Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

တ႐ုတ္ျပည္မႀကီးအား သတိေပးလိုက္သည့္ တုိင္ေပ အစုိးရ၏ စစ္ေရး ေလ့က်င့္မႈႀကီး


< သင္းေအာင္ >

တ႐ုတ္(တိုင္ေပ) အစိုးရသည္ ေတာင္တ႐ုတ္ ပင္လယ္အတြင္း လႊမ္းမိုးမႈ ႀကီးထြား လာျခင္းကို ျပသေနေသာ တ႐ုတ္ျပည္မႀကီး ၏ လုပ္ေဆာင္မႈမ်ား အေပၚ သတိေပးသည့္ အေနျဖင့္ ေခတ္မီလက္နက္ ပစၥည္း အမ်ားအျပား ပါဝင္ေသာ စစ္ေရး ေလ့က်င့္မႈႀကီး တစ္ရပ္ကို လုပ္ေဆာင္ ခဲ့သည္။

က်င္းမန္ကြၽန္း ေပၚ၌ ဇန္နဝါရီ ၂၆ ရက္တြင္ စတင္ခဲ့ၿပီး ႏွစ္ရက္ၾကာ ျပဳလုပ္ခဲ့ေသာ အဆိုပါစစ္ေရး ေလ့က်င့္မႈတြင္ တ႐ုတ္(တိုင္ေပ) တပ္ဖြဲ႕၏ ကုန္း၊ ေရႏွစ္သြယ္ ေထာက္လွမ္းေရး တပ္ရင္း (ARB) မွ တပ္ဖြဲ႕ဝင္မ်ားသည္ ဓားျဖင့္ တိုက္ခိုက္ျခင္း၊ ေဖာက္ခြဲေရး ပစၥည္းမ်ားကို အသုံးျပဳ၍ ေလ့က်င့္မႈမ်ား ျပဳလုပ္ျခင္း အပါအဝင္ ကြၽန္းတစ္ေလွ်ာက္ တြင္လည္း ကုန္း၊ ေရႏွစ္သြယ္ ပါဝင္သည့္ စစ္ဆင္ေရးကိုပါ လုပ္ေဆာင္ခဲ့ ၾကသည္။ တုိင္ေပ အစိုးရ၏ အဆိုပါ စစ္ေရး ေလ့က်င့္မႈသည္ ေတာင္တ႐ုတ္ ပင္လယ္အတြင္းရိွ အျငင္းပြား ေရပိုင္နက္ အတြင္း၌ တ႐ုတ္ႏုိင္ငံက ကြၽန္းတုမ်ား တည္ေဆာက္ ေနျခင္းေၾကာင့္ တင္းမာမႈမ်ား ျမင့္တက္ေနစဥ္ ထြက္ေပၚလာျခင္း ျဖစ္သည္။

တ႐ုတ္ႏုိင္ငံ၏ အဆိုပါကြၽန္းတု တည္ေဆာက္ေရး အစီအစဥ္ကို တိုင္ေပအစိုးရ၏ အဓိက မဟာမိတ္ အင္အားႀကီး ႏုိင္ငံ တစ္ႏုိင္ငံ ျဖစ္သည့္ အေမရိကန္ ျပည္ေထာင္စု ကလည္း ကန္႔ကြက္ ထားသည္။

တိုင္ေပအစိုးရ သည္ ေဒၚလာ ၁၁၁ သန္းတန္ဖိုးရိွ EC 225 ရဟတ္ယာဥ္မ်ား အပါအဝင္ Sikorsky S-70C Blue Hawk အမ်ဳိးအစား ရဟတ္ယာဥ္မ်ား ကိုပါ စစ္ေရး ေလ့က်င့္စဥ္  အတြင္း ထုတ္ေဖာ္ျပသ ခဲ့သည္။ ထို႔ျပင္ ေရငုပ္သေဘၤာ ဖ်က္ စစ္ဆင္ေရး ကိုလည္း လုပ္ေဆာင္ ခဲ့သည့္အျပင္ တိုင္ေပေလတပ္ ကလည္း F-16 တုိက္ေလယာဥ္ မ်ားႏွင့္ ေဝဟင္မွ ေဝဟင္ပစ္ ဒုံးက်ည္မ်ားကို စစ္ေရး ေလ့က်င့္ရာတြင္ ထည့္သြင္း အသုံးျပဳ ခဲ့သည္။

ယခုျပဳလုပ္ ခဲ့သည့္ စစ္ေရး ေလ့က်င့္မႈႀကီး သည္ ေဖေဖာ္ဝါရီ ၈ ရက္တြင္ က်င္းပမည့္ တ႐ုတ္ ႏွစ္သစ္ကူး ပြဲေတာ္မတိုင္မီ အခ်ိန္ကိုက္ ထြက္ေပၚလာခဲ့ျခင္း ျဖစ္သည့္ အျပင္ တိုင္ေပ ျပည္သူမ်ား အေနျဖင့္ ၄င္းတို႔ကို
၄င္းတို႔ယုံၾကည္ စိတ္ခ်မႈ ရိွေစရန္ ရည္ရြယ္၍ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

တ႐ုတ္(တိုင္ေပ) သည္ လြတ္လပ္သည့္ ႏုိင္ငံတစ္ႏုိင္ငံ အျဖစ္ တိုင္ေပ အစိုးရႏွင့္ ျပည္သူမ်ားက ႐ႈျမင္ထား ေသာ္လည္း ယင္းေဒသမွာ တ႐ုတ္ျပည္မ ႀကီး၏ အစိတ္အပိုင္း တစ္ခုသာ ျဖစ္သည္ဟု တ႐ုတ္ အစိုးရက ေၾကညာ ထားသည္။

တ႐ုတ္(တိုင္ေပ) ၌ မၾကာမီက က်င္းပ ျပဳလုပ္ခဲ့ေသာ ေရြးေကာက္ပြဲတြင္ ခြဲထြက္ေရးကို လိုလားသည့္ DPP ပါတီက အႏုိင္ ရရိွခဲ့ၿပီးေနာက္ ယခုႏွစ္ ေမလတြင္ တက္ေရာက္ လာမည့္ အစိုးရသစ္၏ ရပ္တည္ခ်က္ အေပၚ တ႐ုတ္ႏုိင္ငံက အနီးကပ္ ေစာင့္ၾကည့္လ်က္ ရိွသည္။

#PyiChitThar

...........................................................

တရုတ်ပြည်မကြီးအား သတိပေးလိုက်သည့် တိုင်ပေ အစိုးရ၏ စစ်ရေး လေ့ကျင့်မှုကြီး



< သင်းအောင် >

တရုတ်(တိုင်ပေ) အစိုးရသည် တောင်တရုတ် ပင်လယ်အတွင်း လွှမ်းမိုးမှု ကြီးထွား လာခြင်းကို ပြသနေသော တရုတ်ပြည်မကြီး ၏ လုပ်ဆောင်မှုများ အပေါ် သတိပေးသည့် အနေဖြင့် ခေတ်မီလက်နက် ပစ္စည်း အများအပြား ပါဝင်သော စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ်ကို လုပ်ဆောင် ခဲ့သည်။

ကျင်းမန်ကျွန်း ပေါ်၌ ဇန်နဝါရီ ၂၆ ရက်တွင် စတင်ခဲ့ပြီး နှစ်ရက်ကြာ ပြုလုပ်ခဲ့သော အဆိုပါစစ်ရေး လေ့ကျင့်မှုတွင် တရုတ်(တိုင်ပေ) တပ်ဖွဲ့၏ ကုန်း၊ ရေနှစ်သွယ် ထောက်လှမ်းရေး တပ်ရင်း (ARB) မှ တပ်ဖွဲ့ဝင်များသည် ဓားဖြင့် တိုက်ခိုက်ခြင်း၊ ဖောက်ခွဲရေး ပစ္စည်းများကို အသုံးပြု၍ လေ့ကျင့်မှုများ ပြုလုပ်ခြင်း အပါအဝင် ကျွန်းတစ်လျှောက် တွင်လည်း ကုန်း၊ ရေနှစ်သွယ် ပါဝင်သည့် စစ်ဆင်ရေးကိုပါ လုပ်ဆောင်ခဲ့ ကြသည်။ တိုင်ပေ အစိုးရ၏ အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် တောင်တရုတ် ပင်လယ်အတွင်းရှိ အငြင်းပွား ရေပိုင်နက် အတွင်း၌ တရုတ်နိုင်ငံက ကျွန်းတုများ တည်ဆောက် နေခြင်းကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ အဆိုပါကျွန်းတု တည်ဆောက်ရေး အစီအစဉ်ကို တိုင်ပေအစိုးရ၏ အဓိက မဟာမိတ် အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အမေရိကန် ပြည်ထောင်စု ကလည်း ကန့်ကွက် ထားသည်။

တိုင်ပေအစိုးရ သည် ဒေါ်လာ ၁၁၁ သန်းတန်ဖိုးရှိ EC 225 ရဟတ်ယာဉ်များ အပါအဝင် Sikorsky S-70C Blue Hawk အမျိုးအစား ရဟတ်ယာဉ်များ ကိုပါ စစ်ရေး လေ့ကျင့်စဉ်  အတွင်း ထုတ်ဖော်ပြသ ခဲ့သည်။ ထို့ပြင် ရေငုပ်သင်္ဘော ဖျက် စစ်ဆင်ရေး ကိုလည်း လုပ်ဆောင် ခဲ့သည့်အပြင် တိုင်ပေလေတပ် ကလည်း F-16 တိုက်လေယာဉ် များနှင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များကို စစ်ရေး လေ့ကျင့်ရာတွင် ထည့်သွင်း အသုံးပြု ခဲ့သည်။

ယခုပြုလုပ် ခဲ့သည့် စစ်ရေး လေ့ကျင့်မှုကြီး သည် ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည့် တရုတ် နှစ်သစ်ကူး ပွဲတော်မတိုင်မီ အချိန်ကိုက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည့် အပြင် တိုင်ပေ ပြည်သူများ အနေဖြင့် ၄င်းတို့ကို
၄င်းတို့ယုံကြည် စိတ်ချမှု ရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်(တိုင်ပေ) သည် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် တိုင်ပေ အစိုးရနှင့် ပြည်သူများက ရှုမြင်ထား သော်လည်း ယင်းဒေသမှာ တရုတ်ပြည်မ ကြီး၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်ဟု တရုတ် အစိုးရက ကြေညာ ထားသည်။

တရုတ်(တိုင်ပေ) ၌ မကြာမီက ကျင်းပ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ခွဲထွက်ရေးကို လိုလားသည့် DPP ပါတီက အနိုင် ရရှိခဲ့ပြီးနောက် ယခုနှစ် မေလတွင် တက်ရောက် လာမည့် အစိုးရသစ်၏ ရပ်တည်ချက် အပေါ် တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့်လျက် ရှိသည်။

#PyiChitThar

No comments:

Post a Comment