CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, January 14, 2016
ဟန္ေဆာင္ေကာင္းသူမ်ား
လြန္ခဲ့တဲ့ ၁လေလာက္က က်ြန္ေတာ္တို႔လမ္းေလ်ွာက္အဖြဲ႕
ေန႔စဥ္ထိုင္ေနက် ရန္ကင္း ကေလးေဆးရုံနဲ႔မ်က္ေစာင္ထိုး
ကလဘက္ရည္ဆ္ုင္ေဘးကို ၅နွစ္သားေလာက္ရွိတဲ့လူနာ
ကေလးငယ္နဲ႔ အထုတ္အပိုးေတြနဲ႔သူ႔အေမ ပလက္ေဖာင္းေပၚမွာထိုင္ငိုေနတာေတြ႕ရပါတယ္။
ေမးၾကည့္လိုက္ေတာ့ ကေလးေနမေကာင္းလို႔ နယ္ကေဆးရုံလာတက္တာ ကေလးကအေျခအေနမေကာင္းေတာ့လို႔ ေဆးရုံကၾကည့္မေပးေတာ့ပဲ ျပန္လႊတ္လိုက္ေၾကာင္း ကေလးက မ်က္ေစ့ေတြေတာင္မျမင္ရေတာ့ေၾကာင္း ရန္ကုန္မွာအသိလဲမရွိ ျပန္စရာလမ္းစရိတ္လဲမရွိ ထမင္းမစားရတာလဲ ၂ရက္ရွိေၾကာင္းေျပာျပပါတယ္။
က်ြန္ေတာ္တို႔လမ္းေလ်ွာက္အဖြဲ႕ ဂရုဏာသက္ၿပီး လမ္းစရိတ္အတြက္စုေပးၾကတာ ေသာင္းဂဏန္းရသြားပါတယ္။
ေစတနာရွင္လူငယ္တစ္စုကလဲ ကားငွားေပးၿပီး ကေလးကိုေတာင္ခ်ီပိုးကားေပၚတင္ေပးလိုက္ၾကပါတယ္။
လူနာဘယ္အေျခအေနရွိေနရွိေန လက္မခံပဲ ျပန္လႊတ္လုိက္တယ္ဆိုတဲ့ ေဆာရုံကိုေတာင္ အျပစ္တင္မိၾကပါတယ္။
လြန္ခဲ့တဲ့ အပတ္က သုခဝတီ ပန္းၿခံေဘးမွာ ဒီသားအမိပဲ
ဒီပုံစံနဲ႔ တစ္ေခါက္ထပ္ေတြ႕ေပမဲ့ ကိစၥရွိေနတာနဲ႔
ဆင္းမၾကည့္ျဖစ္ခဲ့ပါဘူး။
ဒီမနက္ေတာ့ ဒီသားအမိကို ဒီပုံစံ ဒီစကားလံုးေတြနဲ႔
ပညာဝတီေက်ာင္းနေဘးမွာေတြရျပန္ပါၿပီ။
သားအမိ ၂ေယာက္စလုံး ဟန္ေဆာင္အျပည့္နဲ႔လုပ္စားေနၾကတာေသျခာသြားပါၿပီ။
ဒါေပမဲ့ ရန္ကင္းကေလးေဆးရံုႀကီးက လူနာကို လက္မခံပဲ
နွင္ထုတ္တယ္ဆိုတဲ့စကားက ေဆးရုံရဲ႕ image ကိုဆုိးဝါး
သြားေစမွာမို႔ ဓာတ္ပုံရိုက္ယူလာခဲ့ၿပီး ကေလးေဆးရံုကိုလဲ အေၾကာင္းၾကားခဲ့ပါတယ္။
ဝမ္းစာအတြက္ အလိမ္အညာေတြ အမ်ားထိခိုက္ေအာင္လုပ္ေဆာင္တာေတြကေတာ့ သက္ဆိုင္ရာက အေရးယူသင့္ပါတယ္။
Myint Thein Pe
...............................................
ဟန်ဆောင်ကောင်းသူများ
လွန်ခဲ့တဲ့ ၁လလောက်က ကျွန်တော်တို့လမ်းလျှောက်အဖွဲ့
နေ့စဉ်ထိုင်နေကျ ရန်ကင်း ကလေးဆေးရုံနဲ့မျက်စောင်ထိုး
ကလဘက်ရည်ဆ်ုင်ဘေးကို ၅နှစ်သားလောက်ရှိတဲ့လူနာ
ကလေးငယ်နဲ့ အထုတ်အပိုးတွေနဲ့သူ့အမေ ပလက်ဖောင်းပေါ်မှာထိုင်ငိုနေတာတွေ့ရပါတယ်။
မေးကြည့်လိုက်တော့ ကလေးနေမကောင်းလို့ နယ်ကဆေးရုံလာတက်တာ ကလေးကအခြေအနေမကောင်းတော့လို့ ဆေးရုံကကြည့်မပေးတော့ပဲ ပြန်လွှတ်လိုက်ကြောင်း ကလေးက မျက်စေ့တွေတောင်မမြင်ရတော့ကြောင်း ရန်ကုန်မှာအသိလဲမရှိ ပြန်စရာလမ်းစရိတ်လဲမရှိ ထမင်းမစားရတာလဲ ၂ရက်ရှိကြောင်းပြောပြပါတယ်။
ကျွန်တော်တို့လမ်းလျှောက်အဖွဲ့ ဂရုဏာသက်ပြီး လမ်းစရိတ်အတွက်စုပေးကြတာ သောင်းဂဏန်းရသွားပါတယ်။
စေတနာရှင်လူငယ်တစ်စုကလဲ ကားငှားပေးပြီး ကလေးကိုတောင်ချီပိုးကားပေါ်တင်ပေးလိုက်ကြပါတယ်။
လူနာဘယ်အခြေအနေရှိနေရှိနေ လက်မခံပဲ ပြန်လွှတ်လိုက်တယ်ဆိုတဲ့ ဆောရုံကိုတောင် အပြစ်တင်မိကြပါတယ်။
လွန်ခဲ့တဲ့ အပတ်က သုခဝတီ ပန်းခြံဘေးမှာ ဒီသားအမိပဲ
ဒီပုံစံနဲ့ တစ်ခေါက်ထပ်တွေ့ပေမဲ့ ကိစ္စရှိနေတာနဲ့
ဆင်းမကြည့်ဖြစ်ခဲ့ပါဘူး။
ဒီမနက်တော့ ဒီသားအမိကို ဒီပုံစံ ဒီစကားလုံးတွေနဲ့
ပညာဝတီကျောင်းနဘေးမှာတွေရပြန်ပါပြီ။
သားအမိ ၂ယောက်စလုံး ဟန်ဆောင်အပြည့်နဲ့လုပ်စားနေကြတာသေခြာသွားပါပြီ။
ဒါပေမဲ့ ရန်ကင်းကလေးဆေးရုံကြီးက လူနာကို လက်မခံပဲ
နှင်ထုတ်တယ်ဆိုတဲ့စကားက ဆေးရုံရဲ့ image ကိုဆိုးဝါး
သွားစေမှာမို့ ဓာတ်ပုံရိုက်ယူလာခဲ့ပြီး ကလေးဆေးရုံကိုလဲ အကြောင်းကြားခဲ့ပါတယ်။
ဝမ်းစာအတွက် အလိမ်အညာတွေ အများထိခိုက်အောင်လုပ်ဆောင်တာတွေကတော့ သက်ဆိုင်ရာက အရေးယူသင့်ပါတယ်။
Myint Thein Pe
ဟန္ေဆာင္ေကာင္းသူမ်ား
Reviewed by MP4 YoU
on
January 14, 2016
Rating: 5
Reviewed by MP4 YoU
on
January 14, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment