CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, December 13, 2015
ျမန္မာႏုိင္ငံသို႔ကမာၻ႔လွည့္ခရီးသည္ဝင္ေရာက္မႈမွာ ၄.၂သန္းေက်ာ္ရွိေနၿပီးရည္မွန္းခ်က္က်ာ္လြန္သြားႏုိင္မည္ဟုဆုိ
ရန္ကုန္ ၊ ဒီဇင္ဘာ ၁၃ ရက္
ျမန္မာႏုိင္ငံ ခရီးသြား လုပ္ငန္း က႑တြင္ ယခုႏွစ္တြင္ ကမာၻ႔လွည့္ ခရီးသည္ ၄.၅ သန္း ဝင္ေရာက္ရန္ ရည္မွန္းထားရာ ယခုအခါ ႏုိဝင္ဘာလ အထိ ၄ .၂ သန္းေက်ာ္ ဝင္ေရာက္မႈ ရွိေနၿပီ ျဖစ္ေၾကာင္း ဟိုတယ္ ႏွင့္ ခရီး သြားလာေရးလုပ္ငန္း ဝန္ႀကီး ဌာနမွ သိရသည္။
လက္ရွိအစိုးရ လက္ထက္တြင္ ျမန္မာႏိုင္ငံ၏ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုး တက္မႈ အေနျဖင့္ ႏိုင္ငံတကာမွ ဧည့္သည္ ဝင္ေရာက္မႈမွာ ၂ဝ၁၁ ခုႏွစ္တြင္ ရွစ္သိန္း ၊ ၂ဝ၁၂ ခုႏွစ္တြင္ တစ္သန္းေက်ာ္ ၊ ၂ဝ၁၃ ခုႏွစ္တြင္ ႏွစ္ သန္း ေက်ာ္ႏွင့္ ၂ဝ၁၄ ခုႏွစ္တြင္ ၃.ဝ၈ သန္း အထိျဖစ္ လာကာ ယခုႏွစ္ ႏိုဝင္ဘာလ အထိ ၄. ၂ သန္းေက်ာ္ ဝင္ေရာက္မႈ ရွိလာသျဖင့္ ဌာန၏ ရည္မွန္းခ်က္ျဖစ္ေသာ ၄ .၅ သန္းကို ေက်ာ္လြန္သြားႏိုင္ မည္ဟု ဆုိသည္။
ထုိအတူ ဝင္ေငြအားျဖင့္လည္း ၂ဝ၁၅ ခုႏွစ္တြင္ ႏွစ္ဘီလီယံနီးပါးအထိ ရရွိလာႏိုင္ေၾကာင္း ခန္႔မွန္းထားၿပီး ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမွာ ဟိုတယ္အလုံးေရ ၄၇ လုံး အထိရွိလာကာ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏမွာ ၂.၆ ဘီလီယံအထိ ျဖစ္လာၿပီး စင္ကာပူ ႏွင့္ ဗီယက္နမ္ႏိုင္ငံ တို႔မွ အမ်ားဆုံး လာေရာက္ရင္းႏွီးျမႇဳပ္ႏွံလ်က္ရွိေၾကာင္း သိရသည္။
ထုိျပင္ တစ္ႏိုင္ငံလုံး အေနျဖင့္ ၂ဝ၁၁ ခုႏွစ္တြင္ ဟိုတယ္အလုံးေပါင္း ၈ဝဝ ေက်ာ္ရွိခဲ့ရာမွ ၂ဝ၁၅ ခုႏွစ္တြင္ အလုံးေပါင္း ၁၂၅၇ လုံးအထိရွိလာၿပီး အခန္းေပါင္း ၄၃ဝဝဝ ေက်ာ္ အထိ တိုးခ်ဲ႕ ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ဟိုတယ္ ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန၏ Master Plan တြင္ ခန္႔မွန္းခ်က္အရ ၂ဝ၂ဝ ခုႏွစ္တြင္ ဧည့္သည္ ဝင္ေရာက္ မႈအား ၇. ၅ သန္း အထိခန္႔မွန္း ထားေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com/
.................
ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ ရက်
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ကဏ္ဍတွင် ယခုနှစ်တွင် ကမ္ဘာ့လှည့် ခရီးသည် ၄.၅ သန်း ဝင်ရောက်ရန် ရည်မှန်းထားရာ ယခုအခါ နိုဝင်ဘာလ အထိ ၄ .၂ သန်းကျော် ဝင်ရောက်မှု ရှိနေပြီ ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီး ဌာနမှ သိရသည်။
လက်ရှိအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်မှု အနေဖြင့် နိုင်ငံတကာမှ ဧည့်သည် ဝင်ရောက်မှုမှာ ၂ဝ၁၁ ခုနှစ်တွင် ရှစ်သိန်း ၊ ၂ဝ၁၂ ခုနှစ်တွင် တစ်သန်းကျော် ၊ ၂ဝ၁၃ ခုနှစ်တွင် နှစ် သန်း ကျော်နှင့် ၂ဝ၁၄ ခုနှစ်တွင် ၃.ဝ၈ သန်း အထိဖြစ် လာကာ ယခုနှစ် နိုဝင်ဘာလ အထိ ၄. ၂ သန်းကျော် ဝင်ရောက်မှု ရှိလာသဖြင့် ဌာန၏ ရည်မှန်းချက်ဖြစ်သော ၄ .၅ သန်းကို ကျော်လွန်သွားနိုင် မည်ဟု ဆိုသည်။
ထိုအတူ ဝင်ငွေအားဖြင့်လည်း ၂ဝ၁၅ ခုနှစ်တွင် နှစ်ဘီလီယံနီးပါးအထိ ရရှိလာနိုင်ကြောင်း ခန့်မှန်းထားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ ဟိုတယ်အလုံးရေ ၄၇ လုံး အထိရှိလာကာ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂.၆ ဘီလီယံအထိ ဖြစ်လာပြီး စင်ကာပူ နှင့် ဗီယက်နမ်နိုင်ငံ တို့မှ အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သိရသည်။
ထိုပြင် တစ်နိုင်ငံလုံး အနေဖြင့် ၂ဝ၁၁ ခုနှစ်တွင် ဟိုတယ်အလုံးပေါင်း ၈ဝဝ ကျော်ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ်တွင် အလုံးပေါင်း ၁၂၅၇ လုံးအထိရှိလာပြီး အခန်းပေါင်း ၄၃ဝဝဝ ကျော် အထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ Master Plan တွင် ခန့်မှန်းချက်အရ ၂ဝ၂ဝ ခုနှစ်တွင် ဧည့်သည် ဝင်ရောက် မှုအား ရ. ၅ သန်း အထိခန့်မှန်း ထားကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com/
ျမန္မာႏုိင္ငံသို႔ကမာၻ႔လွည့္ခရီးသည္ဝင္ေရာက္မႈမွာ ၄.၂သန္းေက်ာ္ရွိေနၿပီးရည္မွန္းခ်က္က်ာ္လြန္သြားႏုိင္မည္ဟုဆုိ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 13, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
December 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment