ကမၻာ့သတင္း
ဘီဘီစီ
ဘီယတ္၊ ဒီဇင္ဘာ ၁၂ ။ ။ ဂမ္ဘီယာႏိုင္ငံ သမၼတ ယာဟာဂ်ာမတ္ရွ္က မြတ္စလင္အမ်ားစုရွိရာ ယင္းႏိုင္ငံအား အစၥလာမ္မစ္သမၼတႏိုင္ငံအျဖစ္သို႔ ေျပာင္းလဲေၾကညာလိုက္သည္။ ကိုလိုနီအတိတ္ေဟာင္းကို ေခ်ဖ်က္ျခင္းအျဖစ္ ယခုကဲ့သို႔ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ေျပာသည္။
ဂမ္ဘီယာႏိုင္ငံ၏ ဘာသာေရးတစ္သားတည္းရွိျခင္းႏွင့္ စံတန္ဖိုးတို႔အရ ယခုကဲ့သို႔ အစၥလာမ္မစ္ သမၼတႏိုင္ငံအျဖစ္ ေၾကညာျခင္းျဖစ္ေၾကာင္း ႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားတြင္ သမၼတ ဂ်ာမတ္ရွ္က ေျပာသြားသည္။
အျခားေသာကိုးကြယ္ ယုံၾကည္မႈမ်ားကိုလည္း လြတ္လပ္စြာကိုးကြယ္ခြင့္ျပဳမွာပင္ျဖစ္ၿပီး မည္သည့္စည္းမ်ဥ္း တင္းက်ပ္မႈမွ် ရွိမည္မဟုတ္ေၾကာင္း ၎က ျဖည့္စြက္ေျပာသည္။
ဂမ္ဘီယာႏိုင္ငံသည္ လူဦးေရ ၉၀ ရာခုိင္ႏႈန္းက မြတ္စလင္မ်ားျဖစ္ၾကသည္။ ၿဗိတိသွ်ကိုလိုနီေဟာင္းႏိုင္ငံျဖစ္ၿပီး ခရီးသြားလုပ္ငန္းအေပၚ အလြန္မွီခိုျပဳေနရသည့္ ႏိုင္ငံျဖစ္သည္။
သို႔ေသာ္ အေနာက္ႏွင့္ ဆက္ဆံေရးအေျခအေနကမူ ခပ္တန္းတန္းပင္ ရွိေနသည္။
ဂမ္ဘီယာႏိုင္ငံ၏ လူအခြင့္အေရးညံ့ဖ်င္းျခင္း စံခ်ိန္တင္မႈေၾကာင့္ ၿပီးခဲ့သည့္ႏွစ္က ဥေရာပသမဂၢက ကူညီေပးေရးေငြေၾကးမ်ား ယာယီအားျဖင့္ ထုတ္မေပးဘဲ ထားခဲ့သည္။
"ႏိုင္ငံမွာက မြတ္စလင္က အမ်ားစုပါ။ ကိုလိုနီအေမြကို ဆက္ၿပီး ရွိမေနခ်င္ေတာ့ပါ။"ဟု အေနာက္အာဖရိက ႏိုင္ငံငယ္တစ္ခုျဖစ္ေသာ ဂမ္ဘီယာႏိုင္ငံ၌ ၂၁ ႏွစ္ၾကာ သမၼတအာဏာယူထားသူ ဂ်ာမတ္ရွ္က ေျပာၾကားခဲ့သည္။
- See more at: http://mizzimaburmese.com/article/8489#sthash.ad0q7mZc.dpuf
................
ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ်သမ္မတနိုင်ငံအဖြစ် ပြောင်းလဲ
ကမ္ဘာ့သတင်း
ဘီဘီစီ
ဘီယတ်၊ ဒီဇင်ဘာ ၁၂ ။ ။ ဂမ်ဘီယာနိုင်ငံ သမ္မတ ယာဟာဂျာမတ်ရှ်က မွတ်စလင်အများစုရှိရာ ယင်းနိုင်ငံအား အစ္စလာမ်မစ်သမ္မတနိုင်ငံအဖြစ်သို့ ပြောင်းလဲကြေညာလိုက်သည်။ ကိုလိုနီအတိတ်ဟောင်းကို ချေဖျက်ခြင်းအဖြစ် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။
ဂမ်ဘီယာနိုင်ငံ၏ ဘာသာရေးတစ်သားတည်းရှိခြင်းနှင့် စံတန်ဖိုးတို့အရ ယခုကဲ့သို့ အစ္စလာမ်မစ် သမ္မတနိုင်ငံအဖြစ် ကြေညာခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် သမ္မတ ဂျာမတ်ရှ်က ပြောသွားသည်။
အခြားသောကိုးကွယ် ယုံကြည်မှုများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပြုမှာပင်ဖြစ်ပြီး မည်သည့်စည်းမျဉ်း တင်းကျပ်မှုမျှ ရှိမည်မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ဂမ်ဘီယာနိုင်ငံသည် လူဦးရေ ၉၀ ရာခိုင်နှုန်းက မွတ်စလင်များဖြစ်ကြသည်။ ဗြိတိသျှကိုလိုနီဟောင်းနိုင်ငံဖြစ်ပြီး ခရီးသွားလုပ်ငန်းအပေါ် အလွန်မှီခိုပြုနေရသည့် နိုင်ငံဖြစ်သည်။
သို့သော် အနောက်နှင့် ဆက်ဆံရေးအခြေအနေကမူ ခပ်တန်းတန်းပင် ရှိနေသည်။
ဂမ်ဘီယာနိုင်ငံ၏ လူအခွင့်အရေးညံ့ဖျင်းခြင်း စံချိန်တင်မှုကြောင့် ပြီးခဲ့သည့်နှစ်က ဥရောပသမဂ္ဂက ကူညီပေးရေးငွေကြေးများ ယာယီအားဖြင့် ထုတ်မပေးဘဲ ထားခဲ့သည်။
"နိုင်ငံမှာက မွတ်စလင်က အများစုပါ။ ကိုလိုနီအမွေကို ဆက်ပြီး ရှိမနေချင်တော့ပါ။"ဟု အနောက်အာဖရိက နိုင်ငံငယ်တစ်ခုဖြစ်သော ဂမ်ဘီယာနိုင်ငံ၌ ၂၁ နှစ်ကြာ သမ္မတအာဏာယူထားသူ ဂျာမတ်ရှ်က ပြောကြားခဲ့သည်။
- See more at: http://mizzimaburmese.com/article/8489#sthash.ad0q7mZc.dpuf
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, December 12, 2015
ဂမ္ဘီယာႏိုင္ငံက အစၥလာမ္မစ္သမၼတႏိုင္ငံအျဖစ္ ေျပာင္းလဲ
ဂမ္ဘီယာႏိုင္ငံက အစၥလာမ္မစ္သမၼတႏိုင္ငံအျဖစ္ ေျပာင္းလဲ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 12, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment