Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

ေရႊျပည္သာ လူမိုက္ေခါင္းေဆာင္ ေခါေလး အပါအဝင္ သုံးဦးကို ေသနတ္ျဖင့္ ပစ္ခတ္ ဖမ္းဆီး


ရာဇဝတ္မႈေပါင္းမ်ားစြာ က်ဴးလြန္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနေသာ တရားခံေျပးအျဖစ္ ေၾကညာထားရသူ ေရႊျပည္သာ လူမိုက္ေခါင္းေဆာင္ ေခါေလး အပါအဝင္ အမ်ဳိးသားသုံးဦးကို ဇန္နဝါရီလ ၃၁ ရက္ နံနက္ ၁၁နာရီခြဲက ေရႊျပည္သာၿမဳိ႕နယ္၊ ၁၉ ရပ္ကြက္ရွိ ေနအိမ္တစ္လုံးတြင္ ရဲတပ္ဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ကာ ဖမ္းဆီးခဲ့ေၾကာင္း ေျမာက္ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး႐ုံးထံမွ သိရွိရသည္။
မူးယစ္ေဆးဝါး ေရာင္းခ်မႈ၊ လုယက္မႈ၊ ဓားထိုးမႈ၊ မိုက္ေၾကးခြဲ ဆက္ေၾကးေတာင္းယူမႈမ်ား က်ဴးလြန္ကာ ထြက္ေျပး တိမ္းေရွာင္ေနေသာ အသက္ ၄၃ ႏွစ္ အ႐ြယ္ရွိ လူမိုက္ေခါင္းေဆာင္ ေခါေလး(ခ) ခင္ေမာင္သန္း (ခ) သန္းထိုက္ကို ၄င္းေနထိုင္ရာ အမွတ္(၁၉) ရပ္ကြက္၊ ခ်ယ္ရီလမ္းရွိ ေနအိမ္တြင္ ရဲတပ္ဖြဲ႕က ဝင္ေရာက္ ဖမ္းဆီးခဲ့စဥ္ ၄င္းက ဓားကိုင္ကာ ျပန္လည္တိုက္ခိုက္ခဲ့ေသာေၾကာင့္ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ပစ္ခတ္ကာ ဖမ္းဆီးခဲ့ရေၾကာင္း ေရႊျပည္သာၿမဳိ႕မ ရဲစခန္းမွဴး ဒုရဲမွဴး ခင္ေမာင္လြင္က ေျပာၾကားသည္။
“ေခါေလးကို ဝင္ဖမ္းဆီးခ်ိန္ သူက ဓားကိုင္ၿပီး ရန္ျပဳခဲ့လို႔ တပ္ဖြဲ႕ဝင္တစ္ဦးက ဝင္လုံးေထြး ဖမ္းဆီးခဲ့ရာက ဒဏ္ရာရခဲ့တယ္၊ ရန္ျပဳတိုက္ခိုက္သူ ေခါေလးကို ေသနတ္ပစ္ေဖာက္ ၿခိမ္းေျခာက္ၿပီး ဖမ္းဆီးခဲ့ၿပီး သူ႔အိမ္က ဓားေတြနဲ႔ မူးယစ္ေဆးဝါးေတြပါ သိမ္းဆည္းရမိတယ္။ ဖမ္းမိထားေတြသူရဲ႕ ျပစ္ခ်က္ေဟာင္းေတြကို ေဖာ္ထုတ္ အေရးယူဖို႔ လတ္တေလာ စစ္ေဆးေနဆဲပါ” ဟု ၄င္းက ဆက္လက္ေျပာၾကားသည္။
အဆိုပါ ေရႊျပည္သာလူမိုက္ေခါင္းေဆာင္ ေခါေလးကို ဖမ္းဆီးစဥ္ ၄င္း၏ တပည့္မ်ားျဖစ္ေသာ အသက္ ၂၄ ႏွစ္အ႐ြယ္ ကိုသာဂိ(ခ) စုေအာင္ ႏွင့္ အသက္ ၃၆ ႏွစ္ အ႐ြယ္ကိုနားပိတ္(ခ) ဖိုးေဇာ္တို႔ကိုပါ ဖမ္းမိခဲ့ၿပီး ယင္းေနအိမ္ အတြင္းမွ ဓား ၇ ေခ်ာင္းႏွင့္ အတူ ေဆးေျခာက္ႏွင့္ စိတ္ၾကြေဆးျပားတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း ေျမာက္ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး႐ုံးထံမွ သိရွိရသည္။
The Voice Weekly
.....................
ရွှေပြည်သာ လူမိုက်ခေါင်းဆောင် ခေါလေး အပါအဝင် သုံးဦးကို သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး
------------------------------------
ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးအဖြစ် ကြေညာထားရသူ ရွှေပြည်သာ လူမိုက်ခေါင်းဆောင် ခေါလေး အပါအဝင် အမျိုးသားသုံးဦးကို ဇန်နဝါရီလ ၃၁ ရက် နံနက် ၁၁နာရီခွဲက ရွှေပြည်သာမြို့နယ်၊ ၁၉ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
မူးယစ်ဆေးဝါး ရောင်းချမှု၊ လုယက်မှု၊ ဓားထိုးမှု၊ မိုက်ကြေးခွဲ ဆက်ကြေးတောင်းယူမှုများ ကျူးလွန်ကာ ထွက်ပြေး တိမ်းရှောင်နေသော အသက် ၄၃ နှစ် အရွယ်ရှိ လူမိုက်ခေါင်းဆောင် ခေါလေး(ခ) ခင်မောင်သန်း (ခ) သန်းထိုက်ကို ၄င်းနေထိုင်ရာ အမှတ်(၁၉) ရပ်ကွက်၊ ချယ်ရီလမ်းရှိ နေအိမ်တွင် ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့စဉ် ၄င်းက ဓားကိုင်ကာ ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရကြောင်း ရွှေပြည်သာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ခင်မောင်လွင်က ပြောကြားသည်။
“ခေါလေးကို ဝင်ဖမ်းဆီးချိန် သူက ဓားကိုင်ပြီး ရန်ပြုခဲ့လို့ တပ်ဖွဲ့ဝင်တစ်ဦးက ဝင်လုံးထွေး ဖမ်းဆီးခဲ့ရာက ဒဏ်ရာရခဲ့တယ်၊ ရန်ပြုတိုက်ခိုက်သူ ခေါလေးကို သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး ဖမ်းဆီးခဲ့ပြီး သူ့အိမ်က ဓားတွေနဲ့ မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိတယ်။ ဖမ်းမိထားတွေသူရဲ့ ပြစ်ချက်ဟောင်းတွေကို ဖော်ထုတ် အရေးယူဖို့ လတ်တလော စစ်ဆေးနေဆဲပါ” ဟု ၄င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ရွှေပြည်သာလူမိုက်ခေါင်းဆောင် ခေါလေးကို ဖမ်းဆီးစဉ် ၄င်း၏ တပည့်များဖြစ်သော အသက် ၂၄ နှစ်အရွယ် ကိုသာဂိ(ခ) စုအောင် နှင့် အသက် ၃၆ နှစ် အရွယ်ကိုနားပိတ်(ခ) ဖိုးဇော်တို့ကိုပါ ဖမ်းမိခဲ့ပြီး ယင်းနေအိမ် အတွင်းမှ ဓား ရ ချောင်းနှင့် အတူ ဆေးခြောက်နှင့် စိတ်ကြွဆေးပြားတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment