Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 22, 2015

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က လ.ဝ.က ဝန်ထမ်းတွေ အကြောင်း



ပထမတော့ မရေးတော့ပါဘူးဆိုပြီး မေ့ထားလိုက်တာ။
"သတင်းဦး သတင်းထူးများ ပေ့ဂ်ျမှာ" ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က လ.ဝ.က ဝန်ထမ်းတွေ
အနုကြမ်းစီးကြောင်း ရေးထားတာဖတ်မိတော့ ရေးချင် ပြောချင် ဖြစ်လာရော။
နိုင်ငံတကာနဲ့ယှဉ်တော့ ရန်ကုန်ဆိုတာကြီးက တောကြိုချုံကြားကြီးပါဗျာ။
စိတ်ပျက် စိတ်ရှုပ် စိတ်ညစ်စရာ ဗရုတ်သုတ်ခ ဒေသကြီးပါ။
ဆင်းရဲချမ်းသာကို ပြောတာမဟုတ်ဘူး။
စည်းမဲ့ကမ်းမဲ့ ပရမ်းပတာတွေလုပ်ပြီး အရှက်သိက္ခာမဲ့သူတွေ
တစ်ပြုံကြီးနဲ့ ရွံစရာနေရာကြီး ဖြစ်နေတာကိုပြောတာ။
အချိုအချောင် ရဖို့ ကိုယ့်သိက္ခာ ကိုယ်ချနင်းနေကြတာများ ယိုသူမရှက် မြင်သူရှက်။
ကိုယ်ကျင့်တရားတွေ စုတ်ပြတ်သတ်နေကုန်တာများ ထုံးတမ်းအစဉ်အလာကြီးသဖွယ်။
ပုခုံးပေါ် အပွင့်အခက်တွေချိတ်ပြီး သူများမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်နေကြတာ အားပါးတရ။
အလှူ ခံတာလိုလို၊ မိုက်ကြေး ခွဲတာလိုလို၊
မျက်နှာထားတွေက ကိုယ်ကပဲ သူတို့လုပ်စာ ကပ်စားနေတဲ့ပုံမျိုး။

အမှန်အကန်ပတ်ပို့စ်ကြီးနဲ့ တရားဝင် သွားတဲ့ကိစ္စကို
"ရင်းဂစ်လေးဆယ်တော့ ပေးကွာ...အကုန်အဆင်ပြေအောင် လုပ်ပေးလိုက်မယ်"... တဲ့။
ကြီးကြီးကျယ်ကျယ်လျှောက်ပြော။ ဘာတွေလုပ်ပေးမှာလဲ။
တရားမဝင် ခိုးထွက်တာမဟုတ်ဘူး။ အောက်လမ်းက ပြန်လာတာမဟုတ်ဘူး။
အထောက်အထား စာရွက်စာတမ်းပြည့်စုံနေတဲ့သူကို ဘာတွေများ လုပ်ပေးစရာလိုလို့လဲ။
ကွာလာလမ်ပူမှာလဲ လ.ဝ.ကကို ဖြတ်ခဲ့ရတာပဲ။
သူ့အလုပ် သူလုပ်တာ။
စစ်ဆေးစရာအချက်အလက် ပြည့်စုံမှန်ကန်နေရင် ဘယ်လိုလူတန်းစားကိုမှ ရစ်မနေဘူး။
ပိုက်ဆံတောင်းဖို့များတော့ ဝေလာဝေး။
[အဲ့ဒါ နိုင်ငံကြီးသားစိတ်ဓာတ်]

ဘိုရွှေမြန်မာတွေကတော့ မဟုတ်ပေါင်။
ပြည်ပက ပြန်ဝင်လာတဲ့ ကိုယ့်မြန်မာတွေချည်းသက်သက် ခွဲစစ်တယ်။
နေ့စဉ်နေ့တိုင်း ထွက်ခွာသွားကြတာ ပြန်ဝင်လာကြတာတွေကို ကြည့်ပြီး
ငါတို့လူမျိုးတွေ ပြေးလိုက်လွှားလိုက် ရှာဖွေစားသောက်နေရတဲ့ဘဝပါလားလို့
မဆင်ခြင်ဘူး မအောင့်မေ့ဘူး နှလုံးမသွင်းဘူး။
ကိုယ်ချင်းစာတရား မရှိဘူး။
ဘယ်ပုံစံနဲ့ပဲ ပြန်လာပြန်လာ "တောင်းကြ ရမ်းကြတယ်"။
အော်ကြ ငေါက်ကြတယ်။ ပိုင်ပြီထင်ရင် ငွေညှစ်တာလေးက ပိုသေး။
(အတူနေ မြန်မာအိန္ဒယတစ်ယောက် ပြန်သွားတာ လူကြုံထည့်ပေးလိုက်တဲ့
ဖုန်း သုံးလုံးကြောင့် လေးနာရီလောက် အရစ်ခံရပြီး
ကျေနပ်အောင်ပေးမှ ပြန်လွှတ်ကြသတဲ့။)
ဘယ်မှာလဲ အမျိုးကို ချစ်တဲ့စိတ်။ အမျိုးအနွယ်ကို ကြည့်ရှုစောင့်ရှောက်မယ့် စိတ်။

အိမ်ဖော်လုပ်ပြီး ပြန်လာရတာများလား
အလုပ်ကြမ်းလုပ်ပြီး ပြန်လာရတာများလား
ပက်ပက်စက်စက်ကျွန်ခံပြီးတော့ ပြန်လာရတာများလားလို့
တစ်ချက်မှ တွေးကြပုံမပေါ်ဘူး။

ကျောင်းစာသင်ခန်းထဲ ရှိနေရမယ့်အရွယ်တွေ ပါတယ်
မိဘ မောင်ဘွားတွေကြား ရှိနေရမယ့် သမီးအရွယ်လေးတွေ ပါတယ်
ဘယ်လိုမှ ဗိုလ်မကျသင့်တဲ့ သနားစရာ့လူတန်းစားတွေ ပါတယ်။
သူတို့ ဘာကိုမှ အလေးအနက် ထားကြပုံမပေါ်ဘူး။

ပြည်ပမှာ လုပ်ကိုင်စားသောက်နေထိုင်ကြရချိန် အောက်ကျနောက်ကျ နိုင်လှတဲ့အဖြစ်ကို အားမလိုအားမရဖြစ်ရတဲ့အထဲ
ကိုယ့်စောက်မျိုးက ကိုယ့်ပြန်နှိမ်တော့ လေတာပေါ့။
လူတွေက အနှိမ်ခံ အလှည့်ခံ အနိုင်ကျင့်ခံ ဗိုလ်ကျခံတွေကို ဖြစ်လို့။

လ.ဝ.က အရာရှိတွေပဲ ရစ်တာလားဆိုတော့ ဘယ်ဟုတ်လိမ့်မတုန်း။
သန့်ရှင်းရေးရောင်ရောင် ဘာရောင်ရောင်ကောင်တွေကလဲ ရစ်တာပဲ။
အိတ်ယူမယ့်နေရာရောက်တော့ ချလံ ပြပါ။ စလစ် ပြပါ။ ပြေစာ ပြပါနဲ့။
ကိုယ်ကပဲ ရုံးချိန်းလာတဲ့ အမှုသည်ကြီးတွေလို။
လေယဉ်ကွင်းကြည့်တော့ "တောကဘူတာ" လောက်။
လေသံတွေ ကြားရတာက ဗိုလ်သံ ဘုရင်သံတွေ။
လက်တော့ ပါလား။ နိုင်ငံခြားငွေ ပါလား။
ဟိုဟာပါလား ဒီဟာပါလား စစ်လားဆေးလားနဲ့။
ဘာကောင်တွေမှန်းမသိတဲ့ကောင်တွေကလဲ
"အဆင်ပြေအောင် လုပ်ပေးလိုက်မယ်...၁၀ ....၁၅ကျပ်လောက်...ပေးခဲ့" ဆိုပဲ။

မြန်မာပြည်ကို အလည်ပြန်တာ နှစ်ခေါက်။
JB လေဆိပ် ကနေ KL လေဆိပ် အသွားအပြန် လေးခေါက်ဗျာ။
ပြေစာမေးမယ့်သူ မရှိဘူး။ စလစ်မေးမယ့်သူ မရှိဘူး။ ချလံပြခိုင်းမယ့်သူ မရှိဘူး။
ရန်ကုန်လေဆိပ်ရောက်ကာမှ
ကိုယ့်အိတ်ကြီး မြင်နေတာတောင် ယူချင်တိုင်း ယူမရဘူးတဲ့။
အံ့ရော။

လက်ဝါးလောက်သာရှိတဲ့ လေဆိပ်မို့လို့သာပေါ့။
အဆင့်မီအတန်းမီ လေယဉ်ကွင်းမှာများ တာဝန်ကျရင် ဘယ်လောက်တောင်
`ဂွင်´ ဖန်လိုက်ကြမလဲမသိ။

ရှိစုမဲ့စု ပိုက်ဆံလေးကို လုယက်စားသောက်ရတာ စားဝင်ကြသတဲ့။
မသထာပဲ မပေးချင်ပဲ ပေးခဲ့ကြတဲ့ ပိုက်ဆံလေးကို မက်နေကြသတဲ့။
ပိုက်ဆံလုတယ်လို့ပဲ သောက်မြင်ကပ်ကပ်နဲ့ ပြောလိုက်ချင်တယ်။
တကယ်လဲ လုယူနေတာပဲ။ ဓားပြတိုက်ယူနေတာပဲ။
အဲ့ထက် ခပ်နုနုပြောရရင်
မပေးမချင်း တကျီကျီတောင်းစားနေကြသူတွေ။
အဟုတ်ဗျာ။

ကျုပ်ပြောတော့ ပိုတယ်ဖြစ်မယ်။
ကိုယ့်ဘာကိုယ်သာ ဝင်ဖတ်ကြည့်။ ကွန်မန့်လေးတွေပါ လှန်လှောဖတ်ကြည့်။

https://m.facebook.com/story.php?story_fbid=571756192975527&id=534234093394404

တောင်းစားတဲ့သူတွေ ခိုးစားလုစားတဲ့သူတွေ လူလည်လူညစ်တွေ အခွင့်အရေးသမားတွေ အချောင်သမားတွေ မရှိတော့အောင်
အမြန် လုပ်ပါတော့ NLD ။


ငသုန်
Nga Thone

..........................................


ပထမေတာ့ မေရးတော့ပါဘူးဆိုပြီး မေ့ထားလိုက္တာ။
"သတင်းဦး သတင်းထူးမ်ား ပေ့ဂ်္မွာ" ရန္ကုန်အျပည်ျပည္ဆိုင်ရာလေဆိပ္က လ.ဝ.က ဝန္ထမ်းတြေ
အနုကြမ်းစီးကြောင်း ရေးထားတာဖတ္မိတော့ ရေးခ်င်ျေပာခ်င်ျဖစ္လာရော။
နိုင်ငံတကာနဲ့ယွဉ်တော့ ရန္ကုန္ဆိုတာကြီးက တောကြိုခ်ုံကြားကြီးပါဗ်ာ။
စိတ္ပ်က် စိတ်ရှုပ် စိတ်ညစ္စရာ ဗရုတ်သုတ္ခ ဒေသကြီးပါ။
ဆင်းရဲခ်မ်းသာကိုျေပာတာမဟုတ္ဘူး။
စည်းမဲ့ကမ်းမဲ့ ပရမ်းပတာတြေလုပ်ပြီး အရွက်သိက္ခာမဲ့သူတြေ
တစ်ျပုံကြီးနဲ့ ရြံစရာနေရာကြီျးဖစ်နေတာကိျုေပာတာ။
အခိုအေခ်ာင် ရဖို့ ကိုယ့်သိက္ခာ ကိုယ္ခ်နင်းနေကြတာမ်ား ယိုသူမရွက်ျမင်သူရွက်။
ကိုယ္က်င့်တရားတြေ စုတ်ျပတ်သတ်နေကုန္တာမ်ား ထုံးတမ်းအစဉ်အလာကြီးသဖြယ်။
ပုခုံးပေါ် အပြင့်အခက်တြေခိတ်ပြီး သူမ်ားမ်က္ခုံးမွှေးပေါ် စင်္ကြံလွော်က်နေကြတာ အားပါးတရ။
အလွူ ခံတာလိုလို၊ မိုက်ကြေး ခြဲတာလိုလို၊
မ်က်နွာထားတြေက ကိုယ္ကပဲ သူတို့လုပ္စာ ကပ္စားနေတဲ့ပုံမိုး။

အမွန်အကန္ပတ္ပို့စ်ကြီးနဲ့ တရားဝင် သြားတဲ့ကိစ္စကို
"ရင်းဂစ်လေးဆယ်တော့ ပေးကြာ...အကုန်အဆင်ျေပေအာင် လုပ်ပေးလိုက္မယ်"... တဲ့။
ကြီးကြီးက်ယ္က်ယ်လွော်က်ျေပာ။ ဘာတြေလုပ်ပေးမွာလဲ။
တရားမဝင် ခိုးထြက္တာမဟုတ္ဘူး။ အောက္လမ်းကျပန္လာတာမဟုတ္ဘူး။
အေထာက်အထား စာရြက္စာတမ်ျးပည့်စုံနေတဲ့သူကို ဘာတြေမ်ား လုပ်ပေးစရာလိုလို့လဲ။
ကြာလာလမ္ပူမွာလဲ လ.ဝ.ကကျိုဖတ္ခဲ့ရတာပဲ။
သူ့အလုပ် သူလုပ္တာ။
စစ်ဆေးစရာအခ်က်အလက်ျပည့်စုံမွန္ကန်နေရင် ဘယ္လိုလူတန်းစားကိုမွ ရစ္မေနဘူး။
ပိုက္ဆံတောင်းဖို့မ်ားတော့ ဝေလာဝေး။
[အဲ့ဒါ နိုင်ငံကြီးသားစိတ္ဓာတ်]

ဘိုရျွှေမန္မာတြေကေတာ့ မဟုတ်ပေါင်။
ျပည္ပကျပန်ဝင္လာတဲ့ ကိုယ့်ျမန္မာတြေခ်ည်းသက်သက် ခြဲစစ္တယ်။
နေ့စဉ်နေ့တိုင်း ထြက္ခြာသြားကြတျာပန်ဝင္လာကြတာတြေကို ကြည့်ပြီး
ငါတို့လူမိုးတြေျေပးလိုက္လွှားလိုက် ရွာဖြေစားသောက်နေရတဲ့ဘဝပါလားလို့
မဆင်ျခင္ဘူး မေအာင့်မေ့ဘူး နွလုံးမသြင်းဘူး။
ကိုယ္ခ်င်းစာတရား မရွိဘူး။
ဘယ္ပုံစံနဲ့ပျဲပန္လျာပန္လာ "တောင်းကြ ရမ်းကြတယ်"။
အော်ကြ ငေါက်ကြတယ်။ ပိုင်ပြီထင်ရင် ငြေညှစ္တာလေးက ပိုသေး။
(အတူနျေမန္မာအိန္ဒယတစ်ယောက်ျပန်ြသားတာ လူကြုံထည့်ပေးလိုက္တဲ့
ဖုန်း သုံးလုံးကြောင့် လေးနာရီလောက် အရစ္ခံရပြီး
က်ေနပ်အောင်ပေးမျွပန္လွှတ်ကြသတဲ့။)
ဘယ္မွာလဲ အမိုးကို ခ်စ္တဲ့စိတ်။ အမိုးအနယ္ကြို ကြည့်ရွုစောင့်ရွောက္မယ့် စိတ်။

အိမ်ဖ္လောုပ်ပြီျးပန္လာရတာမ်ားလား
အလုပ်ကြမ်းလုပ်ပြီျးပန္လာရတာမ်ားလား
ပက္ပက္စက္စက္ကျြန္ခံပြီးတေျာ့ပန္လာရတာမ်ားလားလို့
တစ္ခ်က္မွ တြေးကြပုံမေပ်ါဘူး။

ကော်င်းစာသင္ခန်းထဲ ရွိနေရမယ့်အရြယ်တြေ ပါတယ်
မိဘ မောင္ဘြားတြေကြား ရွိနေရမယ့် သမီးအရြယ်လေးတြေ ပါတယ်
ဘယ္လိုမွ ဗိုလ္မက်သင့်တဲ့ သနားစရာ့လူတန်းစားတြေ ပါတယ်။
သူတို့ ဘာကိုမွ အေလးအနက် ထားကြပုံမေပ်ါဘူး။

ျပည္ပမွာ လုပ္ကိုင္စားသောက်နေထိုင်ကြရခိန် အောက္က်နောက္က် နိုင္လွတဲ့အျဖစ္ကို အားမလိုအားမရျဖစ်ရတဲ့အထဲ
ကိုယ့်စောက္မိုးက ကိုယ့်ျပန်နွိမ်တော့ လေတာပေါ့။
လူတြေက အနွိမ္ခံ အလွည့်ခံ အနိုင္က်င့်ခံ ဗိုလ္က်ခံတြေကျိုဖစ္လို့။

လ.ဝ.က အရာရွိတြေပဲ ရစ္တာလားဆိုတော့ ဘယ်ဟုတ္လိမ့်မတုန်း။
သန့်ရွင်းရေးရောင်ရောင် ဘာရောင်ရောင်ကောင်တြေကလဲ ရစ္တာပဲ။
အိတ်ယူမယ့်နေရာရောက်တော့ ခ်လျံပပါ။ စလစ်ျပပါ။ျေပဈာပပါနဲ့။
ကိုယ္ကပဲ ရုံးခိန်းလာတဲ့ အမှုသည်ကြီးတြေလို။
လေယဉ်ကြင်းကြည့်တော့ "တောကဘူတာ" လောက်။
လေသံတြေ ကြားရတာက ဗိုလ်သံ ဘုရင်သံတြေ။
လက်တော့ ပါလား။ နိုင်ငျံခားငြေ ပါလား။
ဟိုဟာပါလား ဒီဟာပါလား စစ္လားဆေးလားနဲ့။
ဘာကောင်တြေမွန်းမသိတဲ့ကောင်တြေကလဲ
"အဆင်ျေပေအာင် လုပ်ပေးလိုက္မယ်...၁၀ ....၁၅က်ပ်လောက်...ပေးခဲ့" ဆိုပဲ။

ျမန္မျာပည္ကို အလည်ျပန္တာ နွစ်ခေါက်။
JB လေဆိပ် ကေန KL လေဆိပ် အသြားအျပန် လေးခေါက္ဗ်ာ။
ျေပစာမေးမယ့်သူ မရွိဘူး။ စလစ်မေးမယ့်သူ မရွိဘူး။ ခ်လျံပခိုင်းမယ့်သူ မရွိဘူး။
ရန္ကုန်လေဆိပ်ရောက္ကာမွ
ကိုယ့်အိတ်ကြီျးမင်နေတာတောင် ယူခ်င္တိုင်း ယူမရဘူးတဲ့။
အံ့ရော။

လက်ဝါးလောက်သာရွိတဲ့ လေဆိပ္မို့လို့သာပေါ့။
အဆင့်မီအတန်းမီ လေယဉ်ကြင်းမွာမ်ား တာဝန္က်ရင် ဘယ်လောက်တောင်
`ဂြင်´ ဖန္လိုက်ကြမလဲမသိ။

ရွိစုမဲ့စု ပိုက္ဆံလေးကို လုယက္စားသောက်ရတာ စားဝင်ကြသတဲ့။
မသထာပဲ မေပးခ်င္ပဲ ပေးခဲ့ကြတဲ့ ပိုက္ဆံလေးကို မက်နေကြသတဲ့။
ပိုက္ဆံလုတယ္လို့ပဲ သောက်ျမင္ကပ္ကပ္နဲ့ျေပာလိုက္ခ်င္တယ်။
တကယ္လဲ လုယူနေတာပဲ။ ဓာျးပတိုက်ယူနေတာပဲ။
အဲ့ထက် ခပ္နုနျုေပာရရင်
မေပးမခ်င်း တက်ီက်ီတောင်းစားနေကြသူတြေ။
အဟုတ္ဗ်ာ။

က်ုပ်ျေပာတော့ ပိုတယ်ျဖစ္မယ်။
ကိုယ့်ဘာကိုယ်သာ ဝင္ဖတ်ကြည့်။ ကြန္မန့်လေးတြေပါ လွန်လွောဖတ်ကြည့်။

https://m.facebook.com/story.php?story_fbid=571756192975527&id=534234093394404

တောင်းစားတဲ့သူတြေ ခိုးစားလုစားတဲ့သူတြေ လူလည္လူညစ်တြေ အခြင့်အေရးသမားတြေ အေခ်ာင်သမားတြေ မရွိတော့အောင်
အျမန် လုပ္ပါတော့ NLD ။


ငသုန်
Nga Thone


No comments:

Post a Comment