Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 15, 2016

တာ၀န္ေက်ခ်င္၍ အမ်ိဳးသားပညာေရးဥပေဒကိုေ၀ဖန္ျခင္းျဖစ္၊မိမိအလုပ္ကိုထိခိုက္မည္ဆိုလည္း ခံယူရန္အသင့္ရွိဟု ဒုပါခ်ဳပ္ဆို(ေဒါက္တာမာလာေအာင္)


"ကၽြန္မတို႔က အမ်ိဳးသား ပညာေရးဥပေဒကို လက္ေတြ႔ အေကာင္အထည္ေဖာ္ရမယ့္သူျဖစ္တယ္။ ဒီဥပေဒကို ကၽြန္မအျမင္ေပါ့။ လံုးဝ ဖ်က္ရမယ့္ ပုဒ္မေတြ၊ အေမွာင္ခ်ထားတဲ့ ပုဒ္မေတြ ရွိတယ္လို႔ ေျပာခ်င္တယ္။ ဒီလို ေဝဖန္ေထာက္ျပၿပီး ေျပာတာဟာ ကၽြန္မက ႏိုင္ငံ့ဝန္ထမ္း တာဝန္ေက်ခ်င္လို႔ျဖစ္တယ္။ အဲဒီအတြက္ သက္ေရာက္မႈေတြကေတာ့ လာမွာပဲ။ အဲဒီ သက္ေရာက္မႈက ကၽြန္မအလုပ္ကို ထိခိုက္မယ္ဆိုရင္ ခံယူ႐ံုပဲ" လို႔ ဆရာမက ေျပာခဲ့ပါတယ္။
ေခတ္ေျပာင္းတာကို ဆရာ ဆရာမေတြ ႏိုးၾကားဖို႔လိုပါၿပီ။ မလုပ္၊ မ႐ႈပ္၊ မျပဳတ္ဆိုၿပီး ေခါင္းညိတ္
 ေခါင္းခါျပေနရ မယ့္ ေခတ္ကာလမဟုတ္ေတာ့ပါဘူး။ စစ္အစိုးရေခတ္တစ္ေလွ်ာက္လံုး ေသနတ္နဲ႔
ပါးစပ္ေတြကို ေထာက္ထား တာ ခံခဲ့ရလို႔ ဆရာေတြ ဝန္ထမ္းေတြအားလံုး ႏႈတ္ဆြံ႕အၿပီး စကားမေျပာတတ္ခဲ့တာ ၾကာသြားပါၿပီ။ ေၾကာက္ ေနတာ အေျဖမဟုတ္ေတာ့ဘူး။ ေၾကာက္လို႔ ႏႈတ္ပိတ္ၿပီး မေျပာခဲ့ေလေတာ့ လုပ္ခ်င္သလို လုပ္ၿပီး အႏိုင္ က်င့္ျခင္း ခံရတယ္။ မေတာ္ဘူးလို႔ မေျပာခဲ့ပဲ ေလ်ာ္ကန္သင့္ျမတ္လွေၾကာင္းပါ ဆိုတာပဲ ေျပာၿပီး ဇာတ္ေျမာ ႀကီးေနာက္ ေတာက္ေလွ်ာက္လိုက္ခဲ့ရာက ပ်က္စီးျခင္းေပါင္းမ်ားစြာ ရင္ဆိုင္ခဲ့ရတယ္။
................
ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်က ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ မာလာအောင်
ပညာရေးဥပဒေတိုက်ပွဲခေါ်သံ

"ကျွန်မတို့က အမျိုးသား ပညာရေးဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ရမယ့်သူဖြစ်တယ်။ ဒီဥပဒေကို ကျွန်မအမြင်ပေါ့။ လုံးဝ ဖျက်ရမယ့် ပုဒ်မတွေ၊ အမှောင်ချထားတဲ့ ပုဒ်မတွေ ရှိတယ်လို့ ပြောချင်တယ်။ ဒီလို ဝေဖန်ထောက်ပြပြီး ပြောတာဟာ ကျွန်မက နိုင်ငံ့ဝန်ထမ်း တာဝန်ကျေချင်လို့ဖြစ်တယ်။ အဲဒီအတွက် သက်ရောက်မှုတွေကတော့ လာမှာပဲ။ အဲဒီ သက်ရောက်မှုက ကျွန်မအလုပ်ကို ထိခိုက်မယ်ဆိုရင် ခံယူရုံပဲ" လို့ ဆရာမက ပြောခဲ့ပါတယ်။
ခေတ်ပြောင်းတာကို ဆရာ ဆရာမတွေ နိုးကြားဖို့လိုပါပြီ။ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုပြီး ခေါင်းညိတ်
 ခေါင်းခါပြနေရ မယ့် ခေတ်ကာလမဟုတ်တော့ပါဘူး။ စစ်အစိုးရခေတ်တစ်လျှောက်လုံး သေနတ်နဲ့
ပါးစပ်တွေကို ထောက်ထား တာ ခံခဲ့ရလို့ ဆရာတွေ ဝန်ထမ်းတွေအားလုံး နှုတ်ဆွံ့အပြီး စကားမပြောတတ်ခဲ့တာ ကြာသွားပါပြီ။ ကြောက် နေတာ အဖြေမဟုတ်တော့ဘူး။ ကြောက်လို့ နှုတ်ပိတ်ပြီး မပြောခဲ့လေတော့ လုပ်ချင်သလို လုပ်ပြီး အနိုင် ကျင့်ခြင်း ခံရတယ်။ မတော်ဘူးလို့ မပြောခဲ့ပဲ လျော်ကန်သင့်မြတ်လှကြောင်းပါ ဆိုတာပဲ ပြောပြီး ဇာတ်မြော ကြီးနောက် တောက်လျှောက်လိုက်ခဲ့ရာက ပျက်စီးခြင်းပေါင်းများစွာ ရင်ဆိုင်ခဲ့ရတယ်။


No comments:

Post a Comment