Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 21, 2016



ကမ္ဘာ့လူဦးရေ တ၀က် ၃ ဒသမ ၅ ဘီလီယံ ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ၇၆ ထရီလီယံကို လူချမ်းသာ ၆၂ ဦးက ပိုင်ဆိုင်တယ်လို့ ဇန်န၀ါရီ ၁၈ ရက်က ထုတ်ပြန်ပါတယ်။




DVB
....................
ကမ္ဘာ့လူဦးရေတဝက်၏ ပိုင်ဆိုင်မှုကို လူချမ်းသာ ၆၂ ဦးက ပိုင်ဆိုင်

ကမ္ဘာ့လူဦးရေတဝက်ရဲ့ ပိုင်ဆိုင်မှုကို လူချမ်းသာ ၆၂ ဦးက ပိုင်ဆိုင်တယ်လို့ ချို့တဲ့သူတွေကို ကူညီနေတဲ့ အောက်က်စ်ဖမ်း (Oxfam) က ထုတ်ပြန်ပါတယ်။

ကမ္ဘာ့လူဦးရေ တဝက် ၃ ဒသမ ၅ ဘီလီယံ ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ရ၆ ထရီလီယံကို လူချမ်းသာ ၆၂ ဦးက ပိုင်ဆိုင်တယ်လို့ ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်ပါတယ်။

၂၀၁၀ ခုနှစ်ကတည်းက လူချမ်းသာတွေရဲ့ ပိုင်ဆိုင်မှုက ၄၄ ရာခိုင်နှုန်းအထိ တိုးလာသလို နှစ်စဉ် အစိုးရတွေကို ပေးရမယ့် အခွန် ဒေါ်လာ ၁၉၀ ဘီလီယံနီးပါးကိုလည်း ရှောင်ရှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၃ ဒသမ ၅ ဘီလီယံသော ကမ္ဘာ့လူဦးရေရဲ့ ကြွယ်ဝချမ်းသာမှုက တနှစ်ထက်တနှစ် လျော့နည်းလာသလို အရင် ဆယ်စုနှစ်မှာတော့ ၁ ထရီလီယံလောက်အထိပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ချမ်းသာကြွယ်ဝမှုကတော့ လူနည်းစုဆီကိုပဲ ရောက်နေသလို လူအများစုကတော့ ဆင်းရဲနေဆဲ ဖြစ်တယ်လို့ အောက်က်စ်ဖမ်းက ရေးပါတယ်။

၂၀၁၀ မှာတော့ ကမ္ဘာ့လူဦးရေတဝက်ရဲ့ ပိုင်ဆိုင်မှုကို လူ ၃၈၈ ဦးက ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
DVB

No comments:

Post a Comment