CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 23, 2015
Ref: Daily Mail
ညီမင်းဟန်(ဆန္ဒကူး)
..........................................................
အကြောက်အလန့်မရှိတဲ့ ဖင်လန်နိုင်ငံသား စတန့်သမား အန်တီပန်ဒီကိုင်နန်ဟာ အမြင့်ပေ ၁၃၀၀၀ မှာရောက်နေတဲ့ မီးပုံးပျံပေါ်ကနေတစ်ဆင့် လေထီးမပါဘဲ အလွတ်ခုန်ချခဲ့ပါတယ်။ ပန်ဒီကိုင်နန်ဟာ မီးပုံးပျံပေါ်ကခုန်ချမယ့်မနက်မှာ လေထီးမလိုဘဲခုန်ချနိုင်တယ်လို့ အိပ်ရာထတဲ့အချိန်က ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြီးနောက် လေထီးကို လွှင့်ပစ်လိုက်ကာ အင်္ကျီချွတ်ပြီးနောက် ပေ ၁၃၀၀၀ အမြင့်ကနေ အလွတ်ခုန်ချခဲ့တာကို တွေ့ရပါတယ်။ “ကျွန်တော်က ငတုံးပဲ။ လေထီးမပါဘဲ ခုန်နိုင်လောက်တဲ့အထိ ကျွန်တော်က မာတဲ့သူပါ”လို့ ပြောခဲ့ပြီး ခုန်ချခဲ့ရာမှာ တခြားအလွတ်ခုန်လေထီးသမား ၂ ယောက်က ဗီဒီယိုလိုက်ရိုက်ပေးပြီး သူ့ကိုအကူအညီလိုက်ပေးတဲ့ နောက်တစ်ယောက်က တိမ်ထဲအရောက်မှာ သူ့ကိုလိုက်ဆွဲချိန်မှာတောင် သူကရုန်းကန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ကိုအကူအညီလိုက်ပေးတဲ့ အလွတ်ခုန်လေထီးသမားကိုဆွဲလိုက်ပြီးချိန်မှာ လေထီးဖွင့်လိုက်ပြီး မြေပြင်ပေါ်ကို ၂ ယောက်လုံး ချောချောမောမောရောက်သွားခဲ့ပါတယ်။
Ref: Daily Mail
ညီမင်းဟန်(ဆန္ဒကူး)
Reviewed by MP4 YoU
on
December 23, 2015
Rating: 5
Reviewed by MP4 YoU
on
December 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment