Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

လိပ္က်ြန္းအမႈအတြက္ဆႏၵျပသူမ်ားကို ထိုင္း၀န္ၾကိးခ်ဳပ္ ေဒါသတၾကိး ေ၀ဖန္


ခိုေတာင္ကၽြန္းလူသတ္မႈႏွင့္ ပတ္သတ္၍ ျမန္မာႏိုင္ငံအတြင္း ဆႏၵျပေနသူမ်ားကို ထိုင္းဝန္ႀကီးခ်ဳပ္ ပယာယြတ္ ခ်န္အိုခ်ာက ေဝဖန္တိုက္ခိုက္ ေျပာၾကားလိုက္သည္။ ဝန္ႀကီးခ်ဳပ္က ဆႏၵျပသူမ်ားအေနျဖင့္ တရား႐ံုးဆံုးျဖတ္ခ်က္ႏွင့္ ထိုင္းတရားေရးစနစ္ကို ေလးစားသင့္သည္ဟု ေျပာၾကားသည္။

ေဒါသထြက္ေနပံုေပၚသည့္ ဝန္ႀကီးခ်ဳပ္က ဆူရက္ဌာနီအသြား ေလယာဥ္ေပၚမတက္မီတြင္ "သူတို႔ အယူခံဝင္ခြင့္ရွိတယ္၊ ဟုတ္လား။ တစ္ကမၻာလံုးက ဥပေဒေတြမွာ ဒီလိုပဲရွိတယ္။ ထိုင္းဥပေဒမွာ မရွိရဘူးလား။ ဖိအားေပးခံရတာနဲ႔ အကုန္လႊတ္ေပးရမွာလား " ဟု မီဒီယာမ်ားကို ေျပာၾကားခဲ့သည္။

တရားေရးစနစ္ကို ေလးစားသင့္ေၾကာင္းနွင့္ လူထုက ဖိအားေပးသည္ကို လက္ခံမည္ မဟုတ္ေၾကာင္း ထိုင္းစစ္တပ္ အာဏာသိမ္းေခါင္းေဆာင္ ၀န္ၾကီးခ်ဳပ္ ပရာယုခ်န္အိုခ်ာက ေျပာသည္။

က်န္္ေတ္ာတို႔က ဆႏၵျပဖိအားေပးတာလည္း ေပးၾကေပါ့ဗ်ာ ဒါေပမဲ႔လည္း စည္းလြတ္၀ါးလြတ္ေျပာဆိုလုပ္ကိုင္ေနတာေတြက မေကာင္းဘူး။အမႈက ကမၻာကသိတယ္ အယူခံအဆင့္လည္း ရိွေသးတာပဲ။ အခုဆိုရင္ပဲ ထိုင္း၀န္ၾကိးခ်ဳပ္က ေျပာလာျပီေလ။ ဟု ထိုင္းႏိုင္ငံတြင္ နွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့ျပီး ထိုင္းေရးရာက်ြမ္းက်င္သူတဦးျဖစ္သည့္ ကိုေက်ာ္လင္းဥိးက မွတ္ခ်က္ျပဳေျပာဆိုသည္။

( The Ladies News )

https://www.facebook.com/News.TheLadies/

........................................................

လိပ်ကျွန်းအမှုအတွက်ဆန္ဒပြသူများကို ထိုင်းဝန်ကြိးချုပ် ဒေါသတကြိး ဝေဖန်

ခိုတောင်ကျွန်းလူသတ်မှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအတွင်း ဆန္ဒပြနေသူများကို ထိုင်းဝန်ကြီးချုပ် ပယာယွတ် ချန်အိုချာက ဝေဖန်တိုက်ခိုက် ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်က ဆန္ဒပြသူများအနေဖြင့် တရားရုံးဆုံးဖြတ်ချက်နှင့် ထိုင်းတရားရေးစနစ်ကို လေးစားသင့်သည်ဟု ပြောကြားသည်။

ဒေါသထွက်နေပုံပေါ်သည့် ဝန်ကြီးချုပ်က ဆူရက်ဌာနီအသွား လေယာဉ်ပေါ်မတက်မီတွင် "သူတို့ အယူခံဝင်ခွင့်ရှိတယ်၊ ဟုတ်လား။ တစ်ကမ္ဘာလုံးက ဥပဒေတွေမှာ ဒီလိုပဲရှိတယ်။ ထိုင်းဥပဒေမှာ မရှိရဘူးလား။ ဖိအားပေးခံရတာနဲ့ အကုန်လွှတ်ပေးရမှာလား " ဟု မီဒီယာများကို ပြောကြားခဲ့သည်။

တရားရေးစနစ်ကို လေးစားသင့်ကြောင်းနှင့် လူထုက ဖိအားပေးသည်ကို လက်ခံမည် မဟုတ်ကြောင်း ထိုင်းစစ်တပ် အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယုချန်အိုချာက ပြောသည်။

ကျန််တေ်ာတို့က ဆန္ဒပြဖိအားပေးတာလည်း ပေးကြပေါ့ဗျာ ဒါပေမဲ့လည်း စည်းလွတ်ဝါးလွတ်ပြောဆိုလုပ်ကိုင်နေတာတွေက မကောင်းဘူး။အမှုက ကမ္ဘာကသိတယ် အယူခံအဆင့်လည်း ရှိသေးတာပဲ။ အခုဆိုရင်ပဲ ထိုင်းဝန်ကြိးချုပ်က ပြောလာပြီလေ။ ဟု ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ထိုင်းရေးရာကျွမ်းကျင်သူတဦးဖြစ်သည့် ကိုကျော်လင်းဥိးက မှတ်ချက်ပြုပြောဆိုသည်။

( The Ladies News )

https://www.facebook.com/News.TheLadies/

No comments:

Post a Comment