Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 9, 2016

ျပစ္မႈက်ဴလြန္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူအား သြားေရာက္ဖမ္းဆီးစဥ္ ဓားမကုိင္ေဆာင္၍ခုခံသျဖင့္ ေသနတ္ျဖင့္ပစ္ခတ္ဖမ္းဆီး


ရန္ကုန္၊ ဇန္န၀ါရီ ၁၀

၃၀.၁၁.၂၀၁၅ ရက္ေန႔ ၁၇၀၀ အခ်ိန္ခန္႔တြင္ ဒလၿမိဳ႕နယ္၊ တံုးတင္ဂံေက်းရြာေန အန္းကူ(ခ)ကုိသန္းေမာင္သည္ ေနအိမ္တြင္ရွိေနစဥ္ လယ္သူရင္းငွားျဖစ္သူ ဆာမိမွ ေနအိမ္ေပၚသုိ႔ ေျပးတက္လာၿပီး ဆံရွည္မွ
တံစဥ္ႏွင့္ လုိက္ခုတ္ေနေၾကာင္း ေအာ္ဟစ္ အကူအညီ ေတာင္းခံသျဖင့္ ၎မွတားျမစ္ရာ ဆံရွည္မွ ညစ္ညမ္းစြာဆဲဆုိၿပီး “မင္းကုိပါသတ္ပစ္မယ္”ဟု ၿခိမ္းေျခာက္၍ တံစဥ္ျဖင့္ ထုိးခုတ္ရန္ျပဳလုပ္ခဲ့သျဖင့္ ဆံရွည္အား
အေရးယူေပးရန္တုိင္တန္းခ်က္အရ ဒလၿမိဳ႕နယ္၊ ေပ်ာ္ဘြယ္ႀကီးနယ္ေျမ ရဲစခန္း(ပ)၁၇၈/၂၀၁၅၊ ျပစ္မႈပုဒ္မ-၄၅၂/၂၉၄/၅၀၆ ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ခဲ့ပါသည္။

အမႈမွျပစ္မႈက်ဴးလြန္သူ တံုးတင္ဂံေက်းရြာေန ဆံရွည္(ခ)ဟန္တင္၊ (၂၀)ႏွစ္မွာ အခင္းျဖစ္ပြားခဲ့သည့္ေန႔မွစတင္၍ ထြက္ေျပး တိမ္းေရွာင္ေနသျဖင့္ ဖမ္းဆီးရမိေရး စံုစမ္းေဆာင္ရြက္ေနစဥ္ ၎မွာ ေနအိမ္၌
ျပန္လည္ေရာက္ရွိေနေၾကာင္း သတင္းရရွိသျဖင့္ ဒလၿမိဳ႕နယ္၊ ေပ်ာ္ဘြယ္ႀကီး နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ားက ၈.၁.၂၀၁၆ ရက္ေန႔ ၂၂၃၅ အခ်ိန္တြင္ ဆံရွည္(ခ)ဟန္တင္၏ေနအိမ္သုိ႔ သက္ေသမ်ားႏွင့္အတူသြားေရာက္ ဖမ္းဆီးခဲ့ပါသည္။

ထုိသုိ႔သြားေရာက္ဖမ္းဆီးစဥ္ ဆံရွည္(ခ)ဟန္တင္ႏွင့္ ၎၏မိခင္ျဖစ္သူေဒၚပါကၽြန္း၊ (၄၇)ႏွစ္တုိ႔မွ ေနအိမ္တံခါးအား ဖြင့္ေပးျခင္း မရွိဘဲ ရဲတပ္ဖြဲ႕၀င္မ်ားအား ညစ္ညမ္းစြာဆဲဆုိခဲ့ၾကၿပီး ဆံရွည္(ခ)ဟန္တင္မွ ေနအိမ္အတြင္းမွေန၍ ဓားမအားကုိင္ေဆာင္ကာ ဖမ္းဆီးပါက ဓားျဖင့္ခုတ္မည္ဟု ၿခိမ္းေျခာက္ေျပာဆုိေနသျဖင့္ ရဲတပ္ဖြဲ႕၀င္မ်ားမွ ဥပေဒအတုိင္းရင္ဆုိင္ေျဖရွင္းရန္ အခ်ိန္(၂)နာရီခန္႔ၾကာသည္အထိ ေျဖာင္းျဖေျပာဆုိခဲ့ေသာ္လည္း လိုက္နာျခင္းမရွိ၍ ဥပေဒႏွင့္အညီ ေနအိမ္တံခါးအား ခ်ဳိးဖ်က္၀င္ေရာက္ ဖမ္းဆီးစဥ္ ဆံရွည္(ခ)ဟန္တင္မွ ဓားမ(၂)ေခ်ာင္းကုိင္ေဆာင္ၿပီး ျပန္လည္ ခုခံခဲ့သျဖင့္ (၁၂)ဗုိ႔ Pump Action ေသနတ္ျဖင့္ ဆံရွည္(ခ)ဟန္တင္၏ေျခေထာက္အနီးသုိ႔ ေျခာက္လွန္႔ပစ္ေဖာက္ခဲ့ရာ ၎မွာ ေနအိမ္ေပၚသုိ႔ျပန္လည္ တက္ေျပးခဲ့သျဖင့္ ၉.၁.၂၀၁၆ ရက္ေန႔ ၀၀၃၀ အခ်ိန္တြင္ ေနအိမ္ အတြင္းမွ ဖမ္းဆီးရမိခဲ့ပါသည္။

ဆံရွည္(ခ)ဟန္တင္အားဖမ္းဆီးစဥ္ ေသနတ္ျဖင့္ေျခာက္လွန္႔ပစ္ခတ္မႈေၾကာင့္ ၎၏၀ဲဘက္ေျခမ်က္စိတြင္ ေပါက္ၿပဲပြန္းပဲ့ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ဒလၿမိဳ႕နယ္ေဆးရံုတြင္ ျပင္ပလူနာအျဖစ္ ေဆးကုသမႈခံယူခဲ့ရ
ပါသည္။

ယင္းသုိ႔ ျပစ္မႈက်ဴးလြန္သူ ဆံရွည္(ခ)ဟန္တင္အား ေပ်ာ္ဘြယ္ႀကီးနယ္ေျမရဲစခန္း(ပ)၁၇၈/၂၀၁၅၊ ျပစ္မႈပုဒ္မ-၄၅၂/၂၉၄/၅၀၆ အမႈျဖင့္ ဆက္လက္ အေရးယူေဆာင္ရြက္လ်က္ရွိၿပီး သြားေရာက္ဖမ္းဆီးစဥ္ တာ၀န္၀တၱရား ေဆာင္ရြက္ျခင္းအား ေႏွာက္ယွက္ဟန္႔တား၍ ညစ္ညမ္းစြာ ဆဲဆုိၿခိမ္းေျခာက္ ခဲ့သျဖင့္ ဆံရွည္(ခ)ဟန္တင္ႏွင့္ ၎၏မိခင္ ေဒၚပါကၽြန္းတုိ႔အား ေပ်ာ္ဘြယ္ႀကီးနယ္ေျမရဲစခန္း (ပ)၄/၂၀၁၆၊ ျပစ္မႈပုဒ္မ-၃၅၃/၂၉၄/၁၁၄/၅၀၆ ျဖင့္ အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Yangon Police
https://www.facebook.com/yangonpolice
...............


ရန်ကုန်၊ ဇန်နဝါရီ ၁၀

၃၀.၁၁.၂၀၁၅ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ဒလမြို့နယ်၊ တုံးတင်ဂံကျေးရွာနေ အန်းကူ(ခ)ကိုသန်းမောင်သည် နေအိမ်တွင်ရှိနေစဉ် လယ်သူရင်းငှားဖြစ်သူ ဆာမိမှ နေအိမ်ပေါ်သို့ ပြေးတက်လာပြီး ဆံရှည်မှ
တံစဉ်နှင့် လိုက်ခုတ်နေကြောင်း အော်ဟစ် အကူအညီ တောင်းခံသဖြင့် ၎င်းမှတားမြစ်ရာ ဆံရှည်မှ ညစ်ညမ်းစွာဆဲဆိုပြီး “မင်းကိုပါသတ်ပစ်မယ်”ဟု ခြိမ်းခြောက်၍ တံစဉ်ဖြင့် ထိုးခုတ်ရန်ပြုလုပ်ခဲ့သဖြင့် ဆံရှည်အား
အရေးယူပေးရန်တိုင်တန်းချက်အရ ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးနယ်မြေ ရဲစခန်း(ပ)၁၇၈/၂၀၁၅၊ ပြစ်မှုပုဒ်မ-၄၅၂/၂၉၄/၅၀၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ တုံးတင်ဂံကျေးရွာနေ ဆံရှည်(ခ)ဟန်တင်၊ (၂၀)နှစ်မှာ အခင်းဖြစ်ပွားခဲ့သည့်နေ့မှစတင်၍ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေစဉ် ၎င်းမှာ နေအိမ်၌
ပြန်လည်ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ဒလမြို့နယ်၊ ပျော်ဘွယ်ကြီး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ၈.၁.၂၀၁၆ ရက်နေ့ ၂၂၃၅ အချိန်တွင် ဆံရှည်(ခ)ဟန်တင်၏နေအိမ်သို့ သက်သေများနှင့်အတူသွားရောက် ဖမ်းဆီးခဲ့ပါသည်။

ထိုသို့သွားရောက်ဖမ်းဆီးစဉ် ဆံရှည်(ခ)ဟန်တင်နှင့် ၎င်း၏မိခင်ဖြစ်သူဒေါ်ပါကျွန်း၊ (၄၇)နှစ်တို့မှ နေအိမ်တံခါးအား ဖွင့်ပေးခြင်း မရှိဘဲ ရဲတပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာဆဲဆိုခဲ့ကြပြီး ဆံရှည်(ခ)ဟန်တင်မှ နေအိမ်အတွင်းမှနေ၍ ဓားမအားကိုင်ဆောင်ကာ ဖမ်းဆီးပါက ဓားဖြင့်ခုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ဥပဒေအတိုင်းရင်ဆိုင်ဖြေရှင်းရန် အချိန်(၂)နာရီခန့်ကြာသည်အထိ ဖြောင်းဖြပြောဆိုခဲ့သော်လည်း လိုက်နာခြင်းမရှိ၍ ဥပဒေနှင့်အညီ နေအိမ်တံခါးအား ချိုးဖျက်ဝင်ရောက် ဖမ်းဆီးစဉ် ဆံရှည်(ခ)ဟန်တင်မှ ဓားမ(၂)ချောင်းကိုင်ဆောင်ပြီး ပြန်လည် ခုခံခဲ့သဖြင့် (၁၂)ဗို့ Pump Action သေနတ်ဖြင့် ဆံရှည်(ခ)ဟန်တင်၏ခြေထောက်အနီးသို့ ခြောက်လှန့်ပစ်ဖောက်ခဲ့ရာ ၎င်းမှာ နေအိမ်ပေါ်သို့ပြန်လည် တက်ပြေးခဲ့သဖြင့် ၉.၁.၂၀၁၆ ရက်နေ့ ၀၀၃၀ အချိန်တွင် နေအိမ် အတွင်းမှ ဖမ်းဆီးရမိခဲ့ပါသည်။

ဆံရှည်(ခ)ဟန်တင်အားဖမ်းဆီးစဉ် သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်မှုကြောင့် ၎င်း၏ဝဲဘက်ခြေမျက်စိတွင် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ဒလမြို့နယ်ဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရ
ပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ ဆံရှည်(ခ)ဟန်တင်အား ပျော်ဘွယ်ကြီးနယ်မြေရဲစခန်း(ပ)၁၇၈/၂၀၁၅၊ ပြစ်မှုပုဒ်မ-၄၅၂/၂၉၄/၅၀၆ အမှုဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိပြီး သွားရောက်ဖမ်းဆီးစဉ် တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းအား နှောက်ယှက်ဟန့်တား၍ ညစ်ညမ်းစွာ ဆဲဆိုခြိမ်းခြောက် ခဲ့သဖြင့် ဆံရှည်(ခ)ဟန်တင်နှင့် ၎င်း၏မိခင် ဒေါ်ပါကျွန်းတို့အား ပျော်ဘွယ်ကြီးနယ်မြေရဲစခန်း (ပ)၄/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၅၃/၂၉၄/၁၁၄/၅၀၆ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment