Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 25, 2015

ေျမေအာက္ခန္း၌ ကေလးငယ္တစ္ဦးအား ေသာ့ခတ္ထိန္းသိမ္း ထားခဲ့သူ သံုးဦးကုိ တရားစဲြ

A young child allegedly locked in a room and three others were discovered by police when they went to raid a property at Elands, northwest of Taree in NSW, on suspicions that drugs were being grown there


ကန္ဘာရာ ၊ ၂၅-၁၂-၂၀၁၅

ၾသစေၾတးလ် ရဲတပ္ဖြဲ႕သည္ ဆစ္ဒနီၿမိဳ႕ ရွိ မူးယစ္ေဆးဝါးမ်ား ထားရွိေသာ ေျမေအာက္ခန္း တစ္ခု၌ ကေလးငယ္ တစ္ဦးအား ေသာ့ခတ္ထိန္းသိမ္း ထားမႈႏွင့္ ပတ္သက္၍ လူသုံးဦးကို တရားစြဲဆုိ ထားေၾကာင္း သိရသည္။

ရွစ္ႏွစ္အရြယ္ရွိ အဆုိပါ ကေလးငယ္မွာ ယင္း ေျမေအာက္ခန္းရွိ အခန္းငယ္ တစ္ခုအတြင္း၌ ရက္သတၱပတ္ေပါင္း မ်ားစြာ ေသာ့ခတ္ ထိန္းသိမ္းျခင္း ခံထားရၿပီး အိမ္မႈကိစၥမ်ား ခုိင္းရန္ အတြက္သာ ၄င္းအား အျပင္သုိ႔ ထြက္ခြင့္ျပဳေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားသည္။

ယင္း ေျမေအာက္ခန္းသည္ ဆစ္ဒနီၿမိဳ႕မွ ကီလုိမီတာ ၃ဝဝ အကြာတြင္ တည္ရွိၿပီး  အိမ္အျပင္ဘက္ေျမေအာက္၌ တည္ေဆာက္ ထားကာ အံတံခါးျဖင့္သာ ဝင္ေရာက္ႏုိင္ေၾကာင္း သိရသည္။ ရဲတပ္ဖြဲ႕သည္ ဒီဇင္ဘာ ၁၉ ရက္ေႏွာင္းပုိင္းက ယင္း အေဆာက္အအုံအား စီးနင္းဝင္ေရာက္ ရွာေဖြခဲ့ရာ အဆုိပါ ေျမေအာက္ခန္းကုိ ရွာေဖြေတြ႕ရွိ ခဲ့ျခင္းျဖစ္သည္။

ထုိ႔ျပင္ ရဲတပ္ဖြဲ႕သည္ ယင္း ေျမေအာက္ခန္း၌ တစ္ႏွစ္ႏွင့္ ကုိးႏွစ္ အၾကားရွိ တျခား ကေလးငယ္သုံးဦး ႏွင့္ ေဆးေျခာက္ပင္ ၂၂၅ ပင္ကိုလည္း ရွာေဖြေတြ႕ရွိ ခဲ့ၿပီး အဆုိပါအမႈ ႏွင့္ပတ္သက္၍ တာဝန္ရွိ သူမ်ားကို တရားစြဲဆုိ သြားမည္ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ စုံစမ္း စစ္ေဆးေရးမွဴး ပီတာအမ္စီကန္နာ က ေျပာၾကားသည္။

#PyiChitThar

.................................................................

မြေအောက်ခန်း၌ ကလေးငယ်တစ်ဦးအား သော့ခတ်ထိန်းသိမ်း ထားခဲ့သူ သုံးဦးကို တရားစွဲ

 
A young child allegedly locked in a room and three others were discovered by police when they went to raid a property at Elands, northwest of Taree in NSW, on suspicions that drugs were being grown there



ကန်ဘာရာ ၊ ၂၅-၁၂-၂၀၁၅

သြစတြေးလျ ရဲတပ်ဖွဲ့သည် ဆစ်ဒနီမြို့ ရှိ မူးယစ်ဆေးဝါးများ ထားရှိသော မြေအောက်ခန်း တစ်ခု၌ ကလေးငယ် တစ်ဦးအား သော့ခတ်ထိန်းသိမ်း ထားမှုနှင့် ပတ်သက်၍ လူသုံးဦးကို တရားစွဲဆို ထားကြောင်း သိရသည်။

ရှစ်နှစ်အရွယ်ရှိ အဆိုပါ ကလေးငယ်မှာ ယင်း မြေအောက်ခန်းရှိ အခန်းငယ် တစ်ခုအတွင်း၌ ရက်သတ္တပတ်ပေါင်း များစွာ သော့ခတ် ထိန်းသိမ်းခြင်း ခံထားရပြီး အိမ်မှုကိစ္စများ ခိုင်းရန် အတွက်သာ ၄င်းအား အပြင်သို့ ထွက်ခွင့်ပြုကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ယင်း မြေအောက်ခန်းသည် ဆစ်ဒနီမြို့မှ ကီလိုမီတာ ၃ဝဝ အကွာတွင် တည်ရှိပြီး  အိမ်အပြင်ဘက်မြေအောက်၌ တည်ဆောက် ထားကာ အံတံခါးဖြင့်သာ ဝင်ရောက်နိုင်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်နှောင်းပိုင်းက ယင်း အဆောက်အအုံအား စီးနင်းဝင်ရောက် ရှာဖွေခဲ့ရာ အဆိုပါ မြေအောက်ခန်းကို ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရဲတပ်ဖွဲ့သည် ယင်း မြေအောက်ခန်း၌ တစ်နှစ်နှင့် ကိုးနှစ် အကြားရှိ တခြား ကလေးငယ်သုံးဦး နှင့် ဆေးခြောက်ပင် ၂၂၅ ပင်ကိုလည်း ရှာဖွေတွေ့ရှိ ခဲ့ပြီး အဆိုပါအမှု နှင့်ပတ်သက်၍ တာဝန်ရှိ သူများကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးရေးမှူး ပီတာအမ်စီကန်နာ က ပြောကြားသည်။

#PyiChitThar

No comments:

Post a Comment