Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 23, 2015

လိပ္ကြ်န္းလူသတ္မႈ စြပ္စြဲခံ ျမန္မာ ၂ဦးကုိ ထုိင္းတရားရုံးက ေသဒဏ္ခ်မွတ္

ဧရာ၀တီ| December 24, 2015 |
 Koh-Tao1လိပ္ကြ်န္း လူသတ္မႈ၌ စြပ္စြဲခံထားရသည့္ ျမန္မာႏုိင္ငံသား ၀င္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတုိကုိ  ေကာ့စေမြတရားရုံးက အျပစ္ရွိေၾကာင္းဆုံးျဖတ္ကာ ေသဒဏ္ အမိန္႔ခ်မွတ္လုိက္သည္။

ထုိျပစ္ဒဏ္ႏွင့္ပတ္သက္၍  လုိက္ပါေဆာင္ရြက္ေနသည ေရႊ႕ေျပာင္း အလုပ္သမားေတြရဲ႕ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ ေရး ေဖာင္ေဒးရွင္း (FED)အဖြ႔ဲမွ ့္ ကုိမင္းဦးက “ဒီလုိအေျခအနကုိ ေမွ်ာ္လင့္ၿပီးသားပါ၊ အမႈကေတာ့ မၿပီးေသးဘူး က်ေနာ္တုိ႔ဘက္က ၇ ရက္အတြင္းအယူခံတင္မယ္”ဆုိသည္။

ယင္းအမႈကုိလုိက္ပါေဆာင္ရြက္ေနသူမ်ားကမူ တရားရုံးဆုံးျဖတ္ခ်က္မွာ မွ်တမႈမရွိဟု ယူဆသည္။

၂၀၁၄ခုႏွစ္ စက္တင္ဘာ  ၁၅ရက္ေန႔က ထုိင္းပင္လယ္ေကြ႕ရွိ လိပ္ကြ်န္းတြင္ ၿဗိတိန္ႏုိင္ငံသား ေဒးဗစ္ မီလာႏွင့္ ဟန္နာ၀စ္ထာရစ္ခ်္တုိ႔ ၂ဦး သတ္ျဖတ္ခံရသည့္ အမႈႏွင့္ ပတ္သက္ၿပီး ျမန္မာေရြ႕ေျပာင္းအလုပ္သမား ၂ဦးျဖစ္ သည့္ ၀င္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းကုိ စြပ္စြဲကာ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ထုိအမႈ၌ ထုိင္းရဲတပ္ဖြဲ႔မွ တရားရုံးသုိ႔ တင္သြင္းခဲ့သည့္ သက္ေသခံ DNA စစ္ေဆးခ်က္ႏွင့္ ပတ္သက္၍ လူသတ္လက္နက္ဟု ရဲတပ္ဖြဲ႔က ယုံၾကည္ထားသည့္ ေပါက္ျပားတြင္ ရသည့္ DNAႏွင့္ စြပ္စြဲခံ ၂ဦး၏ DNA မွာ မတူညီေၾကာင္း နာမည္ေက်ာ္ ထိုင္းမႈခင္းေဆးပညာဆိုင္ရာ ကၽြမ္းက်င္သူ အမ်ိဳးသမီး ေဒါက္တာ ပြန္းထစ္႐ိုက်နာစူလန္က ထြက္ဆုိခဲ့ၿပီးျဖစ္သည့္ အျပင္ ရဲတပ္ဖြဲ႔၏ မတရားႏွိပ္စက္၍ ၀န္ခံရေၾကာင္း တရားခံဟု စြပ္စြဲခံရသူ ၀င္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းက တရားရုံးတြင္ ထြက္ဆုိခဲ့ၿပီးျဖစ္သည္။
Irrawaddy
..............
လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာ ၂ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်
ဧရာဝတီ| December 24, 2015 |
 Koh-Tao1လိပ်ကျွန်း လူသတ်မှု၌ စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား ၀င်းဇော်ထွန်းနှင့် ဇော်လင်းတိုကို  ကော့စမွေတရားရုံးက အပြစ်ရှိကြောင်းဆုံးဖြတ်ကာ သေဒဏ် အမိန့်ချမှတ်လိုက်သည်။

ထိုပြစ်ဒဏ်နှင့်ပတ်သက်၍  လိုက်ပါဆောင်ရွက်နေသည ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေး ဖောင်ဒေးရှင်း (FED)အဖွဲ့မှ ့် ကိုမင်းဦးက “ဒီလိုအခြေအနကို မျှော်လင့်ပြီးသားပါ၊ အမှုကတော့ မပြီးသေးဘူး ကျနော်တို့ဘက်က ရ ရက်အတွင်းအယူခံတင်မယ်”ဆိုသည်။

ယင်းအမှုကိုလိုက်ပါဆောင်ရွက်နေသူများကမူ တရားရုံးဆုံးဖြတ်ချက်မှာ မျှတမှုမရှိဟု ယူဆသည်။

၂၀၁၄ခုနှစ် စက်တင်ဘာ  ၁၅ရက်နေ့က ထိုင်းပင်လယ်ကွေ့ရှိ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ဒေးဗစ် မီလာနှင့် ဟန်နာဝစ်ထာရစ်ချ်တို့ ၂ဦး သတ်ဖြတ်ခံရသည့် အမှုနှင့် ပတ်သက်ပြီး မြန်မာရွေ့ပြောင်းအလုပ်သမား ၂ဦးဖြစ် သည့် ၀င်းဇော်ထွန်းနှင့် ဇော်လင်းကို စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုအမှု၌ ထိုင်းရဲတပ်ဖွဲ့မှ တရားရုံးသို့ တင်သွင်းခဲ့သည့် သက်သေခံ DNA စစ်ဆေးချက်နှင့် ပတ်သက်၍ လူသတ်လက်နက်ဟု ရဲတပ်ဖွဲ့က ယုံကြည်ထားသည့် ပေါက်ပြားတွင် ရသည့် DNAနှင့် စွပ်စွဲခံ ၂ဦး၏ DNA မှာ မတူညီကြောင်း နာမည်ကျော် ထိုင်းမှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ အမျိုးသမီး ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က ထွက်ဆိုခဲ့ပြီးဖြစ်သည့် အပြင် ရဲတပ်ဖွဲ့၏ မတရားနှိပ်စက်၍ ၀န်ခံရကြောင်း တရားခံဟု စွပ်စွဲခံရသူ ၀င်းဇော်ထွန်းနှင့် ဇော်လင်းက တရားရုံးတွင် ထွက်ဆိုခဲ့ပြီးဖြစ်သည်။
Irrawaddy

No comments:

Post a Comment