Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

UEC က ခ်ေပးသည့္ ေရြးေကာက္ပြဲကာလ အသံုးစရိတ္ က်ပ္သိန္းေပါင္း ၆၂၄၀ ေက်ာ္မွ ပိုေငြမ်ားကို ယခုဘတ္ဂ်က္ႏွစ္အတြင္း ျပန္အပ္ရန္ႏွင့္ စာရင္းမတိက်မႈမ်ားကို ျပင္ဆင္ထားရန္ ၫႊန္ၾကား




ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္မွ ခ်ထားေပးသည့္ ေရြးေကာက္ပြဲကာလ အသံုးစရိတ္ က်ပ္သိန္းေပါင္း ၆၂၄၀ ေက်ာ္မွ ပိုေငြမ်ားကို ယခုဘတ္ဂ်က္ႏွစ္အတြင္း ျပန္အပ္ရန္ႏွင့္ စာရင္းမတိက်မႈမ်ားကို ျပင္ဆင္ထားရန္ ၿမိဳ႕နယ္ေကာ္မရွင္မ်ားအား ဟသၤာတခ႐ိုင္ ေကာ္မရွင္မွ ညႊန္ၾကားထားေၾကာင္း သိရသည္။

ရပ္ေက်းေကာ္မရွင္မ်ားႏွင့္ မဲ႐ံုမွဴးမ်ားအတြက္ အသံုးစရိတ္၊ ပညာေပးသင္တန္းမ်ားအတြက္ သင္တန္းစရိတ္ႏွင့္ မဲ႐ံုမ်ားတြင္ UEC မွ မေပးႏုိင္သည့္ ပစၥည္းမ်ား ၀ယ္ရန္အတြက္ ေရြးေကာက္ပြဲကာလ အသံုးစရိတ္ကို ၿမိဳ႕နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲတို႔မွ အၾကမ္းဖ်င္း တြက္ခ်က္ ေတာင္းခံသံုးစြဲခဲ့ ၾကျခင္းျဖစ္ၿပီး ေရြးေကာက္ပြဲအၿပီး၌ ေကာ္မရွင္ တာ၀န္ရွိသူတို႔မွ စိစစ္ခဲ့ၿပီးေနာက္ ထိုသို႔ ညႊန္ၾကားခဲ့ျခင္း ျဖစ္သည္။

"မဲ႐ံုမွဴးနဲ႕ မဲ႐ံုအဖြဲ႕၀င္၊ မဲ႐ံုအေရအတြက္၊ ေကာ္မရွင္အဖြဲ႕၀င္၊ သင္တန္းအေရအတြက္ အဲဒီအေပၚမွာ အၾကမ္းဖ်င္းတြက္ခ်က္ၿပီး ၿမိဳ႕နယ္ေကာ္မရွင္ေတြက ေရြးေကာက္ပြဲကာလ အသံုးစရိတ္ကို ခန္႔မွန္းတြက္ခ်က္ တင္ျပေတာင္းခံခဲ့ၾကတယ္။ တင္ျပတဲ့အတိုင္းပဲ UEC က ခ်ထားေပးပါတယ္။ ပံုမွန္ေငြစာရင္း ဘတ္ဂ်က္မွာမပါဘဲ သီးျခား ခြင့္ျပဳေပးတာပါ။ မဲ႐ံုမ်ားတဲ့ ဟသၤာတၿမိဳ႕နယ္ေတြက စရိတ္ပိုကုန္တယ္။ ဒုတိယအမ်ားဆံုးက ျမန္ေအာင္၊ အနည္းဆံုးကေတာ့ ၾကံခင္းၿမိဳ႕နယ္ပါ" ဟု ဟသၤာတခ႐ိုင္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦး၀င္းေမာင္က ေျပာၾကားသည္။

ဟသၤာတခ႐ိုင္တြင္းရွိ ၿမိဳ႕နယ္ ေျခာက္ခုအတြက္ UEC မွ ေရြးေကာက္ပြဲကာလ အသံုးစရိတ္ က်ပ္သိန္းေပါင္း ၆၂၄၀ ေက်ာ္ ခ်ထားေပးခဲ့ျခင္းျဖစ္ၿပီး ဇလြန္ႏွင့္ ၾကံခင္းၿမိဳ႕နယ္တို႔ ၌ အသံုးစရိတ္ပိုေငြ မရွိေသာ္လည္း ဟသၤာတ၊ ေလးမ်က္ႏွာ၊ အဂၤပူႏွင့္ ျမန္ေအာင္ၿမိဳ႕နယ္တို႔တြင္မူ စုစုေပါင္းပိုေငြ ၂၈၈ သိန္းေက်ာ္ ွိ ေၾကာင္း ခ႐ိုင္ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲထံမွ စာရင္းမ်ားအရ သိရသည္။

"UEC က ခ်ထားေပးတဲ့ ေခါင္းစဥ္အတိုင္း ဟုတ္၊ မဟုတ္၊ သံုးစြဲတဲ့ေနရာမွာ အပိုအလိုရွိ၊ မရွိ၊ သံုးစြဲမႈကို စာရင္းစစ္ စစ္ေဆးခံႏုိင္တဲ့ အေျခအေနရွိ၊ မရွိကို ကြၽန္ေတာ္နဲ႔ တိုင္းေကာ္မရွင္အဖြဲ႕၀င္ ဦးေမာင္ေမာင္က ၿမိဳ႕နယ္ေတြကို လိုက္လံ စစ္ေဆးခဲ့ပါတယ္။ စနစ္တက် ရွိတာေတြလည္း ေတြ႕တယ္။ စနစ္မက်တာ ေတြလည္းေတြ႕တယ္။ ဥပမာတစ္ခ်ဳိ႕က လံုးေပါင္းေျပစာေတာ့ ျပႏုိင္တယ္။ လုပ္ငန္းအေသးစိတ္ ေျပစာ မျပႏုိင္တာမ်ဳိးေပါ့။ အဲလို စနစ္မက်တာေတြကို ျပင္ဆင္ေဆာင္ရြက္ထားဖို႕ ႏႈတ္နဲ႔ေရာ ခ႐ိုင္ေကာ္မရွင္က စာထုတ္ၿပီးေတာ့ေရာ ညႊန္ၾကားထားပါတယ္။ပိုတဲ့ေငြကို ဒီဘတ္ဂ်က္ႏွစ္အတြင္း ျပန္အပ္ဖို႔လည္း ေျပာထားပါတယ္" ဟု ၎က ဆက္လက္ေျပာၾကားသည္။

UEC မွ ခြင့္ျပဳေပးထားသည့္ ေရြးေကာက္ပြဲကာလ အသံုးစရိတ္မွ ပိုေငြမရွိသည့္ ႏွစ္ၿမိဳ႕နယ္အနက္ ဇလြန္ၿမိဳ႕နယ္ကို က်ပ္သိန္းေပါင္း ၈၇၂ သိန္းေက်ာ္ ခ်ထားေပးခဲ့ျခင္းျဖစ္ၿပီး ၾကံခင္းၿမိဳ႕နယ္ကိုမူ ၅၁၆ သိန္းေက်ာ္ ခ်ထားေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဟသၤာတၿမိဳ႕နယ္၌မူ က်ပ္သိန္းေပါင္း ၁၇၅၁ သိန္းေက်ာ္ ခ်ထားေပးခဲ့သည့္အနက္ ၁၁၄ သိန္းေက်ာ္ပိုၿပီး ေလးမ်က္ႏွာၿမိဳ႕နယ္၌ က်ပ္သိန္းေပါင္း ၈၄၁ သိန္းေက်ာ္ ခ်ထားေပးခဲ့သည္႕အနက္ ၁၉ သိန္းပိုေႀကာင္း၊ အဂၤပူၿမိဳ႕နယ္၌မူ က်ပ္သိန္းေပါင္း ၁၀၈၄ သိန္းေက်ာ္ ခ်ထားေပးထားသည့္အနက္ ၁၃၃ သိန္းေက်ာ္ ပိုၿပီးျမန္ေအာင္ ၿမိဳ႕နယ္၌မူ က်ပ္သိန္းေပါင္း ၁၁၈၀ သိန္းေက်ာ္ ခ်ထားေပးခဲ့သည့္အနက္ ၂၂ သိန္းေက်ာ္ ပိုေၾကာင္း သတင္းမ်ားအရ သိရသည္။

Writer: 
ေအာင္ေက်ာ္မ်ဳိး (ဟသၤာတ)

Eleven Media Group

...............................................


UEC က ချပေးသည့် ရွေးကောက်ပွဲကာလ အသုံးစရိတ် ကျပ်သိန်းပေါင်း ၆၂၄၀ ကျော်မှ ပိုငွေများကို ယခုဘတ်ဂျက်နှစ်အတွင်း ပြန်အပ်ရန်နှင့် စာရင်းမတိကျမှုများကို ပြင်ဆင်ထားရန် ညွှန်ကြား


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ချထားပေးသည့် ရွေးကောက်ပွဲကာလ အသုံးစရိတ် ကျပ်သိန်းပေါင်း ၆၂၄၀ ကျော်မှ ပိုငွေများကို ယခုဘတ်ဂျက်နှစ်အတွင်း ပြန်အပ်ရန်နှင့် စာရင်းမတိကျမှုများကို ပြင်ဆင်ထားရန် မြို့နယ်ကော်မရှင်များအား ဟင်္သာတခရိုင် ကော်မရှင်မှ ညွှန်ကြားထားကြောင်း သိရသည်။

ရပ်ကျေးကော်မရှင်များနှင့် မဲရုံမှူးများအတွက် အသုံးစရိတ်၊ ပညာပေးသင်တန်းများအတွက် သင်တန်းစရိတ်နှင့် မဲရုံများတွင် UEC မှ မပေးနိုင်သည့် ပစ္စည်းများ ၀ယ်ရန်အတွက် ရွေးကောက်ပွဲကာလ အသုံးစရိတ်ကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ အကြမ်းဖျင်း တွက်ချက် တောင်းခံသုံးစွဲခဲ့ ကြခြင်းဖြစ်ပြီး ရွေးကောက်ပွဲအပြီး၌ ကော်မရှင် တာဝန်ရှိသူတို့မှ စိစစ်ခဲ့ပြီးနောက် ထိုသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

"မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်၊ မဲရုံအရေအတွက်၊ ကော်မရှင်အဖွဲ့ဝင်၊ သင်တန်းအရေအတွက် အဲဒီအပေါ်မှာ အကြမ်းဖျင်းတွက်ချက်ပြီး မြို့နယ်ကော်မရှင်တွေက ရွေးကောက်ပွဲကာလ အသုံးစရိတ်ကို ခန့်မှန်းတွက်ချက် တင်ပြတောင်းခံခဲ့ကြတယ်။ တင်ပြတဲ့အတိုင်းပဲ UEC က ချထားပေးပါတယ်။ ပုံမှန်ငွေစာရင်း ဘတ်ဂျက်မှာမပါဘဲ သီးခြား ခွင့်ပြုပေးတာပါ။ မဲရုံများတဲ့ ဟင်္သာတမြို့နယ်တွေက စရိတ်ပိုကုန်တယ်။ ဒုတိယအများဆုံးက မြန်အောင်၊ အနည်းဆုံးကတော့ ကြံခင်းမြို့နယ်ပါ" ဟု ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။

ဟင်္သာတခရိုင်တွင်းရှိ မြို့နယ် ခြောက်ခုအတွက် UEC မှ ရွေးကောက်ပွဲကာလ အသုံးစရိတ် ကျပ်သိန်းပေါင်း ၆၂၄၀ ကျော် ချထားပေးခဲ့ခြင်းဖြစ်ပြီး ဇလွန်နှင့် ကြံခင်းမြို့နယ်တို့ ၌ အသုံးစရိတ်ပိုငွေ မရှိသော်လည်း ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူနှင့် မြန်အောင်မြို့နယ်တို့တွင်မူ စုစုပေါင်းပိုငွေ ၂၈၈ သိန်းကျော် ှိ ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ စာရင်းများအရ သိရသည်။

"UEC က ချထားပေးတဲ့ ခေါင်းစဉ်အတိုင်း ဟုတ်၊ မဟုတ်၊ သုံးစွဲတဲ့နေရာမှာ အပိုအလိုရှိ၊ မရှိ၊ သုံးစွဲမှုကို စာရင်းစစ် စစ်ဆေးခံနိုင်တဲ့ အခြေအနေရှိ၊ မရှိကို ကျွန်တော်နဲ့ တိုင်းကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်က မြို့နယ်တွေကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။ စနစ်တကျ ရှိတာတွေလည်း တွေ့တယ်။ စနစ်မကျတာ တွေလည်းတွေ့တယ်။ ဥပမာတစ်ချို့က လုံးပေါင်းပြေစာတော့ ပြနိုင်တယ်။ လုပ်ငန်းအသေးစိတ် ပြေစာ မပြနိုင်တာမျိုးပေါ့။ အဲလို စနစ်မကျတာတွေကို ပြင်ဆင်ဆောင်ရွက်ထားဖို့ နှုတ်နဲ့ရော ခရိုင်ကော်မရှင်က စာထုတ်ပြီးတော့ရော ညွှန်ကြားထားပါတယ်။ပိုတဲ့ငွေကို ဒီဘတ်ဂျက်နှစ်အတွင်း ပြန်အပ်ဖို့လည်း ပြောထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

UEC မှ ခွင့်ပြုပေးထားသည့် ရွေးကောက်ပွဲကာလ အသုံးစရိတ်မှ ပိုငွေမရှိသည့် နှစ်မြို့နယ်အနက် ဇလွန်မြို့နယ်ကို ကျပ်သိန်းပေါင်း ၈၇၂ သိန်းကျော် ချထားပေးခဲ့ခြင်းဖြစ်ပြီး ကြံခင်းမြို့နယ်ကိုမူ ၅၁၆ သိန်းကျော် ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်၌မူ ကျပ်သိန်းပေါင်း ၁၇၅၁ သိန်းကျော် ချထားပေးခဲ့သည့်အနက် ၁၁၄ သိန်းကျော်ပိုပြီး လေးမျက်နှာမြို့နယ်၌ ကျပ်သိန်းပေါင်း ၈၄၁ သိန်းကျော် ချထားပေးခဲ့သည့်အနက် ၁၉ သိန်းပိုကြောင်း၊ အင်္ဂပူမြို့နယ်၌မူ ကျပ်သိန်းပေါင်း ၁၀၈၄ သိန်းကျော် ချထားပေးထားသည့်အနက် ၁၃၃ သိန်းကျော် ပိုပြီးမြန်အောင် မြို့နယ်၌မူ ကျပ်သိန်းပေါင်း ၁၁၈၀ သိန်းကျော် ချထားပေးခဲ့သည့်အနက် ၂၂ သိန်းကျော် ပိုကြောင်း သတင်းများအရ သိရသည်။

Writer: 
အောင်ကျော်မျိုး (ဟင်္သာတ)

Eleven Media Group

No comments:

Post a Comment