Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 7, 2015

ပါကစၥတန္ေရွ႕ေနတစ္ဦးက ခိုအီေနာစိန္ပြင့္ႀကီးကို ျပန္ေပးရန္ ၿဗိတိသွ်ဘုရင္မႀကီးထံ ေမတၱာရပ္ခံ


ကမၻာ့သတင္း
ရိုက္တာ
လာဟိုး၊ ဒီဇင္ဘာ - ၇ ။          ။ ကိုလိုနီေခတ္အတြင္းက ၿဗိတိန္က အိႏၵိယအား အဓမၼဆက္သခိုင္းခဲ့သည့္ နာမည္ေက်ာ္ ခိုအီေနာ (Koh-i-Noor)စိန္ကို ျပန္လည္ေပးအပ္ရန္ ပါကစၥတန္ေရွ႕ေနတစ္ဦးက ဒီဇင္ဘာလ ၃ရက္ေန႔တြင္ ရံုးေတာ္တစ္ခုသို႔ ေမတၱာရပ္ခံလႊာ တင္သြင္းခဲ့သည္ဟု ဆုိသည္။

တစ္ေခတ္တစ္ခါက ကမၻာေပၚတြင္ အႀကီးဆံုးစိန္ပြင့္အျဖစ္ လူသိမ်ားေက်ာ္ၾကားခဲ့သည့္ ၁၀၅ကာရတ္ရွိ ခိုအီေနာမွာ ၿဗိတိန္ဘုရင္မႀကီးပိုင္ ရတနာမ်ားတြင္ တစ္ခုအပါအ၀င္ ျဖစ္ခဲ့သည္။ ထိုစိန္ပြင့္ကို ဒုတိယေျမာက္ အဲလိဇဘတ္ ဘုရင္မႀကီး၏ မယ္ေတာ္က နန္းတက္ပြဲအခန္းအနားတြင္ သရဖူတြင္ ျမႈပ္ႏွံ၍ ေနာက္ဆံုး၀တ္ဆင္ခဲ့သည္ဟု ဆိုသည္။



ေရွ႕ေန ဂ်ာ၀ိတ္ အစ္ဘယ္ ဂ်ာဖရီက ဒုတိယေျမာက္ အဲလိဇဘတ္ဘုရင္မႀကီးသို႔ လိပ္မူထားသည့္ ေမတၱာရပ္ခံလႊာကို ဗုဒၶဟူးေန႔တြင္ ႏိုင္ငံအေရွ႕ပိုင္း လာဟိုးၿမိဳ႕မွ ရံုးေတာ္တစ္ခုသို႔ တင္သြင္းခဲ့သည္ဟု ဆိုသည္။ ေလွ်ာက္လႊာထဲတြင္ ယခု လန္ဒန္ေမွ်ာ္စင္တြင္ ျပသထားသည့္ စိန္ပြင့္ႀကီးကို ၿဗိတိန္က ျပန္ေပးရန္ ေတာင္းဆိုထားသည္။

အိႏၵိယကလည္း ထိုစိန္ပြင့္ႀကီးမွာ ႏိုင္ငံ၏ သမိုင္းႏွင့္ ယဥ္ေက်းမႈအတြက္ ခြဲခြာမရသည့္ အစိတ္အပိုင္းတစ္ခုျဖစ္ေနေသာၾကာင့္ ျပန္လည္ေပးအပ္ရန္ ထပ္တလဲလဲ ေတာင္းဆိုေနခဲ့သည္။

ၿဗိတိသွ် ကိုလိုနီအုပ္ခ်ဳပ္စဥ္ကာလအတြင္း ၁၈၅၀ခုႏွစ္တြင္ အိႏၵိယဘုရင္ခံက ဧရာမစိန္ပြင့္ႀကီးကို ၀ိတိုရိယဘုရင္မႀကီးအား ဆက္သရန္ စီစဥ္ခဲ့သည္။

၁၉၄၇တြင္ ၿဗိတိန္လက္ေအာက္မွ လြတ္ေျမာက္လာသည့္အခါတြင္ ဟင္ဒူအမ်ားစု အိႏၵိယႏွင့္ မြတ္စလင္အမ်ားစု ပါကစၥတန္ဟူ၍ သီးျခားႏိုင္ငံမ်ား ျဖစ္လာခဲ့ၾကသည္။

ေရွ႕ေနဂ်ာဖရီက ရိုက္တာသို႔ ေျပာၾကားခ်က္အရ ခိုအီေနာကို မူလက ပါကစၥတန္၏ ပန္ဂ်ပ္ျပည္နယ္မွ ပိုင္ခဲ့ၿပီး ထိုစဥ္က ေဒသခံေစာ္ဘြားထံမွ ၿဗိတိသွ်တို႔က ၿခိမ္းေျခာက္၍ အဓမၼ ယူေဆာင္သြားခဲ့သည္ဟု ဆုိသည္။

‘အခုေတာ့ ပါကစၥတန္ကို ျပန္ေပးသင့္ပါၿပီ’ဟု ဂ်ာဖရီက ေျပာၾကားခဲ့သည္။

- See more at: http://mizzimaburmese.com/article/8245#sthash.9TKzxUKT.cgOlOGpV.dpuf
ပါကစ္စတန်ရှေ့နေတစ်ဦးက ခိုအီနောစိန်ပွင့်ကြီးကို ပြန်ပေးရန် ဗြိတိသျှဘုရင်မကြီးထံ မေတ္တာရပ်ခံ
ကမ္ဘာ့သတင်း
ရိုက်တာ
လာဟိုး၊ ဒီဇင်ဘာ - ရ ။          ။ ကိုလိုနီခေတ်အတွင်းက ဗြိတိန်က အိန္ဒိယအား အဓမ္မဆက်သခိုင်းခဲ့သည့် နာမည်ကျော် ခိုအီနော (Koh-i-Noor)စိန်ကို ပြန်လည်ပေးအပ်ရန် ပါကစ္စတန်ရှေ့နေတစ်ဦးက ဒီဇင်ဘာလ ၃ရက်နေ့တွင် ရုံးတော်တစ်ခုသို့ မေတ္တာရပ်ခံလွှာ တင်သွင်းခဲ့သည်ဟု ဆိုသည်။

တစ်ခေတ်တစ်ခါက ကမ္ဘာပေါ်တွင် အကြီးဆုံးစိန်ပွင့်အဖြစ် လူသိများကျော်ကြားခဲ့သည့် ၁၀၅ကာရတ်ရှိ ခိုအီနောမှာ ဗြိတိန်ဘုရင်မကြီးပိုင် ရတနာများတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ထိုစိန်ပွင့်ကို ဒုတိယမြောက် အဲလိဇဘတ် ဘုရင်မကြီး၏ မယ်တော်က နန်းတက်ပွဲအခန်းအနားတွင် သရဖူတွင် မြှုပ်နှံ၍ နောက်ဆုံးဝတ်ဆင်ခဲ့သည်ဟု ဆိုသည်။



ရှေ့နေ ဂျာဝိတ် အစ်ဘယ် ဂျာဖရီက ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီးသို့ လိပ်မူထားသည့် မေတ္တာရပ်ခံလွှာကို ဗုဒ္ဓဟူးနေ့တွင် နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့မှ ရုံးတော်တစ်ခုသို့ တင်သွင်းခဲ့သည်ဟု ဆိုသည်။ လျှောက်လွှာထဲတွင် ယခု လန်ဒန်မျှော်စင်တွင် ပြသထားသည့် စိန်ပွင့်ကြီးကို ဗြိတိန်က ပြန်ပေးရန် တောင်းဆိုထားသည်။

အိန္ဒိယကလည်း ထိုစိန်ပွင့်ကြီးမှာ နိုင်ငံ၏ သမိုင်းနှင့် ယဉ်ကျေးမှုအတွက် ခွဲခွာမရသည့် အစိတ်အပိုင်းတစ်ခုဖြစ်နေသောကြာင့် ပြန်လည်ပေးအပ်ရန် ထပ်တလဲလဲ တောင်းဆိုနေခဲ့သည်။

ဗြိတိသျှ ကိုလိုနီအုပ်ချုပ်စဉ်ကာလအတွင်း ၁၈၅၀ခုနှစ်တွင် အိန္ဒိယဘုရင်ခံက ဧရာမစိန်ပွင့်ကြီးကို ၀ိတိုရိယဘုရင်မကြီးအား ဆက်သရန် စီစဉ်ခဲ့သည်။

၁၉၄၇တွင် ဗြိတိန်လက်အောက်မှ လွတ်မြောက်လာသည့်အခါတွင် ဟင်ဒူအများစု အိန္ဒိယနှင့် မွတ်စလင်အများစု ပါကစ္စတန်ဟူ၍ သီးခြားနိုင်ငံများ ဖြစ်လာခဲ့ကြသည်။

ရှေ့နေဂျာဖရီက ရိုက်တာသို့ ပြောကြားချက်အရ ခိုအီနောကို မူလက ပါကစ္စတန်၏ ပန်ဂျပ်ပြည်နယ်မှ ပိုင်ခဲ့ပြီး ထိုစဉ်က ဒေသခံစော်ဘွားထံမှ ဗြိတိသျှတို့က ခြိမ်းခြောက်၍ အဓမ္မ ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။

‘အခုတော့ ပါကစ္စတန်ကို ပြန်ပေးသင့်ပါပြီ’ဟု ဂျာဖရီက ပြောကြားခဲ့သည်။

- See more at: http://mizzimaburmese.com/article/8245#sthash.9TKzxUKT.cgOlOGpV.dpuf

No comments:

Post a Comment