။ အခုက ကေလးေမြးၿပီးတာနဲ႔ ကစားလုိ႔ကလည္းမရေတာ့ မလုပ္ျဖစ္ဘူး။ အဓိကကေတာ့ စိတ္ပါပဲ။

အခုေနာက္ပိုင္း ျမန္မာႏုိင္ငံကို အၿမဲတမ္းျပန္ျဖစ္ေနတာ ဆိုေတာ့ ယူေကမွာ အလုပ္မလုပ္ ျဖစ္ေတာ့ဘူးလား။

အခု သြားလိုက္ျပန္လုိက္ လုပ္တာဆုိေတာ့ ဟိုမွာ အလုပ္လုပ္လုိ႔ မရေတာ့ဘူးေလ။ အစ္မရဲ႕အလုပ္က တစ္ႏွစ္ပတ္လံုး လုပ္မွ Vaca-tion (အားလပ္ရက္) တစ္လခြဲေလာက္ ရတာေလ။ အစ္မကတစ္ႏွစ္ ခြင့္ယူထားတာ။
ေဖေဖာ္ဝါရီလလယ္ ဆုိရင္ျပည့္မယ္။ ျပည့္ရင္ အလုပ္ထြက္ဖို႔ေတာ့ မ်ားသြားၿပီ။

အဲဒီလိုလုပ္ျဖစ္တာ ကေကာ အဓိကက ဂီတအလုပ္ေတြ ျပန္လုပ္ခ်င္လို႔လား။ ဘာေၾကာင့္လဲ။

အဓိကကေတာ့ ကေလးေၾကာင့္။ ကေလးက အခု (၂)ႏွစ္ပဲ ရွိေသးတာ ဆုိေတာ့ ေနာက္သံုးႏွစ္ေလာက္ ေက်ာင္းမတက္ရေသးဘူး။ အဲဒီသံုးႏွစ္ အတြင္းမွာ သူနဲ႔ အတူေနရမယ္။ အခ်ိန္ေပးရမယ္။ အစ္မက အခ်ိန္ျပည့္ အလုပ္လုပ္ ၿပီး အစ္မရဲ႕ ေယာကၡမကေတာ့ ၾကည့္ေပးပါတယ္။ အဲဒီလိုက်ေတာ့လည္း အမိုးကို သနားတယ္ေလ။ ကိုယ္ရွိေနၿပီး ကေလးနဲ႔ပဲေနမယ္ ဆုိေတာ့လည္း အလုပ္မလုပ္ရင္ ၾကာေတာ့ အဆင္မေျပဘူး။ ျမန္မာျပည္မွာ က်ေတာ့ အစ္မရဲ႕ အေမက တစ္ေယာက္တည္းေပမယ့္ က်န္းမာေရးလည္း ေကာင္းတယ္။ ခႏၶာကိုယ္ပိုင္း အဆင္ေျပတယ္။ ဒါေပမဲ့ တစ္ေယာက္တည္း ေနရေတာ့ စိတ္ပိုင္းဆိုင္ရာေတာ့ သတိရတာမ်ိဳး ရွိတာေပါ့။ အဲဒီေတာ့ အခုလို အခ်ိန္မွာ ဒီကိုျပန္လာၿပီး ကေလးရယ္၊ အစ္မရယ္၊ အေမရယ္ေနရင္ အစ္မလည္း အလုပ္လုပ္ရမယ္။ အေမလည္း အပ်င္းေျပမယ္။ အဲဒီလိုအေတြးနဲ႔ ျမန္မာျပည္ ျပန္လာၿပီး အေမနဲ႔ ခဏေနမယ္ေပါ့။ ကေလးကို ပထမတစ္ေခါက္
ျပန္ေခၚလာတဲ့ အခ်ိန္ ေလးလေလာက္ၾကာေတာ့ အစ္မအမ်ိဳးသားက ကေလးကို မခြဲႏိုင္ဘူးျဖစ္တယ္။ သူက မခြဲႏုိင္ဘူး ဆုိေတာ့ ဒုတိယတစ္ႀကိမ္ မေခၚလာရေတာ့ဘူး။ အဲဒီေတာ့ အစ္္မပဲ ျပန္လာရသလို ျဖစ္သြားတယ္။
ေလာေလာဆယ္ သံုးႏွစ္အတြင္း လုပ္ႏုိင္သေလာက္ လုပ္မယ္။ သံုးႏွစ္ျပည့္သြားလုိ႔ ကေလးေက်ာင္းတက္ရရင္ေတာ့ တစ္မ်ိဳး ျဖစ္ရင္ျဖစ္သြားမွာေပါ့။

ေက်းဇူးတင္ပါတယ္။

http://www.7daydaily.com/story/55576

.........................................................................

တင်ဇာမော်နှင့်တွေ့ဆုံခြင်း

အခွေတစ်ခွေထွက်ဖို့ ကြန့်ကြာတာတွေ ကြုံရတာများတော့ အစ်မအတွက်တော့ ရိုးနေပါပြီ

ဇွဲဉာဏ်


မြန်မာနိုင်ငံ၏ အမျိုးသမီးအဆိုတော် များတွင် နှစ်ကာလရှည်ကြာစွာ ပရိသတ်အားပေးမှု ရရှိထားသည့် အဆိုတော် တင်ဇာမော်သည် ၎င်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီအတွင်း ပြုလုပ်တော့မည် ဖြစ်သည်။ ထို့အပြင် မကြာမီ ရက်ပိုုင်းအတွင်း ၎င်းနေထိုင်ရာ အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိလာသည့် တင်ဇာမော်ကို ၎င်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အကြောင်းအပါအဝင်  အနုပညာလှုပ်ရှားမှုများ အကြောင်း
တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဖေဖော်ဝါရီထဲမှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့ စီစဉ်ထားတာ ဆိုတော့ အဲဒီအကြောင်းလေး အရင်ဆုံးပြောပြပေးပါလား။


အစ်မမွေးနေ့က ဖေဖော်ဝါရီ ရ ရက်နေ့။ အဲဒီနေ့မှာ အစ်မ ပရိသတ်တွေနဲ့အတူ အမှတ်တရ ဖြတ်သန်းနိုင်အောင် ဆိုပြီး လုပ်ဖို့စီစဉ်ထားတာ။ ဒါပေမဲ့ အမျိုးသားကဇာတ်ရုံက ရက်တွေပေးပြီးမှ မပေးတော့ဘူးဆိုပြီး ပြန်ရုပ်သိမ်း သွားတယ်။ အဲဒီတော့ စီစဉ်ထားတာတွေ ကမောက်ကမတော့ဖြစ် တာပေါ့။ နေရာပြန်ရှာရတော့ လိုချင်တဲ့နေရာမရတာတွေရှိတယ်။ လိုချင်တဲ့နေရာ ရပြန်တော့လည်း ကိုယ်လိုချင်တဲ့ရက် မဟုတ်ဘူး။ ရ ရက်နဲ့ အနီးဆုံး ၆ရက် စနေနေ့။ စနေနေ့က ပိုကောင်းမယ်လည်းထင်ပါတယ်။ တနင်္လာအလုပ်ပြန် ဝင်ရမယ့်သူတွေအတွက်လည်း အဆင်ပြေတာပေါ့။ စနေနေ့လုပ် ဖြစ်ဖို့တော့ များသွားပါပြီ။ပွဲလုပ်မယ့်နေရာက MCC Outdoor ဖြစ်မယ်။
လောလောဆယ် အထိတော့ ငွေတွေ ဘာတွေမသွင်း ရသေးတော့ Confirm မပြောနိုင်သေးဘူး။ အမြန်ဆုံး သေချာတာနဲ့ ပရိသတ်ကို အသိပေးပြီး လက်မှတ် စရောင်းမယ်။ လောလောဆယ်တော့ MCC Outdoor ၆ ရက် စနေနေ့။

မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ အချိန်က အသံဝင်နေတယ် ဆိုပေမယ့်  ကိုဝိုင်းရဲ့ ဖျော်ဖြေပွဲမှာတော့ အကောင်းဆုံး ဖျော်ဖြေပေးနိုင်ခဲ့တဲ့ အပေါ် ပရိသတ်တွေက ချီးကျူးခဲ့ကြတာဆိုတော့ အသံပြန်ထွက်ဖို့
တော်တော်ကြိုးစားခဲ့ ရလား။

အစ်မအသံဝင်တာက ဟိုမှာကတည်းက အသံလုံးဝ ပျောက်သွားတာ။ ဟိုမှာက ဒီမှာထက်ကို အဆပေါင်းများစွာ အေးတယ် ဆိုတော့ အိမ်ထဲမှာ Heater နဲ့နေရ တယ်။ အပြင်လည်း မထွက်ဖြစ်ဘူး။ အစ်မရော၊ သမီးလေးရော သိပ်နေမကောင်းချင်ကြဘူး။ မဖျားဘဲနဲ့ ခန္ဓာကိုယ်က အပူအ အေးမမျှတာလားမသိဘူး။ အစ်မ ဆိုရင် လည်ပင်းတွေအရမ်းနာပြီး အသံံလုံးဝပျောက်သွားတာ။ စကားတောင် မပြောနိုင်တော့ဘူး။ ပြန်လာတော့လည်း လည်ပင်းက နာနေတုန်းပဲ။ ရ ရက်ညနေက သီချင်းတိုက်တော့ ကိုဝိုင်းရေ အဲဒီ လိုဖြစ်နေတယ်။ မရရင် ဘယ်လိုလုပ်ကြမလဲ ဆိုတော့ ကိုဝိုင်းက ကြည့်လုပ်မှာပေါ့ ဆိုပြီး အားပေးတာနဲ့ သီချင်းတိုက်တော့ အသံ မဆိုးဘူး၊ နည်းနည်း
ပြန်ထွက်လာတယ်။ အဲဒါနဲ့ ရ ရက် တစ်ညလုံး နဲ့ ၈ နက်နေ့ဆိုခါနီးအထိ ဆေးတွေ သောက်တယ်။ အတတ်နိုင်ဆုံး အသံကို အဆင်ပြေအောင် ကြိုးစားပြီးဆိုတော့ ပရိသတ်ကလည်း အားပေးတယ်။ အစ်မ အတွက် ဆိုရကျိုး နပ်တာပေါ့။

ဒီဇင်ဘာ လကုန်ပိုင်းက ဖြန့်ဖြစ်ခဲ့ တဲ့ ‘ဧည့်သည်’သီချင်း အကြောင်းလည်း ပြောပြပေးပါဦး။ အရင်ကတော့ ကိုလင်းလင်းနဲ့ ဆိုထားတာတော့ တွေ့ဖူးတယ်။

ဒီဇင်ဘာ ၂၉ ရက်က Mya-nmar Music Store ကနေ ဖြန့်လိုက်တာ။ အဲဒီသီချင်းလေးက အစ်မလက်ထဲမှာ ရောက်နေတာ ၁၅ နှစ်လောက်ကြာသွားပြီ။ ဘယ်လို ဖြစ်တာလဲဆိုတော့ အစ်မအရင်က ကိုယ်ပိုုင်သံစဉ်အခွေ လုပ်တယ်။ အဲဒီလို လုပ်တော့ ကိုယ်အယ်ဖြူဆီက သီချင်းလေးပုဒ် ဝယ်တယ်။ ကိုအယ်ဖြူ  မဆုံးခင်အချိန် ဆိုတော့ သူကလည်း အစ်မကို သီချင်းရသလောက် ပေးတယ်။ အဲဒီအထဲမှာ ဧည့်သည်သီချင်းလေး ပါလာတာ။ အဲဒီသီချင်းလေးကို အစ်မလည်း အရမ်းကြိုက်တယ်။ ကိုယ့်အခွေ ကလည်း လုပ်မယ်လုပ်မယ်နဲ့ မလုပ်ဖြစ်တော့ ထုတ်လုပ်သူ တစ်ယောက်ကို ပေးလိုက်တယ်။ သူထုတ်တဲ့ အခွေမှာ မြန်မြန် ပါသွားလည်း ပရိသတ်ဆီ ကိုရောက်သွားတယ် ဆိုပြီး ပေးလိုက်တာ။ ဒါပေမဲ့ အဲဒီအခွေကလည်း သွင်းပြီးမှ မထုတ်နိုင်ဘူး။ အဲဒါနဲ့ ဒီအတိုင်းပဲ ဖြစ်နေတာ။ အဲဒါနဲ့ အစ်မရဲ့ စုံတွဲ Show မှာ အဲဒီသီချင်းကို ကိုလင်းကလည်း ကြိုက်တယ်။ ဆိုချင်တယ် ဆိုတော့ ဆိုဖြစ်တာ။ Official အခွေတော့ မထွက်ဘူး။ Show မှာဆိုတဲ့ ဗားရှင်းကိုပဲ ပရိသတ်က သိသွားတာ။ အဲဒီလိုနဲ့ ဦးပီးပေါ်က အစ်မနဲ့ စုံတွဲအခွေ တစ်ခွေ လုပ်တယ်။ အဲဒီအထဲမှာလည်း ကိုလင်းနဲ့ ထပ်ဆို တယ်။ Official ထွက်စေချင်လို့။ လွန်ခဲ့တဲ့ သုံးနှစ်က နှစ်ပတ်ပဲ ပြန်လာတဲ့ အချိန်မှာ ဆိုပေးဖြစ်တာ။ ဒါပေမဲ့လည်း ဆိုပေးပြီးမှ အဲဒီအခွေလည်း မထွက်ဖြစ်ဘူး။ အဲဒီသီချင်းရဲ့ History ကလည်း အဲဒီလို ဖြစ်နေတာ ဆိုတော့ ကိုယ့်ဟာကိုယ် တစ်ကိုယ်တော် မလုပ်လို့ မဖြစ်ဘူး။ တစ်ခွေစာ ပြည့်အောင် စောင့်တာထက် လက်ထဲမှာရှိတဲ့ သီချင်းလေးတွေ လုပ်သွားမယ်ဆိုပြီး Dream Lover Band နဲ့ လုပ်သွားမယ်ဆိုပြီး တီးဖြစ်တယ်။ ‘ဧည့်သည်’ ဆိုတဲ့ သီချင်းရယ်၊ ကိုရွှေရေးပေးတဲ့ ‘ကိုယ့်မွေးနေ့ဆိုတဲ့ သီိချင်းရယ်။ အဲဒီ သီချင်းတွေလည်း ၁၅ နှစ်လောက်ရှိပြီ။ အဲဒီသီချင်း ကလည်း အတွဲအခွေအတွက် လုပ်ထားပြီး မထွက်ဖြစ်တဲ့ သီချင်းလေး။ အဲဒါနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာမှာတော့ ပြီးအောင် လုပ်ပြီး ကိုကိုလွင်တို့ကို အပ်ခဲ့တာ။ ကမန်းကတန်း စီစဉ်သွားတာ။ အနည်းဆုံးတော့ စတူဒီယိုဗားရှင်းသီချင်းလေးက အွန်လိုင်းတော့ ရောက်မယ်။ နောက်မှ သီချင်းပုဒ်ရေပြည့်မှ အခွေထွက်မယ် ဆိုပြီး ဖြန့်ဖြစ်တာ။
နောက်ဆုံးတော့ ထွက်သွားတယ်။  ကိုယ့်မွေးနေ့ကတော့ ဇန်နဝါရီလကုန် ဖြန့်မယ် လို့ပြောတယ်။ အဲဒီသီချင်းလေး ကတော့ အစ်မရဲ့တစ်ကိုယ်တော် ပွဲမတိုင်ခင် ဖြန့်ရမယ်လို့၊ Show မှာ ဆိုချင်လို့လေ။

အစ်မရဲ့ တစ်ကိုယ်တော် အခွေ မထွက်ဖြစ်တာ ဆိုရင်ကော ဘယ်နှနှစ်လောက် ဖြစ်သွားပြီလဲ။

တစ်ကိုယ်တော် အခွေက မထွက်တာကြာပြီပေါ့။ တစ်ပုဒ်နှစ်ပုဒ်တော့ ထွက်တယ်။ နောက်ဆုံး ထွက်တာက ၂၀၀၁ မှာ ‘ကြယ်စင် လိုအချစ်များ’ထွက်တာ။ အဲဒါပြီး ကတည်းက မထွက်တော့ဘူးလေ။ အခုဆိုရင် ၁၄ နှစ်ကျော် သွားပြီ။ ကြားထဲမှာလည်း လူမှုရေး ကိစ္စ၊ အိမ်ထောင်ရေး ကိစ္စတွေ ရှိနေတော့ Show တွေပဲ လိုက်ဆိုနေတဲ့ အနေအထား ဖြစ်သွားတာကိုး။ အခွေ မလုပ်နိုင်ဘူးလေ။ နောက်ပြီး အခွေ လုပ်ရင်လည်း ငွေထည့်ရတယ်။
ပြန်လည်းမရဘူး ဆိုတော့ အားလည်း မရှိဘူးပေါ့။ အခုကတော့ ငွေထည့်တာတော့ ထည့်ရတာပဲ။ ပြန်ရတာ၊ မရတာလည်း အားလုံးသိတဲ့ အတိုင်းပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် အဆိုတော်တစ် ယောက်အနေနဲ့ အခွေတော့ ထွက် ရမယ်။ သီချင်းသစ် ထွက်ရမယ် ဆိုတော့ အခုကြိုးစားနေတယ်။ လက်ထဲမှာတော့ လေးပုဒ်လောက် သွင်းထားတာရှိတယ်။ ဒီတစ်ခေါက်လည်း နှစ်ပုဒ်၊ သုံးပုဒ်လောက် သွင်းသွားမှာ ဆိုတော့ ရှေ့နှစ်မှာတော့ တစ်ယောက်တည်း အယ်လ်ဘမ် ထွက်နိုင်မယ် ထင်တယ်။ ကြားထဲမှာ တစ်ကိုယ်တော် မထွက်ပေမယ့်‘စုန်းမ’ဆိုတဲ့ သီချင်းလည်း ထွက်တယ်။ ကိုကေအေတီ မဆုံးခင်က ရေးပေးခဲ့တဲ့ ‘ဘယ်တော့များလဲ’ဆိုတဲ့ သီချင်းလေးလည်း ထွက်တယ်။ ကိုမင်းချစ်သူရဲ့ (၄၅)နှစ် ပြည့် အမှတ်တရမှာလည်း အတိတ်နေ့တွေ ဆိုတာလည်း ထွက်ထားတယ်။ အခုဆိုရင် ဧည့်သည် ကတော့ အရင်ဆုံး အွန်လိုင်းက ဖြန့်တာ။ အဲဒီလို တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ ထွက်တယ်။

ကိုမြင့်မိုးအောင်ရဲ့ သီချင်းတွေကို ဆိုခဲ့တဲ့ ‘၂၀၁၄ လက်ဆောင်’ ဆိုတဲ့ အခွေလေးလည်း မထွက်နိုင်သေးဘူး ဆိုတော့ အဲဒီအခွေအခြေအနေလေးလည်း ပြောပေးပါဦး။

မထွက်ဘူး ဆိုတာက ကိုယ်တိုင်လုပ်ရင်တော့ တစ်မျိုးဖြစ်ရင် ဖြစ်သွားမယ်။ ကိုယ်တိုင်မလုပ်ဖြစ်ဘဲ တခြား ပရိုဂျူဆာတွေနဲ့ လုပ်ရတာ ဆိုတော့ အားလုံးက အခက်အခဲတွေနဲ့ မထွက်နိုင်တာမျိုး တွေဖြစ်နေတယ်။ အစ်မရဲ့ကံပေါ့။ လုပ်တာတော့ လုပ်တယ်။ ဒါပေမဲ့ အလုပ်ကပြီးမြောက် မသွားဘူး။ အခုဆိုရင်လည်း တင်ဇာမော်၊ မြင့်မိုးအောင် ၂၀၁၄ လက်ဆောင် အခွေက ၂၀၁၄ နှစ်လယ်မှာ သွင်းသွားတယ်။ မေလမှာ လုပ်တယ်။ Target က ၂၀၁၅ မတိုင်ခင်က လုပ်ထားတာ။ အခု ၂၀၁၅ တောင် ကျော်သွားပြီ မထွက်နိုင်ဘူး။ အခု ၂၀၁၆ ကိုရောက်လာပြီ။ အဲဒီအခွေက အစ်မရယ်၊ ကိုမြင့်မိုးရယ်၊ Forever Blosson ရယ် အားလုံး Share လုပ်ကြတဲ့အခွေ။ အဲဒီတော့ အားလုံးပိုင်တဲ့ အခွေ။ အဲဒီအခွေ ထွက်ဖို့ကလည်း ဒီ Group ကနေ ထွက်မယ်။ အစ်မအခွေ အပါအဝင် သုံးလေးခွေ ထွက်ချင်တာ ဆိုတာ့ အစ်မအခွေက ပြီးပေမယ့် တခြားအခွေတွေက အဆင်သင့် မဖြစ်တာ ရှိပါလိမ့်မယ်။ ကိုမြင့်မိုးက ဦးဆောင်ပြီး လုပ်နေတာ ဆိုတော့ အစ်မဝင်ပြီး စွက်ဖက်ဖို့လည်း အဆင်မပြေဘူး။ သူတို့လည်း သူတို့ကိစ္စလေးတွေ လုပ်နေကြတယ်။ အစ်မက အသံသွင်းပေးလို့ပဲ တတ်နိုင်တာ ဆိုတော့။ အခုနောက်ဆုံး ကိုမြင့်မိုးနဲ့ ဖုန်းပြောဖြစ်တော့ ပွဲလည်းရှိတယ် ဆိုတော့ အဲဒီမတိုင်ခင်လေး ထွက်နိုင်ရင် နှစ်ဖက်စလုံး အကျိုးရှိတယ် လို့တော့ပြောတယ်။ အဲဒီတော့ ထွက်ရင်လည်း ထွက်လာနိုင်တယ်ပေါ့။ မထွက်ရင်လည်း သူတို့ ထွက်လာန
နိုင်မယ့် အချိန်ပေါ့။ ဒီလိုပါပဲ။ အခွေလုပ်တဲ့ ကိစ္စတွေမှာတော့ အခက်အခဲ အမြဲတမ်းရှိတယ်။ အခွေတစ်ခွေထွက်ဖို့ အဲဒီလိုကြန့်ကြာတာတွေ အစ်မဘဝမှာ ကြံုရတာတွေများတော့ အစ်မအတွက် ကတော့ ရိုးနေပါ ပြီ။

တစ်ကိုယ်တော်ပွဲမှာ ဖျော်ဖြေဖို့ သီချင်းတွေကိုကော ဘယ်လိုရွေးသွားဖို့ ရှိမလဲ။ အရင်တစ်ခါ အိုင်စီနဲ့ပွဲမှာလုပ်သလို ပရိသတ်တွေကို သီချင်းရွေးခိုင်းဖို့ အစီအစဉ်ရှိလား။

ဖေ့စ်ဘွတ်ခ်ကနေ အစ်မရဲ့ ပရိသတ်တွေကို ပြောခိုင်း ထားတာတော့ ရှိတယ်ဆိုတော့ ပရိသတ် အားလုံးပြောတဲ့ သီချင်းတွေ အားလုံးပါဖို့ကတော့ သိပ်မလွယ်ဘူးလေ။ မဆိုမဖြစ်ဆိုရမယ့် သီချင်းမျိုးတွေရယ်၊ ပရိသတ်တောင်း ထားတဲ့ သီချင်းမျိုးတွေရယ် စုပြီးအတတ်နိုင်ဆုံး ပါအောင် ကြိုးစားဆိုမယ်။ ပွဲအတွက် မေးတော့ မေးထားပြီးပြီ။ တစ်ကိုယ်တော်ပွဲဆိုတော့ စထွက်တဲ့ အခွေကနေ ကောင်းရဲ့သားနဲ့ မဆိုဖြစ်တဲ့ သီချင်းလေးတွေလည်း ဆိုဖို့ကြိုး စားမယ်။ ဒါမှလည်း အဓိပ္ပာယ် ရှိမယ်လို့ ထင်တယ်။

တစ်ကိုယ်တော်ပွဲ အနေနဲ့ဆိုရင်ကော ဒီပွဲက အစ်မရဲ့ ဂီတသက်တမ်းမှာ ဘယ်နှပွဲမြောက်ဆိုတဲ့ပွဲ ဖြစ်မလဲ။

တစ်ယောက်တည်း Solo အနေနဲ့ဆိုတဲ့ပွဲ ဆိုရင်တော့ ပထမဆုံးပဲပေါ့။ ကိုမြင့်မိုးရဲ့ သီချင်းတွေဆိုတုန်းက သီချင်းကလည်း ၁၇ ပုဒ် ပဲလေ။ ပွဲချိန်ကလည်း တိုတယ်။ ပရိသတ်ကိုလည်း လက်မှတ် အရေအတွက် သတ်မှတ်ပြီး Free Show ဆိုတော့လေ။ ဒီပွဲကတော့ တစ်ယောက်တည်း ဘယ်သူမှမပါဘူး ဆိုတော့ ပထမဆုံးပွဲဖြစ်မယ်။

မွေးနေ့အမှတ်တရပွဲ အနေနဲ့လုပ်မှာဆိုတော့ ပရိသတ်တွေနဲ့ အမှတ်တရ အစီအစဉ်တွေလုပ်ဖို့ ရှိဦးမလား။

အသက် (၄၀)ပြည့် မွေးနေ့ဆိုတော့ အစ်မရဲ့ မွေးနေ့မှာ အမှတ်တရ အစီအစဉ်လေးတစ်ခု ထည့်ဖို့တော့ ရှိတယ်။ ဘာလဲဆိုတာတော့ မပြောသေးဘူး။ အဲဒီနေ့ကျမှပဲ ပရိသတ်ကို အသိပေးမယ်။ ဘာမှလည်း ထူးထူးဆန်း ဆန်းတော့ မဟုတ်ပါဘူး။ အားလုံးသိပြီးသားလည်း ဖြစ်တယ်။ မွေးနေ့အမှတ်တရ လုပ်တယ်ဆိုပေမယ့် Fancy လုပ်မှာထက် အသက်(၄၀)ပြည့် ဆိုတော့ အရမ်းရင့်ကျက်ထားပြီလို့ ထင်ထားတယ်။ အရမ်းလူငယ်ဆန် တာမျိုးတော့ မလုပ်ပါဘူး။

အရင်က အစ်မရဲ့ ဝိတ်ချနည်းက ပေါက်သွားတယ်။ အခုနည်းနည်း ဝိတ်ပြန်တက်နေတော့ ပွဲမတိုင်ခင် ဝိတ်ချဖို့ အစီအစဉ် ရှိမလား။

ဟိုတစ်ခေါက် ဝိတ်ချနည်းက အချိန်နည်းနည်း ယူရတယ်။ အခုက အချိန်တစ်လတောင် မကျန်တော့ သေချာကစားမှရမယ်။ အဲဒီတုန်းကတော့ အစားနဲ့ပဲထိန်းတာ။ အဲဒီနည်းက စိတ်ရှည်ရင်တော့ ရတယ်။ စိတ်ရှည်နိုင်ဖို့ ကတော့ သိပ်မလွယ်ဘူး။ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လုပ်ရင်တော့ အဆင်ပြေတယ်။ အဲဒီတုန်းကတော့ သေချာလုပ် လိုက်တာကိုး။ အခုက ကလေးမွေးပြီးတာနဲ့ ကစားလို့ကလည်းမရတော့ မလုပ်ဖြစ်ဘူး။ အဓိကကတော့ စိတ်ပါပဲ။

အခုနောက်ပိုင်း မြန်မာနိုင်ငံကို အမြဲတမ်းပြန်ဖြစ်နေတာ ဆိုတော့ ယူကေမှာ အလုပ်မလုပ် ဖြစ်တော့ဘူးလား။

အခု သွားလိုက်ပြန်လိုက် လုပ်တာဆိုတော့ ဟိုမှာ အလုပ်လုပ်လို့ မရတော့ဘူးလေ။ အစ်မရဲ့အလုပ်က တစ်နှစ်ပတ်လုံး လုပ်မှ Vaca-tion (အားလပ်ရက်) တစ်လခွဲလောက် ရတာလေ။ အစ်မကတစ်နှစ် ခွင့်ယူထားတာ။
ဖေဖော်ဝါရီလလယ် ဆိုရင်ပြည့်မယ်။ ပြည့်ရင် အလုပ်ထွက်ဖို့တော့ များသွားပြီ။

အဲဒီလိုလုပ်ဖြစ်တာ ကကော အဓိကက ဂီတအလုပ်တွေ ပြန်လုပ်ချင်လို့လား။ ဘာကြောင့်လဲ။

အဓိကကတော့ ကလေးကြောင့်။ ကလေးက အခု (၂)နှစ်ပဲ ရှိသေးတာ ဆိုတော့ နောက်သုံးနှစ်လောက် ကျောင်းမတက်ရသေးဘူး။ အဲဒီသုံးနှစ် အတွင်းမှာ သူနဲ့ အတူနေရမယ်။ အချိန်ပေးရမယ်။ အစ်မက အချိန်ပြည့် အလုပ်လုပ် ပြီး အစ်မရဲ့ ယောက္ခမကတော့ ကြည့်ပေးပါတယ်။ အဲဒီလိုကျတော့လည်း အမိုးကို သနားတယ်လေ။ ကိုယ်ရှိနေပြီး ကလေးနဲ့ပဲနေမယ် ဆိုတော့လည်း အလုပ်မလုပ်ရင် ကြာတော့ အဆင်မပြေဘူး။ မြန်မာပြည်မှာ ကျတော့ အစ်မရဲ့ အမေက တစ်ယောက်တည်းပေမယ့် ကျန်းမာရေးလည်း ကောင်းတယ်။ ခန္ဓာကိုယ်ပိုင်း အဆင်ပြေတယ်။ ဒါပေမဲ့ တစ်ယောက်တည်း နေရတော့ စိတ်ပိုင်းဆိုင်ရာတော့ သတိရတာမျိုး ရှိတာပေါ့။ အဲဒီတော့ အခုလို အချိန်မှာ ဒီကိုပြန်လာပြီး ကလေးရယ်၊ အစ်မရယ်၊ အမေရယ်နေရင် အစ်မလည်း အလုပ်လုပ်ရမယ်။ အမေလည်း အပျင်းပြေမယ်။ အဲဒီလိုအတွေးနဲ့ မြန်မာပြည် ပြန်လာပြီး အမေနဲ့ ခဏနေမယ်ပေါ့။ ကလေးကို ပထမတစ်ခေါက်
ပြန်ခေါ်လာတဲ့ အချိန် လေးလလောက်ကြာတော့ အစ်မအမျိုးသားက ကလေးကို မခွဲနိုင်ဘူးဖြစ်တယ်။ သူက မခွဲနိုင်ဘူး ဆိုတော့ ဒုတိယတစ်ကြိမ် မခေါ်လာရတော့ဘူး။ အဲဒီတော့ အစ််မပဲ ပြန်လာရသလို ဖြစ်သွားတယ်။
လောလောဆယ် သုံးနှစ်အတွင်း လုပ်နိုင်သလောက် လုပ်မယ်။ သုံးနှစ်ပြည့်သွားလို့ ကလေးကျောင်းတက်ရရင်တော့ တစ်မျိုး ဖြစ်ရင်ဖြစ်သွားမှာပေါ့။

ကျေးဇူးတင်ပါတယ်။

http://www.7daydaily.com/story/55576

No comments:

Post a Comment