CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, December 13, 2015
၄၁ ႏွစ္ေျမာက္ ရခိုင္ျပည္နယ္ေန႔ အထိမ္းအမွတ္ ရန္ကုန္တြင္ ရခိုင္ရိုးရာ က်င္ပြဲႏွင့္ ေပ်ာ္ပြဲ ရႊင္ပြဲမ်ား စတင္က်င္းပ
ရန္ကုန္၊ ဒီဇင္ဘာ ၁၃
၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၁၅ ရက္ေန႔တြင္ က်ေရာက္ေသာ ၄၁ ႏွစ္ေျမာက္ ရခိုင္ျပည္ျပည္နယ္ေန႔ အထိမ္းအမွတ္အေနျဖင့္ အႀကိဳပြဲစဥ္မ်ားအျဖစ္ ရခိုင္ရိုးရာ က်င္ပြဲႏွင့္ အျခားေပ်ာ္ပြဲ ရႊင္ပြဲမ်ားကို ရန္ကုန္တိုင္း သာေကတ ၿမိဳ႕နယ္ရွိ တိုင္းရင္းသား ေက်းရြာတြင္ ဒီဇင္ဘာလ ၁၂ ရက္ေန႔က စတင္ က်င္းပ ျပဳလုပ္ခဲ့သည္။
ဒီဇင္ဘာလ ၁၅ ရက္ေန႔တြင္ ၄၁ ႏွစ္ေျမာက္ ရခိုင္ျပည္နယ္ေန႔ကို ရန္ကုန္ၿမိဳ႕ သိမ္ျဖဴကြင္းတြင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ၿပီး၊ အဆိုပါပြဲသို႔ အလုပ္မအားလပ္၍ မလာႏိုင္သူမ်ားအတြက္ တိုင္းရင္းသားေက်းရြာတြင္ အႀကိဳပြဲက်င္းပရျခင္းျဖစ္သည္ဟု သိရသည္။ “ဒီလိုမ်ိဳး ရခိုင္ျပည္နယ္ေန႔အတြက္ အႀကိဳပြဲက်င္းပရတာကေတာ့ ဒီဇင္ဘာလ ၁၅ ရက္ေန႔ဟာ ရံုးပိတ္ရက္မဟုတ္တဲ့အတြက္ လာခ်င္ေပမယ့္ မလာေရာက္ႏိုင္တဲ့ သူတို႔အတြက္ ျဖစ္ပါတယ္။ အခုလိုမ်ိဳး စေန႔နဲ႔ တနဂၤေႏြ ေန႔ေတြမွာ က်င္းပေပးေတာ့ သူတို႔လည္း လာေရာက္အားေပးႏိုင္တာေပါ့။ ဒီအႀကိဳပြဲမွာ ရခိုင္ရိုးရာက်င္ပြဲကိုလည္း ထည့္သြင္းက်င္းပၿပီးေတာ့ ေရႊေမာင္တန္းမွာ ႏိုင္တဲ့သူကို ေရႊတစ္က်ပ္သားနဲ႔ ေငြသားေတြကို ထိုက္ထိုက္တန္တန္ ခ်ီးၿမွင့္သြားမွာျဖစ္ပါတယ္”ဟု ရန္ကုန္တိုင္း ရခိုင္တိုင္းရင္းသား ေရးရာ၀န္ႀကီး ဦးေဇာ္ေအးေမာင္က က်င္ဖြင့္ပြဲတြင္ ေျပာၾကားသြားသည္။
ယခုျပဳလုပ္ေသာ က်င္ပြဲသို႔ နာမည္ႀကီးက်င္သန္မ်ားလည္း လာေရာက္ ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး၊ ဒီဇင္ဘာလ ၁၂ ရက္ေန႔တြင္ က်င္းပေသာ ေငြေမာင္းတန္း ပြဲစဥ္သို႔ ရခိုင္လူမ်ိဳးမ်ားအျပင္ စိတ္၀င္စားေသာ အျခားတိုင္းရင္းသားမ်ားကလည္း လာေရာက္ၾကည့္ရႈ အားေပးခဲ့ၾကသည္ဟု သိရသည္။ ရခိုင္ရိုးရာက်င္သည္ အဆင္ျမင့္ၿပီး ၂၀၁၅ ခုႏွစ္ ကိုးရီးယားရိုးရာ နပန္းၿပိဳင္ပြဲတြင္ ရခိုင္က်င္သန္တစ္ဦး ေရႊတံဆိပ္ ရရွိခဲ့သည္ဟု သိရသည္။
ကိုယ့္ရခိုင္ျပည္နယ္ေန႔ကို ရခိုင္သားမ်ားက တန္ဖိုးထားမွ ရခိုင္ျပည္နယ္ေန႔လည္း တန္ဖိုးရွိမည္ျဖစ္ၿပီး၊ ရခိုင္လူမ်ိဳးရွိသေရြ႕ ရခိုင္ျပည္နယ္ တည္ရွိရမည္ျဖစ္ၿပီး၊ ရခိုင္ရိုးရာက်င္လည္း တည္တံ့ရမည္ဟု ဦးေဇာ္ေအးေမာင္က ေျပာၾကားခဲ့သည္။၁၅ ရက္ေန႔တြင္ က်ေရာက္ေသာ ၄၁ ႀကိမ္ေျမာက္ ရခိုင္ျပညနယ္ေန႔တြင္ ဆရာေတာ္မ်ားအား ပင့္ဖိတ္၍ ဆြမ္းေကၽြးၿပီး၊ အခမ္းအနားအစီအစဥ္မ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ဟု သိရသည္။
(Arakan State)
https://www.facebook.com/NarinjaraNews
.................
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော ၄၁ နှစ်မြောက် ရခိုင်ပြည်ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် အကြိုပွဲစဉ်များအဖြစ် ရခိုင်ရိုးရာ ကျင်ပွဲနှင့် အခြားပျော်ပွဲ ရွှင်ပွဲများကို ရန်ကုန်တိုင်း သာကေတ မြို့နယ်ရှိ တိုင်းရင်းသား ကျေးရွာတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က စတင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ၄၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ရန်ကုန်မြို့ သိမ်ဖြူကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ အဆိုပါပွဲသို့ အလုပ်မအားလပ်၍ မလာနိုင်သူများအတွက် တိုင်းရင်းသားကျေးရွာတွင် အကြိုပွဲကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။ “ဒီလိုမျိုး ရခိုင်ပြည်နယ်နေ့အတွက် အကြိုပွဲကျင်းပရတာကတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ဟာ ရုံးပိတ်ရက်မဟုတ်တဲ့အတွက် လာချင်ပေမယ့် မလာရောက်နိုင်တဲ့ သူတို့အတွက် ဖြစ်ပါတယ်။ အခုလိုမျိုး စနေ့နဲ့ တနင်္ဂနွေ နေ့တွေမှာ ကျင်းပပေးတော့ သူတို့လည်း လာရောက်အားပေးနိုင်တာပေါ့။ ဒီအကြိုပွဲမှာ ရခိုင်ရိုးရာကျင်ပွဲကိုလည်း ထည့်သွင်းကျင်းပပြီးတော့ ရွှေမောင်တန်းမှာ နိုင်တဲ့သူကို ရွှေတစ်ကျပ်သားနဲ့ ငွေသားတွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ကျင်ဖွင့်ပွဲတွင် ပြောကြားသွားသည်။
ယခုပြုလုပ်သော ကျင်ပွဲသို့ နာမည်ကြီးကျင်သန်များလည်း လာရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသော ငွေမောင်းတန်း ပွဲစဉ်သို့ ရခိုင်လူမျိုးများအပြင် စိတ်ဝင်စားသော အခြားတိုင်းရင်းသားများကလည်း လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်ဟု သိရသည်။ ရခိုင်ရိုးရာကျင်သည် အဆင်မြင့်ပြီး ၂၀၁၅ ခုနှစ် ကိုးရီးယားရိုးရာ နပန်းပြိုင်ပွဲတွင် ရခိုင်ကျင်သန်တစ်ဦး ရွှေတံဆိပ် ရရှိခဲ့သည်ဟု သိရသည်။
ကိုယ့်ရခိုင်ပြည်နယ်နေ့ကို ရခိုင်သားများက တန်ဖိုးထားမှ ရခိုင်ပြည်နယ်နေ့လည်း တန်ဖိုးရှိမည်ဖြစ်ပြီး၊ ရခိုင်လူမျိုးရှိသရွေ့ ရခိုင်ပြည်နယ် တည်ရှိရမည်ဖြစ်ပြီး၊ ရခိုင်ရိုးရာကျင်လည်း တည်တံ့ရမည်ဟု ဦးဇော်အေးမောင်က ပြောကြားခဲ့သည်။၁၅ ရက်နေ့တွင် ကျရောက်သော ၄၁ ကြိမ်မြောက် ရခိုင်ပြညနယ်နေ့တွင် ဆရာတော်များအား ပင့်ဖိတ်၍ ဆွမ်းကျွေးပြီး၊ အခမ်းအနားအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။
(Arakan State)
https://www.facebook.com/NarinjaraNews
၄၁ ႏွစ္ေျမာက္ ရခိုင္ျပည္နယ္ေန႔ အထိမ္းအမွတ္ ရန္ကုန္တြင္ ရခိုင္ရိုးရာ က်င္ပြဲႏွင့္ ေပ်ာ္ပြဲ ရႊင္ပြဲမ်ား စတင္က်င္းပ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 13, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment