Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 8, 2016

ေတာင္ႀကီးတြင္ ကေလး ၃ ဦးကို ေခၚေဆာင္သြားသူအား ဖမ္းဆီး စစ္ေဆးေန

သူဇာ| January 7, 2016
 ကေလးခိုးယူမႈ , ေတာင္ႀကီး, ရဲ တပ္ဖြဲ႕
အာကာဟိန္း(ခ) သီဟႏိုင္ (ဓာတ္ပံု – ေရႊေညာင္နယ္ေျမ ရဲစခန္း)
ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕နယ္ ကြန္လံုေက်းရြာအုပ္စု ေရပူေက်းရြာသား ကေလးငယ္ ၃ ဦးကို ခိုးယူေခၚေဆာင္သြားသည္ ဆိုေသာ အာကာဟိန္း(ခ) သီဟႏိုင္အား ဖမ္းဆီးရမိထားေၾကာင္း ေရႊေညာင္ နယ္ေျမ ရဲစခန္းက ေျပာသည္။

ထို အာကာဟိန္း(ခ) သီဟႏိုင္၏ ေနာက္ကြယ္တြင္ အေပါင္းအပါ၊အဖြဲ႔မ်ား ရွိ မရွိႏွင့္ ပတ္သက္၍လည္း ဆက္လက္စစ္ေဆးေနေၾကာင္း ေရႊေညာင္ နယ္ေျမ ရဲစခန္းမွ ဒုရဲအုပ္ ေစာျမင့္ေဇာ္က ဧရာဝတီကို ေျပာျပသည္။

“တရားခံျဖစ္သူ ေျပာတာကေတာ့ ကေလးေတြကိုခ်စ္လို႔ ေခၚထားတာလို႔ ေျပာပါတယ္။ သူ႔ေနာက္ကြယ္မွာ ဘယ္သူေတြရွိလဲ ဆုိ တာ ကိုေတာ့ က်ေနာ္တုိ႔ေဖာ္ထုတ္ၿပီး ဆက္လက္အေရးယူ ေဆာင္ရြက္မႈေတြ လုပ္ေဆာင္သြားမွာပါ”ဟုလည္း ဒုရဲအုပ္ ေစာျမင့္ေဇာ္ က ဆုိသည္။
အသက္ ၂၁ ႏွစ္ အရြယ္ရွိ အာကာဟိန္း(ခ) သီဟႏိုင္သည္ ကခ်င္-ဗမာ လူမ်ိဳး ျဖစ္ၿပီး ကြန္လုံ ေက်းရြာတြင္ေနထိုင္သူ ျဖစ္ေၾကာင္း၊ က်ပန္းအလုပ္ လုပ္ကိုင္သူ ျဖစ္ေၾကာင္းလည္း ရဲမွတ္တမ္း အရ သိရသည္။

ကေလးမ်ားကို ၅ ညအိပ္ ၆ ရက္ေျမာက္သည္အထိ အာကာဟိန္းက ေတာထဲတြင္ ေခၚေဆာင္ထားေၾကာင္း၊ ကေလးမ်ားက ျပန္ မည္ ဟုေျပာဆုိသည့္အခါ မိမိကုိယ္ကုိ သတ္ေသလိုက္မည္ဟု ေျပာဆုိၿခိမ္းေျခာက္သျဖင့္ ကေလးငယ္မ်ားက ေၾကာက္လန္႔ၿပီး အိမ္မျပန္ရဲျခင္း ျဖစ္ေၾကာင္း၊ ကေလးငယ္မ်ားကို တရားခံက ေျပာင္းဖူးမ်ား မီးဖုတ္ေကြ်းျခင္း၊ စားေတာ္ပဲမ်ား ရွာေဖြေကြ်းျခင္း ျပဳလုပ္ ခဲ့ေၾကာင္း ကေလးမ်ား၏ ျပန္လည္ေျပာျပမႈကို ကိုးကားၿပီး ဒုရဲအုပ္ ေစာျမင့္ေဇာ္က ေျပာသည္။

၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၃၀ ရက္ ေန႔လယ္ ၂ နာရီခန္႔က ေတာင္ႀကီးၿမိဳ႕နယ္ ကြန္လံု ေက်းရြာအုပ္စု ေရပူ ေက်းရြာ ေဒသခံ ပဥၥမ တန္း ေက်ာင္းသား ေမာင္ေအာင္ႏုိင္ဟိန္း၊ ဒုတိယတန္း ေက်ာင္းသား ေမာင္ေဇယ်ာထြန္းႏွင့္ ပထမတန္း ေက်ာင္းသား ေမာင္သန္႔ဇင္္ေအာင္တုိ႔ ၃ ဦးသည္ ေရပူရြာ၏ အေရွ႕ဘက္ရွိ လယ္ကြင္းျပင္သို႔ ငွက္ပစ္ထြက္သြားရာမွ ည ၈ နာရီ ေက်ာ္သည္အထိ ျပန္ ေရာက္ မလာသည့္အတြက္ မိဘမ်ားႏွင့္ သက္ဆုိင္ရာ တာဝန္ရွိသူမ်ား၊ ရြာသားမ်ားက လိုက္လံရွာေဖြခဲ့ၾကေၾကာင္း၊ ထုိ႔သို႔ရွာေဖြေသာ္ လည္း မေတြ႔ရွိသျဖင့္ ကေလးငယ္ မိဘမ်ားက ဇန္န၀ါရီလ ၁ ရက္တြင္ ရဲစခန္းသို႔ လူေပ်ာက္တုိင္ၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ကေလးမ်ားကို ရဲတပ္ဖြဲ႔ အကူအညီျဖင့္ လိုက္လံရွာေဖြခဲ့ရာ ဇန္န၀ါရီလ ၄ ရက္ ညေနပိုင္းတြင္ ကြန္လံုေက်းရြာ အုပ္စု၊ ဘန္းကန္ေက်းရြာ၏ အေနာက္ဘက္ရွိ ေအာ္ေရးရွားေတာ၏ အေရွ႕ဘက္တြင္ ကေလးငယ္ ၃ ဦးကို ေတြ႔ရွိခဲ့ၿပီး ကေလးငယ္မ်ား၏ ျပန္လည္ေျပာၾကားမႈျဖင့္ အာကာဟိန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း ေရႊေညာင္ နယ္ေျမ ရဲစခန္းက ေျပာျပသည္။

ဖမ္းဆီးရမိထားသည့္ အာကာဟိန္းကို ေရႊေညာင္နယ္ေျမ ရဲစခန္းက (ပ) ၅/၂၀၁၆၊ ျပစ္မႈဆုိင္ရာ ပုဒ္မ ၃၆၃ ျဖင့္ အေရးယူထားၿပီး ဆက္လက္ စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၅ ရက္ နံနက္ပိုင္းက ဧရာ၀တီတိုင္း ဖ်ာပံုၿမိဳ႕နယ္တြင္လည္း ကေလး ၇ ဦးကို ခိုးယူေခၚေဆာင္သြားစဥ္ ဖမ္း မိ သည္ဆိုေသာ သတင္းႏွင့္ မြန္ျပည္နယ္၊ သံျဖဴဇရပ္ ၿမိဳ႕နယ္တြင္ ကေလးခိုးခံရသည္ဆိုသည့္အမႈ၊ ဧရာ၀တီတိုင္း ပန္းတေနာ္ၿမိဳ႕နယ္ ဘုရားေခ်ာင္းအုပ္စု မအူေခ်ာင္းရြာတြင္ ကေလးခိုးခံရသည္ဆိုသည့္အမႈ၊ မေကြးၿမိဳ႕တြင္ ကေလးခိုးခံရသည္ဆိုသည့္ အမႈ သတင္းမ်ားႏွင့္အတူ ဧရာ၀တီတိုင္း ပုသိမ္ၿမိဳ႕၌ ကေလးခိုးခံရသည္ဆိုသည့္ ေကာလာဟလသတင္းမ်ား က်ယ္ျပန္႔စြာထြက္ေပၚေန သျဖင့္ တာ၀န္ရွိသူမ်ားက ကြင္းဆင္းေဟာေျပာမႈမ်ား ျပဳလုပ္ေနေၾကာင္း သမၼတ႐ုံး ညႊန္ၾကားေရးမႉး ဦးေဇာ္ေဌး၏ လူမႈကြန္ရက္ ေဖ့စ္ဘုတ္ စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။
Irrawaddy
........................
တောင်ကြီးတွင် ကလေး ၃ ဦးကို ခေါ်ဆောင်သွားသူအား ဖမ်းဆီး စစ်ဆေးနေ
သူဇာ| January 7, 2016
 ကလေးခိုးယူမှု , တောင်ကြီး, ရဲ တပ်ဖွဲ့
အာကာဟိန်း(ခ) သီဟနိုင် (ဓာတ်ပုံ – ရွှေညောင်နယ်မြေ ရဲစခန်း)
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာသား ကလေးငယ် ၃ ဦးကို ခိုးယူခေါ်ဆောင်သွားသည် ဆိုသော အာကာဟိန်း(ခ) သီဟနိုင်အား ဖမ်းဆီးရမိထားကြောင်း ရွှေညောင် နယ်မြေ ရဲစခန်းက ပြောသည်။

ထို အာကာဟိန်း(ခ) သီဟနိုင်၏ နောက်ကွယ်တွင် အပေါင်းအပါ၊အဖွဲ့များ ရှိ မရှိနှင့် ပတ်သက်၍လည်း ဆက်လက်စစ်ဆေးနေကြောင်း ရွှေညောင် နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် စောမြင့်ဇော်က ဧရာဝတီကို ပြောပြသည်။

“တရားခံဖြစ်သူ ပြောတာကတော့ ကလေးတွေကိုချစ်လို့ ခေါ်ထားတာလို့ ပြောပါတယ်။ သူ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ ဆို တာ ကိုတော့ ကျနော်တို့ဖော်ထုတ်ပြီး ဆက်လက်အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာပါ”ဟုလည်း ဒုရဲအုပ် စောမြင့်ဇော် က ဆိုသည်။
အသက် ၂၁ နှစ် အရွယ်ရှိ အာကာဟိန်း(ခ) သီဟနိုင်သည် ကချင်-ဗမာ လူမျိုး ဖြစ်ပြီး ကွန်လုံ ကျေးရွာတွင်နေထိုင်သူ ဖြစ်ကြောင်း၊ ကျပန်းအလုပ် လုပ်ကိုင်သူ ဖြစ်ကြောင်းလည်း ရဲမှတ်တမ်း အရ သိရသည်။

ကလေးများကို ၅ ညအိပ် ၆ ရက်မြောက်သည်အထိ အာကာဟိန်းက တောထဲတွင် ခေါ်ဆောင်ထားကြောင်း၊ ကလေးများက ပြန် မည် ဟုပြောဆိုသည့်အခါ မိမိကိုယ်ကို သတ်သေလိုက်မည်ဟု ပြောဆိုခြိမ်းခြောက်သဖြင့် ကလေးငယ်များက ကြောက်လန့်ပြီး အိမ်မပြန်ရဲခြင်း ဖြစ်ကြောင်း၊ ကလေးငယ်များကို တရားခံက ပြောင်းဖူးများ မီးဖုတ်ကျွေးခြင်း၊ စားတော်ပဲများ ရှာဖွေကျွေးခြင်း ပြုလုပ် ခဲ့ကြောင်း ကလေးများ၏ ပြန်လည်ပြောပြမှုကို ကိုးကားပြီး ဒုရဲအုပ် စောမြင့်ဇော်က ပြောသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နေ့လယ် ၂ နာရီခန့်က တောင်ကြီးမြို့နယ် ကွန်လုံ ကျေးရွာအုပ်စု ရေပူ ကျေးရွာ ဒေသခံ ပဥ္စမ တန်း ကျောင်းသား မောင်အောင်နိုင်ဟိန်း၊ ဒုတိယတန်း ကျောင်းသား မောင်ဇေယျာထွန်းနှင့် ပထမတန်း ကျောင်းသား မောင်သန့်ဇင််အောင်တို့ ၃ ဦးသည် ရေပူရွာ၏ အရှေ့ဘက်ရှိ လယ်ကွင်းပြင်သို့ ငှက်ပစ်ထွက်သွားရာမှ ည ၈ နာရီ ကျော်သည်အထိ ပြန် ရောက် မလာသည့်အတွက် မိဘများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရွာသားများက လိုက်လံရှာဖွေခဲ့ကြကြောင်း၊ ထို့သို့ရှာဖွေသော် လည်း မတွေ့ရှိသဖြင့် ကလေးငယ် မိဘများက ဇန်နဝါရီလ ၁ ရက်တွင် ရဲစခန်းသို့ လူပျောက်တိုင်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကလေးများကို ရဲတပ်ဖွဲ့ အကူအညီဖြင့် လိုက်လံရှာဖွေခဲ့ရာ ဇန်နဝါရီလ ၄ ရက် ညနေပိုင်းတွင် ကွန်လုံကျေးရွာ အုပ်စု၊ ဘန်းကန်ကျေးရွာ၏ အနောက်ဘက်ရှိ အော်ရေးရှားတော၏ အရှေ့ဘက်တွင် ကလေးငယ် ၃ ဦးကို တွေ့ရှိခဲ့ပြီး ကလေးငယ်များ၏ ပြန်လည်ပြောကြားမှုဖြင့် အာကာဟိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း ရွှေညောင် နယ်မြေ ရဲစခန်းက ပြောပြသည်။

ဖမ်းဆီးရမိထားသည့် အာကာဟိန်းကို ရွှေညောင်နယ်မြေ ရဲစခန်းက (ပ) ၅/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၃ ဖြင့် အရေးယူထားပြီး ဆက်လက် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင်လည်း ကလေး ရ ဦးကို ခိုးယူခေါ်ဆောင်သွားစဉ် ဖမ်း မိ သည်ဆိုသော သတင်းနှင့် မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်တွင် ကလေးခိုးခံရသည်ဆိုသည့်အမှု၊ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဘုရားချောင်းအုပ်စု မအူချောင်းရွာတွင် ကလေးခိုးခံရသည်ဆိုသည့်အမှု၊ မကွေးမြို့တွင် ကလေးခိုးခံရသည်ဆိုသည့် အမှု သတင်းများနှင့်အတူ ဧရာဝတီတိုင်း ပုသိမ်မြို့၌ ကလေးခိုးခံရသည်ဆိုသည့် ကောလာဟလသတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေ သဖြင့် တာဝန်ရှိသူများက ကွင်းဆင်းဟောပြောမှုများ ပြုလုပ်နေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။
Irrawaddy

No comments:

Post a Comment