Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 8, 2015
Facebook မှာ စိတ်ဓာတ်လှုံ့ဆော်မှုပေးတဲ့ အဆိုအမိန့် ကိုးကားစကားတွေကို တင်တဲ့သူတွေဟာ တကယ်တမ်းတော့ ဥာဏ်ရည်နိမ့်ပါးသူတွေဖြစ်
Ref: yourtango 
......................
Facebook မှာ စိတ်ဓာတ်လှုံ့ဆော်မှုပေးတဲ့ အဆိုအမိန် ့ကိုးကားစကားတွေကို တင်တဲ့သူတွေဟာ တကယ်တမ်းတော့ ဉာဏ်ရည်နိမ့်ပါးသူတွေဖြစ်
ye wint
ဉာဏ်ရည်နိမ့်ပါးမှုနဲ ့ တွေ ့ကရာ စိတ်ဓာတ်လှုံ့ဆော်မှုပေးတဲ့အဆိုအမိန် ့တွေကို ယုံကြည်မှုတို ့အကြားမှာ ဆက်စပ်မှု ရှိနေကြောင်း မကြာသေးမီကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ တွေ ့ရှိခဲ့ပါတယ်။ဦးဆောင်သုတေသနပညာရှင် Gordon Pennycook က “ ဒီနေရာမှာ လေးနက် သယောင်ယောင်ရှိတဲ့ အဆိုအမိန် ့ကိုးကားချက်အတုတွေကို ကျွန်တော်တို ့ အဓိက ထား လေ့လာ ခဲ့တာဖြစ်ပါ တယ်။ လေးနက်သယောင်ရှိတဲ့အဆိုအမိန် ့အတု ( pseudo-profound quotes ) တွေဆိုတာ တကယ်လေးနက်ပြီး အဓိပ္ပါယ်နက်ရှိုင်းသယောင်ရှိပေမယ့် တကယ်တမ်း တော့ ဘာမှအဓိပ္ပါယ်မည်မည်ရရမရှိတဲ့ စကားတွေ၊ ဆိုလိုတာဖြစ်ပါတယ်” လို ့ဆိုပါတယ်။
ကနေဒါနိုင်ငံ၊ ၀ါတာလူးတက္ကသိုလ်က Gordon Pennycook နဲ ့အဖွဲ ့ဟာ ဒီ အဆိုအတုတွေအပေါ် လူတွေရဲ့ ယုံကြည်ချက်ကို စမ်းသပ်ဖို ့အတွက် New Age Bullsh*t Generator ဆိုတဲ့ ၀က်ဘ်ဆိုဒ်နဲ ့Wisdom of Chopra ဆိုတဲ့ ဆိုက်နှစ်ခုက ကြုံရာကျပန်းအဆိုအမိန် ့တွေကို အသုံးပြုခဲ့ကြပါတယ်။ ထို ့နောက်မှာတော့ လေ့လာမှုမှာပါ၀င်ပေးတဲ့ ကောလိပ်ကျောင်းသား ၂၈၀ ဦးကို ဒီ အဆိုအမိန် ့တွေကို အဆင့်သတ်မှတ်ချက် ၁ ကနေ ၅ အတွင်းပေးခိုင်းခဲ့ပါတယ်။ အဆင့် ၅ သတ်မှတ်ရင် အလေးနက်ဆုံးဖြစ်ကာ အဆင့် ၁ ကတော့ လုံးဝ အဓိပ္ပါယ်မရှိဘူးလို ့သတ်မှတ်တာဖြစ်ပါတယ်။
ဒီလေ့လာမှုရဲ့တွေ ့ရှိချက်အရ ဒီ အဆိုစကားတွေက လေးနက်မှုရှိတယ်လို ့ထင်တဲ့လူတွေမှာ ဘာသာရေးအစွဲ တွေ ပြင်းထန်ပြီး၊ အတွေးအခေါ်ကောင်းသူတွေမဟုတ်ကြောင်း တွေ ့ရှိခဲ့ရကာ အဆိုကြမ်းအဆင့်သာရှိတဲ့ လှို့၀ှက်ကြံစည်သီအိုရီ  (conspiracy theories) တွေကို ယုံကြည်နိုင်ခြေလည်း ပိုများကာ၊ သဘာဝကုထုံးတွေနဲ ့ သဘာဝလွန်ဖြစ်ရပ်တွေကိုလည်း ယုံကြည်နိုင်ခြေ ပိုများနေတာကိုလည်း တွေ ့ရှိခဲ့ရပါတယ်။“ အခြေခံသဘောတရားကတော့ အသိဉာဏ်ပညာမြင့်တဲ့ လူတွေဆိုရင် ဒီအဆိုအမိန် ့တွေဟာ အလကား အဆိုအမိန် ့တွေဆိုတာ သိသင့်ပြီး  သူတို ့ကို ပြလိုက်တဲ့ အလကားအဆိုအမိန် ့တွေကိုလည်း လွယ်လွယ်မယုံဘဲ၊ သံသယနဲ ့ပိုကြည့်သင့်ပါတယ်” လို ့Pennycook က ပြောပြခဲ့ပါတယ်။
Ref: yourtango 
http://www.trend.com.mm/2015/12/08/lifestyle-8287
No comments:
Post a Comment