Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 11, 2015

အမ်ိဳးသမီးကာ့ဒ္ တပ္ဖဲြ႕၀င္မ်ားကုိ ISIS အဖဲြ႕က ေၾကာက္ရြံ႕ေနရဟုဆုိ









ဒမတ္စကတ္ ၊ ၁၁-၁၂-၂၀၁၅

ISIS အစၥလာမၼစ္ စစ္ေသြးၾကြ မ်ားသည္ အမ်ဳိးသမီး တပ္ဖြဲ႕ဝင္မ်ားကို ေၾကာက္ရြံ႕ ေနရသည္ဟု ယင္း စစ္ေသြးၾကြ မ်ားကို ဆီးရီးယား ႏုိင္ငံေျမာက္ပိုင္းမွ တိုက္ထုတ္လ်က္ ရွိသည့္ ကာ့ဒ္အမ်ဳိးသမီး တပ္ဖဲြ႕ဝင္ မ်ားက ေျပာၾကား ထားသည္။

အဆိုပါ အမ်ဳိးသမီး တပ္ဖဲြ႕ဝင္မ်ားသည္ လြန္ခဲ့သည့္ သံုးႏွစ္ခန္႔က အမ်ဳိးသမီး ကာကြယ္ေရး တပ္ဖဲြ႕အျဖစ္ တပ္ဖဲြ႕ဝင္ ၁ဝဝဝဝ ျဖင့္စတင္ဖဲြ႕စည္း ခဲ့ျခင္းျဖစ္ၿပီး ကိုဘာနီၿမိဳ႕အား ျပန္လည္ သိမ္းပိုက္ရာတြင္ မရွိမျဖစ္ လိုအပ္ခဲ့သူမ်ား ျဖစ္သည္။

''ISIS အစၥလာမၼစ္ စစ္ေသြးၾကြ ေတြက အစၥလာမ္ဘာသာ အယူအဆ အတိုင္း တိုက္ခိုက္ ေနၾကတာ ျဖစ္ပါတယ္။ သူတို႔ထဲက တစ္ေယာက္ ေယာက္ကို ကားဒစ္ရွ္ အမ်ဳိးသမီး တစ္ဦးက သတ္လိုက္ၿပီ ဆုိရင္ သူတို႔ ေကာင္းကင္ဘံုကို မေရာက္ႏုိင္ေတာ့ဘူး လို႔ ယူဆ ထားပါတယ္။

ဒါေၾကာင့္ သူတို႔ဟာ အမ်ဳိးသမီး တိုက္ခိုက္ေရး သမားေတြကို ေၾကာက္ရြံ႕ ၾကတာျဖစ္ၿပီး ISIS ေခ်မႈန္းေရးမွာ အမ်ဳိးသမီး ေတြဟာ ထင္မွတ္မထား ေလာက္ေအာင္ ေအာင္ျမင္မႈေတြ ရေနတာ ျဖစ္ပါတယ္'' ဟု အဆုိပါ ကာ့ဒ္ အမ်ဳိးသမီး တပ္ဖဲြ႕ အႀကီးအကဲ အသက္ ၂၁ ႏွစ္အရြယ္ရွိ တဲလ္ဟယ္လ္ဒန္ က CNN သတင္းဌာနသို႔ ေျပာၾကား ထားသည္။

တဲလ္ဟယ္လ္ဒန္ သည္ လက္ရွိတြင္ ႏုိင္ငံ အေရွ႕ေျမာက္ပိုင္းရွိ အယ္လ္ဟာဆာကာ ျပည္နယ္၏ ေရွ႕တန္း တစ္ေနရာမွ တစ္ဆင့္ CNN သတင္းဌာနသို႔ ေျပာၾကားခဲ့ျခင္း ျဖစ္ၿပီး ၄င္း၏ တပ္ဖဲြ႕ဝင္ မ်ားသည္ မၾကာေသးမီက ISIS အစၥလာမၼစ္ စစ္ေသြးၾကြ မ်ားကို အယ္လ္ေဟာလ္ၿမိဳ႕မွ တိုက္ထုတ္ ႏုိင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အသက္ ၂ဝ အရြယ္ရွိ အမ်ဳိးသမီး တပ္ဖဲြ႕ဝင္ အီဖယ္လင္ ကလည္း ယင္း စစ္ေသြးၾကြမ်ား အေနျဖင့္ ေနာက္တစ္ႀကိမ္ ျပန္လည္ ဝင္ေရာက္လာပါက တစ္ဦးမွ် အသက္ရွင္လ်က္ ျပန္မထြက္ ႏုိင္ေစရန္ တုိက္ထုတ္ သြားမည္ ျဖစ္ေၾကာင္း ကတိျပဳ ေျပာၾကားထား သည္ဟု သိရသည္။

(Pyi Chit Thar)

http://www.pyichitthar.com/
..............










ဒမတ်စကတ် ၊ ၁၁-၁၂-၂၀၁၅

ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် အမျိုးသမီး တပ်ဖွဲ့ဝင်များကို ကြောက်ရွံ့ နေရသည်ဟု ယင်း စစ်သွေးကြွ များကို ဆီးရီးယား နိုင်ငံမြောက်ပိုင်းမှ တိုက်ထုတ်လျက် ရှိသည့် ကာ့ဒ်အမျိုးသမီး တပ်ဖွဲ့ဝင် များက ပြောကြား ထားသည်။

အဆိုပါ အမျိုးသမီး တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့် သုံးနှစ်ခန့်က အမျိုးသမီး ကာကွယ်ရေး တပ်ဖွဲ့အဖြစ် တပ်ဖွဲ့ဝင် ၁ဝဝဝဝ ဖြင့်စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ကိုဘာနီမြို့အား ပြန်လည် သိမ်းပိုက်ရာတွင် မရှိမဖြစ် လိုအပ်ခဲ့သူများ ဖြစ်သည်။

''ISIS အစ္စလာမ္မစ် စစ်သွေးကြွ တွေက အစ္စလာမ်ဘာသာ အယူအဆ အတိုင်း တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။ သူတို့ထဲက တစ်ယောက် ယောက်ကို ကားဒစ်ရှ် အမျိုးသမီး တစ်ဦးက သတ်လိုက်ပြီ ဆိုရင် သူတို့ ကောင်းကင်ဘုံကို မရောက်နိုင်တော့ဘူး လို့ ယူဆ ထားပါတယ်။

ဒါကြောင့် သူတို့ဟာ အမျိုးသမီး တိုက်ခိုက်ရေး သမားတွေကို ကြောက်ရွံ့ ကြတာဖြစ်ပြီး ISIS ချေမှုန်းရေးမှာ အမျိုးသမီး တွေဟာ ထင်မှတ်မထား လောက်အောင် အောင်မြင်မှုတွေ ရနေတာ ဖြစ်ပါတယ်'' ဟု အဆိုပါ ကာ့ဒ် အမျိုးသမီး တပ်ဖွဲ့ အကြီးအကဲ အသက် ၂၁ နှစ်အရွယ်ရှိ တဲလ်ဟယ်လ်ဒန် က CNN သတင်းဌာနသို့ ပြောကြား ထားသည်။

တဲလ်ဟယ်လ်ဒန် သည် လက်ရှိတွင် နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အယ်လ်ဟာဆာကာ ပြည်နယ်၏ ရှေ့တန်း တစ်နေရာမှ တစ်ဆင့် CNN သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး ၄င်း၏ တပ်ဖွဲ့ဝင် များသည် မကြာသေးမီက ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို အယ်လ်ဟောလ်မြို့မှ တိုက်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အသက် ၂ဝ အရွယ်ရှိ အမျိုးသမီး တပ်ဖွဲ့ဝင် အီဖယ်လင် ကလည်း ယင်း စစ်သွေးကြွများ အနေဖြင့် နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်လာပါက တစ်ဦးမျှ အသက်ရှင်လျက် ပြန်မထွက် နိုင်စေရန် တိုက်ထုတ် သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားထား သည်ဟု သိရသည်။

(Pyi Chit Thar)

http://www.pyichitthar.com/

No comments:

Post a Comment