CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, January 27, 2016
လႊတ္ေတာ္ႏႈတ္ဆက္ပြဲတြင္ ဦးခင္ေအာင္ျမင့္ ကိုအံ့ႀကီး၏ သီခ်င္းႏွစ္ပုဒ္သီဆိုမည္
Byရဲႏိုင္နႏၵOn Wed, 2016-01-27 06:30Location ေနျပည္ေတာ္Issue No.No.991 Wednesday, January 27, 2016
ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္း ေနာက္ဆံုး ေန႔တြင္ က်င္းပမည့္ လႊတ္ေတာ္ အမတ္အသစ္မ်ားအား ဂုဏ္ျပဳႀကိဳ ဆိုပြဲ၌ အမ်ဳိးသားလႊတ္ေတာ္ ဥကၠ႒ ဦးခင္ေအာင္ျမင့္က သီခ်င္း ႏွစ္ပုဒ္ သီဆိုမည္ျဖစ္ေၾကာင္း 7Day Daily သတင္းစာအား ေျပာၾကားသည္။
‘‘သူရဦးေရႊမန္းက ေတာင္း ဆိုလို႔ ဆိုေပးမွာပါ’’ဟု ဇန္နဝါရီ ၂၆ ရက္ အမ်ဳိးသားလႊတ္ေတာ္ ႐ံုးခန္းတြင္ ဦးခင္ေအာင္ျမင့္က ေျပာသည္။
အဆိုေတာ္ ကိုအံ့ႀကီး၏ နာမည္ေက်ာ္သီခ်င္းမ်ားျဖစ္ ေသာ‘ေက်းရြာဝါဒ’ႏွင့္ ‘စစ္ကိုင္း ေတာင္’သီခ်င္းတို႔ကို ယဥ္ေက်းမႈ ဝန္ႀကီးဌာန ေဖ်ာ္ေျဖမႈႏွင့္အတူ ယခင္စစ္အစိုးရလက္ထက္တြင္ ယဥ္ေက်းမႈ ဝန္ႀကီးေဟာင္းလည္း ျဖစ္ခဲ့သည့္ ဦးခင္ေအာင္ျမင့္က သီဆိုမည္ျဖစ္သည္။
‘‘ေက်းရြာဝါဒ သီခ်င္းက ေက်းရြာ သာယာလွပတဲ့ အေၾကာင္းကိုဆိုမွာ။ စစ္ကိုင္း ေတာင္က ႏွစ္သစ္ကူးမွာ အားလံုးေပ်ာ္ရႊင္စြာေနၾကမယ္၊ တရား လည္း ရွာေဖြၾကဖို႔ သေဘာနဲ႔ ေရြးခ်ယ္ျဖစ္တာပါ’’ဟု ၎ကဆို သည္။
ဦးခင္ေအာင္ျမင့္သည္ ယခင္ကလည္း ျပည္နယ္ေန႔ အခမ္းအနားအခ်ဳိ႕တြင္ ကိုယ္စား လွယ္မ်ား၏ ေတာင္းဆိုမႈအရ သီခ်င္းမ်ား သီဆိုေပးေလ့ရွိသည္။
ပထမအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ဒုတိယအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အား ဂုဏ္ျပဳႀကိဳဆိုပြဲကို ဇန္နဝါရီ ၂၉ ရက္တြင္ လႊတ္ေတာ္ဝင္း အတြင္း က်င္းပမည္ျဖစ္သည္။ လက္ရွိတြင္ အမ်ဳိးသားလႊတ္ ေတာ္ကိုယ္စားလွယ္ သံုးဦးႏွင့္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စား လွယ္ ငါးဦးတို႔က တစ္ဦးလွ်င္ သီ ခ်င္းႏွစ္ပုဒ္စီသီဆိုရန္ လႊတ္ေတာ္႐ံုးက စီစဥ္ထားေၾကာင္း သိရ သည္။
ဦးခင္ေအာင္ျမင့္သည္ ၂၀၁၀ အေထြေထြေရြးေကာက္ပြဲ တြင္ မႏၲေလးတိုင္းေဒသႀကီး အမ်ဳိးသားလႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္(၈)၌ ျပည္ေထာင္စု ႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ဝင္ေရာက္ ယွဥ္ၿပိဳင္ အႏိုင္ရရွိၿပီး အမ်ဳိးသားလႊတ္ေတာ္ဥကၠ႒ေနရာ ေရြးခ်ယ္ ခံရသည္။ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲတြင္လည္း အဆိုပါမဲဆႏၵနယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ အႏိုင္ရရွိထားသည္။
7Daydaily
....................
လွှတ်တော်နှုတ်ဆက်ပွဲတွင် ဦးခင်အောင်မြင့် ကိုအံ့ကြီး၏ သီချင်းနှစ်ပုဒ်သီဆိုမည်
Byရဲနိုင်နန္ဒOn Wed, 2016-01-27 06:30Location နေပြည်တော်Issue No.No.991 Wednesday, January 27, 2016
ပထမအကြိမ် လွှတ်တော်သက်တမ်း နောက်ဆုံး နေ့တွင် ကျင်းပမည့် လွှတ်တော် အမတ်အသစ်များအား ဂုဏ်ပြုကြို ဆိုပွဲ၌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သီချင်း နှစ်ပုဒ် သီဆိုမည်ဖြစ်ကြောင်း 7Day Daily သတင်းစာအား ပြောကြားသည်။
‘‘သူရဦးရွှေမန်းက တောင်း ဆိုလို့ ဆိုပေးမှာပါ’’ဟု ဇန်နဝါရီ ၂၆ ရက် အမျိုးသားလွှတ်တော် ရုံးခန်းတွင် ဦးခင်အောင်မြင့်က ပြောသည်။
အဆိုတော် ကိုအံ့ကြီး၏ နာမည်ကျော်သီချင်းများဖြစ် သော‘ကျေးရွာဝါဒ’နှင့် ‘စစ်ကိုင်း တောင်’သီချင်းတို့ကို ယဉ်ကျေးမှု ဝန်ကြီးဌာန ဖျော်ဖြေမှုနှင့်အတူ ယခင်စစ်အစိုးရလက်ထက်တွင် ယဉ်ကျေးမှု ဝန်ကြီးဟောင်းလည်း ဖြစ်ခဲ့သည့် ဦးခင်အောင်မြင့်က သီဆိုမည်ဖြစ်သည်။
‘‘ကျေးရွာဝါဒ သီချင်းက ကျေးရွာ သာယာလှပတဲ့ အကြောင်းကိုဆိုမှာ။ စစ်ကိုင်း တောင်က နှစ်သစ်ကူးမှာ အားလုံးပျော်ရွှင်စွာနေကြမယ်၊ တရား လည်း ရှာဖွေကြဖို့ သဘောနဲ့ ရွေးချယ်ဖြစ်တာပါ’’ဟု ၎င်းကဆို သည်။
ဦးခင်အောင်မြင့်သည် ယခင်ကလည်း ပြည်နယ်နေ့ အခမ်းအနားအချို့တွင် ကိုယ်စား လှယ်များ၏ တောင်းဆိုမှုအရ သီချင်းများ သီဆိုပေးလေ့ရှိသည်။
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ အား ဂုဏ်ပြုကြိုဆိုပွဲကို ဇန်နဝါရီ ၂၉ ရက်တွင် လွှတ်တော်ဝင်း အတွင်း ကျင်းပမည်ဖြစ်သည်။ လက်ရှိတွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် သုံးဦးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ငါးဦးတို့က တစ်ဦးလျှင် သီ ချင်းနှစ်ပုဒ်စီသီဆိုရန် လွှတ်တော်ရုံးက စီစဉ်ထားကြောင်း သိရ သည်။
ဦးခင်အောင်မြင့်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၈)၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာ ရွေးချယ် ခံရသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း အဆိုပါမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိထားသည်။
7Daydaily
လႊတ္ေတာ္ႏႈတ္ဆက္ပြဲတြင္ ဦးခင္ေအာင္ျမင့္ ကိုအံ့ႀကီး၏ သီခ်င္းႏွစ္ပုဒ္သီဆိုမည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 27, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 27, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment