Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, December 23, 2015

ေရြးေကာက္ပြဲ အသံုးစရိတ္ မတင္ျပသျဖင့္ ရခုိင္မွ ကိုယ္စားလွယ္ေလာင္း သံုးဦးကို အရည္အခ်င္းပ်က္ယြင္းေၾကာင္း ေၾကညာ

Rakhine News Agency ( စစ္ေတြ၊ ဒီဇင္ဘာ ၂၁)

အေထြေထြေရြးေကာက္ပြဲ ကာလအတြင္း အသံုးျပဳခဲ့သည့္ အသံုးစရိတ္မ်ားကို တင္ျပျခင္း မရွိသည့္အတြက္ ရခိုင္ျပည္နယ္တြင္ အရည္အခ်င္း ပ်က္ယြင္းေၾကာင္း ေၾကညာခံရသည့္ ကိုယ္စားလွယ္ေလာင္း သံုးဦး ရွိေၾကာင္း သတင္းရရွိသည္။

ႏုိ၀င္ဘာ ၈ရက္ေန႔ က က်င္းပခဲ့ေသာ အေထြေထြေရြးေကာက္ပြဲ တြင္
၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ကိုယ္စားလွယ္ေလာင္းမ်ား သည္ ေရြးေကာက္ပြဲ
ကာလအတြင္း အသံုးျပဳခဲ့သည့္ အသံုးစရိတ္မ်ား ကို သက္ဆိုင္ရာ ေရြးေကာက္ပြဲ ေကာ္မရွင္ထံသို႔ တင္ျပရမည္ ျဖစ္ေသာ္လည္း ပ်က္ကြက္ခဲ့ေသာေၾကာင့္ အထက္ပါအတိုင္း ေၾကညာခံရျခင္း ျဖစ္ေၾကာင္း ရခုိင္ျပည္နယ္ ေရြးေကာက္ပြဲ အရာရွိ ဦးသူရိန္ထြဋ္ ကေျပာသည္။

“ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပဲြ အသံုးစရိတ္ မတင္ျပတဲ့အတြက္
အရည္အခ်င္းပ်က္ယြင္းေၾကာင္း ေၾကညာခံရတဲ့ ကိုယ္စားလွယ္ေလာင္း
သံုးဦးရွိပါတယ္။ သတ္မွတ္ရက္မတိုင္မီ အသံုးစရိတ္ကို တင္ျပဖို႔
ကၽြန္ေတာ္တုိ္႔ တိုက္တြန္းခဲ့ေပမယ့္ တင္ျပျခင္း မရွိတဲ့အတြက္
အရည္အခ်င္းပ်က္ယြင္းေၾကာင္း ေၾကညာလိုက္ပါၿပီ” ဟု ၄င္း ကေျပာသည္။

အရည္အခ်င္း ပ်က္ယြင္းေၾကာင္း ေၾကညာခံရသည့္ ကိုယ္စားလွယ္ေလာင္းမ်ားမွာ ရခုိင္မ်ိဳးခ်စ္ပါတီ မွ တစ္ဦး၊ ခ်င္းဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ပါတီ မွ တစ္ဦး ႏွင့္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း တစ္ဦး စုစုေပါင္း သံုးဦးျဖစ္ေၾကာင္း ရခုိင္ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ခြဲ ၏ စာရင္းမ်ားအရ သိရသည္။

အရည္အခ်င္း ပ်က္ယြင္းေၾကာင္း ေၾကညာခံရသည့္ ကိုယ္စားလွယ္ေလာင္းမ်ားသည္ လာမည့္ ၾကားျဖတ္ေရြးေကာက္ပြဲ ႏွင့္ ၂၀၂၀ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲတို႔တြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ဆံုးရံႈးမည္ ျဖစ္ေၾကာင္း ဦးသူရိန္ထြဋ္ က ဆက္လက္ေျပာဆိုသည္။

ယခုႏွစ္တြင္ က်င္းပခဲ့သည့္ အေထြေထြေရြးေကာက္ပြဲတြင္
ရခိုုင္ျပည္နယ္အတြင္းရွိ မဲဆႏၵနယ္မ်ား ၌ ၀င္ေရာက္ယွဥ္ၿပိဳင္သည့္
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အေရအတြက္သည့္ ၂၀၁၀ျပည့္ႏွစ္ ကထက္ ပိုမိုမ်ားျပားခဲ့ၿပီး ကိုယ္စားလွယ္ေလာင္း ၃၅၄ဦး အထိ ရခုိင္ျပည္နယ္ရွိ မဲဆႏၵနယ္မ်ားမွ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကသည္။

ရန္ႏုိင္

‪#‎RakhineNewsAgency‬
.................
ရွေးကောက်ပွဲ အသုံးစရိတ် မတင်ပြသဖြင့် ရခိုင်မှ ကိုယ်စားလှယ်လောင်း
သုံးဦးကို အရည်အချင်းပျက်ယွင်းကြောင်း ကြေညာ
Rakhine News Agency ( စစ်တွေ၊ ဒီဇင်ဘာ ၂၁)

အထွေထွေရွေးကောက်ပွဲ ကာလအတွင်း အသုံးပြုခဲ့သည့် အသုံးစရိတ်များကို တင်ပြခြင်း မရှိသည့်အတွက် ရခိုင်ပြည်နယ်တွင် အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာခံရသည့် ကိုယ်စားလှယ်လောင်း သုံးဦး ရှိကြောင်း သတင်းရရှိသည်။

နို၀င်ဘာ ၈ရက်နေ့ က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ တွင်
၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများ သည် ရွေးကောက်ပွဲ
ကာလအတွင်း အသုံးပြုခဲ့သည့် အသုံးစရိတ်များ ကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြရမည် ဖြစ်သော်လည်း ပျက်ကွက်ခဲ့သောကြောင့် အထက်ပါအတိုင်း ကြေညာခံရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးသူရိန်ထွဋ် ကပြောသည်။

“ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ အသုံးစရိတ် မတင်ပြတဲ့အတွက်
အရည်အချင်းပျက်ယွင်းကြောင်း ကြေညာခံရတဲ့ ကိုယ်စားလှယ်လောင်း
သုံးဦးရှိပါတယ်။ သတ်မှတ်ရက်မတိုင်မီ အသုံးစရိတ်ကို တင်ပြဖို့
ကျွန်တော်တို့် တိုက်တွန်းခဲ့ပေမယ့် တင်ပြခြင်း မရှိတဲ့အတွက်
အရည်အချင်းပျက်ယွင်းကြောင်း ကြေညာလိုက်ပါပြီ” ဟု ၄င်း ကပြောသည်။

အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာခံရသည့် ကိုယ်စားလှယ်လောင်းများမှာ ရခိုင်မျိုးချစ်ပါတီ မှ တစ်ဦး၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှ တစ်ဦး နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦး စုစုပေါင်း သုံးဦးဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ၏ စာရင်းများအရ သိရသည်။

အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာခံရသည့် ကိုယ်စားလှယ်လောင်းများသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ နှင့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည် ဖြစ်ကြောင်း ဦးသူရိန်ထွဋ် က ဆက်လက်ပြောဆိုသည်။

ယခုနှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင်
ရခိုုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များ ၌ ၀င်ရောက်ယှဉ်ပြိုင်သည့်
လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်သည့် ၂၀၁၀ပြည့်နှစ် ကထက် ပိုမိုများပြားခဲ့ပြီး ကိုယ်စားလှယ်လောင်း ၃၅၄ဦး အထိ ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်များမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရန်နိုင်

‪#‎RakhineNewsAgency‬

No comments:

Post a Comment