Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 2, 2015

Facebook သုံးတာကို လံုး၀ရပ္လုိက္ျခင္းက သင့္ကို ပုိမုိုေပ်ာ္ရႊင္ေစႏိုင္ေၾကာင္း သိပၸံပညာရွင္ေတြ ေျပာၾကား

Facebook အပါအ၀င္ လူမွဳကြန္ရက္ေတြက ကၽြန္ေတာ့္ဘ၀ကို ဘယ္ေလာက္လႊမ္းမုိးမွဳရွိလဲဆုိတာကို ေလ့လာဖုိ ့အတြက္ Happiness Research Institute က ဦးေဆာင္ေလ့လာခဲ့တဲ့ သုေတသနတစ္ခုအရ Facebook သုံးတာကို လုံး၀ျဖတ္လုိက္ျခင္းက ကၽြန္ေတာ္တုိ ့ဘ၀ေတြကို ပုိမုိေပ်ာ္ရႊင္ေစႏိုင္တယ္လုိ ့သိရပါတယ္။

အဆုိပါေလ့လာမွဳမွာ Facebook ပုံမွန္သုံးစြဲသူေပါင္း ၁၀၉၅ ဦးပါ၀င္ခဲ့ျပီး ထုိသူေတြထဲက ၉၄ ရာခိုင္ႏွဳန္းေလာက္က Facebook ကို ေန ့စဥ္အလုပ္တစ္ခုလုိ ပုံမွန္သုံးေနၾကသူေတြျဖစ္ပါတယ္။ ထုိ ့ေနာက္ ထိုသူေတြကို အုပ္စုႏွစ္စုခြဲကာ တစ္ပတ္ၾကာ စမ္းသပ္ေလ့လာမွဳျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ပထမအုပ္စုကို သူတုိ ့ပုံမွန္သုံးေနၾကအတုိင္း Facebook ကုိ ဆက္သုံးဖုိ ့ညႊန္ၾကားခဲ့ျပီး ဒုတိယအုပ္စုကိုေတာ့ တစ္ပတ္လုံး Facebook မသုံးၾကည့္ဖုိ ့ေစခုိင္းခဲ့ပါတယ္။ ခုနစ္ရက္ၾကာေလ့လာမွဳျပီးဆုံးခ်ိန္ မွာေတာ့ ဒုတိယ အုပ္စုထဲကသူေတြကို ေမးျမန္းမွဳျပဳလုပ္ခဲ့ရာမွာ ၈၈ ရာခိုင္ႏွဳန္းေလာက္က သူတုိ ့ေပ်ာ္ရႊင္မွဳေတြ ခံစားေနရတယ္လုိ ့ဆုိပါတယ္။ ဒုတိယအုပ္စုကလူေတြဟာ ပုိမုိ တက္ၾကြလာမွဳ၊၊ မိမိကိုယ္ကုိယုံၾကည္စိတ္ခ်မွဳေတြ ပုိမုိ ခံစားရတယ္လုိ ့ဆုိျပီး အခ်ိန္ျဖဳန္းတာေတြ နည္းသြားတယ္လုိ ့ ေျပာၾကားခဲ့ပါတယ္။ ဒီ့အျပင္ ဒုတိယအုပ္စုကလူေတြဟာ အရင္ကထက္ မိမိဘ၀ကို ပုိမုိေက်နပ္ေပ်ာ္ရႊင္လာတယ္လုိ ့ဆုိပါတယ္။

Facebook သုံးျမဲသုံးဆဲျဖစ္တဲ့ ပထမအုပ္စုမွာေတာ့ ၅၅ ရာခိုင္ႏွဳန္းေလာက္ဟာ စိတ္ဖိအားေတြမ်ားေနတယ္လုိ ့ ဆုိျပီး အလုပ္တစ္ခုကို အာရုံစူးစိုက္ဖုိ ့ခဲယဥ္းေၾကာင္းနဲ ့ အထီးက်န္သလုိ ခံစားရေၾကာင္း ေျပာျပခဲ့ပါတယ္။ဒီလုိ အႏုတ္လကၡဏာေဆာင္တဲ့ ခံစားမွဳေတြဟာ Facebook မစၦရိယစိတ္လုိ ့ေခၚတဲ့ ခံစားမွဳေၾကာင့္ ျဖစ္ရတာ ျဖစ္တယ္လုိ ့သုေတသနပညာရွင္ေတြက ေကာက္ခ်က္ခ်ခဲ့ပါတယ္။

ေလ့လာမွဳအရ ပထမအုပ္စုက လူ ၁၀ ေယာက္မွာ ၅ ေယာက္ဟာ Facebook မွာ တျခားသူေတြတင္တဲ့ ေပ်ာ္ရႊင္စရာအေတြ ့အၾကဳံေတြကို မနာလုိ၀န္တုိျဖစ္မိတယ္လုိ ့ဆုိျပီး၊ ၃ ေယာက္မွာ ၁ေယာက္က Facebook မွာ အရမ္းေပ်ာ္ေနပုံေပါက္တဲ့လူေတြကို မနာလုိ အူတုိျဖစ္မိျပီး၊ ၁၀ ေယာက္မွာ ၄ ေယာက္ကေတာ့ တျခားသူေတြရဲ့ Facebook ေပၚတင္တဲ့ေအာင္ျမင္မွဳေတြကို မနာလုိရွဳဆိတ္ျဖစ္မိတယ္လုိ ့ဖြင့္ဟခဲ့ၾကပါတယ္။

“ ဒီေလ့လာမွဳရဲ့အဓိကေထာက္ျပခ်င္တဲ့ အခ်က္ကေတာ့ ကိုယ့္လူမွဳဘ၀နဲ ့တျခားသူေတြရဲ့ဘ၀ကို သြားႏွိဳင္းယွဥ္ၾကည့္ျခင္းကေန မေကာင္းတဲ့ခံစားမွဳေတြရေနတာကို သတိမူမိဖုိ ့ပါ။ Facebook နဲ ့တျခား လူမွဳကြန္ရက္ေတြက ကိုယ့္ဘ၀ေတန္ဖုိးကို ကိုယ္ဘယ္လုိ သတ္မွတ္လဲဆုိတဲ့အေပၚ ရိုက္ခတ္မွဳေတြ ရွိေနတာကို သတိထားမိဖုိ ့ျဖစ္ပါတယ္” လုိ ့Happiness Research Insitute ရဲ့ CEO ျဖစ္သူ Meik Wiking က ရွင္းျပခဲ့ပါတယ္။
TrendMyanmar
................
Facebook သုံးတာကို လုံးဝရပ်လိုက်ခြင်းက သင့်ကို ပိုမိုုပျော်ရွှင်စေနိုင်ကြောင်း သိပ္ပံပညာရှင်တွေ ပြောကြား

Facebook အပါအဝင် လူမှုကွန်ရက်တွေက ကျွန်တော့်ဘဝကို ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုတာကို လေ့လာဖို ့အတွက် Happiness Research Institute က ဦးဆောင်လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ Facebook သုံးတာကို လုံးဝဖြတ်လိုက်ခြင်းက ကျွန်တော်တို ့ဘဝတွေကို ပိုမိုပျော်ရွှင်စေနိုင်တယ်လို ့သိရပါတယ်။

အဆိုပါလေ့လာမှုမှာ Facebook ပုံမှန်သုံးစွဲသူပေါင်း ၁၀၉၅ ဦးပါ၀င်ခဲ့ပြီး ထိုသူတွေထဲက ၉၄ ရာခိုင်နှုန်းလောက်က Facebook ကို နေ ့စဉ်အလုပ်တစ်ခုလို ပုံမှန်သုံးနေကြသူတွေဖြစ်ပါတယ်။ ထို ့နောက် ထိုသူတွေကို အုပ်စုနှစ်စုခွဲကာ တစ်ပတ်ကြာ စမ်းသပ်လေ့လာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပထမအုပ်စုကို သူတို ့ပုံမှန်သုံးနေကြအတိုင်း Facebook ကို ဆက်သုံးဖို ့ညွှန်ကြားခဲ့ပြီး ဒုတိယအုပ်စုကိုတော့ တစ်ပတ်လုံး Facebook မသုံးကြည့်ဖို ့စေခိုင်းခဲ့ပါတယ်။ ခုနစ်ရက်ကြာလေ့လာမှုပြီးဆုံးချိန် မှာတော့ ဒုတိယ အုပ်စုထဲကသူတွေကို မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ ၈၈ ရာခိုင်နှုန်းလောက်က သူတို ့ပျော်ရွှင်မှုတွေ ခံစားနေရတယ်လို ့ဆိုပါတယ်။ ဒုတိယအုပ်စုကလူတွေဟာ ပိုမို တက်ကြွလာမှု၊၊ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုတွေ ပိုမို ခံစားရတယ်လို ့ဆိုပြီး အချိန်ဖြုန်းတာတွေ နည်းသွားတယ်လို ့ ပြောကြားခဲ့ပါတယ်။ ဒီ့အပြင် ဒုတိယအုပ်စုကလူတွေဟာ အရင်ကထက် မိမိဘဝကို ပိုမိုကျေနပ်ပျော်ရွှင်လာတယ်လို ့ဆိုပါတယ်။

Facebook သုံးမြဲသုံးဆဲဖြစ်တဲ့ ပထမအုပ်စုမှာတော့ ၅၅ ရာခိုင်နှုန်းလောက်ဟာ စိတ်ဖိအားတွေများနေတယ်လို ့ ဆိုပြီး အလုပ်တစ်ခုကို အာရုံစူးစိုက်ဖို ့ခဲယဉ်းကြောင်းနဲ ့ အထီးကျန်သလို ခံစားရကြောင်း ပြောပြခဲ့ပါတယ်။ဒီလို အနုတ်လက္ခဏာဆောင်တဲ့ ခံစားမှုတွေဟာ Facebook မစ္ဆရိယစိတ်လို ့ခေါ်တဲ့ ခံစားမှုကြောင့် ဖြစ်ရတာ ဖြစ်တယ်လို ့သုတေသနပညာရှင်တွေက ကောက်ချက်ချခဲ့ပါတယ်။

လေ့လာမှုအရ ပထမအုပ်စုက လူ ၁၀ ယောက်မှာ ၅ ယောက်ဟာ Facebook မှာ တခြားသူတွေတင်တဲ့ ပျော်ရွှင်စရာအတွေ ့အကြုံတွေကို မနာလို၀န်တိုဖြစ်မိတယ်လို ့ဆိုပြီး၊ ၃ ယောက်မှာ ၁ယောက်က Facebook မှာ အရမ်းပျော်နေပုံပေါက်တဲ့လူတွေကို မနာလို အူတိုဖြစ်မိပြီး၊ ၁၀ ယောက်မှာ ၄ ယောက်ကတော့ တခြားသူတွေရဲ့ Facebook ပေါ်တင်တဲ့အောင်မြင်မှုတွေကို မနာလိုရှုဆိတ်ဖြစ်မိတယ်လို ့ဖွင့်ဟခဲ့ကြပါတယ်။

“ ဒီလေ့လာမှုရဲ့အဓိကထောက်ပြချင်တဲ့ အချက်ကတော့ ကိုယ့်လူမှုဘဝနဲ ့တခြားသူတွေရဲ့ဘဝကို သွားနှိုင်းယှဉ်ကြည့်ခြင်းကနေ မကောင်းတဲ့ခံစားမှုတွေရနေတာကို သတိမူမိဖို ့ပါ။ Facebook နဲ ့တခြား လူမှုကွန်ရက်တွေက ကိုယ့်ဘဝတေန်ဖိုးကို ကိုယ်ဘယ်လို သတ်မှတ်လဲဆိုတဲ့အပေါ် ရိုက်ခတ်မှုတွေ ရှိနေတာကို သတိထားမိဖို ့ဖြစ်ပါတယ်” လို ့Happiness Research Insitute ရဲ့ CEO ဖြစ်သူ Meik Wiking က ရှင်းပြခဲ့ပါတယ်။
TrendMyanmar

No comments:

Post a Comment