Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 30, 2015

ထိုင်းနိုင်ငံ ရနောင်းမြို့၌ မြန်မာအမျိုးသမီးတစ်ဦးအသတ်ခံရ

ရနောင်း ဒီဇင်ဘာ ၂၉


ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့ပေါက်ခေါင်းနယ်မြေ၌ အလုပ်လုပ်ကိုင် နေသည့် ခင်ပွန်းရှိသူ မြန်မာအမျိုးသမီးကို ဒီဇင်ဘာ ၂၆ ရက် ည ၁ဝ နာရီက ၄င်းကို တစ်ဖက်သတ်ကြိုက်နေသည့် အိမ်နီးချင်းဖြစ်သူ ထိုင်းနိုင်ငံသား တစ်ဦး က ခင်ပွန်းမရှိခိုက်၎င်း၏ နေအိမ်အခန်းသို့ လာရောက်ကာ အငြိုးကြီးစွာဖြင့် ဓားဖြင့်ခုတ်သတ်ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကျော်စိုး (ပြန်/ဆက်)
...........
ရနောင်း ဒီဇင်ဘာ ၂၉

 ကော့သောင်းမြို့နယ်စပ် ထိုင်းနိုင်ငံ ရနောင်းမြို့ ပေါက်ခေါင်းနယ်မြေ၌ ဒီဇင်ဘာ ၂၆ ရက် ညပိုင်းက မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့ပေါက်ခေါင်းနယ်မြေ၌ အလုပ်လုပ်ကိုင် နေသည့် ခင်ပွန်းရှိသူ မြန်မာအမျိုးသမီးကို ဒီဇင်ဘာ ၂၆ ရက် ည ၁ဝ နာရီက ၄င်းကို တစ်ဖက်သတ်ကြိုက်နေသည့် အိမ်နီးချင်းဖြစ်သူ ထိုင်းနိုင်ငံသား တစ်ဦး က ခင်ပွန်းမရှိခိုက်၄င်း၏ နေအိမ်အခန်းသို့ လာရောက်ကာ အငြိုးကြီးစွာဖြင့် ဓားဖြင့်ခုတ်သတ်ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံသားမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိရာ ရနောင်းမြို့ ပါနန်ရဲစခန်း၌ အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့က ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေလျက်ရှိကြောင်း ရနောင်းမြို့မှ တစ်ဆင့် သိရသည်။

ကျော်စိုး (ပြန်/ဆက်)
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment