ႏိုင္ငံလံုးဆိုင္ရာ အပစ္ခတ္ရပ္စဲေရးတြင္ လက္မွတ္ေရးထိုးရန္ အဆင္သင့္ မျဖစ္ေသး
သည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔မ်ားအား ႏိုင္ငံေရး ေဆြးေႏြးပြဲတြင္
ႏိုင္ငံေရး ေဆြးေႏြးခြင့္ မေပးျခင္းမွာ မ်ွတမႈမရိွေၾကာင္း ရွမ္းတိုင္းရင္းသား
ေခါင္းေဆာင္ ဦးခြန္ထြန္းဦးက ေ၀ဖန္ေျပာဆိုလိုက္သည္။
"အခုက အကုန္လံုးက မထိုးဘူးျငင္းေနၾကတာမွ မဟုတ္တာ။ အကုန္လံုးပါမွ
ထိုးမယ္ဆိုတဲ႔ မူေၾကာင့္ ျဖစ္ေနတာပဲ။ ဒါကို လူၾကည့္ေကာင္းေအာင္ ဖိတ္ျပီးမွ
ေလ့လာသူတို႔ ဧည့္သည္ေတာ္အျဖစ္ပဲ ေပးတက္မယ္ဆိုတာက ဒါဟာမ်ွတမႈ
မရိွပါဘူး " ဟု ဦးခြန္ထြန္းဦးက ေျပာသည္။
လာမည့္ ဇန္န၀ါရီလအတြင္းတြင္ က်င္းပမည့္ ကိုယ္စားလွယ္ဦးေရ ၇၀၀
တက္ေရာက္မည့္ ႏိုင္ငံေရး ေဆြးေႏြးပြဲတြင္ NCA လက္မွတ္ေရးထိုးထားေသာ
အဖြဲ႔မ်ားမွာ ႏိုင္ငံေရး ေဆြးေႏြးခြင့္ရမည္ျဖစ္ၿပီး မထိုးရေသးေသာ အဖြဲ႔မ်ားမွာ
ႏိုင္ငံေရး ေဆြးေႏြးခြင့္ရမည္ မဟုတ္ေခ်။
ယင္းအျပင္ တိုက္ပြဲျဖစ္ပြားေနဆဲ လက္နက္ကိုင္ အဖြဲ႔မ်ားျဖစ္သည့္ MNDAA
ကိုးကန္႔နွင့္ AA ရကၡိဳင့္တပ္မေတာ္တို႔ကိုလည္း ဧည့္သည့္ႏွင့္ ေလ့လာသူအျဖစ္ပင္
ဖိတ္ၾကားမည္ မဟုတ္ေၾကာင္းလည္း သိရသည္။
သို႔ေသာ္ အင္အားႀကီး လက္နက္ကိုင္ အဖြဲ႔မ်ားျဖစ္သည့္ ေကအိုင္အို ၊
ရွမ္းတပ္မေတာ္ ေျမာက္ပိုင္း ၊ “၀” UWSA ၊ မိုင္းလားအပါ၀င္ က်န္လက္နက္ကိုင္
အဖြဲ႔အခ်ဳိ႕ကိုမူ အထူးဧည့္သည္ေတာ္အျဖစ္ တက္ေရာက္ရန္ အစိုးရဘက္က
ဖိတ္ၾကားမႈ မ်ား ရိွေနသည္။
"အခုက ဒီ ၇၀၀ ဆိုတဲ႔ အေရအတြက္၊ အစိတ္ကလည္း ၇ စိပ္ေလာက္ ျဖစ္ေနတဲ႔
ေဆြးေႏြးပြဲက အလုပ္ျဖစ္မယ့္ ေဆြးေႏြးပြဲပံုစံ မဟုတ္ဘူး။ အစိုးရက “၀” တို႔
မိုင္းလားတို႔ကို ဖိတ္လည္း သူတို႔ကလည္း ႏိုင္ငံေရး ေဆြးေႏြးခြင့္ မရမွာရယ္ ၊
အစိုးရက သူတို႔ မဟာမိတ္ျဖစ္တဲ႔ ကိုးကန္႔ကို လက္မခံမျခင္း လာဦးမွာ မဟုတ္ပါ
ဘူး" ဟု တ႐ုတ္ျမန္မာနယ္စပ္ စစ္ေရး နိုင္ငံေရး အကဲခတ္ တစ္ဦးက သံုးသပ္
သည္။
The Ladies News Journal
...................
The Ladies News Journal
NCA လက်မှတ်ထိုးရန် အသင့်မဖြစ်သေးသော အဖွဲ့များကို နိုင်ငံရေး ဆွေးနွေးခွင့်
မပေးခြင်းမှာ မျှတမှု မရှိဟု ဦးခွန်ထွန်းဦးဝေဖန်
------ -------- -------
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးရန် အဆင်သင့် မဖြစ်သေး
သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နိုင်ငံရေး ဆွေးနွေးပွဲတွင်
နိုင်ငံရေး ဆွေးနွေးခွင့် မပေးခြင်းမှာ မျှတမှုမရှိကြောင်း ရှမ်းတိုင်းရင်းသား
ခေါင်းဆောင် ဦးခွန်ထွန်းဦးက ဝေဖန်ပြောဆိုလိုက်သည်။
"အခုက အကုန်လုံးက မထိုးဘူးငြင်းနေကြတာမှ မဟုတ်တာ။ အကုန်လုံးပါမှ
ထိုးမယ်ဆိုတဲ့ မူကြောင့် ဖြစ်နေတာပဲ။ ဒါကို လူကြည့်ကောင်းအောင် ဖိတ်ပြီးမှ
လေ့လာသူတို့ ဧည့်သည်တော်အဖြစ်ပဲ ပေးတက်မယ်ဆိုတာက ဒါဟာမျှတမှု
မရှိပါဘူး " ဟု ဦးခွန်ထွန်းဦးက ပြောသည်။
လာမည့် ဇန်နဝါရီလအတွင်းတွင် ကျင်းပမည့် ကိုယ်စားလှယ်ဦးရေ ရ၀၀
တက်ရောက်မည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် NCA လက်မှတ်ရေးထိုးထားသော
အဖွဲ့များမှာ နိုင်ငံရေး ဆွေးနွေးခွင့်ရမည်ဖြစ်ပြီး မထိုးရသေးသော အဖွဲ့များမှာ
နိုင်ငံရေး ဆွေးနွေးခွင့်ရမည် မဟုတ်ချေ။
ယင်းအပြင် တိုက်ပွဲဖြစ်ပွားနေဆဲ လက်နက်ကိုင် အဖွဲ့များဖြစ်သည့် MNDAA
ကိုးကန့်နှင့် AA ရက္ခိုင့်တပ်မတော်တို့ကိုလည်း ဧည့်သည့်နှင့် လေ့လာသူအဖြစ်ပင်
ဖိတ်ကြားမည် မဟုတ်ကြောင်းလည်း သိရသည်။
သို့သော် အင်အားကြီး လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ကေအိုင်အို ၊
ရှမ်းတပ်မတော် မြောက်ပိုင်း ၊ “၀” UWSA ၊ မိုင်းလားအပါ၀င် ကျန်လက်နက်ကိုင်
အဖွဲ့အချို့ကိုမူ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ရန် အစိုးရဘက်က
ဖိတ်ကြားမှု များ ရှိနေသည်။
"အခုက ဒီ ရ၀၀ ဆိုတဲ့ အရေအတွက်၊ အစိတ်ကလည်း ရ စိပ်လောက် ဖြစ်နေတဲ့
ဆွေးနွေးပွဲက အလုပ်ဖြစ်မယ့် ဆွေးနွေးပွဲပုံစံ မဟုတ်ဘူး။ အစိုးရက “၀” တို့
မိုင်းလားတို့ကို ဖိတ်လည်း သူတို့ကလည်း နိုင်ငံရေး ဆွေးနွေးခွင့် မရမှာရယ် ၊
အစိုးရက သူတို့ မဟာမိတ်ဖြစ်တဲ့ ကိုးကန့်ကို လက်မခံမခြင်း လာဦးမှာ မဟုတ်ပါ
ဘူး" ဟု တရုတ်မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေး အကဲခတ် တစ်ဦးက သုံးသပ်
သည်။
The Ladies News Journal
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, December 23, 2015
NCA လက္မွတ္ထိုးရန္ အသင့္မျဖစ္ေသးေသာ အဖြဲ႔မ်ားကို ႏိုင္ငံေရး ေဆြးေႏြးခြင့္ မေပးျခင္းမွာ မ်ွတမႈ မရိွဟု ဦးခြန္ထြန္းဦးေ၀ဖန္
NCA လက္မွတ္ထိုးရန္ အသင့္မျဖစ္ေသးေသာ အဖြဲ႔မ်ားကို ႏိုင္ငံေရး ေဆြးေႏြးခြင့္ မေပးျခင္းမွာ မ်ွတမႈ မရိွဟု ဦးခြန္ထြန္းဦးေ၀ဖန္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 23, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment