Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 31, 2015















                              photo    กรมกิจการพลเรือนทหารเรือ

၃၁-၁၂-၂၀၁၅
ခဲ့သူတွေက ပြောပါတယ်။

..............................................



ထိုင်းနိုင်ငံနှင့်အနီးဆုံး ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့် စက်လှေမှ မြန်မာ နိုင်ငံသားများအား ထိုင်ရေတပ်မတော်က ကယ်တင်
၃၁-၁၂-၂၀၁၅
ထိုင်းနိုင်ငံ ပူကပ်ခရိုင်မှ ကီလို ၅၀ အကွာမှာ ပင်လယ်ပြင်အတွင်းမှာ အရှည်၂၇ မီတာ ရှိတဲ့ သစ်သားစက်လှေတစီး ၃၀ရက်နေ ့က နစ်မြုပ်သွားခဲ့တာပါ၊အဓိကဖြစ်တာကတော့ စက်လှေအတွင်း ရေထုတ်စက် ပျက်သွားရာကနေ စက်လှေအတွင်းကေ ရတွေ ကို ခပ်မထုတ်နိုင်ခဲ့ လို ့ နစ်မြုပ်ခဲ့ရတာလို ့စက်လှေပေါ်တွင်လိုက်ပါ
ခဲ့သူတွေက ပြောပါတယ်။
":အောင်သစ္စာ" ကုန်တင် စက်လှေဟာ ရခိုင်ပြည်နယ်ကနေ ပီနံကို ဦးတည်သွားခဲ့ရာက ထိုင်း နိင်ငံ နဲ ့အနီးဆုံး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ ပါတယ်။
လှေထိုးသား (၇)ဦးဟာ အသက်ကယ် ဘောတွေနဲ ့ ပင်လယ်တွင်းမျှောနေ
တာကို ထိုင်းဘုရင့်ရေတပ်မတော် ရေယာဉ်က ကယ်တင်နိုင်ခဲ့တာပါ။
ပထမဆုံး ကင်းထောက်လေယာဉ်က စက်လှေ နစ်မြုပ်တဲ့နေရာကို အတိအကျ
ထောက်လှမ်းပြီး ရေတပ်ကို မြေပုံတည်နေရာကို သတင်းပို ့ခဲ့ကြောင်း၊
တညလုံးပင်လယ်တွင်းမှာ ကယ်သူမရှိ ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ
မီးအလင်းရောင်ကိုသာ တညလုံး စောင့်ကြည့်နရပြီး ခုလို ထိုင်းရေတပ်က
ကကယ်တင်နိုင်ခဲ့တာကို ၀မ်းသာနေကြပါတယ်။
ယနေ ့မနက်ပိုင်းမှာ မြန်မာနိုင်ငံသား(၇)ဦးဟာ ပူးကက် ရေတပ်စခန်း ကိုရောက်လာခဲ့ပြီး နှစ်နိုင်ငံ သက်ဆိုင်ရာတွေ ညှိနိုင်
ပြီးတဲ့အခါ မကြာ ခင် ပြန်လည် လွဲပြောင်းပေးမယ်လို ့ ဘန်ကောက်ပိုစ့် သတင်းမှာရေးသား ထားပါတယ်။
Social Action for Women - SAW

..............................................



No comments:

Post a Comment