ကမၻာ့သတင္း
စီအင္န္ေအ
ေပက်င္း၊ ဇန္နဝါရီ ၂၁ ။ ။ တ႐ုတ္ႏိုင္ငံက ရဲတပ္ဖြဲ႔က ႏိုင္ငံအေနာက္ေတာင္ပိုင္းအစြန္အဖ်ားရွိ ကေလးမ်ားကို မိုင္ ၁၂၄၅ မိုင္ အကြာအေဝး ကမ္းေျခၿမိဳ႕က ဝယ္လက္မ်ားထံ အေမရိကန္ ေဒၚလာ ၃၀၀၀ ျဖင့္ ေရာင္းခ်ေနသည့္ ကေလးေမွာင္ခိုဂိုဏ္းတစ္ဂိုဏ္းကို ၿဖိဳခြင္းခဲ့ေၾကာင္း ႏိုင္ငံပိုင္ ဆင္ဟြာသတင္းတြင္ ေဖာ္ျပသည္။
ကေလးေမွာင္ခိုသံသယရွိသူ ၇၈ ဦးအား ဖမ္းဆီးလိုက္ႏိုင္ၿပီး ေမြးကင္းစကေလး ၁၅ ဦးအား ကယ္တင္လိုက္ႏိုင္ေၾကာင္း ဇန္နဝါရီ ၂၀ ရက္ေႏွာင္းပိုင္းက သတင္းတြင္ ေဖာ္ျပသည္။
စီခၽြမ္ျပည္နယ္ ေတာေတာင္ထူထပ္ရာ လန္ရွန္းျမိဳ႕ႏွင့္ ကမ္းေျခအနီး ရွန္ေဒါင္းျပည္နယ္ရွိ လင္ယီျမိဳ႕တို႔ကို ၾကိမ္ဖန္မ်ားစြာ သြားလာေနေသာ သံသယျဖစ္ဖြယ္ စုံတြဲအား စက္တင္ဘာလက ရဲမ်ားက ေထာက္လွမ္းေစာင့္ၾကည္ေနျခင္းျဖစ္ေၾကာင္း ဆင္ဟြာသတင္းတြင္ ေဖာ္ျပသည္။
"ဇနီးလုပ္တဲ့သူက လန္ရွန္းၿမိဳ႕အတြင္းမွာ ေမြးကင္းစကေလးေတြကို ဝယ္တာျဖစ္ၿပီး လင္ယီၿမိဳ႕ကို သယ္လာတယ္။ ခင္ပြန္းလုပ္တဲ့သူကေတာ့ လင္ယီၿမိဳ႕မွာ ဝယ္လက္လိုက္ရွာတာျဖစ္တယ္။"ဟု စုံစမ္းေတြ႔ရွိခ်က္အေပၚ ကိုးကားလ်က္ ဆင္ဟြာက ေရးသားသည္။
ေယာက္က်ားေလးမ်ားကို ယြမ္ ၅၀၀၀၀ မွ ၆၀၀၀၀ ၾကား( ေဒၚလာ ၇၆၀၀ မွ ၉၁၂၀ၾကား) ျဖင့္ ေရာင္းၿပီး မိန္းကေလးမ်ားကို ယြမ္ ၂၀၀၀၀ မွ ၃၀၀၀၀ ၾကားျဖင့္ ေရာင္းခ်ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ ေျပာၾကားခ်က္ကို ဆင္ဟြာက ေဖာ္ျပသည္။
ယခု ကယ္ဆယ္လိုက္ႏိုင္သည့္ ေမြးကင္းစကေလးမ်ားကို ေဒသတြင္းလူမႈကူညီေရးဌာနသို႔ ပို႔ေဆာင္ထားသည္။ ေမြးဖြားမိဘမ်ားကို ရွာေဖြရာတြင္ အကူအညီျဖစ္ေစရန္ ဆရာဝန္မ်ားက ကေလးငယ္ေလးမ်ား၏ ေသြးနမူနာကို ထုတ္ယူထားေၾကာင္းလည္း ဆင္ဟြာက ေျပာျပသည္။
လူဦးေရထိန္းခ်ဳပ္သည္ မူဝါဒမ်ား သက္ေရာက္ရာ တ႐ုတ္ႏုိင္ငံတြင္ ကေလးေမွာင္ခိုကူးမႈမ်ားက ဆိုးဝါးစြာျဖစ္ပြားလ်က္ရွိေနသည္။
- See more at: http://mizzimaburmese.com/article/10149#sthash.fgjSh4Oc.KY6Ffl0S.dpuf
.........................
တရုတ်တွင် ကလေးမှောင်ခိုဂိုဏ်းကို ဖြိုခွင်းရာ မွေးကင်းစကလေး ၁၅ ဦးကို ကယ်ဆယ်နိုင်
ကမ္ဘာ့သတင်း
စီအင်န်အေ
ပေကျင်း၊ ဇန်နဝါရီ ၂၁ ။ ။ တရုတ်နိုင်ငံက ရဲတပ်ဖွဲ့က နိုင်ငံအနောက်တောင်ပိုင်းအစွန်အဖျားရှိ ကလေးများကို မိုင် ၁၂၄၅ မိုင် အကွာအဝေး ကမ်းခြေမြို့က ဝယ်လက်များထံ အမေရိကန် ဒေါ်လာ ၃၀၀၀ ဖြင့် ရောင်းချနေသည့် ကလေးမှောင်ခိုဂိုဏ်းတစ်ဂိုဏ်းကို ဖြိုခွင်းခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
ကလေးမှောင်ခိုသံသယရှိသူ ရ၈ ဦးအား ဖမ်းဆီးလိုက်နိုင်ပြီး မွေးကင်းစကလေး ၁၅ ဦးအား ကယ်တင်လိုက်နိုင်ကြောင်း ဇန်နဝါရီ ၂၀ ရက်နှောင်းပိုင်းက သတင်းတွင် ဖော်ပြသည်။
စီချွမ်ပြည်နယ် တောတောင်ထူထပ်ရာ လန်ရှန်းမြို့နှင့် ကမ်းခြေအနီး ရှန်ဒေါင်းပြည်နယ်ရှိ လင်ယီမြို့တို့ကို ကြိမ်ဖန်များစွာ သွားလာနေသော သံသယဖြစ်ဖွယ် စုံတွဲအား စက်တင်ဘာလက ရဲများက ထောက်လှမ်းစောင့်ကြည်နေခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
"ဇနီးလုပ်တဲ့သူက လန်ရှန်းမြို့အတွင်းမှာ မွေးကင်းစကလေးတွေကို ဝယ်တာဖြစ်ပြီး လင်ယီမြို့ကို သယ်လာတယ်။ ခင်ပွန်းလုပ်တဲ့သူကတော့ လင်ယီမြို့မှာ ဝယ်လက်လိုက်ရှာတာဖြစ်တယ်။"ဟု စုံစမ်းတွေ့ရှိချက်အပေါ် ကိုးကားလျက် ဆင်ဟွာက ရေးသားသည်။
ယောက်ကျားလေးများကို ယွမ် ၅၀၀၀၀ မှ ၆၀၀၀၀ ကြား( ဒေါ်လာ ရ၆၀၀ မှ ၉၁၂၀ကြား) ဖြင့် ရောင်းပြီး မိန်းကလေးများကို ယွမ် ၂၀၀၀၀ မှ ၃၀၀၀၀ ကြားဖြင့် ရောင်းချခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောကြားချက်ကို ဆင်ဟွာက ဖော်ပြသည်။
ယခု ကယ်ဆယ်လိုက်နိုင်သည့် မွေးကင်းစကလေးများကို ဒေသတွင်းလူမှုကူညီရေးဌာနသို့ ပို့ဆောင်ထားသည်။ မွေးဖွားမိဘများကို ရှာဖွေရာတွင် အကူအညီဖြစ်စေရန် ဆရာဝန်များက ကလေးငယ်လေးများ၏ သွေးနမူနာကို ထုတ်ယူထားကြောင်းလည်း ဆင်ဟွာက ပြောပြသည်။
လူဦးရေထိန်းချုပ်သည် မူဝါဒများ သက်ရောက်ရာ တရုတ်နိုင်ငံတွင် ကလေးမှောင်ခိုကူးမှုများက ဆိုးဝါးစွာဖြစ်ပွားလျက်ရှိနေသည်။
- See more at: http://mizzimaburmese.com/article/10149#sthash.fgjSh4Oc.KY6Ffl0S.dpuf
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, January 22, 2016
တ႐ုတ္တြင္ ကေလးေမွာင္ခိုဂိုဏ္းကို ၿဖိဳခြင္းရာ ေမြးကင္းစကေလး ၁၅ ဦးကို ကယ္ဆယ္ႏိုင္
တ႐ုတ္တြင္ ကေလးေမွာင္ခိုဂိုဏ္းကို ၿဖိဳခြင္းရာ ေမြးကင္းစကေလး ၁၅ ဦးကို ကယ္ဆယ္ႏိုင္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 22, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 22, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment