Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, December 17, 2015

လူေတြရဲ႕ စိတ္အာ႐ံုကို ဆြဲေဆာင္ေနတဲ့ ေဖ့စ္ဘြတ္ခ္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္မ်ား

ဒီကေန႔ေခတ္မွာ နည္းပညာထြန္းကားလာျခင္းနဲဲ႔အတူ လူတိုင္းလိုလို အင္တာနက္နဲ႔ အကြၽမ္းတဝင္ရွိေနတဲဲ့ အေျခအေနမ်ိဳး ျဖစ္လာပါၿပီ။ အထူးသျဖင့္ အလြယ္တကူ သယ္ယူသြားႏုိင္တဲ့ စမတ္ဖုန္းလို ကိရိယာငယ္ေတြနဲ႔ အင္တာနက္ ခ်ိတ္ဆက္ႏုိင္ျခင္းဟာ နည္းပညာနယ္ပယ္မွာ သိသာတဲ့အခ်ိဳးအေကြ႕တစ္ခု ျဖစ္လာပါတယ္။

အင္တာနက္သံုးစြဲမႈ က်ယ္ျပန္႔လာျခင္းနဲ႔အတူ ႏိုင္ငံတကာမွာ လူမႈကြန္ရက္ဝန္ေဆာင္မႈ (Social Media) ဝက္ဘ္ဆုိက္ေတြ ေအာင္ပြဲခံလာပါတယ္။ ေဖ့စ္ဘြတ္ခ္ကေတာ့ အေအာင္ျမင္ဆံုး လူမႈကြန္ရက္တစ္ခုပါပဲ။ ေဖ့စ္ဘြတ္ခ္ကို လြန္လြန္ကဲကဲ အသံုးျပဳမႈဟာ နည္းပညာနယ္ပယ္ရဲ႕ ေဘးထြက္ဆိုးက်ိဳးတစ္ခုလို ျဖစ္လာတဲ့ထိ ေဖ့စ္ဘြတ္ခ္ရဲ႕ သက္ေရာက္မႈက က်ယ္ျပန္႔ႀကီးမားခဲ့ပါတယ္။ ဒီေတာ့ သုေတသနပညာရွင္ေတြက အတုအေယာင္ လူမႈကြန္ရက္ဝန္ေဆာင္မႈ တစ္ခုအေပၚ လူေတြဘာေၾကာင့္ ေလးေလးနက္နက္ တြယ္တာေနသလဲဆိုတာကို ဆန္းစစ္ခဲ့ၾကပါတယ္။

ေကာ္နဲလ္တကၠသိုလ္က သုေတသီေတြကေတာ့ ဒီစမ္းသပ္မႈအတြက္ စိတ္လိုလက္ရ ပူးေပါင္းပါဝင္မယ့္သူ ၅,၀၀၀ ေက်ာ္ကို စုစည္းႏုိင္ခဲ့ပါတယ္။ သုေတသီေတြက ဒီစမ္းသပ္ခ်က္မွာ ေဖ့စ္ဘြတ္ခ္ ပံုမွန္သံုးစြဲသူေတြကို ေဖ့စ္ဘြတ္ခ္နဲ႔ အဆက္ျဖတ္ေစၿပီး တံု႔ျပန္မႈေတြကို စစ္တမ္းေကာက္ယူခဲ့တာ ျဖစ္ပါတယ္။ ေကာ္နဲလ္တကၠသိုလ္ရဲ႕ သုေတသနအစီအစဥ္မွာ ပါဝင္သူေတြဟာ ၉၉ ရက္တိုင္ေအာင္ ေဖ့စ္ဘြတ္ခ္ကို Log In မဝင္ရဘူးလုိ႔ ပိတ္ပင္တားျမစ္ခံရပါတယ္။ ဒီအေတာအတြင္း ၃၃ ရက္ၾကာတိုင္း သူတုိ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အသံုးျပဳလုိစိတ္ကို ပညာရွင္ေတြက စူးစမ္းမွတ္တမ္းတင္ခဲ့ၾကပါတယ္။

‘‘လူမႈကြန္ရက္ေတြ အသံုးျပဳေနမႈကို ရပ္နားလုိက္ရာကေန မေနႏုိင္ဘဲ ျပန္သံုးျဖစ္သြားတာကို လူမႈကြန္ရက္အစြဲသံသရာလုိ႔
ေခၚရလိမ့္မယ္’’ လုိ႔ ဦးေဆာင္သုေတသီ အဲရစ္ေဘာ္မာက ဆိုပါတယ္။ အခ်က္အလက္ ေကာက္ယူစုေဆာင္းမႈ ဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ 99daysoffreedom.com ရဲ႕ ကူညီပံ့ပိုးမႈနဲ႔အတူ သုေတသီေတြက လူမႈကြန္ရက္ေတြကို ထာဝရအဆက္အသြယ္ျဖတ္ႏုိင္ဖုိ႔ လူတစ္ဦးခ်င္းစီရဲ႕ စိတ္ပိုင္းဆိုင္ရာခံႏုိင္ရည္ကို ဆန္းစစ္ခဲ့ပါတယ္။ အမ်ားစုကေတာ့ ေဖ့စ္ဘြတ္ခ္ကို ျပန္သံုးျဖစ္သြားၾကတာပါပဲ။

ေဘာ္မာ ဦးေဆာင္တဲ့ သုေတသီေတြက လူမႈကြန္ရက္ေတြကေန ႐ုန္းထြက္ဖုိ႔ ခက္ခဲေနေစတဲ့ အဓိကအေၾကာင္းရင္း ေလးခုကိုထုတ္ႏုတ္ ေဖာ္ျပခဲ့ပါတယ္။ ေဖ့စ္ဘြတ္ခ္အပါအဝင္ Twitter၊ Instagram အစရွိတဲ့ လူမႈကြန္ရက္ မီဒီယာႀကီးေတြကလည္း ဒီအခ်က္ေတြကိုအေျခခံၿပီး ေအာင္ျမင္တဲ့ မဟာဗ်ဴဟာေျခလွမ္းေတြကို
ေဖာ္ေဆာင္ေနတာျဖစ္တယ္လုိ႔ ပညာရွင္ေတြက ဆိုပါတယ္။

၁။ စြဲလမ္းျခင္း

အေျခခံအက်ဆံုး အခ်က္ကေတာ့ လူမႈကြန္ရက္ေတြ အသံုးျပဳရျခင္းကို စိတ္စြဲေနတာပဲ ျဖစ္တယ္လုိ႔ ဆိုပါတယ္။

‘‘စမ္းသပ္ကာလ ၁၀ ရက္အတြင္းမွာ ပထမဆံုး ကြၽန္ေတာ္အင္တာနက္ Browser ဖြင့္လုိက္တာနဲ႔ လက္ေခ်ာင္းကအလိုလိုပဲ Keyboard ေပၚက ‘F’ စာလံုးဆီ ေရာက္သြားတယ္။ တကယ္ေတာ့ အင္တာနက္သံုးၿပီဆိုတာနဲ႔ ေဖ့စ္ဘြတ္ခ္ကိုဖြင့္လုိက္
ရတာက အစြဲတစ္ခုလုိ ျဖစ္ေနတယ္ေလ’’ လုိ႔ စစ္တမ္းမွာ ပါဝင္စမ္းသပ္ခံသူ တစ္ေယာက္က ဝန္ခံပါတယ္။

တစ္နည္းအားျဖင့္ အင္တာနက္သံုးစြဲမႈ အေတြ႕အႀကံဳမွာ လူမႈကြန္ရက္ေတြဟာ အဓိက အက်ဆံုး အစိတ္အပိုင္းတစ္ခုလို ျဖစ္ေနသေယာင္ လူေတြစိတ္ထဲ စြဲသြားတဲ့ထိ လုပ္ေဆာင္ႏိုင္ခဲ့တဲ့သေဘာပါပဲ။

၂။ စူးစမ္းလိုစိတ္

သူတစ္ပါးရဲ႕ ကိုယ္ေရးကိုယ္တာကို သိခ်င္စိတ္ကလည္း ေဖ့စ္ဘြတ္ခ္ရဲ႕ ေအာင္ျမင္မႈအေၾကာင္း တရားတစ္ရပ္ပါ။
ေဖ့စ္ဘြတ္ခ္ကို ပံုမွန္အသံုးျပဳသူေတြက တျခားသူေတြ ဘာေတြခံစားေနသလဲ၊ ဘာေတြလုပ္ေနသလဲဆိုတာကို မသိစိတ္ကျဖစ္ျဖစ္ စပ္စုေနမိတတ္တယ္လုိ႔ ဆိုပါတယ္။ လူမႈကြန္ရက္ရဲ႕ သေဘာက ကိုယ့္ပုဂၢိဳလ္ေရး ဘဝအေၾကာင္း၊ သူတစ္ပါးနဲ႔ ခ်ိတ္ဆက္ရတဲ့အခ်က္ကို အေျခခံထားတာပါ။ ေနာက္ၿပီး လူေတြကကိုယ့္အေပၚ ဘယ္လိုသေဘာထားသလဲဆိုတာကို သိခ်င္တဲ့ စိတ္မ်ိဳးကလည္း ေဖ့စ္ဘြတ္ခ္ေပၚမွာ တဝဲလည္လည္ ျဖစ္ေနေစတဲ့ အေၾကာင္းရင္းတစ္ခုပါ။

၃။ စိတ္အေျခအေန အေျပာင္းအလဲ

လူတစ္ေယာက္ ေပ်ာ္ရႊင္ေန၊ ဝမ္းနည္းေန၊ စိတ္ညစ္ေန၊ ပ်င္းရိေနတဲ့ စိတ္အေျခအေန အမ်ိဳးမ်ိဳးကို မူတည္ၿပီး
ေဖ့စ္ဘြတ္ခ္သံုးျဖစ္ျခင္းအေပၚ အေျပာင္းအလဲေတြ သက္ေရာက္ေစတယ္လုိ႔ ဆိုပါတယ္။ ေကာ္နဲလ္တကၠသိုလ္ရဲ႕
ေလ့လာမႈစစ္တမ္းအရ ေဖ့စ္ဘြတ္ခ္ကို စိတ္ေရာက္သြားေစတဲ့ လူတစ္ဦးခ်င္းစီရဲ႕ စိတ္အေျခအေန အေၾကာင္းတရား
ကေတာ့ ကြဲျပားတတ္တယ္လုိ႔ ေတြ႕ရွိရပါတယ္။ တခ်ိဳ႕က စိတ္ညစ္ရင္ ေဖ့စ္ဘြတ္ခ္ပိုသံုးျဖစ္ၿပီး တခ်ိဳ႕ကေတာ့ ေပ်ာ္ရႊင္ေနရင္၊ တခ်ိဳ႕ကေတာ့ ပ်င္းရိၿငီးေငြ႕ေနရင္ ေဖ့စ္ဘြတ္ခ္ဘက္ ေျခဦးလွည့္သြားတယ္လုိ႔ အမ်ိဳးမ်ိဳး ေျဖၾကားခဲ့ၾကပါတယ္။

၄။ အျခားလူမႈကြန္ရက္မ်ား

ေနာက္ဆံုး ေတြ႕ရွိခ်က္ကေတာ့ ထူးဆန္းပါတယ္။ တျခားလူမႈကြန္ရက္ဝက္ဘ္ဆိုက္ေတြကို အစားထိုးအသံုးျပဳမိၿပီ ဆိုရင္ေတာ့ ေဖ့စ္ဘြတ္ခ္ဆီ ျပန္လာျဖစ္တာ နည္းသြားတယ္ဆိုတာပါပဲ။ တစ္နည္းအားျဖင့္ ေဖ့စ္ ဘြတ္ခ္သံုးစြဲသူေတြဟာ တျခားလူမႈကြန္ရက္ေတြရဲ႕ သိမ္းသြင္းမႈကို ခံရႏုိင္ေျခမ်ားျပားတယ္ဆိုတဲ့ သေဘာပါ။ ေဖ့စ္ဘြတ္ခ္ကလည္း ဒီအခ်က္ကို ရိပ္မိပံုပါပဲ။ ဒါ ေၾကာင့္ အခ်ိန္တိုင္းလိုလို အေျပာင္းအလဲ အသစ္အဆန္းမ်ိဳးစံု ျဖည့္ဆည္းေပးၿပီး သူတို႔ရဲ႕ ပရိသတ္ကို အာ႐ံုေျပာင္းမသြားေအာင္ ထိန္းသိမ္းေနတာ ျဖစ္ပါတယ္။

ေကာ္နဲလ္တကၠသိုလ္ရဲ႕ သုေတသန အစီအစဥ္မွာ ၉၉ ရက္ေလာက္ ေဖ့စ္ဘြတ္ခ္နဲ႔ အဆက္ျပတ္သြားေပမယ့္ အမ်ားစုကေတာ့ ဒီလူမႈကြန္ရက္ကို ပံုမွန္ျပန္အသံုးျပဳျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ သံုးစြဲပံု နည္းလမ္းေတြ သိသိသာသာ ေျပာင္းလဲသြားတာကိုေတာ့ မွတ္တမ္းတင္ႏုိင္ခဲ့တယ္။

ဥပမာအားျဖင့္ ကိုယ္နဲ႔လက္ေတြ႕ေလာကမွ အမွန္တကယ္ မသိကၽြမ္းသူေတြကို သူငယ္ခ်င္းအျဖစ္ လက္မခံေတာ့တာေတြ၊ ေဖ့စ္ဘြတ္ခ္ေပၚမွာ ရည္ရြယ္ခ်က္မရွိ ဟိုဟိုဒီဒီ ေလွ်ာက္ၾကည့္ရင္း ကုန္ဆံုးေနတဲ့ အခ်ိန္ေတြကို ေလွ်ာ့ခ်လိုက္ႏုိင္တာေတြပါ။ တစ္နည္းအားျဖင့္ ေဖ့စ္ဘြတ္ခ္ကို အဆင္ျခင္မဲ့စြဲလမ္းၿပီး အသံုးျပဳတဲ့ ပံုစံကေနပိုၿပီး လက္ေတြ႕က်အသံုးဝင္တဲ့ ပံုစံမ်ိဳးကို ကူးေျပာင္းလာျခင္းလုိ႔လည္း ဆိုႏုိင္ပါတယ္။

‘‘ကြၽန္ေတာ္တုိ႔ရဲ႕ စမ္းသပ္ခ်က္က ေန႔စဥ္လူေနမႈဘဝမွာ လူမႈကြန္ရက္ ဝက္ဘ္ဆိုက္ေတြ အသံုးျပဳေနမႈအေပၚ စီမံကိုင္တြယ္ဖို႔က ဘယ္ေလာက္ေတာင္ ခက္ခဲတတ္တယ္ဆိုတာကို လက္ေတြ႕သိျမင္လာေစပါတယ္။ လူမႈ ကြန္ရက္ေတြကို စြဲလမ္းရာကေန လက္ေတြ႕ဘဝလူမႈေရးနယ္ပယ္မွာ ပူးေပါင္းေဆာင္ရြက္ပံု အားနည္းတာေတြ၊ ကိုယ္ေရးအခ်က္အလက္
ေပါက္ၾကားတာေတြ ျဖစ္လာႏုိင္တယ္။ ဒါေပမဲ့ ေဖ့စ္ဘြတ္ခ္မွာ အေရးပါတဲ့ လူမႈအေထာက္အပံ့ ေရြးခ်ယ္ခြင့္ေတြလည္း
ေတာ္ေတာ္မ်ားမ်ား ရွိေနပါတယ္။ အေရးႀကီးတာက လူတစ္ဦးခ်င္း ေဖ့စ္ဘြတ္ခ္သံုးစြဲမႈကို ျပန္လည္ဆန္းစစ္ဖို႔ပါ။ ကိုယ္အမွန္တကယ္ ထိေတြ႕ဆက္ဆံမယ့္ အစုအဖြဲ႕တစ္ခုကို ေရြးခ်ယ္သတ္မွတ္ႏုိင္ဖုိ႔ လိုပါတယ္’’ လို႔ ေဘာ္မာက ဆိုပါတယ္။

‘‘ကြၽန္ေတာ္တုိ႔ရဲ႕ ေလ့လာမႈစစ္တမ္း အစီရင္ခံစာက လူေတြအေနနဲ႔ ေဖ့စ္ဘြတ္ခ္ကို ဘယ္လိုပံုစံနဲ႔ အသံုးျပဳမလဲ၊ ဒါမွမဟုတ္ အသံုးမျပဳေတာ့ဘဲေနမလားဆိုတာေတြကို ေဝဖန္ပိုင္းျခားရာမွာ မွန္မွန္ကန္ကန္ ဆံုးျဖတ္ႏုိင္ဖုိ႔ အေထာက္အပံ့ ျဖစ္ေစမယ္ ထင္ပါတယ္’’လုိ႔လည္း ေဘာ္မာက ေျပာၾကားသြားပါတယ္။

Ref: Daily Mail

(ဇြဲရဲဝင့္ ဘာသာျပန္သည္)

7day daily
....................
လူတွေရဲ့ စိတ်အာရုံကို ဆွဲဆောင်နေတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ လျှို့ဝှက်ချက်များ

ဒီကနေ့ခေတ်မှာ နည်းပညာထွန်းကားလာခြင်းနဲဲ့အတူ လူတိုင်းလိုလို အင်တာနက်နဲ့ အကျွမ်းတဝင်ရှိနေတဲဲ့ အခြေအနေမျိုး ဖြစ်လာပါပြီ။ အထူးသဖြင့် အလွယ်တကူ သယ်ယူသွားနိုင်တဲ့ စမတ်ဖုန်းလို ကိရိယာငယ်တွေနဲ့ အင်တာနက် ချိတ်ဆက်နိုင်ခြင်းဟာ နည်းပညာနယ်ပယ်မှာ သိသာတဲ့အချိုးအကွေ့တစ်ခု ဖြစ်လာပါတယ်။

အင်တာနက်သုံးစွဲမှု ကျယ်ပြန့်လာခြင်းနဲ့အတူ နိုင်ငံတကာမှာ လူမှုကွန်ရက်ဝန်ဆောင်မှု (Social Media) ဝက်ဘ်ဆိုက်တွေ အောင်ပွဲခံလာပါတယ်။ ဖေ့စ်ဘွတ်ခ်ကတော့ အအောင်မြင်ဆုံး လူမှုကွန်ရက်တစ်ခုပါပဲ။ ဖေ့စ်ဘွတ်ခ်ကို လွန်လွန်ကဲကဲ အသုံးပြုမှုဟာ နည်းပညာနယ်ပယ်ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို ဖြစ်လာတဲ့ထိ ဖေ့စ်ဘွတ်ခ်ရဲ့ သက်ရောက်မှုက ကျယ်ပြန့်ကြီးမားခဲ့ပါတယ်။ ဒီတော့ သုတေသနပညာရှင်တွေက အတုအယောင် လူမှုကွန်ရက်ဝန်ဆောင်မှု တစ်ခုအပေါ် လူတွေဘာကြောင့် လေးလေးနက်နက် တွယ်တာနေသလဲဆိုတာကို ဆန်းစစ်ခဲ့ကြပါတယ်။

ကော်နဲလ်တက္ကသိုလ်က သုတေသီတွေကတော့ ဒီစမ်းသပ်မှုအတွက် စိတ်လိုလက်ရ ပူးပေါင်းပါဝင်မယ့်သူ ၅,၀၀၀ ကျော်ကို စုစည်းနိုင်ခဲ့ပါတယ်။ သုတေသီတွေက ဒီစမ်းသပ်ချက်မှာ ဖေ့စ်ဘွတ်ခ် ပုံမှန်သုံးစွဲသူတွေကို ဖေ့စ်ဘွတ်ခ်နဲ့ အဆက်ဖြတ်စေပြီး တုံ့ပြန်မှုတွေကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ကော်နဲလ်တက္ကသိုလ်ရဲ့ သုတေသနအစီအစဉ်မှာ ပါဝင်သူတွေဟာ ၉၉ ရက်တိုင်အောင် ဖေ့စ်ဘွတ်ခ်ကို Log In မဝင်ရဘူးလို့ ပိတ်ပင်တားမြစ်ခံရပါတယ်။ ဒီအတောအတွင်း ၃၃ ရက်ကြာတိုင်း သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုလိုစိတ်ကို ပညာရှင်တွေက စူးစမ်းမှတ်တမ်းတင်ခဲ့ကြပါတယ်။

‘‘လူမှုကွန်ရက်တွေ အသုံးပြုနေမှုကို ရပ်နားလိုက်ရာကနေ မနေနိုင်ဘဲ ပြန်သုံးဖြစ်သွားတာကို လူမှုကွန်ရက်အစွဲသံသရာလို့
ခေါ်ရလိမ့်မယ်’’ လို့ ဦးဆောင်သုတေသီ အဲရစ်ဘော်မာက ဆိုပါတယ်။ အချက်အလက် ကောက်ယူစုဆောင်းမှု ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ 99daysoffreedom.com ရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ သုတေသီတွေက လူမှုကွန်ရက်တွေကို ထာဝရအဆက်အသွယ်ဖြတ်နိုင်ဖို့ လူတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ကို ဆန်းစစ်ခဲ့ပါတယ်။ အများစုကတော့ ဖေ့စ်ဘွတ်ခ်ကို ပြန်သုံးဖြစ်သွားကြတာပါပဲ။

ဘော်မာ ဦးဆောင်တဲ့ သုတေသီတွေက လူမှုကွန်ရက်တွေကနေ ရုန်းထွက်ဖို့ ခက်ခဲနေစေတဲ့ အဓိကအကြောင်းရင်း လေးခုကိုထုတ်နုတ် ဖော်ပြခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်အပါအဝင် Twitter၊ Instagram အစရှိတဲ့ လူမှုကွန်ရက် မီဒီယာကြီးတွေကလည်း ဒီအချက်တွေကိုအခြေခံပြီး အောင်မြင်တဲ့ မဟာဗျူဟာခြေလှမ်းတွေကို
ဖော်ဆောင်နေတာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

၁။ စွဲလမ်းခြင်း

အခြေခံအကျဆုံး အချက်ကတော့ လူမှုကွန်ရက်တွေ အသုံးပြုရခြင်းကို စိတ်စွဲနေတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

‘‘စမ်းသပ်ကာလ ၁၀ ရက်အတွင်းမှာ ပထမဆုံး ကျွန်တော်အင်တာနက် Browser ဖွင့်လိုက်တာနဲ့ လက်ချောင်းကအလိုလိုပဲ Keyboard ပေါ်က ‘F’ စာလုံးဆီ ရောက်သွားတယ်။ တကယ်တော့ အင်တာနက်သုံးပြီဆိုတာနဲ့ ဖေ့စ်ဘွတ်ခ်ကိုဖွင့်လိုက်
ရတာက အစွဲတစ်ခုလို ဖြစ်နေတယ်လေ’’ လို့ စစ်တမ်းမှာ ပါဝင်စမ်းသပ်ခံသူ တစ်ယောက်က ဝန်ခံပါတယ်။

တစ်နည်းအားဖြင့် အင်တာနက်သုံးစွဲမှု အတွေ့အကြုံမှာ လူမှုကွန်ရက်တွေဟာ အဓိက အကျဆုံး အစိတ်အပိုင်းတစ်ခုလို ဖြစ်နေသယောင် လူတွေစိတ်ထဲ စွဲသွားတဲ့ထိ လုပ်ဆောင်နိုင်ခဲ့တဲ့သဘောပါပဲ။

၂။ စူးစမ်းလိုစိတ်

သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကို သိချင်စိတ်ကလည်း ဖေ့စ်ဘွတ်ခ်ရဲ့ အောင်မြင်မှုအကြောင်း တရားတစ်ရပ်ပါ။
ဖေ့စ်ဘွတ်ခ်ကို ပုံမှန်အသုံးပြုသူတွေက တခြားသူတွေ ဘာတွေခံစားနေသလဲ၊ ဘာတွေလုပ်နေသလဲဆိုတာကို မသိစိတ်ကဖြစ်ဖြစ် စပ်စုနေမိတတ်တယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်ရဲ့ သဘောက ကိုယ့်ပုဂ္ဂိုလ်ရေး ဘဝအကြောင်း၊ သူတစ်ပါးနဲ့ ချိတ်ဆက်ရတဲ့အချက်ကို အခြေခံထားတာပါ။ နောက်ပြီး လူတွေကကိုယ့်အပေါ် ဘယ်လိုသဘောထားသလဲဆိုတာကို သိချင်တဲ့ စိတ်မျိုးကလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ တဝဲလည်လည် ဖြစ်နေစေတဲ့ အကြောင်းရင်းတစ်ခုပါ။

၃။ စိတ်အခြေအနေ အပြောင်းအလဲ

လူတစ်ယောက် ပျော်ရွှင်နေ၊ ဝမ်းနည်းနေ၊ စိတ်ညစ်နေ၊ ပျင်းရိနေတဲ့ စိတ်အခြေအနေ အမျိုးမျိုးကို မူတည်ပြီး
ဖေ့စ်ဘွတ်ခ်သုံးဖြစ်ခြင်းအပေါ် အပြောင်းအလဲတွေ သက်ရောက်စေတယ်လို့ ဆိုပါတယ်။ ကော်နဲလ်တက္ကသိုလ်ရဲ့
လေ့လာမှုစစ်တမ်းအရ ဖေ့စ်ဘွတ်ခ်ကို စိတ်ရောက်သွားစေတဲ့ လူတစ်ဦးချင်းစီရဲ့ စိတ်အခြေအနေ အကြောင်းတရား
ကတော့ ကွဲပြားတတ်တယ်လို့ တွေ့ရှိရပါတယ်။ တချို့က စိတ်ညစ်ရင် ဖေ့စ်ဘွတ်ခ်ပိုသုံးဖြစ်ပြီး တချို့ကတော့ ပျော်ရွှင်နေရင်၊ တချို့ကတော့ ပျင်းရိငြီးငွေ့နေရင် ဖေ့စ်ဘွတ်ခ်ဘက် ခြေဦးလှည့်သွားတယ်လို့ အမျိုးမျိုး ဖြေကြားခဲ့ကြပါတယ်။

၄။ အခြားလူမှုကွန်ရက်များ

နောက်ဆုံး တွေ့ရှိချက်ကတော့ ထူးဆန်းပါတယ်။ တခြားလူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေကို အစားထိုးအသုံးပြုမိပြီ ဆိုရင်တော့ ဖေ့စ်ဘွတ်ခ်ဆီ ပြန်လာဖြစ်တာ နည်းသွားတယ်ဆိုတာပါပဲ။ တစ်နည်းအားဖြင့် ဖေ့စ် ဘွတ်ခ်သုံးစွဲသူတွေဟာ တခြားလူမှုကွန်ရက်တွေရဲ့ သိမ်းသွင်းမှုကို ခံရနိုင်ခြေများပြားတယ်ဆိုတဲ့ သဘောပါ။ ဖေ့စ်ဘွတ်ခ်ကလည်း ဒီအချက်ကို ရိပ်မိပုံပါပဲ။ ဒါ ကြောင့် အချိန်တိုင်းလိုလို အပြောင်းအလဲ အသစ်အဆန်းမျိုးစုံ ဖြည့်ဆည်းပေးပြီး သူတို့ရဲ့ ပရိသတ်ကို အာရုံပြောင်းမသွားအောင် ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။

ကော်နဲလ်တက္ကသိုလ်ရဲ့ သုတေသန အစီအစဉ်မှာ ၉၉ ရက်လောက် ဖေ့စ်ဘွတ်ခ်နဲ့ အဆက်ပြတ်သွားပေမယ့် အများစုကတော့ ဒီလူမှုကွန်ရက်ကို ပုံမှန်ပြန်အသုံးပြုဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သုံးစွဲပုံ နည်းလမ်းတွေ သိသိသာသာ ပြောင်းလဲသွားတာကိုတော့ မှတ်တမ်းတင်နိုင်ခဲ့တယ်။

ဥပမာအားဖြင့် ကိုယ်နဲ့လက်တွေ့လောကမှ အမှန်တကယ် မသိကျွမ်းသူတွေကို သူငယ်ချင်းအဖြစ် လက်မခံတော့တာတွေ၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရည်ရွယ်ချက်မရှိ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ကုန်ဆုံးနေတဲ့ အချိန်တွေကို လျှော့ချလိုက်နိုင်တာတွေပါ။ တစ်နည်းအားဖြင့် ဖေ့စ်ဘွတ်ခ်ကို အဆင်ခြင်မဲ့စွဲလမ်းပြီး အသုံးပြုတဲ့ ပုံစံကနေပိုပြီး လက်တွေ့ကျအသုံးဝင်တဲ့ ပုံစံမျိုးကို ကူးပြောင်းလာခြင်းလို့လည်း ဆိုနိုင်ပါတယ်။

‘‘ကျွန်တော်တို့ရဲ့ စမ်းသပ်ချက်က နေ့စဉ်လူနေမှုဘဝမှာ လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေ အသုံးပြုနေမှုအပေါ် စီမံကိုင်တွယ်ဖို့က ဘယ်လောက်တောင် ခက်ခဲတတ်တယ်ဆိုတာကို လက်တွေ့သိမြင်လာစေပါတယ်။ လူမှု ကွန်ရက်တွေကို စွဲလမ်းရာကနေ လက်တွေ့ဘဝလူမှုရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ပုံ အားနည်းတာတွေ၊ ကိုယ်ရေးအချက်အလက်
ပေါက်ကြားတာတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်မှာ အရေးပါတဲ့ လူမှုအထောက်အပံ့ ရွေးချယ်ခွင့်တွေလည်း
တော်တော်များများ ရှိနေပါတယ်။ အရေးကြီးတာက လူတစ်ဦးချင်း ဖေ့စ်ဘွတ်ခ်သုံးစွဲမှုကို ပြန်လည်ဆန်းစစ်ဖို့ပါ။ ကိုယ်အမှန်တကယ် ထိတွေ့ဆက်ဆံမယ့် အစုအဖွဲ့တစ်ခုကို ရွေးချယ်သတ်မှတ်နိုင်ဖို့ လိုပါတယ်’’ လို့ ဘော်မာက ဆိုပါတယ်။

‘‘ကျွန်တော်တို့ရဲ့ လေ့လာမှုစစ်တမ်း အစီရင်ခံစာက လူတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်ကို ဘယ်လိုပုံစံနဲ့ အသုံးပြုမလဲ၊ ဒါမှမဟုတ် အသုံးမပြုတော့ဘဲနေမလားဆိုတာတွေကို ဝေဖန်ပိုင်းခြားရာမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ အထောက်အပံ့ ဖြစ်စေမယ် ထင်ပါတယ်’’လို့လည်း ဘော်မာက ပြောကြားသွားပါတယ်။

Ref: Daily Mail

(ဇွဲရဲဝင့် ဘာသာပြန်သည်)

7day daily

No comments:

Post a Comment